ဘုရားသာသနာ ဆိုတာ
အမြဲတမ်း ကြုံဆုံခွင့် မရနိုင်ဘူး။
ကြုံတဲ့အချိန်
ဒါန လောက်နဲ့ မပြီးကြနဲ့။
သီလ လောက်နဲ့ မပြီးကြနဲ့။
ဒါန သီလဆိုတာ ကံ ကုသိုလ် ပဲ
ရှိသေးတယ်။
သီလက ဆိုးကံ ဖယ်ပြီး
ဒါနက ကောင်းကံကိုယူမှာနော်။
ဒါန နဲ့ သီလဆိုတာ
တို့ရွာက ကိုမောင်လေး
လုပ်သလောက်ပဲ ရှိသေးတာ။
ကိုမောင် လေးက ဆင်းရဲတယ်။
စာရင်းငှားလုပ်ရတယ်။
စိုက်ပျိုး ချိန် တစ်ဖြတ်ဆို
စပါးတင်း (၅၀) ရတယ်။
ရိတ်သိမ်း ချိန်တစ်ဖြတ်မှာ
စပါးတင်း (၅၀) ရတယ်။
နှစ်ဖြတ်လုပ်မှ စပါးတင်း (၁၀၀)
ရတယ်။
စပါးတင်း (၁၀ဝ) ရောင်းမှ
ငွေသုံးပိဿာလို့ခေါ်တယ်။
ငွေသုံးပိဿာဆိုတော့
ငွေဒင်္ဂါး သုံးရာပေါ့။
အိမ်ကို နှစ်ရာ ပေးတယ်။
ကျန်တဲ့ တစ်ရာ
ဖဲလည်ရိုက်တာနဲ့ ကုန်ရော။
အချိန်တန်တော့
စာရင်းငှားပြန်လုပ်ရရော။
ဒါန သီလကြောင့်ရတဲ့
လူ့ဘဝအကျိုးပေးဆိုတာ
ကိုမောင်လေး စရင်းငှားလုပ်လို့
ရသလောက်ပဲရှိသေးတယ်။
ရလာတဲ့ လူ့ဘဝ
ပျော်ပျော် နဲ့ ပါးပါးကြီး
သုံးဖြုန်းပစ်တော့
ကုန်ရော မဟုတ်လား။
ဒါန နဲ့ သီလက
လူ့ဘုံတစ်လှည့် နတ်ဘုံတစ်လှည့်
ဒီလောက်ပဲ။
ကာမာဝါစရကုသိုလ်ကြောင့်
ရလာတဲ့ ဘဝတွေမှာ
ကာမအာရုံတွေကြား
ကစားကြရမှာပဲလေ။
ဟော နတ်ဘဝတော့ ရပါရဲ့
ရာဂစိတ် ပြင်းထန်လာချိန်
ချိုင်းကြားက ချွေးထွက်လာတာနဲ့
သေရော။
ဒေါသဖြစ်ချိန်
တစ်ယောက်နဲ့တစ်ယောက်
စိမ်းစိမ်းကြည့်တာနဲ့ သေရောတဲ့ဗျ။
ဒီတော့ ဒါန သီလဆိုတာ
သဒ်ဓါသှေးတဲ့ ဓားသွေးကျောက်
လောက်ပဲရှိတာပါ။
သာသနာဆိုတဲ့ စိန်တောင်ကြီးပေါ်
ရောက်နေခါမှ
ဓားသွေးကျောက် လောက်
ကောက်ပြီး ပြန်မှာလားဗျ။
🙏🙏🙏🙏🙏
အနန္တကျေးဇူးတော်ရှင်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဝနဝါသီဉေယျဓမ္မသာမိထေရ်
Ref : စိန်တောင်ပေါ် ရောက်နေမှ ဓားသွေးကျောက် ကောက်မပြန်ကြပါနဲ့ တရားတော်
No comments:
Post a Comment