ပညာဟာ တန်ဖိုးအကြီးဆုံးပဲ။
ပညာတွေထဲမှာလည်း
ဘ၀ခန္ဓာအကြောင်းကို
အမှန်သိတဲ့ ပညာဟာ အမြတ်ဆုံးပဲ။
ဘာပြုလို့လည်း ဆိုရင်
ဆင်းရဲကို ချုပ်ငြိမ်းစေလို့။
အဲဒီပညာကို အပြည့်စုံဆုံး ရသွားလို့
ဗုဒ္ဓ- ဘုရား ဆိုတာဖြစ်သွားတာ။
အဲဒီပညာနဲ့ ပြည့်စုံလို့ပဲ
ဘ၀မှာ အငြိမ်းချမ်းဆုံး နေသွားပြီးတော့
အငြိမ်းချမ်းဆုံး နေတဲ့ နည်းတွေကို
အကောင်းဆုံး သင်ပေးသွားတာ။
အဲဒီပညာကို သတိပဌာန်နည်းနဲ့ ရှာရမယ်။
သတိပဌာန် နည်းဆိုတာ..
ကိုယ့်ခန္ဓာမှာ ပစ္စုပ္ပန်တိုင်း ပစ္စုပ္ပန်တိုင်းမှာ
ဖြစ်နေတဲ့ သဘောလေးတွေကို
ဖြစ်နေတဲ့အတိုင်း သိ သိနေတဲ့
အလေ့အကျင့်ကို ပြောတာ။
ကိုယ့်ကိုယ်ကို အာရုံစိုက်လိုက်ပါ။
ဘာတွေဖြစ်နေလဲ
အဲဒီဖြစ်နေတာကို သိရုံလေး သိသိနေပါ။
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်
ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
ဘယ်ပုံစံနဲ့ပဲ ဖြစ်ဖြစ်
ဖြစ်နေတာတွေကို သိသိနေပါ။
မသေမချင်း
ဘယ်အချိန်ရောက်ရောက်
ဘယ်နားနေနေ
ဘယ်ပုံစံနဲ့ပဲဖြစ်ဖြစ်
ဒီပညာကို ရှာလို့ရတယ်,
ရှာလည်း ရှာနေရမယ်။
ပညာရှာရင်း,ပညာရရင်းနဲ့
နေရတဲ့ အချိန်တွေဟာ
ဘ၀မှာ တန်ဖိုးအရှိဆုံးပဲ။
ပညာဇီဝိံ ဇီဝိတမာဟု သေဋ္ဌံ=
ပညာနှင့် အသက်ရှင်ခြင်းသည်
အမြတ်ဆုံးရှင်သန်ခြင်း ဖြစ်သည်တဲ့။
(သစ္စာရွှေစည်)
No comments:
Post a Comment