စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 16, 2026

ဒါနဉ္စမင်္ဂလာ

(၁၄)ဒါနဉ္စမင်္ဂလာ

တစ်ခါတုန်းက ကဿပဘုရားရှင် လက်ထက်တော်အခါကာလက သူငယ်ချင်း ရဟန်းနှစ်ပါး ရှိခဲ့ဖူးပါတယ်။အကျင့်ပဋိပတ်ကို ရဟန်း နှစ်ပါးလုံး ကျင့်နေကြတာပါ။

ဒါပေမယ့် ဝတ်ဖြည့်ကျင့်ပုံခြင်းကျတော့ မတူပါဘူး။တစ်ပါးက သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်ပါတယ်။တစ်ပါးက အတ္တဂ္ဂ ကျင့်ဝတ် ကိုဖြည့်ကျင့်ပါတယ်။

တစ်နေ့တော့ သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းက အတ္တဂ္ဂဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းကို ဒီလိုပြောလာပါတယ်။

"ငါ့ရှင် မပေးလှူတဲ့သူဟာ အကျိုးဆိုတာ မရှိဘူး။မိမိရအပ်တဲ့ ပစ္စည်းကို သူတစ်ပါးကို ပေးလှူပြီးမှ သုံးဆောင်သင့်တယ်"

ဒီတော့ အတ္တဂ္ဂဝတ်ကို ကျင့်နေတဲ့ ရဟန်းက ဒီလိုပြန်ပြောပါတယ်။

ငါ့ရှင် သင် ဘာမှမသိပါလား၊အလှူခံရလာတဲ့ လှူဘွယ်ပစ္စည်း တွေကိုမပျက်ဆီးစေသင့်ဘူး။မိမိအတွက် မျှတရုံပဲ အလှူခံပြီး ဘတ္တ ဂွဝတ်ကို ဖြည့်ကျင့်သင့်တယ်"

သာရဏီယဝတ်ကို ကျင့်နေတဲ့ ရဟန်းက သူငယ်ချင်းရဟန်းကို ဘတ္တဂ္ဂဝတ်အပြင် ဒါနလေးပါတွဲပြီး ပြုကျင့်စေပုံရပါတယ်။

ဒါပေမယ့် သူငယ်ချင်း ရဟန်းနှစ်ပါးဟာ တစ်ပါးရဲ့ အယူအဆကို တစ်ပါးက မချေဖျက်နိူင်ကြပါဘူး။

ဒီလိုနဲ့ သူငယ်ချင်း ရဟန်းနှစ်ပါးဟာ ကိုယ့်ရဲ့အကျင့်ကို ဖြည့်ကျင့်ပြီး စုတေတော့ ကာမာဝစရနတ်ပြည်မှာ နတ်ဖြစ်သွားပါတယ်။

နတ်ပြည်မှာ ဖြစ်ကြတော့ သာရဏီယကျင့်ဝတ်ကို ကျင့်ခဲ့ဖူးတဲ့ နတ်သားက အတ္တဂ္ဂဝတ်ကို ကျင့်ခဲဖူးတဲ့ နတ်သားထက် အသက်၊ အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းဆိုတဲ့ အကြောင်းငါးမျိုးနဲ့ လွှမ်းမိုးယူနိုင်ခဲ့ပါတယ်တဲ့။

သူငယ်ချင်း နတ်သားနှစ်ယောက်ဟာ နတ်ပြည်၊လူ့ပြည် ကျင်လည်ရင်း ဂေါတမဘုရားရှင် လက်ထက်ရောက်လာတော့ သာရဏီ ယဝတ်ကျင့်ခဲ့တဲ့ နတ်သားက ကောသလမင်းကြီးနဲ့ မိဖုရားကြီးရဲ့ဝမ်းမှာ ဝင်စားပါတယ်။

သူငယ်ချင်းနတ်သားကတော့ မိဖုရားကြီးရဲ့ အလုပ်အကြွေးလုပ်သူ အမျိုးသမီးရဲ့ ဝမ်းမှာ ဝင်စားပါတယ်။

မွေးဖွားတော့လည်း တစ်နေ့တည်းမှာပဲ အတူတူမွေးဖွားခဲ့ပါတယ်။ကလေးနှစ်ယောက်ကို ကျက်သရေရှိတဲ့ အိပ်ရာရယ်။နန်းတော် ရယ် ကိုမြင်လိုက်တာမင်းအိမ်မှာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။

သူငယ်ချင်း ဘယ်မှလဲလို့ ဆင်ခြင်လိုက်တော့ ခပ်နိမ့်နိမ့်နေရာမှာ တွေ့လိုက်ရပါတယ်။

ဒီတော့ မင်းရဲ့သားဖြစ်သူက သူငယ်ချင်းကို စကားလှန်းပြောပါတယ်။

"သူငယ်ချင်း သင်ဟာ ငါရဲ့စကားကို နားမထောင်ခဲ့ဘူး"

"ဘာကြောင့်လဲ"

"ငါ့ရဲ့ စည်းစိမ်တွေကို ကြည့်စမ်း၊ထီးဖြူနဲ့ ကျက်သရေရှိတဲ့ အခင်းနဲ့ နေရတယ်။သင်ကတော့ နိမ့်တဲ့နေရာမှာ နေရတယ်၊ကြမ်းတမ်း တဲ့ အခင်းမှာ အိပ်နေရတယ်။"

"သင်က ထီးဖြူ အိပ်ရာကို အမှီပြုပြီး မာနဖြစ်နေတာလား၊တကယ်တော့ ထီးဖြူ အိပ်ရာဟာ ပထဝီဓာတ်ပါပဲ" လို့ ပြန်ပြောလိုက်ပါ တယ်။

ဒီစကားတွေကို သုမနာမင်းသမီးက ကြားလိုက်ရပါတယ်။မင်းသမီးက "ငါ့မောင်ငယ်တွေဟာ ဓာတ်ဆိုတဲ့ စကားတွေပြောနေတယ်။

မိဘတွေသိရင်တော့ ဘီလူးတွေလိုထင်ပြီး နှင်ထုတ်ကုန်တော့မှာပဲ ဆိုပြီး မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။

မြတ်စွားဘုရားဆီရောက်တော့ မင်းသမီးက မြတ်စွာဘုရား သာသနာမှာ တပည့်နှစ်ဦးဟာ သဒ်ဓါ၊သီလ၊ပညာ ရှိကြပါတယ်။တစ်ဦး က ပေးလှူပြီး တစ်ဦးက မပေးလှူပါ၊သေတဲ့အခါ နတ်ပြည်ရောက်ရပါတယ်။

ဒီနှစ်ယောက်ဟာ ထူးခြားချက်ရှိပါသလားဘုရား" လို့လျှောက်ပါတယ်။ဒီတော့ မြတ်စွာဘုရားက-

သုမနာ ပေးလှူတဲ့သူဟာ မပေးလှူတဲ့သူကို အသက်၊အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းနဲ့ လွမ်းမိုးနိူင်ပါတယ်။ လို့ မိန့်ပေးပါ တယ်။

**ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။**

#၃၈ဖြာမင်္ဂလာ 

No comments:

Post a Comment