စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 31, 2026

ဝေဒနါဧည့်သည်

.   ဝေဒနာဧည့်သည်
     ===========

ဧည့်သည်ကိုအိမ်ရှင်လို့မထင်နဲ့။ 

ဘယ်ဝေဒနာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာပြီးရင် ချုပ်ပျောက် သွားကြတာချည်းပဲ။ ဧည့်သည်သဘောသာ ဖြစ်တယ်။

ဒီသဘောကို ကောင်းကောင်းသိဖို့ လိုတယ်။ ခံစားချက် ဝေဒနာတွေကို ဧည့်သည်လို့မသိဘဲ အိမ်ရှင်လို့များ ထင်နေမယ် ဆိုရင်တော့ ဒီဝေဒနာတွေကြောင့် ရာဂ ဒေါသ မောဟတွေဖြစ် လိမ့်မယ်။

သုခဝေဒနာကြောင့် ရာဂဖြစ်မယ်၊ ချမ်းသာရင်စွဲမက်မယ် ပေါ့။ ဒုက္ခဝေဒနာကြောင့် ဒေါသဖြစ်မယ်။ ဆင်းရဲရင်စိတ်တို မယ်ပေါ့။ ဥပေက္ခာဝေဒနာကြောင့် မောဟဖြစ်မယ်။ ဘာဖြစ်လို့ ဖြစ်နေမှန်းကိုမသိလိုက်ဘူးပေါ့ ။

ဒါကတော့ ဝေဒနာတွေကို ဧည့်သည်လို့ မသိရင်ဆက် ဖြစ်လာမယ့် ယေဘုယျသဘောပဲ။ အဲသလိုဆိုရင် ကိလေသာ တွေဖြစ်ပြီး ပူလောင်ရလိမ့်မယ်။ ဒါတင်မကဘူး၊ ကိလေသာတွေ ဖြစ်ရင် ဒုစရိုက်တွေ ပြုမိပြီးတော့ အပါယ်ဘုံလည်း ရောက်သွား နိုင်တယ်။

ဝေဒနာကို ဧည့်သည်လို့မသိလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေက အဲသလိုရှိတယ်။

ဖြစ်တိုင်းဖြစ်တိုင်းသော ဝေဒနာတွေဟာ ချုပ်ပျောက်
သွားကြတာချည်းပဲ ဆိုတဲ့ ဝေဒနာရဲ့ ဧည့်သည်သဘောကိုသာ သိနေမယ်ဆိုရင် ဝေဒနာရဲ့နောက်မှာ ကိလေသာမလာပဲနဲ့ ဝေဒ နာရဲ့နောက်မှာ ဝေဒနာရဲ့သဘောမှန်ကိုသိတဲ့ ပညာဆိုတာ ဖြစ်လာလိမ့်မယ်။

အဲဒီအသိ အဲဒီပညာဟာ အလွန်တန်ဖိုးကြီးတယ်။ အဲဒီ ပညာဟာ သူဖြစ်နေတုန်းမှာလည်း ချမ်းသာစေတယ်။ ငြိမ်းအေး စေတယ်။ သူ့ကိုပွားများမယ်ဆိုရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ကိုရစေနိုင်တယ်။

ဒါကြောင့် ဝေဒနာဟာ ဧည့်သည် ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသိအောင် ကြိုးစားပြီး အဲဒီအသိကို ပွားများကြ ရမယ်။

မီးရောင်နဲ့အရိပ်

ဒီနေရာမှာ ဝေဒနာဟာ ဧည့်သည်" ဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားစေဖို့ ဥပရိပဏ္ဏာသပါဠိတော် နန္ဒကောဝါဒသုတ္တန် မှာလာတဲ့ ရဟန္တာ ရှင်နန္ဒကမထေရ်က ဘိက္ခုနီမတွေကိုဟောထား တဲ့ ဝေဒနာတွေရဲ့မတည်မြဲပုံ ဥပမာလေးတွေကို ပြောချင်တယ်။

ရှင်နန္ဒကမထေရ်က ဘိက္ခူနီမတွေကို ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး၊ ဝိညာဏ်ခြောက်ပါးတို့ရဲ့ မတည်မြဲပုံကိုဟော
ပြီးတဲ့နောက် ဝေဒနာတို့ရဲ့မတည်မြဲပုံကို အခုလိုဟောပါတယ်။

နှမတို့. .ဥပမာတစ်ခုပြောမယ်။ တောက်နေတဲ့ ဆီမီးခွက် လေးတစ်ခုကို ကြည့်ပါ။ ဆီဟာ မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ မီးစာဟာလည်း မမြဲ၊ ဖောက်ပြန်တဲ့သဘော ရှိတယ်။ မီးတောက်ဟာလည်း မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ အဲသလို ဆီရော,မီးစာရော,မီးတောက်ရော မမြဲကြပါဘဲနဲ့၊ အဲဒါ တွေကြောင့် ဖြစ်လာတဲ့ မီးရောင်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန် ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။

မမြဲတဲ့ဆီ၊ မမြဲတဲ့မီးစာ၊ မမြဲတဲ့မီးတောက် တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မီးရောင်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့... ဤဥပမာ အတိုင်းပဲ မျက်စိ,နား,နှာ,လျာ ကိုယ်, စိတ် ဆိုတဲ့ အတွင်းအာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ တွေကို တည်မြဲတယ် လို့ ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အ ကျိုးတရားဟာလည်း မမြဲနိုင်ဘူး။

နှမတို့.. နောက်ထပ် ဥပမာတစ်ခုထပ်ပြောမယ်။ သစ်ပင်ကြီးတစ်ပင်ကို ကြည့်ပါ။
အဲဒီ သစ်ပင်ကြီးရဲ့ အမြစ်ဟာလည်း မမြဲဘူး။ ဖောက် ပြန်တဲ့သဘော ရှိတယ်။ ပင်စည်ဟာလည်း မမြဲဘူး၊ ဖေါက်ပြန် တဲ့သဘောရှိတယ်။ အခက်အရွက်လည်း မမြဲဘူး၊ ဖောက်ပြန်တဲ့ သဘော ရှိတယ်။

အဲသလို အမြစ်ရော ပင်စည်ရော အခက်အရွက်ရော မမြဲကြပဲနဲ့ အဲဒါတွေကြောင့် ဖြစ်လာတဲ့ အရိပ်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန်ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။ မမြဲတဲ့ အမြစ်၊ မမြဲတဲ့ပင်စည်၊ မမြဲတဲ့အခက်အရွက် တို့ကြောင့် ဖြစ် ပေါ်လာတဲ့အရိပ်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့..အဲဒီဥပမာအတိုင်းပဲ ရူပါရုံ သဒ်ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဆိုတဲ့ အပြင်အာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာတွေကို တည်မြဲတယ် လို့ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကျိုး တရားဟာလည်း မမြဲနိုင်ဘူး

ရှင်နန္ဒကမထေရ်မြတ်ကြီး ဟောကြားခဲ့တဲ့ ဒီဥပမာတွေ ကို အသေအချာ စဉ်းစားဆင်ခြင်ကြည့်ပါ။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အဲဒီ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ အကျိုး
တရားဟာ သေချာပေါက် မမြဲတဲ့သဘော ဖြစ်တယ်ဆိုတာကို ပုံ ပေါ်အောင်ပြောထားတာပါ ။

ဒီခန္ဓာကိုယ်ကြီးကလည်း မမြဲဘူး။ ပတ်ဝန်းကျင်မှာဖြစ် နေတဲ့အာရုံတွေကလည်း မမြဲဘူး။ အဲဒါဆိုရင် မမြဲတဲ့ဒီခန္ဓာကိုယ် ကြီးနဲ့ မမြဲတဲ့ဒီအာရုံတွေကို အကြောင်းပြုပြီးဖြစ်လာတဲ့ ဝေဒ နာတွေဟာ သေချာပေါက် မမြဲတဲ့သဘောသာဖြစ်တယ်။

ဝေဒနာတွေဟာ ဒီခန္ဓာကြီးရဲ့ဧည့်သည်တွေသာဖြစ် တယ်။ ဧည့်သည်ဆိုရင်တော့ ဘယ်ဧည့်သည်မှ ထာဝရတည်မ နေဘူး။ ရောက်လိုက် ပျောက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ပဲ။

ဝေဒနာရဲ့နောက်မှာ ကိလေသာမဖြစ်ဘဲနဲ့၊ ဝေဒနာရဲ့ နောက်မှာ ပညာဖြစ်ဖို့အတွက် ဝေဒနာဟာဧည့်သည် ဖြစ်တယ် ဆိုတာကို ကောင်းကောင်းနားလည်ရမယ်။ ဝေဒနာရဲ့ ပျောက် ကွယ် ပျောက်ကွယ်သွားတဲ့သဘောကို သိမှတ်နေရမယ်။

ဒါကတော့ ခန္ဓာဇရပ်ပေါ်မှ ဝေဒနာဧည့်သည်များအ ကြောင်းဖြစ်ပါတယ်။

အရှင်ဉတ္တမ (သစ္စာရွှေစည်)

ဧည့်သည်နှင့်တူသောအရာများ တရားတော်မှ

__________________________
Credit. 

Wednesday, May 20, 2026

လောကရဲ့ဓမ္မတာ

" ဣဋ္ဌ " အကောင်းလောကဓံနဲ့ တွေ့တဲ့အချိန်အခါမှာ စိတ်ဓာတ်တွေက တက်ကြွမြင့်မောက်လာတတ်တယ်။ 

" အနိဋ္ဌ " အဆိုးလောကဓံနဲ့ တွေ့တဲ့အချိန်အခါမှာ စိတ်ဓာတ်တွေ အလွန်ကျဆင်းသွားတတ်တယ်။

အများအားဖြင့်ပေါ့လေ.. 
ကဲ့ရဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိကြသော်လည်း ချီးမွမ်းလာပြီဆိုရင်တော့ ခံနိုင်ရည်ရှိတဲ့ပုဂ္ဂိုလ် တော်တော်နည်းတယ်။ မိမိကို သူတပါးက ချီးမွမ်းမယ်ဆိုရင် သဘောကျတဲ့ပုဂ္ဂိုလ်က ပိုများတယ်။ 

မိမိကို တဖက်သားပုဂ္ဂိုလ်တွေက ကဲ့ရဲ့မယ်ဆိုရင်လည်း စိတ်ထဲမှာ မကျေနပ်တဲ့ပုဂ္ဂိုလ်က လောကမှာ သိပ်များကြတယ်။ 

ဒါပေမယ့် ရဟန္တာအရှင်မြတ်တို့ရဲ့စိတ်ထားကို ကြည့်လိုက်ရင် ချီးမွမ်းခြင်းကြောင့်လည်း တုန်လှုပ်မှု အနည်းငယ်မျှ မရှိဘူး။ ခံနိုင်ရည်စွမ်းအားတွေ အပြည့်အဝရှိနေတယ်။ 

ကဲ့ရဲ့ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း တုန်လှုပ်မှုမရှိဘူး။ ခံနိုင်ရည်စွမ်းအင်တွေ အပြည့်အဝ ရှိတော်မူကြတယ်။

" ဣဋ္ဌ " လောကဓံနဲ့တွေ့တဲ့အချိန်အခါကျတော့ ဣဋ္ဌလောကဓံကို လာပြီး အခွင့်အရေးပေးနေတဲ့ပုဂ္ဂိုလ်တွေနဲ့တော့ မိမိက လိုက်လျောညီထွေနေတတ်တယ်။ 

မိမိအပေါ်မှာ "အနိဋ္ဌ " လောကဓံတွေနဲ့ တွေ့ကြုံအောင် လာပြီး ဖန်တီးပေးနေတဲ့ပုဂ္ဂိုလ်ကျတော့ မိမိက ဆန့်ကျင်ဘက် ပြန်ပြီးတော့ လုပ်တတ်ကြတယ်။ 

ဒါက လောကရဲ့ ဓမ္မတာလေးတွေပဲ။ 
အဲ့ဒီလိုလိုက်လျောညီထွေကျင့်တတ်ခြင်း ဆန့်ကျင်ဘက်ပြုလုပ်ခြင်း ဆိုတဲ့ ဒီသဘောတရားကို ရဟန္တာအရှင်မြတ်တွေသည် ကျော်လွှားလွန်မြောက်ပြီးဖြစ်တယ်။

ဖားအောက်ဆရာတော်၏ မင်္ဂလသုတ် တိပ်ခွေအပိုင်း- ၉၄ မှ ထုတ်နုတ်ရေးသားသည်။

#ဖားအောက်ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ် 
🙏🙏🙏 
#ဒေါ်ကေတုမာလာရေးသားပူဇော်သည် 
#

ဗုဒ္ဓဂုဏ်တော်ပွားများခြင်း၏ရည်ရွယ်ချက်

ဗုဒ္ဓဂုဏ်တော်ပွားများခြင်း၏ ရည်ရွယ်ချက်နှစ်မျိုး
❄❄❄❄❄❄❄❄❄❄❄❄❄

ဗုဒ္ဓရဲ့ ဂုဏ်ကို အာရုံပြုတယ်ဆိုတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ 

တစ်ခုက စိတ်ကြည်နူးမှုအတွက်။

လောကမှာ လူတွေက စိတ်ကြည်နူးနေပြီဆိုရင် ထိုကြည်နူးတဲ့စိတ်ကို အားတစ်ရပ်အနေနဲ့ အသုံးပြုပြီး အသိဉာဏ်ဖွံ့ဖြိုးအောင် လုပ်လို့ရတယ်ပေါ့။ စိတ်ညစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုမှ အသိဉာဏ်မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုလိုက်လို့ စိတ်တွေဟာ ကြည်နူးလာတယ်ဆိုရင် အကြံကောင်း ဉာဏ်ကောင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုခြင်းအားဖြင့် စိတ်ရဲ့ ကြည်နူးမှုတွေ ရရှိနိုင်တယ်။

ကြည်နူးမှုရလာတဲ့ စိတ်ကလေးကို အသုံးချလိုက်လို့ရှိရင် သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေ တက်လာတယ်။ သမာဓိကလည်း ထက်မြတ်လာမယ်။ ပညာကလည်းပဲ ထက်မြတ်လာမယ်။ ဒီလိုဆိုလိုတာပေါ့နော်။ ဥပမာ ပန်းချီကားတစ်ချပ်ကို ရေးတော့မယ်ဆိုလို့ရှိရင် ပန်းချီရေးမယ့် ကားချပ်ကြီးတစ်ခုဟာ သန့်စင်နေဖို့လိုတယ်။ ညစ်ပေနေလို့ရှိရင် ဒီဆေးခြယ်တဲ့အခါမှာ လှပမှုဖြစ်မှာ မဟုတ်ဘူး။

ထို့အတူပဲ စိတ်ကိုလည်း ရှေးဦးစွာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီး သန့်ရှင်းစင်ကြယ်မှုဆိုတာတွေ လိုအပ်တယ်။ နောက်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရားဂုဏ်တော်နဲ့ ဆေးကြောသန့်စင်လိုက်လို့ သန့်ရှင်းနေတဲ့လူရဲ့ သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေဟာ ထက်မြက်လာတယ်။ ဒါ့အတွက် ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူ အောင်မြင်ပေါက်ရောက်သွားနိုင်တယ်လို့ ဒီလိုဆိုတာ။

ဘယ်အခါဖြစ်ဖြစ် လုပ်စရာ အလုပ်အကိုင်ရှိတယ်။ ဘုရားဂုဏ်ကို အာရုံပြုလိုက်မယ်။ ပြုပြီးတော့ စိတ်ဓာတ်တွေ၊ အင်အားတွေ တက်လာပြီဆိုတော့မှ ကိုယ်လုပ်စရာကို ဆက်လုပ်မယ်ဆိုရင် အောင်မြင်နိုင်တယ်။

တချို့က အရက်ကလေးသောက်ပြီးလုပ်မှ ပိုပြီးတော့ ဉာဏ်ရွှင်တယ်လို့ ထင်ကြတယ်ပေါ့နော်။ အဲဒီတော့ အခုလို တရားဓမ္မ အားထုတ်တာကျတော့ အရက်ကလေး သွားသောက်မိရင်တော့ အဲဒါ တရားဓမ္မနဲ့ ဝေးသွားမှာပဲ သေချာတယ်။ မှန်ကန်တဲ့ အမြင်တစ်ခုကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားဂုဏ်တော်ကို ပွားထုံခြင်းအားဖြင့် လူတွေရဲ့ အသိဉာဏ်ဟာ ရွှင်လန်းတက်ကြွလာနိုင်တယ်။

နောက်တစ်ခုက ဝိပဿနာအားထုတ်ဖို့အတွက်။

ဝိပဿနာဉာဏ် ရင့်သန်ဖို့အတွက်လည်း မြတ်စွာဘုရားဂုဏ်တော်ကို ပွားပေးရမယ်လို့ ဆိုတယ်။ မြတ်စွာဘုရားဂုဏ်တော်ကို အာရုံပြုလိုက်တာနဲ့ သဒ်ဓါစှမျးအားတှကေ တက်လာတယ်။ သဒ်ဓါစှမျးအားနဲ့ ညီမျှစွာ ဝီရိယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ ဆိုတာတွေလည်း ထက်မြက်လာတတ်တယ်။

အဲဒီတော့ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုခြင်းအားဖြင့် ဆေးကြောလိုက်တဲ့ အသိဉာဏ်နဲ့ ရှုမှတ်လိုက်တဲ့အခါ ဝိပဿနာဉာဏ်က ပိုပြီး စူးစူးရှရှ၊ ထက်ထက်မြက်မြက်၊ အောင်အောင်မြင်မြင် ဖြစ်နိုင်တယ်လို့ဆိုတာကို စာပေကျမ်းဂန်မှာ ပြောထားတယ်။

- ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

တီရဏပရိညာနှင့် ပဟာနပရိညာ

တီရဏပရိညာနှင့် ပဟာနပရိညာ
🌸🌸🌿🌸🌸🌿🌸🌸🌿

တီရဏပရိညာ
*************
   (ဖြစ်ပျက်ရှုခြင်း၊ အနိစ္စ ဒုက္ခ အနတ္တ
လက္ခဏာရေးသုံးပါးရှုခြင်း)

   သစ္စဉာဏ်= သစ္စာကိုသိသောဉာဏ်။ (ဖြစ်ပျက်မြင်လျှင် သစ္စဉာဏ်ရသည်။)
 
(ဖြစ်ပျက်သည်) ခန္ဓာငါးပါးသည် = ဒုက္ခသစ္စာ၊ 
    တဏှာသည် = သမုဒယသစ္စာ၊ ဖြစ်ပျက် ဒုက္ခချုပ်ရာ နိဗ္ဗာန်သည် = နိရောဓသစ္စာ၊ 
         မဂ္ဂင်(၈)ပါးသည် = မဂ္ဂသစ္စာ။ 

   စိတ္တာနုပဿနာ ရှုပွားနည်း
~~~~~~~~~~~~~~
   အပြင်ဧည့်သည်(၅)ယောက်= မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်း စိတ်။

   အတွင်းဧည့်သည်(၆)ယောက်= လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊
အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောကြံစည်စိတ်။

   အိမ်သည်(၂)ယောက်=
လေကိုထုတ်သောစိတ်၊ လေကိုသွင်းသောစိတ်။

    ရှေးဦးစွာ ဝင်လေထွက်လေကို ပုံမှန်ရှူ၍ နှာသီးဝ (သို့) နှုတ်ခမ်းဖျား လေတိုးထိရာ ထိချက်မှာ စိတ်ကိုထား၍ သမာဓိ ထူထောင် ပါ။ စိတ်ကလေး သည်ထားရာ နေရာ၌ ၁၅-မိနစ်၊ နာရီဝက်ခန့် ဘယ်မှမပြေး မရွေ့လျှင် ဝိပဿနာကူးလို့ ရပါပြီ။

     စိတ်ကို ပြောင်းရှုပါမည်။ သိလုံးလေး တွေကို ရှုရပါမည်။ သိနေတာ စိတ်ပါ။ ငါသိနေတာ မဟုတ်ပါ။ ဟဒယဝတ္ထုပေါ် ရင်ညွန့်နားလောက်ကနေ မှန်းရှုပါ။ တွေးနေတာ စိတ်ပါ၊ တယောက်ထဲ ဝမ်းထဲက စကား ပြောသလို ဖြစ်နေတာ စိတ်ပါ၊ စိတ်ထဲက ပုံဖော်သလို လုပ်တာ စိတ်ပါ၊ နေရာညွတ်တာ စိတ်ပါ။

    လေရှူတာကို သိနေတဲ့စိတ်ကို အိမ်သည် ထား၍ ပေါ်ရာစိတ်ကို ရှိ မရှိ လိုက်ကြည့် ရမည်။ အကဲခတ်ရမည်။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယား နာ ကောင်း စိတ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတော ကြံစည်စိတ်။ ဘာစိတ် ပေါ်ပေါ် ဖြစ်မှန်းသိ ပျက်မှန်း သိအောင်လုပ်ပါ။ 

      ဉာဏ်ရင့်လာလျှင် ဘာစိတ် ဖြစ်ဖြစ် ကိုယ်ကြည့်လိုက်လျှင် သူမရှိတော့၊ အပျက် ချည်း ဆက်တိုက် သိလာမည်။ မရှုနိုင်လောက် အောင် များပြားသော တဖျပ် ဖျပ်နဲ့ ဖြစ်ပျက် နေတာ မြင်လာလျှင် တခုတည်းရဲ့ ဖြစ်ပျက်၊ (ဥပမာ- စိတ်ဆိုရင် စိတ်၊ ဝေဒနာဆိုရင် ဝေဒနာ) တနေရာ တည်းရဲ့ ဖြစ်ပျက်ကို စိုက်ရှုပါ။ 

     မကြာမီ မုန်းဉာဏ်၊ ကိစ္စဉာဏ် တက်လာ လိမ့်မည်။ ဖြစ်ပျက် မြင်လျှင် သစ္စဉာဏ်၊
ကြည့်ရင်းငြီးငွေ့လာမုန်းလာလျှင် ကိစ္စဉာဏ်၊ ပေကြည့်ရင်း ဖြစ်ပျက်ဆုံးသွားလျှင်
ကတဉာဏ်။

ပဟာနပရိညာ
**************
      အပျက်ချည်းပဲ ဆက်တိုက် မြင်သော ဘင်္ဂဉာဏ်မှစ၍ မဂ်ဉာဏ်တိုင်အောင်သည် ပဟာနပရိညာ၏ နယ်ပယ်ဖြစ်သည်။

   ကိစ္စဉာဏ် 
(သူလုပ်တတ်တဲ့ အလုပ် သူ့ကိစ္စကို သိသောဉာဏ်။ကိစ္စ=အလုပ်၊ သိတာ=ဉာဏ်)
ဒုက္ခသစ္စာ- သိရမည် (ပရိညေယျံ)(သိ)
သမုဒယသစ္စာ-ပယ်ရမည်(ပဟာတဗ္ဗံ) (ပယ်)
နိရောဓသစ္စာ- မြက်မောက်ပြုရမည်
(သစ်ဆိကာတဗ်ဗံ)(ဆိုကျ)
မဂ္ဂသစ္စာ- ပွားများရမည် (ဘာဝေတဗ္ဗံ) (ပွား)

      သစ္စာလေးပါးတွင် ဒုက္ခသစ္စာကို သိဖို့ အရေးကြီး၏။ ဒုက္ခသစ္စာသိလျှင် မလိုချင်၊ ထို့ကြောင့် သမုဒယသစ္စာ သေ၏။ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချ၍ ဒုက္ခ ချုပ်သွားလျှင် နိရောဓသစ္စာ၊ ဖြစ်ပျက် ဒုက္ခ သိအောင် အကြိမ်ကြိမ် ပွားနေရခြင်းသည် မဂ္ဂသစ္စာ။

     ဒုက္ခသစ္စာ= ဆင်းရဲတာအမှန် (ဝါ) စက်ဆုပ်စရာ အသုံးမကျတာ အမှန်။ 
   ( ဒု= စက်ဆုပ်စရာ၊ ခ= အသုံးမကျတာ၊ သစ္စာ= အမှန်။)

    သစ္စာအနက်(၁၆)ချက်မှာ ဒုက္ခသစ္စာ၏ အနက်လေးချက် (ကိစ္စဉာဏ်) ဖြစ် ပျက် မုန်းဉာဏ် ရောက်နေချိန်၌ အောက်ပါ သဘောများ ထင်မြင်လာသည်။

   ၁= ပီဠနဋ္ဌော 

   ဖြစ်ပျက်သည် နှိပ်စက်နေသည်။ ခန္ဓာသည် အနှိပ်စက်ခံနေရသည်။
 (သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သော အနက်သဘော။)

   ၂= သင်္ခတဋ္ဌော
         
    ဖြစ်ပျက်သည် တဏှာ ပြုပြင်ရာကို အမြဲ ခံနေရသည်။ 
 (တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရ သော အနက်သဘော)

  ၃= သန္တာပဋ္ဌော

    ဖြစ်ပျက်သည် ကိလေသာမီး ဒုက္ခမီးဖြင့် အလောင်ခံနေရသည်။
  (ကိလေသာမီး ဒုက္ခမီးဖြင့် ငြီးငြီးတောက်
ပြောင် အမြဲလောင်နေသော အနက်သဘော)

  ၄= ဝိပရိဏာမဋ္ဌော ဖြစ်ပျက်သည် ဖောက်ပြန် ပျက်စီးနေသည်။
   (နဂိုခန့်ခိုင် မတည်နိုင်ဘဲ ယိမ်းယိုင် ဖောက် လွဲ ပြိုကွဲပျက်စီးခြင်း အနက်သဘော)

    ဒုက္ခသစ္စာ ဉာဏ်၌ ထင်ပုံ မြင်ပုံ
(သစ္စာ ဆိုက်ပုံ) (ကတဉာဏ်)
(မိုးကုတ်ဆရာတော် (၅-၁-၅၉))

   ဉာဏ်ထဲမှာ နှလုံးသွင်းတိုင်း သွင်းတိုင်း ကတဉာဏ် ရောက်ခါနီး လာပြီ ဆိုမှဖြင့် ဘာရှုရှု။ ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပျောက်ပြီး ဒုက္ခစက်ကြီး လည်နေတာ တစ်ခုတည်းသာ ကိုယ့်ဉာဏ်ထဲ တွေ့နေတာပဲ။

   မြင်းရုပ်တွေ ဆင်ရုပ်တွေလို လည်တဲ့ အလည်မျိုးတော့ မဟုတ် ပါဘူး။ ဒီရှေ့မှာပဲ ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန် လည်း ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန်လည်း ဖြစ်လိုက် ချုပ်လိုက်။

    ကတဉာဏ် လာတော့မယ်ဆို ဒါချည်း ဆက်တွေ့ တော့တာ။ စက်ယန္တရား ၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည်ဟု ဉာဏ်ထဲ မှာ ထင်လာတယ်။

     ဒုက္ခတွေ လည်ပတ် နေတာသာ ထင်လာတယ်။ နောက်တစ်ခု လာလည်း ဒုက္ခပဲ၊ ချုပ်သွားတာ လည်း ဒုက္ခပဲ၊ တွေ့ရတာ လည်း ဒုက္ခပဲ ဘာမှ မလှည့်တော့ဘူး ဒုက္ခ လည်နေတာပဲ တွေ့တယ်။

   လည်နေတဲ့ ဒီဒုက္ခကြီးဟာဖြင့် ဘဝများစွာ သံသရာကလည်း မတွေ့ဖူးဘူး၊ ခုမှကိုယ့်ခန္ဓာ ဒုက္ခစက်ကြီး လည်နေတာကို ကိုယ့်ကိုယ်တိုင် သိရတဲ့အတွက်။ ဒီဒုက္ခကြီးနဲ့ ဖြင့် ကြုံလည်း မကြုံချင်ပါဘူး၊ ဆုံလည်းမဆုံချင်ပါဘူး၊ ဒါဒုက္ခ အစစ်ပဲလို့ ဆုံးဖြတ်ချက် ချလိုက်သည် နှင့် တစ်ပြိုင်နက်တည်း ဖျတ်ဆို ခုနကလည်နေတဲ့ ဒုက္ခကြီးက ဉာဏ်အောက်မှာပင် ပျောက်ထွက် သွားတယ်။

    သူလည်း ပျောက်သွားရော ဉာဏ်ထဲမှာ ဘယ့်နှယ့် ဖြစ်လာတုံး။ အင်း ဒီဥစ္စာ ဒုက္ခ မရှိတဲ့နေရာ ဒီနေရာကိုး ဆိုတာ တစ်ခါတည်း ဉာဏ်က စိုက်သွားတယ်။

မှတ်ချက်။ ။ဒုက္ခပဲရှိတယ် ဒါဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချတာ ပဋိဝေဓဉာဏ် ဖြစ်သည်။ ဒုက္ခသစ္စာကို ပိုင်းခြား လိုက်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ထိုးထွင်းသိပြီး ပေါ်လာ သည့် ဉာဏ် ဖြစ်သည်။

    ဆရာသမားပြောတာ အစဉ်လျှောက်ပြီး သိတာ အနုဗောဓဉာဏ်၊ 
ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီးသိတာ ပဋိဝေဓဉာဏ်။

   ကတဉာဏ် (ပြီးပြီလို့သိတဲ့ဉာဏ်) = (မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်)

  (ဖြစ်ပျက်ချုပ်သွားတာ) ဒုက္ခဆုံးသွားတာလည်း မြင်ရမယ်၊
နိရောဓပေါ်လာတာလည်း မြင်ရမယ်။ နှစ်ချက်မြင်ရမယ်။ မဂ်အမြင်က နှစ်ချက်။

    သောတာပန်စိတ်ထား အင်္ဂါ (၇)ပါး
  ~~~~~~~~~~~~~~~~~~
     ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ ထွက်ရပ်ကင်း၊ ချက်ချင်းကု၊ ပျက်မှာစိုး
တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညို ခုနှစ်တန်၊ သောတာပန်။ (ဦးဃောသိတ)

   ၁။ လောဘ၊ ဒေါသ၊ မောဟ ပုထုဇဉ် ကတော့ ဖြစ်ကြောရှည်တယ်၊ သောတာပန် ကတော့ ဖြစ်ကြောတိုတယ်။

  ၂။ လောဘ၊ ဒေါသ၊ မောဟ ပေါ်တာ
ချက်ချင်းသိလို့ သိသည်နှင့်တစ်ပြိုင်နက်တည်း၊ ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည်၊ သောတာပန် တို့ ၏ အသိ။

   ၃။ ဘုရားသာသနာတော်မှ တစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဘူးလို့ သိနေတဲ့ အသိ ဟာလည်း သောတာပန် တို့ ၏အသိ။ 

    ၄။ ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်ကလေးတွေ ရှိနေတယ်၊ ချက်ချင်းပဲ ကုသချင်တဲ့ သဘော၊ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင် လုပ်ချင်တဲ့စိတ် တစ်ခါ တည်း ပေါ်လာတယ်။

    ၅။ ကိစ္စကြီးငယ် ရှိလို့ သူတစ်ပါး အတွက် လိုက်ရငြား သော်လည်း၊ သီလ၊ သမာဓိ၊ ပညာ အပျက်မခံဘဲနဲ့ လိုက်ခြင်းသည် သောတာပန် တို့ ၏ စိတ်ဓာတ် အသိ။

    ၆။ မြတ်စွာဘုရား တရားတော်တွေကို ဟောနေလို့ ရှိရင် အနက် အဓိပ္ပါယ်သိပြီး
အာရုံတစ်ပါးစိတ် မသွားဘဲနဲ့ စိုက်၍ နာနေနိုင်ခြင်း သည် သောတာပန် တို့၏ တရားနာမှု။ 

   ၇။ အဲဒီလို ခန္ဓာဉာဏ်ရောက်တဲ့ တရားတွေ နာရတော့ ဝမ်းမြောက်လို့မဆုံးဘဲ၊ ကြည်ညိုလို့ မပြီး ကျေးဇူးတင်လို့ မပြီး၊ ဖြစ်နေ တာလည်း သောတာပန် တို့၏ စိတ်ထား။

  သောတာပန်၏ အမြင် (၄)မျိုး 
~~~~~~~~~~~~~~~~
(၁) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်ဆိုတဲ့- ယုံမှားခြင်းကို လွန်မြောက်ရမယ်၊ (တိဏ္ဏဝိစိကိစ္ဆော)။
(၂) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ တွေးတောခြင်းလဲ ကင်း ရမယ်၊ (ဝိကတကထံကထော)။
(၃) ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ရဲရဲတင်းတင်းလဲ ဆုံးဖြတ်ချက် ချရမယ်၊ 
         (ဝေသာရဇ္ဇပတ္တော)။
(၄) ပုဂ္ဂိုလ် သတ္တဝါ မရှိတာသည် သူတစ်ပါး ပြောသံကြားနဲ့ မရှိတာ မဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် သိပြီး မရှိတာလို့ လဲ ဆုံးဖြတ်ချက် ချနိုင်ရမယ်။ (အပရပစ္စယော)။

မဂ်စစ် မစစ် ဖိုလ်နဲ့ညှိ (ဖလသမာပတ်)
~~~~~~~~~~~~~~~~~~~~
ဖြစ်ပျက်ချုပ်ရာကို မျက်မောက် ပြုဖူးခဲ့သည် ရှိသော် နောက်တကြိမ် တရားထိုင်ရာ၌ အရင်က မြင်ခဲ့သည့် တရားသည် နိဗ္ဗာန် အစစ် ဖြစ်ခဲ့လျှင် (၁၅)မိနစ် ဝင်စား ရပါလို၏ နာရီဝက် ဝင်စား ရပါလို၏ စသည်ဖြင့် အဓိဋ္ဌာန် တင်၍ ထိုင်ပါ။ အစစ် ဖြစ်ခဲ့သော် အဲ့ဒီနေရာ ပြန်ရောက် သွားလိမ့်မည်။ အစ၌ အချိန်အကြာကြီး ရချင်မှ ရမည်။ နောက်ပိုင်း နာရီ တိုးသွားပါ။ သမာပတ်ဝင်စားချိန်၌ နိဗ္ဗာန်ကို အာရုံပြုတာ ဖြစ်လို့ လောကီသိစိတ် မရှိပါ။ ဣရိယာပုထ် ခိုင်ခံပါသည်။

မိုးကုတ်ဆရာတော်ကြီး၏ လင်္ကာဆောင်ပုဒ်များ

ခန္ဓာငါးပါး
***********
         ဖောက်ပြန် ခံစား၊ မှတ်သား ပြုပြင်၊ သိ ဝိညာဏ်၊ ငါးအင် ခန္ဓာမှတ်။

သောတာပန်တည်ကြောင်းအင်္ဂါ(၄)ပါး
**********((()))********
         သူတော်ဆည်းကပ်၊ မြတ်တရား နာ၊ လျှော်စွာ အကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ။

ပဓါနိယင်္ဂတရား(၅)ပါး
**********************
         ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့် စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ် ဉာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း။

ယောဂီကျင့်ဝတ်(၆)ပါး
**********************
         အမှုမများ၊ စကားသိမ်းဆည်း၊ စောင့်စည်း ဣနြေ္ဒ၊ အိပ်နေ နိုးကြား၊ အစား မကြီး၊ တစ်ယောက် တည်းနေ၊ ဤခြောက်ထွေ ကျင့်လေ ယောဂီမှတ်။

သစ္စာလေးပါး
***************
  ၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။
  ၂။ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင် သမုဒယမှတ်။
   ၃။ ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်။
   ၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိ မြင် မဂ် ဟုမှတ်။



         မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသောတရားတော်များနှင့် မူရင်း ပါဠိတော်များမှ အဓိက ကောက်နှုတ်ထားပါသည်။ အမှားတွေ့မြင်က ပညာရှင်များ ပြင်ဆင်ဖတ်ရှုပါရန်။

သာဓု သာဓု သာဓု

Crd ::: Ven Gandhamar 

မေတ္တာဖြင့်ကူးယူဖော်ပြသည်

* ရိုသေစွာဦးတင်ပါတယ်အရှင်သူမြတ်ဘုရား *
   CMT

အနတ္တမျှသာ

သုညောလောကော။ 
အတ္တမဟုတ်ဘူး အနတ္တ။

သုညကမ္ဘာ၏ သရုပ်ဆောင်မှုများ သက်သက်သာ။

ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် ဘဝဇာတ်ခုံပေါ်ဝယ် 
ကံဇာတ်ဆရာရဲ့စေလိုရာအတိုင်း
ဝမ်းနည်းလို့ ငိုလိုက် 
ဝမ်းသာလို့ ရယ်လိုက် 
တဏှာကြိုးဆွဲရာ 
ကပြနေကြရသူတွေချည်းပါ။

ငါ သူတပါး ယောက်ျား မိန်းမ လည်း မဟုတ်
အဝိဇ္ဇာဦးဆောင်တဲ့ တဏှာစတဲ့ ကိလေသာအနှောင်အဖွဲ့တွေခိုင်းသမျှ ထားရာနေ စေရာသွား နေကြတဲ့
ပုထုဇဉ်တို့ ဘဝ။

ကိုယ်က သုဘ - တင့်တယ်တယ် ထင်တယ်
ရုပ်ခန္ဓာကြီးက အသုဘ - မတင့်မတယ် ရွံစဖွယ်။
တစ်လလောက် ရေမချိုးပဲထား ဘယ်သူမှ အနားမကပ်ပါ။

နိစ္စ-မြဲတယ် ထင်တယ်။
သူကတော့ အနိစ္စ မမြဲလိုက်တာများ
ဖြစ် တည် ပျက် မျှသာ။ ဘယ်နေရာမှာမှ ရှာမရ။

ဒါကိုပဲ သုခချမ်းသာလို့ထင်ပြန်တယ်။
သို့သော် ဖြစ်လိုက် ပျက်လိုက်နဲ့ ဒုက္ခဆင်းရဲကြီးသာ။
သုည - ဘာမှ မရှိတဲ့ လေဟာနယ်ကြီးမျှသာ။

တခါ ဆုပ်ကိုင်ထားပြီး ငါ ငါ့ဟာဆိုပြီး မမြဲတဲ့အရာကြီးကို ငါ့အတ္တဆိုပြီး။
တကယ်ကတော့ အနတ္တမျှသာ။

🙏🙏🙏

#KhinThuThuAungSan

Monday, May 18, 2026

တောကိုတော့ ရှင်းလင်းပါ၊သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့်

ရာဂတွေ တစ်ပုံကြီးဖြင့် 
ပစ္စည်းလာဘ်လာဘတွေ ရလိုကြောင်းကို
 သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ 

ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ ထံမှာ 
ပြောဆိုနေခြင်း၊ ဒေါသတွေ တစ်ပုံကြီးဖြင့် 
မာန်မာန, ဣဿာ, မစ္ဆရိယတွေ တစ်ပုံကြီးဖြင့် အချင်းချင်း ပြုမူပြောဆိုဆက်ဆံနေခြင်းတို့ကို 
ဘုရားရှင်ဟာ အလွန်ရွံရှာစက်ဆုပ်တော်မူပါတယ်။ 

ဘုရားရှင်ရဲ့ သာသနာတော်ကို မှီခို ဆည်းကပ်ပြီး နေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင် ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူတဲ့ လုပ်ငန်းရပ်တွေကို ရှောင်ရှားဖို့ ပယ်ရှားဖို့ သင့်တင့်လှပါပေတယ်။

     ဒီနေရာမှာ --- ရှင်ရဟန်းတွေ .. သီလရှင်တွေ ..အတုယူသင့်တဲ့ လိုက်နာသင့်တဲ့ ရှောင်ကြဉ်သင့်တဲ့ ၀တ်ထုဇာတျကွောငျးကလေးတှကေို ထပ်မံပြီး ပြောကြရအောင် ..။

အတောင်းအရမ်း ထူပြောလှတဲ့ အာဠဝီရဟန်းတော်များ

    တစ်ချိန်မှာ အာဠ၀ီပွညျက ရဟန်းတော်တချို့ဟာ ဆောက်လုပ် လှူဒါန်းမည့် အလှူရှင် ကျောင်းဒါယကာ မရှိဘဲ ကိုယ်တိုင်ကြီးကြပ်ကာ အတိုင်းအတာ ပမာဏကို လွန်နေတဲ့ ကျောင်းတွေကို ဆောက်လုပ်ကြပြန်တယ်။ နွားလှည်းပေးကြပါ၊ ဝါးပေးကြပါ၊ သစ်ပေးကြပါ၊ မြေညက်ပေးကြပါ စသည်ဖြင့် ကျောင်းဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းများကို အာဠ၀ီပွညျသူတို့ထံမှာ တောင်းခံကြပြန်တယ်။ အာဠ၀ီပွညျသူတို့လညျး ပစ္စည်းအမျိုးမျိုးတွေကို အတောင်းခံရမှုဖြင့် အညှဉ်းပန်း အနှိပ်စက် ခံနေကြရတဲ့အတွက် ရဟန်းတော်တွေနှင့် တွေ့ဆုံရမှာကို ထိတ်လန့် ကြောက်ရွံ့လာကြတယ်၊ ရဟန်းတော်တွေကို မြင်လျှင် အိမ်ကို တံခါးပိတ်ကာ ပုန်းနေတတ်ကြတယ်၊ သို့မဟုတ် အခြားတစ်နေရာသို့ ရှောင်တိမ်းထွက်ခွာသွားတတ်ကြတယ်၊

     အကယ်၍ မလွှဲမရှောင်သာ ဖြစ်နေခဲ့လျှင်လည်း မျက်နှာလွှဲကာ ကျောခိုင်းနေ တတ်ကြတယ်။ ယုတ်စွအဆုံးအားဖြင့် အဝါရောင်ရှိနေတဲ့ နွားမတွေကို မြင်လျှင်တောင် ရဟန်းတွေလို့ အထင်မှားကာ ထွက်ပြေးတိမ်းရှောင်သွားတတ် ကြပြန်တယ်။

     တစ်ချိန်မှာ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ သီတင်းဝါလကျွတ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀စတေီမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ နောက်တစ်နေ့ အာဠ၀ီပွညျတှငျးသို့ ဆွမ်းခံကြွ၀င်တော်မူတဲ့အခါ ဆွမ်းလောင်းလှူသူ မရှိလောက်အောင် အာဠ၀ီပွညျသူ ပြည်သားတို့ရဲ့ ရဟန်းသံဃာတော်တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံကိုလည်း ကိုယ်တိုင် သိရှိသွားတော်မူခဲ့ပါတယ်။ အာဠ၀ီပွညျရှိ အချို့ရဟန်းတော် တို့ရဲ့ တင်ပြလျှောက်ထားချက်အရ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောနေပုံ အကြောင်းခြင်းရာ အစုံအလင်ကိုလည်း ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း ရာဇဂြိုဟ်ပြည်မှာ ဝါကျွတ်တော်မူပြီးနောက် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀ စေတီတော်သို့ပဲ ဆိုက်ရောက်တော်မူလာပြန်ပါတယ်။ ထိုအချိန်အခါမှာ အရှင်မဟာကဿပ မထေရ်မြတ်က အာဠ၀ီပွညျသူတို့ရဲ့ ရဟန်းသံဃာတော် တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောပုံ အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် ဘုရားရှင်အား တင်ပြ လျှောက်ထားတော်မူပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က ရဟနျးသံဃာအစညျးအေ၀းကို ခေါ်ယူတော်မူစေကာ ရဟန်းတော်တို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် ဝတ္ထုဇာတ်ကြောင်း အမျိုးမျိုးဖြင့် ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူပါတယ်။

အတောင်းအရမ်း ထူပြောမူကို တိရစ္ဆာန်များသော်ပင် မနှစ်သက်ပါ 

    ရှေးအတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ဘုရားရှင်က ရှေးဦးစွာ ဟောပြတော်မူပါတယ်။ တစ်ချိန်မှာ --- ရသေ့ညီနောင် နှစ်ပါးတို့ဟာ သင့်လျော် လျောက်ပတ်တဲ့ ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာမှာ တစ်ပါးစီ ခြဲကာ သီတင်းသုံးတော်မူကြပါတယ်။ ညီငယ်ဖြစ်တဲ့ ရသေ့ကတော့ မေတ္တာဈာန် ဆိုက်သည်အထိ မေတ္တာဘာ၀နာကမ္မဋ္ဌာန်းကို အလေးဂရုပြုကာ စီးဖြန်း ပွားများတော်မူလေ့ရှိပါတယ်။ သူ့ရဲ့ မေတ္တာဘာ၀နာစွမ်းအားကြောင့် ဂင်္ဂါမြစ်ရဲ့ အခြားတစ်ဘက်ကမ်းပါးမှာ တည်ရှိနေတဲ့ မဏိကဏ္ဌနဂါးမင်းဟာ ဂင်္ဂါမြစ်ကို ကူးခတ်ပြီး ဒီရသေ့ငယ်ထံသို့ လာရောက်ကာ ဆည်းကပ်ခစားလေ့ရှိပါတယ်။ ဒီနဂါးကို မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုတာကတော့ သူရဲ့လည်ပင်းမှာ အလွန်တန်ခိုး အာနိသင် ကြီးမားတဲ့ ပတ္တမြားရတနာ တစ်ခုကို ဆင်မြန်းထားတဲ့အတွက်ကြောင့် မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနဂါးမင်းဟာ နတ်သားအသွင် ဖန်ဆင်းပြီးတော့ ရှင်ရသေ့ငယ်နှင့် ပဋိသန္ထာရစကားများ ပြောကြားလျှောက်ထားပြီးနောက် မိမိရဲ့ မူလနဂါးအသွင်ကိုပင် ယူကာ ရသေ့ငယ်အား ဆည်းကပ်ခစားလေ့ ရှိပါတယ်။ ဒီနဂါးမင်းဟာ ရသေ့ တရားဘာ၀နာ ပွားများနေတဲ့အချိန်အခါမှာ ရသေ့ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ခုနစ်ခွေ ပတ်ကာ ရသေ့ရဲ့ ဦးခေါင်းပေါ်မှာ ပါးပျဉ်းကို မိုးလျက် ဆည်းကပ် ခစားလေ့ ရှိပါတယ်။ ဒီလို ဆည်းကပ်ခစားမှုကို ရသေ့ငယ်ကား အလွန်ကြောက်ရွံ့လျက် ရှိနေခဲ့ပါတယ်။ ဒီလို ကြောက်ရွံ့မှုကို အကြောင်းပြုကာ ရသေ့ငယ်လည်း တဖြည်းဖြည်း ကျုံလှီပြီးတော့ ရုပ်အဆင်းတွေလည်း ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အရောင်အဆင်းတွေ ရှိလာတယ်၊ အကြောပြိုင်းပြိုင်းထတဲ့ ခန္ဓာကိုယ်လည်း ဖြစ်ပေါ်လာတယ်။

     တစ်နေ့မှာ နောင်တော်ရသေ့က ညီငယ်ရသေ့ရဲ့ ခန္ဓာကိုယ် ဖောက်ပြန်ပျက်စီးနေပုံကို မြင်တွေ့ရတဲ့အခါ အကြောင်းအခြင်းရာကို မေးမြန်းကြည့်တော်မူပါတယ်။ ထိုအခါမှာ ညီငယ်ရသေ့ရဲ့ တင်ပြချက်အရ နောင်တော်ရသေ့ကလည်း အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို အကြံဉာဏ်တစ်ခု ပေးသနားတော်မူခဲ့ပါတယ်။

     ဒီအကြံပေးချက်ကတော့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့၀န်ထမ်း ရှင်ရဟန်းတွေနှင့် သီလရှင်တွေ အထူးသတိပြုသင့်တဲ့ အထူးရှောင်ရှားသင့်တဲ့ အကြံပေးချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လို အကြံပေးသလဲ?

    ညီငယ် ... သင်ဟာ ဒီနဂါးလာနေတာကို သင်က အလိုမရှိဘူးဆိုလျှင် အဲဒီနဂါးမှာ ဘယ်လိုပစ္စည်းတွေ ဆင်မြန်းထားတာကို သင် တွေ့မြင်ပါသလဲ ..? လို့ ဒီလို မေးမြန်းတော်မူလိုက်ပါတယ်။

    အဲဒီအခါမှာ ညီငယ်ရသေ့က နဂါးမင်းရဲ့လည်ပင်းမှာ ပတ္တမြားရတနာ တစ်ခု ဆွဲထားတာကို မြင်တွေ့ပါကြောင်း တင်ပြလျှောက်ထားလိုက်ပါတယ်။

     အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို ဒီနဂါးမင်း လာတဲ့အခါမှာ ဒီပတ္တမြားရတနာကို တောင်းခံဖို့ အလှူခံယူဖို့ အကြံပြုလိုက်ပါတယ်။

     ညီငယ်ရသေ့ကလည်း နောင်တော်ရသေ့ရဲ့ အကြံပေးချက်အတိုင်း နောက်တစ်နေ့ မဏိကဏ္ဌနဂါးမင်း ဆည်းကပ်ခစားဖို့ရန် လာရောက်တဲ့ အခါမှာ ပတ္တမြားရတနာကို အလိုရှိတဲ့အတွက် ပတ္တမြားရတနာကို ပေးလှူပါ ဟု တောင်းခံလိုက်ပါတယ်။ နဂါးမင်းလည်း ခပ်မြန်မြန်ပဲ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ ဒုတိယအကြိမ် လာတဲ့အခါလည်း အလားတူ အလှူခံပြန်တယ်။ နဂါးမင်းလည်း နောက်ကြောင်းလှည့်ကာ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ တတိယအကြိမ် လာတဲ့အခါမှာလည်း ဂင်္ဂါမြစ်ကို ဖြတ်ကူးနေတုန်းဆဲဆဲမှာပဲ လှမ်းပြီးတော့ အလှူခံပြန်တယ်။ အဲဒီအခါမှာ နဂါးမင်းက ဒီပတ္တမြားရတနာရဲ့ စွမ်းအားကြောင့် သူ့မှာ တန်ခိုးအမျိုးမျိုးနဲ့ ပြည့်စုံနေတာဖြစ်ကြောင်း ဒီပတ္တမြားရတနာကို မလှူဒါန်းနိုင်ကြောင်း အတောင်းအရမ်းထူပြောလွန်းလှတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးထံသို့ နောက်ထပ် ဘယ်တော့မှ မလာလို ကြောင်း စသည်တို့ကို ပြောဆိုကာ ပြန်သွားလိုက်ပါတယ်။ နောက်ထပ်လည်း ရသေ့ငယ်ထံသို့ ဘယ်တော့မှ မလာရောက်တော့ပါ။

     ထိုအခါကျမှ ရသေ့ငယ်လည်း နဂါးမင်းမလာတော့တဲ့အတွက် စိတ်မကောင်းဖြစ်ကာ ရှေးကထက် ပို၍ပို၍ ကျုံလှီသွားခဲ့တယ်၊ ရုပ်အဆင်းတွေလည်း ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ပို၍ပို၍ ဖျော့တော့လာတယ်၊ ခန္ဓာကိုယ်လည်း ပို၍ပို၍ အကြောပြိုင်းပြိုင်း ထလာတယ်။

     ဒီလိုအခြင်းအရာကို မြင်တွေ့ရတဲ့အခါ နောင်တော်ရသေ့က နည်းအမျိုးမျိုးဖြင့် တရားဓမ္မပြကာ ဆိုဆုံးမပေးတော်မူပါတယ်။

     ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!

    ရဟန်းတို့ ...တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလိုမရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း .. 

    ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမတော်မူလိုက်ပါတယ်။

ငှက်တွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ကြပါ

    တစ်ချိန်မှာ ရဟန်းတော်တစ်ပါးဟာ ဟိမ၀န္တာတောအတွင်း တောငျ၀ှမျးတဈနရောမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီရဟန်းတော် သီတင်းသုံးတော်မူတဲ့ နေရာဒေသနှင့် မလှမ်းမကမ်းမှာ ညွန်အိုင်ကြီး တစ်ခု ရှိနေတယ်။ ထိုညွန်အိုင်ကို အမှီပြုကာ ညွန်အိုင်၀န်းကျင်မှာ တည်ရှိတဲ့ တောအုပ်ကြီးအတွင်းမှာ ဒီငှက်တွေက နေထိုင်ကြတယ်။ ဒီညွန်အိုင်ကြီးမှာ နေ့အခါ ကျက်စားပြီးတော့ ညအခါ တောအုပ်ကြီးအတွင်းသို့ ပြန်လာကြတယ်။ ညဥ့်ဦးယာမ်မှာရော မိုးသောက်ယာမ်မှာရော ဒီငှက်တွေက ဆူညံမှု အမျိုးမျိုးတွေကို ပြုလုပ်ကြတယ်။ ဒီငှက်သံတွေရဲ့ ဆူညံမှုကြောင့် ရဟန်းတော်ဟာ ထိုတောအုပ်အတွင်းမှာ မပျော်မွေ့မှု ဖြစ်လာတယ်။ ဝါဆိုဝါကပ်ဖို့ရန် အချိန်နီးကပ်လာတဲ့အခါ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှောက်သို့ ပြန်လည် ကြွရောက်သွားတော်မူခဲ့ပါတယ်။ မိမိနေထိုင်သီတင်းသုံးရာ တောအုပ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ငှက်တွေရဲ့ ဆူညံမှု အမျိုးမျိုးကိုလည်း ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူခဲ့ပါတယ်။

    ထိုအခါမှာ ဘုရားရှင်က ချစ်သားရဟန်း ... သင်ဟာ ဒီငှက်တွေရဲ့ ဒီတောအုပ်အတွင်းသို့ မလာခြင်းကို အလိုရှိပါသလား? -- ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။ အလိုရှိပါကြောင်းကို ဒီရဟန်းတော်က ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်တဲ့အခါ ဘုရားရှင်က ထိုတောသို့ တစ်ဖန် ပြန်သွားကာ ညဥ့်ဦးယာမ်၌ သုံးကြိမ်, မဇ္ဈိမယာမ်၌ သုံးကြိမ်, မိုးသောက်ယာမ်၌ သုံးကြိမ်, - တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အောက်ပါအတိုင်း ရွတ်ဆိုရန် တောင်းခံရန် အကြံပေးတော်မူလိုက်ပါတယ်။

သုဏန္တု မေ, ဘောန္တော သကုဏာ, ယာဝတိကာ ဣမသ္မိံ ဝနသဏ္ဍေ ဝါသံ ဥပဂတာ, ပတ္တေန မေ အတ္ထော။ ဧကေကံ မေ, ဘောန္တော, ပတ္တံ ဒဒန္တူတိ။

    ဤတောအုပ်အတွင်း မှီတင်းနေထိုင်ကြကုန်သော အိုငှက်အပေါင်းတို့... ငါ၏ စကားကို နားထောင်ကြပါကုန်လော့၊ ငါ့အား ငှက်တောင်ဖြင့် အလိုရှိ၏၊ ငှက်တစ်ကောင် တစ်ကောင်သည် အတောင် တစ်ခုစီ တစ်ခုစီ ငါ့အား ပေးလှူကြပါ။

    ဒီလို ဘုရားရှင်က အကြံပေးတော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အကြံပေးတော်မူချက်အတိုင်း ဒီရဟန်းက ထိုတောအုပ်သို့ပင် တစ်ဖန် ပြန်ကြွတော်မူကာ တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အထက်ပါအတိုင်း ရွတ်ဆိုကာ ငှက်တောင်များကို အလှူခံတော်မူပါတယ်။

    ဒီနေရာမှာ ဒီရဟန်းရဲ့ တောင်းခံမှုကို ငှက်အပေါင်းတို့ ကြားသိနိုင်ရန် နားလည်နိုင်ရန်အတွက် ဘုရားရှင်က တန်ခိုးအာနုဘော်ဖြင့် အဓိဋ္ဌာန်ထားတော်မူခဲ့ပါတယ်။ ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ငှက်အပေါင်းတို့ ကလည်း ရဟန်းတော်က ငှက်တောင်တွေကို အလှူခံယူနေကြောင်းကို နားလည်သဘောပေါက်ခဲ့ကြတယ်။ ထိုအချိန်အခါမှာ ထိုငှက်တွေဟာ ထိုတောအုပ်အတွင်းမှာ မနေထိုင်ကြတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားခဲ့ကြတယ်။ နောက်ထပ် ဘယ်တော့မှ ထိုတောအုပ်သို့ ပြန်မလာကြတော့ပါ။

     ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က အာဠ၀ီရဟနျးတောျတှကေို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!

 ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလို မရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း

    ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမ တော်မူလိုက်ပါတယ်။

တောင်းရမ်းမှုကို ရွံရှာစက်ဆုပ်တော်မူတဲ့ ရဋ္ဌပါလ ရှင်ရသေ့

    ရှေးယခင်တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ထုတ်ဖော်ကာ ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ဆုံးမတော်မူပြန်တယ်။ တစ်ချိန်တုန်းက ရဋ္ဌပါလ အမည်ရှိတဲ့ ရှင်ရသေ့တစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီရှင်ရသေ့ရဲ့ ဖခင်ကား ကြွယ်၀ချမ်းသာသူ တစ်ဦးလည်း ဖြစ်တယ်။ သဒ်ဓါတရားလညျး ကောင်းမွန်သူဖြစ်တယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုတို့ကိုလည်း အယုတ်အမြတ် မရွေး အနည်းအများမရွေး ပေးကမ်းလှူဒါန်းလေ့ ရှိခဲ့တယ်၊ သားဖြစ်သူ ရဋ္ဌပါလ ရှင်ရသေ့ကိုလည်း အလိုရှိရာကို တောင်းခံပါရန် အကြိမ်ကြိမ် လျှောက်ထားခဲ့တယ်။ သို့သော် ရဋ္ဌပါလ ရှင်ရသေ့ကား ဖခင်ဖြစ်သူထံ၌ တစ်ကြိမ်တစ်ခါမျှသော်လည်းပဲ မတောင်းခံခဲ့စဖူးပါ။ တစ်နေ့မှာ ဖခင်ဖြစ်သူ က ရှင်ရသေ့အား အဘယ်အကြောင်းကြောင့် သူရဲ့ထံမှာ အလိုရှိရာပစ္စည်းကို မတောင်းခံပါသလဲလို့ မေးမြန်းလျှောက်ထားခဲ့တယ်။ အဲဒီအခါမှာ ရဋ္ဌပါလ ရှင်ရသေ့က အလွန်မှတ်သားဖွယ်ရာ ကြည်ညိုဖွယ်ရာ အတုယူဖွယ်ရာ ကောင်းလှတဲ့ ဂါထာကလေး တစ်ပုဒ်ဖြင့် အဖြေ ပြန်ပေးခဲ့တယ်။ ဒီဂါထာ ကလေးကို နာကြည့်ကြရအောင် ..။

ယာစကော အပ္ပိယော ဟောတိ, ယာစံ အဒဒမပ္ပိယော၊ တသ္မာဟံ တံ န ယာစာမိ, မာ မေ ဝိဒေဿနာ အဟူတိ။

 ဒီဂါထာရဲ့ အဓိပ္ပာယ်ကတော့ --

၁။ တောင်းလျှင် မုန်းတတ်တယ်။ (ယာစကော အပ္ပိယော ဟောတိ,) 

၂။ တောင်းလို့ မပေးလျှင်လည်း မုန်းတတ်တယ်။ (ယာစံ အဒဒမပ္ပိယော၊) 

၃။ ဒါကြောင့် ငါ မတောင်းခြင်း ဖြစ်ပါတယ်။ (တသ္မာဟံ တံ န ယာစာမိ,)

၄။ သင်နှင့် ငါတို့ မေတ္တာတရား ပျက်ပြားခြင်း မဖြစ်စေချင်ပါ။ (မာ မေ ဝိဒေဿနာ အဟူတိ။) ..

    ဒီလို ရှင်ရသေ့က ပြန်ပြီးတော့ အဖြေပေးတော်မူလိုက်ပါတယ်။

    ဒီထုံးဟောင်းကို အတုယူကာ ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင်ကလည်း ဒီထုံးဟောင်းကို ထုတ်ဆောင်ကာ ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

    ဒီနေရာမှာ .. ၀ိနညျးဒသေနာတောျကို အလွန်ကြည်ညိုလေးစားတော်မူတဲ့ ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ထံ၌ တောင်းခံမှုကိုလည်း အလွန်ရွံရှာစက်ဆုပ်တော်မူတဲ့ အမည်မဖော်လိုတဲ့ ရှေးဆရာတော်ကြီး တစ်ပါးရဲ့ အကြောင်းကို ပြောလိုက်ဦးမည်။

ကြည်ညိုဖွယ်ရာ ရှေးဆရာတော်ကြီီီီီးတစ်ပါး

    ရှေးယခင်က မြန်မာပြည်မှာ သံသပိတ်တွေက အလွန်ကြီး ခေတ်မစားကြသေးတဲ့အတွက် ရှေးရှေး ဆရာတော်ကြီးများဟာ များသောအားဖြင့် မြေသပိတ်တွေကိုပဲ ရိုရိုသေသေနဲ့ အသုံးပြုတော်မူခဲ့ကြပါတယ်။ တစ်နေ့မှာ ယင်းဆရာတော်ကြီးက မိခင်ဖြစ်သူ ကျောင်းသို့ရောက်ရှိလာတဲ့အခါ မိခင်ထံ၌ မြေသပိတ်တစ်လုံးကို အလိုရှိကြောင်း မိန့်ကြားတော်မူလိုက်ပါတယ်။ မိခင် ဖြစ်သူလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါ ဒီလို လျှောက်ထားပြီးတော့ ပြန်သွားခဲ့တယ်။ အချိန်တော်တော် ကြာညောင်းသွားတဲ့အခါ ဆရာတော်ကြီးက မိခင်ထံမှာ ဒုတိယအကြိမ် ထပ်မံပြီးတော့ တောင်းတော်မူပါတယ်။ ဒုတိယအကြိမ်မှာလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါလို့ ပြောဆိုကာ ပြန်သွားခဲ့ပြန်တယ်။ နောက်အချိန် တော်တော်ကြာသွားပြန်တဲ့အခါ တတိယအကြိမ် ထပ်မံပြီးတော့ မိခင်ထံ၌ ဆရာတော်ကြီးက သပိတ်ကို အလှူခံပြန်တယ်။ တတိယအကြိမ်မှာလည်း မိခင်ဖြစ်သူက အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာပဲ တောင်းခံတော် မူပါလို့ ထပ်မံပြီး လျှောက်ထားပြန်တယ်။

    ဒီလို သုံးကြိမ်တိုင်တိုင် တောင်းခံတော်မူတဲ့အခါ သုံးကြိမ်စလုံးမှာပဲ မိခင်ဖြစ်သူက ပုံစံတူ အဖြေပေးနေတဲ့အတွက် ဆရာတော်ကြီးက မိခင်ဖြစ်သူအား မေးခွန်းတစ်ခုကို မေးကြည့်တော်မူပါတယ်။ ဘယ်လို မေးတော်မူသလဲ?

    ဒီဒါယကာကြီးဟာ ဘုန်းကြီးရဲ့ ဖခင်အရင်း ဟုတ်ပါရဲ့လား? ..

    အဲဒီလို မေးမြန်းကြည့်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ မိခင်ဖြစ်သူက ဖခင်အရင်း ဖြစ်ပါကြောင်းကို ၀နျခံလြှောကျထားသှားခဲ့တယျ။

     ဆရာတော်ကြီးက ဘာကြောင့် ဒီလို မေးရတာလဲ? အကြောင်းကတော့ ဆွေမျိုးမတော်သူထံ မဖိတ်ကြားထားသူတို့ထံ၌ မတောင်းခံရန် ဘုရားရှင်က သိက္ခာပုဒ်တော်ဖြင့် ပညတ်ထားတော်မူပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖခင်အရင်း မဟုတ်ခဲ့လျှင် ဆွေမျိုးမတော်သူဘဲ ဖြစ်နေပါတယ်။ ၀ိနညျးတောျအရ ဒီလို ဆွေမျိုးမတော်သူထံ၌ မတောင်းခံလိုတဲ့အတွက် ယခုလို ဖခင်အရင်း ဟုတ်မဟုတ်ကို မိခင်ဖြစ်သူအား မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

      သာသနာတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရှင်ရဟန်းတွေဟာ ဒီလို ၀ိနညျးဒသေနာတောျကို လေးစားကာ ဆွေမျိုးမတော်သူများထံ၌ မတောင်းခံခြင်း ဆွေမျိုးတော်သူများထံ၌လည်း အတောင်းအရမ်း မထူပြောခြင်း အလိုနည်းပါးခြင်းကို ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်။

    ယခုလို အတောင်းအရမ်း ထူပြောလှခြင်း စတဲ့ အတောမသတ်နိုင်တဲ့ လောဘဦးဆောင်နေတဲ့ ကိလေသာ တောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အစွယ်အပွားဖြစ်ကြတဲ့ အကုသိုလ်တရား အမျိုးမျိုးတွေကို ရှင်းလင်းသုတ်သင်ပစ် ဖို့ရန် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆိုဆုံးမနေတော်မူတယ်။ ဘယ်လို ရှင်းကြမလဲ?

     မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားလို့ ခေါ်ဆိုအပ်တဲ့ .. သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် မှန်မှန်ကန်ကန် တိတိကျကျ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့် တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ဒီကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားတွေကို ရှင်းလင်းပစ်ကြရမှာ ဖြစ်တယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သီလကျင့်စဉ်ပိုင်းဆိုင်ရာ ဒေသနာတွေကတော့ အလွန်ကျယ်၀န်းလှပါတယ်။ မိမိတို့စွမ်းအားရှိသလောက် လေ့လာကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်တယ်။ အလားတူပဲ သမာဓိကျင့်စဉ်ပိုင်းတွေကလည်း အထိုက်အလျောက် ကျယ်၀န်းတဲ့သဘော ရှိပါ တယ်။ သို့သော်လည်း မိမိတို့စွမ်းအားရှိသလောက် ဈာန်သမာဓိတွေကို ၀ိပူနာဉာဏျတှရေဲ့ အခြေခံပါဒကဈာန် ဖြစ်နိုင်လောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ၀ိပူနာပိုငျးဆိုငျရာ ကျင့်စဉ်တွေကတော့ ပိုမိုပြီးတော့ နက်ရှိုင်းတဲ့ သဘောလည်း ရှိပါတယ်၊ ခက်ခဲတဲ့သဘောလည်း ရှိပါတယ်။

     ဘယ်လိုပင် နက်နဲခက်ခဲသော်လည်း ဖြူစင်သန့်ရှင်းနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ စျာန်သမာဓိဆိုတဲ့ ကျောက်ဖျာထက်မှာ ၀ိပူနာဉာဏျဆိုတဲ့ သန်လျက်ကို မြမြထက်သွားအောင် မလျော့တဲ့ ဇှဲလုံ့လ၀ီရိယ မမေ့ပျောက်တတ်တဲ့ ထင်လင်းတဲ့သတိတို့ အမြဲတမ်း ခြံရံကာ အဆက်မပြတ် သွေးနေခဲ့မည်ဆိုလျှင်တော့ တစ်နေ့မှာတော့ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာမှာ ဖြစ်ပါတယ်။ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာခဲ့လျှင် ဘယ်လိုပင် ခက်ခဲနက်နဲသော်လည်း တစ်နေ့မှာတော့ သဒ်ဓါတရား အပြည့်အ၀ဖြင့် အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမတည်ထောင်တဲ့ ရဟန်းဘောင်သို့ ၀ငျရောကျပွီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ မျှော်မှန်းနေတဲ့ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ကြမှာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပြီဆိုလျှင်တော့ .. ကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်ပါ မကျန် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှင်းလင်းသုတ်သင်ပြီး ဖြစ်သွားပါလိမ့်မည်။

     ဒီကျင့်စဉ်အရပ်ရပ်တွေထဲက ရှေးဦးစွာ .. ကထာ၀တ္ထု ဆယ်ပါးအကြောင်းကို တရားနာပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုပါတယ် ..။

                              
   (တောကိုတော့ ရှင်းလင်းပါ၊သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့် ) 
  ဖားအောက်တောရဆရာတော်ကြီး 

   Credit..

Saturday, May 16, 2026

ဒါနဉ္စမင်္ဂလာ

(၁၄)ဒါနဉ္စမင်္ဂလာ

တစ်ခါတုန်းက ကဿပဘုရားရှင် လက်ထက်တော်အခါကာလက သူငယ်ချင်း ရဟန်းနှစ်ပါး ရှိခဲ့ဖူးပါတယ်။အကျင့်ပဋိပတ်ကို ရဟန်း နှစ်ပါးလုံး ကျင့်နေကြတာပါ။

ဒါပေမယ့် ဝတ်ဖြည့်ကျင့်ပုံခြင်းကျတော့ မတူပါဘူး။တစ်ပါးက သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်ပါတယ်။တစ်ပါးက အတ္တဂ္ဂ ကျင့်ဝတ် ကိုဖြည့်ကျင့်ပါတယ်။

တစ်နေ့တော့ သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းက အတ္တဂ္ဂဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းကို ဒီလိုပြောလာပါတယ်။

"ငါ့ရှင် မပေးလှူတဲ့သူဟာ အကျိုးဆိုတာ မရှိဘူး။မိမိရအပ်တဲ့ ပစ္စည်းကို သူတစ်ပါးကို ပေးလှူပြီးမှ သုံးဆောင်သင့်တယ်"

ဒီတော့ အတ္တဂ္ဂဝတ်ကို ကျင့်နေတဲ့ ရဟန်းက ဒီလိုပြန်ပြောပါတယ်။

ငါ့ရှင် သင် ဘာမှမသိပါလား၊အလှူခံရလာတဲ့ လှူဘွယ်ပစ္စည်း တွေကိုမပျက်ဆီးစေသင့်ဘူး။မိမိအတွက် မျှတရုံပဲ အလှူခံပြီး ဘတ္တ ဂွဝတ်ကို ဖြည့်ကျင့်သင့်တယ်"

သာရဏီယဝတ်ကို ကျင့်နေတဲ့ ရဟန်းက သူငယ်ချင်းရဟန်းကို ဘတ္တဂ္ဂဝတ်အပြင် ဒါနလေးပါတွဲပြီး ပြုကျင့်စေပုံရပါတယ်။

ဒါပေမယ့် သူငယ်ချင်း ရဟန်းနှစ်ပါးဟာ တစ်ပါးရဲ့ အယူအဆကို တစ်ပါးက မချေဖျက်နိူင်ကြပါဘူး။

ဒီလိုနဲ့ သူငယ်ချင်း ရဟန်းနှစ်ပါးဟာ ကိုယ့်ရဲ့အကျင့်ကို ဖြည့်ကျင့်ပြီး စုတေတော့ ကာမာဝစရနတ်ပြည်မှာ နတ်ဖြစ်သွားပါတယ်။

နတ်ပြည်မှာ ဖြစ်ကြတော့ သာရဏီယကျင့်ဝတ်ကို ကျင့်ခဲ့ဖူးတဲ့ နတ်သားက အတ္တဂ္ဂဝတ်ကို ကျင့်ခဲဖူးတဲ့ နတ်သားထက် အသက်၊ အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းဆိုတဲ့ အကြောင်းငါးမျိုးနဲ့ လွှမ်းမိုးယူနိုင်ခဲ့ပါတယ်တဲ့။

သူငယ်ချင်း နတ်သားနှစ်ယောက်ဟာ နတ်ပြည်၊လူ့ပြည် ကျင်လည်ရင်း ဂေါတမဘုရားရှင် လက်ထက်ရောက်လာတော့ သာရဏီ ယဝတ်ကျင့်ခဲ့တဲ့ နတ်သားက ကောသလမင်းကြီးနဲ့ မိဖုရားကြီးရဲ့ဝမ်းမှာ ဝင်စားပါတယ်။

သူငယ်ချင်းနတ်သားကတော့ မိဖုရားကြီးရဲ့ အလုပ်အကြွေးလုပ်သူ အမျိုးသမီးရဲ့ ဝမ်းမှာ ဝင်စားပါတယ်။

မွေးဖွားတော့လည်း တစ်နေ့တည်းမှာပဲ အတူတူမွေးဖွားခဲ့ပါတယ်။ကလေးနှစ်ယောက်ကို ကျက်သရေရှိတဲ့ အိပ်ရာရယ်။နန်းတော် ရယ် ကိုမြင်လိုက်တာမင်းအိမ်မှာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။

သူငယ်ချင်း ဘယ်မှလဲလို့ ဆင်ခြင်လိုက်တော့ ခပ်နိမ့်နိမ့်နေရာမှာ တွေ့လိုက်ရပါတယ်။

ဒီတော့ မင်းရဲ့သားဖြစ်သူက သူငယ်ချင်းကို စကားလှန်းပြောပါတယ်။

"သူငယ်ချင်း သင်ဟာ ငါရဲ့စကားကို နားမထောင်ခဲ့ဘူး"

"ဘာကြောင့်လဲ"

"ငါ့ရဲ့ စည်းစိမ်တွေကို ကြည့်စမ်း၊ထီးဖြူနဲ့ ကျက်သရေရှိတဲ့ အခင်းနဲ့ နေရတယ်။သင်ကတော့ နိမ့်တဲ့နေရာမှာ နေရတယ်၊ကြမ်းတမ်း တဲ့ အခင်းမှာ အိပ်နေရတယ်။"

"သင်က ထီးဖြူ အိပ်ရာကို အမှီပြုပြီး မာနဖြစ်နေတာလား၊တကယ်တော့ ထီးဖြူ အိပ်ရာဟာ ပထဝီဓာတ်ပါပဲ" လို့ ပြန်ပြောလိုက်ပါ တယ်။

ဒီစကားတွေကို သုမနာမင်းသမီးက ကြားလိုက်ရပါတယ်။မင်းသမီးက "ငါ့မောင်ငယ်တွေဟာ ဓာတ်ဆိုတဲ့ စကားတွေပြောနေတယ်။

မိဘတွေသိရင်တော့ ဘီလူးတွေလိုထင်ပြီး နှင်ထုတ်ကုန်တော့မှာပဲ ဆိုပြီး မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။

မြတ်စွားဘုရားဆီရောက်တော့ မင်းသမီးက မြတ်စွာဘုရား သာသနာမှာ တပည့်နှစ်ဦးဟာ သဒ်ဓါ၊သီလ၊ပညာ ရှိကြပါတယ်။တစ်ဦး က ပေးလှူပြီး တစ်ဦးက မပေးလှူပါ၊သေတဲ့အခါ နတ်ပြည်ရောက်ရပါတယ်။

ဒီနှစ်ယောက်ဟာ ထူးခြားချက်ရှိပါသလားဘုရား" လို့လျှောက်ပါတယ်။ဒီတော့ မြတ်စွာဘုရားက-

သုမနာ ပေးလှူတဲ့သူဟာ မပေးလှူတဲ့သူကို အသက်၊အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းနဲ့ လွမ်းမိုးနိူင်ပါတယ်။ လို့ မိန့်ပေးပါ တယ်။

**ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။**

#၃၈ဖြာမင်္ဂလာ 

Thursday, May 14, 2026

အလှူ၆ဖြာ လှူရာ၆နည်း

အလှူ (၆) ဖြာ၊ လှူရာ (၆) နည်း
          

#ကိံဒဒသုတ္တံပါဠိ

ကိံဒဒေါ ဗလဒေါ ဟောတိ, 
ကိံဒဒေါ ဟောတိ ဝဏ္ဏဒေါ၊
ကိံဒဒေါ သုခဒေါ ဟောတိ,
ကိံဒဒေါ ဟောတိ စက္ခုဒေါ၊
ကော စ သဗ္ဗဒဒေါ ဟောတိ,
တံ မေ အက္ခာဟိ ပုစ္ဆိတောတိ။

အန္နဒေါ ဗလဒေါ ဟောတိ,
ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ၊
ယာနဒေါ သုခဒေါ ဟောတိ,
ဒီပဒေါ ဟောတိ စက္ခုဒေါ။

သော စ သဗ္ဗဒဒေါ ဟောတိ,
ယော ဒဒါတိ ဥပဿယံ၊
အမတံ ဒဒေါ စ သော ဟောတိ,
ယော ဓမ္မမနုသာသတီတိ။
(သံ၊၁၊၂၉။)

#ကိံဒဒသုတ္တံအနက်ပေး

ဘန္တေ၊ မြတ်စွာဘုရား။
ကိံ၊ အဘယ်အရာကို။
ဒဒေါ၊ ပေးလှူသောသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
ဝဏ္ဏဒေါ၊ အဆင်းကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာ ပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ကော စ၊ အဘယ်သူသည်ကား၊
သဗ္ဗဒဒေါ၊ အလုံးစုံသော အရာကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ဣတိ၊ ဤသို့။
ပုစ္ဆိတော၊ မေးလျှောက်အပ်သော။
မေ၊ အကြှနျုပျအား။
တံ၊ ထိုအကြောင်းကို။
ဘဂဝါ၊ ဘုန်တော်ကြီးတော်မူအပ်သော။
တွံ၊ အရှင်မြတ်စွာဘုရားသည်။
အက္ခာဟိ၊ အဖြေစကား ဟောကြားတော်မူပါလော့။
ဣတိ၊ ဤသို့။
အဝေါ စ၊ လျှောက်ထား၏။။

ဒေဝပုတ္တ၊ သိလိုရေးဖြင့် မေးလျှောက်လေငြား အို... နတ်သား။
အန္နဒေါ၊ ဆွမ်းထမင်းအစာကို ပေးလှူသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ဝတ္ထဒေါ၊ အဝတ်သင်္ကန်းကို ပေးလှူသောသူသည်။
ဝဏ္ဏဒေါ အဆင်းကိုလှူသည်မည်သည်။
ဟောတိ၊ ဖြစ်၏။။
ယာနဒေါ၊ ယာဉ်ကိုပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကိုပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်၏။။
ဒီပဒေါ၊ ဆီမီးကိုပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကိုပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ယော စ၊ အမှတ်မထင် အကြင်သူသည်ကား။
ဥပဿယံ၊ နေရာကျောင်း စသည်ကို။
ဒဒါတိ၊ ပေးလှူ၏။
သော၊ နေရာကျောင်း စသည်ကို ပေးလှူသောထိုသူသည်။
သဗ္ဗဒဒေါ၊ အလုံးစုံကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ယော စ၊ အကြင်သူသည်ကား။
ဓမ္မံ၊ တရားကို။
အနုသာသတိ၊ ပြောဟောပြသ ဆိုဆုံးမ၏။
သော၊ ထိုသူသည်။
အမတံဒဒေါ၊ အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါ စ၊ အဖြေစကား မိန့်ကြားတော်မူပြီတကား။။

#လင်္ကာ

အင်အားလိုခါ၊ စားစရာ၊
ကောင်းစွာလှူရသည်။
အဆင်းလှလို၊ အဝတ်ကို၊
ကြည်ညိုလှူရသည်။
ချမ်းသာလိုငြား၊ ယာဉ်ရထား၊
လေးစားလှူရသည်။
ဆီမီးလှူလျှင်၊ မျက်စိမြင်၊
အမှန်ပင် ရနိုင်သည်။
ကျောင်းနေရာမှတ်၊ လှူတုံလတ်၊
အရပ်ရပ်လှူသည်မည်။
တရားဒေသနာ၊ ဟောပြောခါ၊
မသေရာလှူသည်မည်။။

          ဓမ္မဒါန
ဦးသောဘန(မကွေး)