စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 14, 2026

အလှူ၆ဖြာ လှူရာ၆နည်း

အလှူ (၆) ဖြာ၊ လှူရာ (၆) နည်း
          

#ကိံဒဒသုတ္တံပါဠိ

ကိံဒဒေါ ဗလဒေါ ဟောတိ, 
ကိံဒဒေါ ဟောတိ ဝဏ္ဏဒေါ၊
ကိံဒဒေါ သုခဒေါ ဟောတိ,
ကိံဒဒေါ ဟောတိ စက္ခုဒေါ၊
ကော စ သဗ္ဗဒဒေါ ဟောတိ,
တံ မေ အက္ခာဟိ ပုစ္ဆိတောတိ။

အန္နဒေါ ဗလဒေါ ဟောတိ,
ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ၊
ယာနဒေါ သုခဒေါ ဟောတိ,
ဒီပဒေါ ဟောတိ စက္ခုဒေါ။

သော စ သဗ္ဗဒဒေါ ဟောတိ,
ယော ဒဒါတိ ဥပဿယံ၊
အမတံ ဒဒေါ စ သော ဟောတိ,
ယော ဓမ္မမနုသာသတီတိ။
(သံ၊၁၊၂၉။)

#ကိံဒဒသုတ္တံအနက်ပေး

ဘန္တေ၊ မြတ်စွာဘုရား။
ကိံ၊ အဘယ်အရာကို။
ဒဒေါ၊ ပေးလှူသောသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
ဝဏ္ဏဒေါ၊ အဆင်းကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာ ပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ကော စ၊ အဘယ်သူသည်ကား၊
သဗ္ဗဒဒေါ၊ အလုံးစုံသော အရာကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ဣတိ၊ ဤသို့။
ပုစ္ဆိတော၊ မေးလျှောက်အပ်သော။
မေ၊ အကြှနျုပျအား။
တံ၊ ထိုအကြောင်းကို။
ဘဂဝါ၊ ဘုန်တော်ကြီးတော်မူအပ်သော။
တွံ၊ အရှင်မြတ်စွာဘုရားသည်။
အက္ခာဟိ၊ အဖြေစကား ဟောကြားတော်မူပါလော့။
ဣတိ၊ ဤသို့။
အဝေါ စ၊ လျှောက်ထား၏။။

ဒေဝပုတ္တ၊ သိလိုရေးဖြင့် မေးလျှောက်လေငြား အို... နတ်သား။
အန္နဒေါ၊ ဆွမ်းထမင်းအစာကို ပေးလှူသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ဝတ္ထဒေါ၊ အဝတ်သင်္ကန်းကို ပေးလှူသောသူသည်။
ဝဏ္ဏဒေါ အဆင်းကိုလှူသည်မည်သည်။
ဟောတိ၊ ဖြစ်၏။။
ယာနဒေါ၊ ယာဉ်ကိုပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကိုပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်၏။။
ဒီပဒေါ၊ ဆီမီးကိုပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကိုပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ယော စ၊ အမှတ်မထင် အကြင်သူသည်ကား။
ဥပဿယံ၊ နေရာကျောင်း စသည်ကို။
ဒဒါတိ၊ ပေးလှူ၏။
သော၊ နေရာကျောင်း စသည်ကို ပေးလှူသောထိုသူသည်။
သဗ္ဗဒဒေါ၊ အလုံးစုံကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ယော စ၊ အကြင်သူသည်ကား။
ဓမ္မံ၊ တရားကို။
အနုသာသတိ၊ ပြောဟောပြသ ဆိုဆုံးမ၏။
သော၊ ထိုသူသည်။
အမတံဒဒေါ၊ အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါ စ၊ အဖြေစကား မိန့်ကြားတော်မူပြီတကား။။

#လင်္ကာ

အင်အားလိုခါ၊ စားစရာ၊
ကောင်းစွာလှူရသည်။
အဆင်းလှလို၊ အဝတ်ကို၊
ကြည်ညိုလှူရသည်။
ချမ်းသာလိုငြား၊ ယာဉ်ရထား၊
လေးစားလှူရသည်။
ဆီမီးလှူလျှင်၊ မျက်စိမြင်၊
အမှန်ပင် ရနိုင်သည်။
ကျောင်းနေရာမှတ်၊ လှူတုံလတ်၊
အရပ်ရပ်လှူသည်မည်။
တရားဒေသနာ၊ ဟောပြောခါ၊
မသေရာလှူသည်မည်။။

          ဓမ္မဒါန
ဦးသောဘန(မကွေး)

No comments:

Post a Comment