__________🌷🌾🌷___________
လိုချင်တယ်၊ လိုချင်တယ်ဆိုတာတွေက များသောအားဖြင့်
လိုချင်နေတယ်ဆိုတာကိုက မရသေးဘူးဆိုတဲ့အဓိပ္ပာယ်က ပါနေတယ်။
ရပြီးသားဆိုရင်တော့ ဒါကို လိုချင်တယ်လို့ သိပ်မရှိတော့ဘူးလေ။
ကိုယ့်ဟာ ဖြစ်သွာပြီ။ စဥ်းစားကြည့်, စဥ်းစားကြည့်နော်။
အဲတော့ လိုချင်တယ်ဆိုတာက မရသေးဘူးလို့လည်း ရည်ညွှန်းတယ်။
အဲတော့ မရသေးတာတွေကို လှမ်းလှမ်းပြီးတော့ ရချင်နေတယ်။
လိုချင်နေတယ်။ မဖြစ်သေးတာတွေ ဖြစ်ချင်နေတယ်။
ဒါယကာ ဒါယိကာမတို့ ဦးဇင်းတို့ရဲ့စိတ်က
မရသေးတာကို လိုချင်၊ ရပြီးသား ငြိကပ်။
ဟော ဒီနှစ်ခုနဲ့ အနေများတယ်။
စိတ်တွေ လျှောက်ရောက်ပြီဆိုလို့ရှိရင် အမိဖမ်းကြည့်။
ဘာတွေများ တွေးနေတာတုန်း၊ ဘာတွေများ စဥ်းစားနေတာတုန်း။
ဘယ်ဆီကို ငါ့စိတ်ကလေးကပ်ကပ်သွားနေတာတုန်း မေးရင်
အဲဒီ "ငါ့ဟာ"ဆိုတာတွေဆီ သွားကပ်တာ။
အဲဒါ ဘာလုပ်နေတာတုန်း၊ ငြိနေတာ, ကပ်နေတာဆိုတာ အဲဒါပဲဗျ။
ဒီခန္ဓာကိုယ်ကြီးနဲ့ ပတ်သတ်ပြီးတော့ ကပ်နေတာ ရှိမယ်။
ငါ့ဟာလို့ သိပ်ပိုက်ထားတဲ့ အရာတွေရဲ့အပေါ်မှာ ကပ်နေတာ ရှိမယ်။
လိုချင်တယ်ဆိုတာကတော့ မရသေးတာအပေါ်မှာ အဓိက ရည်ညွှန်းတာ။
ငြိကပ်တယ်ဆိုတာကတော့ ရပြီးသားအပေါ်မှာ အဓိက ရည်ညွှန်းတယ်။
နှစ်ခုလုံးကို တရားကိုယ်ကောက်ရင်တော့ ဘာရမတုန်းဆိုရင်တော့
လောဘရမယ်ပေါ့။
အဲတော့ သတ္တဝါတွေ ဘဝမှာ ဘာနဲ့ အနေများလဲလို့ မေးရင်
အဲဒီ လောဘနဲ့ပဲ နေနေတာ။
လိုချင်တာ ရချင်တာတွေ ရှိတယ်။
ရပြီးသားလေးတွေရဲ့အပေါ်မှာ သာယာမက်မောတာ ရှိတယ်။
ငြိကပ်တွယ်တာ ရှိတယ်။
သူ့တို့နဲ့ ပတ်သတ်ပြီးတော့ အမြဲတန်း အချိန်ပေးပြီးတော့
စဥ်းစားနေတာ ရှိတယ်။ ဒါတွေပါပဲ၊ ဟုတ်လား။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment