စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, July 3, 2015

ပရဟိတ လုပ်​ကြပါ

              ပရဟိတ ဆိုတာ ​ရှေ့တန်းတင်​လုပ်​ရမှာပါ ။ တစ်​ချို့ က အတ္တဟိတ ကို အရင်​လုပ်​ရမယ်​ လို့​ပြောကြပါ တယ်​ တကယ်​​တော့ ပရဟိတ ကို ​အရင်​လုပ်​ရမှာပါ ။ ပရဟိတ အ​ခြေမခံရင်​ အတ္တဟိတ အရာ မထင်​ပါဘုး ။ တရားအားထုက်​တဲ့သူ​တွေက ပါရမီ လိုကြတယ်​ ဒွိဟိတ်​ဆိုရင်​ ​သေ​အောင် ​​အားထုက်​တရား မရနိုင်​ဘူး ။ တိဟိတ်​မှ တရားရပါတယ်​ ။ အဲဒိ ဒွိဟိတ်​ တိဟိတ်​​တွေ ကို ​ရှေ့ပြုခဲ့တဲ့ ကံ​တွေက ခွဲခြား​ပေးတာပါ ။ ပါရမီ ၁၀ပါး  အပြား ၃၀ စွန့်​ခြင်းကြီး ၅ ပါး အားလုံးကို ချုံကြည့်​ရင်​ ပရဟိတ​တွေ ပဲ​တွေ့ရတယ်​ ။ ဒါ ​ကြောင့်​ ပရဟိတ များများ လုပ်​ကြပါ ။ သူများ အကျိုး​ဆောင်​ ရင်​ ကိုယ်​ကျိုး​အောင်​ပါ တယ်​ ။ ပရဟိတ ဆိုတာ ကလဲ ကြီးကြီး ကျယ်​ကျယ်​ လုပ်​နိုင်​မှ ပရဟိတ လို့​ခေါ်တာ မဟုက်​ဘူး ။ ​ဈေးသည်​တစ်​ဦး​ဈေး ​တောင်း မနိုင်​တာ​ တွေ့ လို့ ကူမ​ပေးရင်​ လဲ ပရဟိတ ပဲ ။ ​ရေ​လေး တစ်​ခွက်​တိုက်​တာ လဲ ပရဟိတပဲ ။ သူမသိတာ​လေး ကိုယ်ကသိလို့ ​​ဖြေ​ပေးတာလဲ ပရဟိတ ပဲ။ ဒါ ​ကြောင့်​ ဘုရားအစရှိ​သော သူ​တော်​​ကောင်းတို့ ရဲ့ လမ်းစဉ်​ဖြစ်​တဲ့ ပရဟိတ ကို တတ်​နိုင်​သမျှ အခွင့်​သင့်​တိုင်းပြုလုပ်​ကြပါ ဓမ္မမိတ်​​ဆွေ အ​ပေါင်းတို့ ။

No comments:

Post a Comment