ရာဂတွေ တစ်ပုံကြီးဖြင့်
ပစ္စည်းလာဘ်လာဘတွေ ရလိုကြောင်းကို
သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ
ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ ထံမှာ
ပြောဆိုနေခြင်း၊ ဒေါသတွေ တစ်ပုံကြီးဖြင့်
မာန်မာန, ဣဿာ, မစ္ဆရိယတွေ တစ်ပုံကြီးဖြင့် အချင်းချင်း ပြုမူပြောဆိုဆက်ဆံနေခြင်းတို့ကို
ဘုရားရှင်ဟာ အလွန်ရွံရှာစက်ဆုပ်တော်မူပါတယ်။
ဘုရားရှင်ရဲ့ သာသနာတော်ကို မှီခို ဆည်းကပ်ပြီး နေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင် ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူတဲ့ လုပ်ငန်းရပ်တွေကို ရှောင်ရှားဖို့ ပယ်ရှားဖို့ သင့်တင့်လှပါပေတယ်။
ဒီနေရာမှာ --- ရှင်ရဟန်းတွေ .. သီလရှင်တွေ ..အတုယူသင့်တဲ့ လိုက်နာသင့်တဲ့ ရှောင်ကြဉ်သင့်တဲ့ ၀တ်ထုဇာတျကွောငျးကလေးတှကေို ထပ်မံပြီး ပြောကြရအောင် ..။
အတောင်းအရမ်း ထူပြောလှတဲ့ အာဠဝီရဟန်းတော်များ
တစ်ချိန်မှာ အာဠ၀ီပွညျက ရဟန်းတော်တချို့ဟာ ဆောက်လုပ် လှူဒါန်းမည့် အလှူရှင် ကျောင်းဒါယကာ မရှိဘဲ ကိုယ်တိုင်ကြီးကြပ်ကာ အတိုင်းအတာ ပမာဏကို လွန်နေတဲ့ ကျောင်းတွေကို ဆောက်လုပ်ကြပြန်တယ်။ နွားလှည်းပေးကြပါ၊ ဝါးပေးကြပါ၊ သစ်ပေးကြပါ၊ မြေညက်ပေးကြပါ စသည်ဖြင့် ကျောင်းဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းများကို အာဠ၀ီပွညျသူတို့ထံမှာ တောင်းခံကြပြန်တယ်။ အာဠ၀ီပွညျသူတို့လညျး ပစ္စည်းအမျိုးမျိုးတွေကို အတောင်းခံရမှုဖြင့် အညှဉ်းပန်း အနှိပ်စက် ခံနေကြရတဲ့အတွက် ရဟန်းတော်တွေနှင့် တွေ့ဆုံရမှာကို ထိတ်လန့် ကြောက်ရွံ့လာကြတယ်၊ ရဟန်းတော်တွေကို မြင်လျှင် အိမ်ကို တံခါးပိတ်ကာ ပုန်းနေတတ်ကြတယ်၊ သို့မဟုတ် အခြားတစ်နေရာသို့ ရှောင်တိမ်းထွက်ခွာသွားတတ်ကြတယ်၊
အကယ်၍ မလွှဲမရှောင်သာ ဖြစ်နေခဲ့လျှင်လည်း မျက်နှာလွှဲကာ ကျောခိုင်းနေ တတ်ကြတယ်။ ယုတ်စွအဆုံးအားဖြင့် အဝါရောင်ရှိနေတဲ့ နွားမတွေကို မြင်လျှင်တောင် ရဟန်းတွေလို့ အထင်မှားကာ ထွက်ပြေးတိမ်းရှောင်သွားတတ် ကြပြန်တယ်။
တစ်ချိန်မှာ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ သီတင်းဝါလကျွတ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀စတေီမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ နောက်တစ်နေ့ အာဠ၀ီပွညျတှငျးသို့ ဆွမ်းခံကြွ၀င်တော်မူတဲ့အခါ ဆွမ်းလောင်းလှူသူ မရှိလောက်အောင် အာဠ၀ီပွညျသူ ပြည်သားတို့ရဲ့ ရဟန်းသံဃာတော်တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံကိုလည်း ကိုယ်တိုင် သိရှိသွားတော်မူခဲ့ပါတယ်။ အာဠ၀ီပွညျရှိ အချို့ရဟန်းတော် တို့ရဲ့ တင်ပြလျှောက်ထားချက်အရ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောနေပုံ အကြောင်းခြင်းရာ အစုံအလင်ကိုလည်း ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း ရာဇဂြိုဟ်ပြည်မှာ ဝါကျွတ်တော်မူပြီးနောက် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀ စေတီတော်သို့ပဲ ဆိုက်ရောက်တော်မူလာပြန်ပါတယ်။ ထိုအချိန်အခါမှာ အရှင်မဟာကဿပ မထေရ်မြတ်က အာဠ၀ီပွညျသူတို့ရဲ့ ရဟန်းသံဃာတော် တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောပုံ အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် ဘုရားရှင်အား တင်ပြ လျှောက်ထားတော်မူပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က ရဟနျးသံဃာအစညျးအေ၀းကို ခေါ်ယူတော်မူစေကာ ရဟန်းတော်တို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် ဝတ္ထုဇာတ်ကြောင်း အမျိုးမျိုးဖြင့် ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူပါတယ်။
အတောင်းအရမ်း ထူပြောမူကို တိရစ္ဆာန်များသော်ပင် မနှစ်သက်ပါ
ရှေးအတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ဘုရားရှင်က ရှေးဦးစွာ ဟောပြတော်မူပါတယ်။ တစ်ချိန်မှာ --- ရသေ့ညီနောင် နှစ်ပါးတို့ဟာ သင့်လျော် လျောက်ပတ်တဲ့ ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာမှာ တစ်ပါးစီ ခြဲကာ သီတင်းသုံးတော်မူကြပါတယ်။ ညီငယ်ဖြစ်တဲ့ ရသေ့ကတော့ မေတ္တာဈာန် ဆိုက်သည်အထိ မေတ္တာဘာ၀နာကမ္မဋ္ဌာန်းကို အလေးဂရုပြုကာ စီးဖြန်း ပွားများတော်မူလေ့ရှိပါတယ်။ သူ့ရဲ့ မေတ္တာဘာ၀နာစွမ်းအားကြောင့် ဂင်္ဂါမြစ်ရဲ့ အခြားတစ်ဘက်ကမ်းပါးမှာ တည်ရှိနေတဲ့ မဏိကဏ္ဌနဂါးမင်းဟာ ဂင်္ဂါမြစ်ကို ကူးခတ်ပြီး ဒီရသေ့ငယ်ထံသို့ လာရောက်ကာ ဆည်းကပ်ခစားလေ့ရှိပါတယ်။ ဒီနဂါးကို မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုတာကတော့ သူရဲ့လည်ပင်းမှာ အလွန်တန်ခိုး အာနိသင် ကြီးမားတဲ့ ပတ္တမြားရတနာ တစ်ခုကို ဆင်မြန်းထားတဲ့အတွက်ကြောင့် မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနဂါးမင်းဟာ နတ်သားအသွင် ဖန်ဆင်းပြီးတော့ ရှင်ရသေ့ငယ်နှင့် ပဋိသန္ထာရစကားများ ပြောကြားလျှောက်ထားပြီးနောက် မိမိရဲ့ မူလနဂါးအသွင်ကိုပင် ယူကာ ရသေ့ငယ်အား ဆည်းကပ်ခစားလေ့ ရှိပါတယ်။ ဒီနဂါးမင်းဟာ ရသေ့ တရားဘာ၀နာ ပွားများနေတဲ့အချိန်အခါမှာ ရသေ့ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ခုနစ်ခွေ ပတ်ကာ ရသေ့ရဲ့ ဦးခေါင်းပေါ်မှာ ပါးပျဉ်းကို မိုးလျက် ဆည်းကပ် ခစားလေ့ ရှိပါတယ်။ ဒီလို ဆည်းကပ်ခစားမှုကို ရသေ့ငယ်ကား အလွန်ကြောက်ရွံ့လျက် ရှိနေခဲ့ပါတယ်။ ဒီလို ကြောက်ရွံ့မှုကို အကြောင်းပြုကာ ရသေ့ငယ်လည်း တဖြည်းဖြည်း ကျုံလှီပြီးတော့ ရုပ်အဆင်းတွေလည်း ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အရောင်အဆင်းတွေ ရှိလာတယ်၊ အကြောပြိုင်းပြိုင်းထတဲ့ ခန္ဓာကိုယ်လည်း ဖြစ်ပေါ်လာတယ်။
တစ်နေ့မှာ နောင်တော်ရသေ့က ညီငယ်ရသေ့ရဲ့ ခန္ဓာကိုယ် ဖောက်ပြန်ပျက်စီးနေပုံကို မြင်တွေ့ရတဲ့အခါ အကြောင်းအခြင်းရာကို မေးမြန်းကြည့်တော်မူပါတယ်။ ထိုအခါမှာ ညီငယ်ရသေ့ရဲ့ တင်ပြချက်အရ နောင်တော်ရသေ့ကလည်း အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို အကြံဉာဏ်တစ်ခု ပေးသနားတော်မူခဲ့ပါတယ်။
ဒီအကြံပေးချက်ကတော့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့၀န်ထမ်း ရှင်ရဟန်းတွေနှင့် သီလရှင်တွေ အထူးသတိပြုသင့်တဲ့ အထူးရှောင်ရှားသင့်တဲ့ အကြံပေးချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လို အကြံပေးသလဲ?
ညီငယ် ... သင်ဟာ ဒီနဂါးလာနေတာကို သင်က အလိုမရှိဘူးဆိုလျှင် အဲဒီနဂါးမှာ ဘယ်လိုပစ္စည်းတွေ ဆင်မြန်းထားတာကို သင် တွေ့မြင်ပါသလဲ ..? လို့ ဒီလို မေးမြန်းတော်မူလိုက်ပါတယ်။
အဲဒီအခါမှာ ညီငယ်ရသေ့က နဂါးမင်းရဲ့လည်ပင်းမှာ ပတ္တမြားရတနာ တစ်ခု ဆွဲထားတာကို မြင်တွေ့ပါကြောင်း တင်ပြလျှောက်ထားလိုက်ပါတယ်။
အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို ဒီနဂါးမင်း လာတဲ့အခါမှာ ဒီပတ္တမြားရတနာကို တောင်းခံဖို့ အလှူခံယူဖို့ အကြံပြုလိုက်ပါတယ်။
ညီငယ်ရသေ့ကလည်း နောင်တော်ရသေ့ရဲ့ အကြံပေးချက်အတိုင်း နောက်တစ်နေ့ မဏိကဏ္ဌနဂါးမင်း ဆည်းကပ်ခစားဖို့ရန် လာရောက်တဲ့ အခါမှာ ပတ္တမြားရတနာကို အလိုရှိတဲ့အတွက် ပတ္တမြားရတနာကို ပေးလှူပါ ဟု တောင်းခံလိုက်ပါတယ်။ နဂါးမင်းလည်း ခပ်မြန်မြန်ပဲ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ ဒုတိယအကြိမ် လာတဲ့အခါလည်း အလားတူ အလှူခံပြန်တယ်။ နဂါးမင်းလည်း နောက်ကြောင်းလှည့်ကာ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ တတိယအကြိမ် လာတဲ့အခါမှာလည်း ဂင်္ဂါမြစ်ကို ဖြတ်ကူးနေတုန်းဆဲဆဲမှာပဲ လှမ်းပြီးတော့ အလှူခံပြန်တယ်။ အဲဒီအခါမှာ နဂါးမင်းက ဒီပတ္တမြားရတနာရဲ့ စွမ်းအားကြောင့် သူ့မှာ တန်ခိုးအမျိုးမျိုးနဲ့ ပြည့်စုံနေတာဖြစ်ကြောင်း ဒီပတ္တမြားရတနာကို မလှူဒါန်းနိုင်ကြောင်း အတောင်းအရမ်းထူပြောလွန်းလှတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးထံသို့ နောက်ထပ် ဘယ်တော့မှ မလာလို ကြောင်း စသည်တို့ကို ပြောဆိုကာ ပြန်သွားလိုက်ပါတယ်။ နောက်ထပ်လည်း ရသေ့ငယ်ထံသို့ ဘယ်တော့မှ မလာရောက်တော့ပါ။
ထိုအခါကျမှ ရသေ့ငယ်လည်း နဂါးမင်းမလာတော့တဲ့အတွက် စိတ်မကောင်းဖြစ်ကာ ရှေးကထက် ပို၍ပို၍ ကျုံလှီသွားခဲ့တယ်၊ ရုပ်အဆင်းတွေလည်း ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ပို၍ပို၍ ဖျော့တော့လာတယ်၊ ခန္ဓာကိုယ်လည်း ပို၍ပို၍ အကြောပြိုင်းပြိုင်း ထလာတယ်။
ဒီလိုအခြင်းအရာကို မြင်တွေ့ရတဲ့အခါ နောင်တော်ရသေ့က နည်းအမျိုးမျိုးဖြင့် တရားဓမ္မပြကာ ဆိုဆုံးမပေးတော်မူပါတယ်။
ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။
တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!
ရဟန်းတို့ ...တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလိုမရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း ..
ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမတော်မူလိုက်ပါတယ်။
ငှက်တွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ကြပါ
တစ်ချိန်မှာ ရဟန်းတော်တစ်ပါးဟာ ဟိမ၀န္တာတောအတွင်း တောငျ၀ှမျးတဈနရောမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီရဟန်းတော် သီတင်းသုံးတော်မူတဲ့ နေရာဒေသနှင့် မလှမ်းမကမ်းမှာ ညွန်အိုင်ကြီး တစ်ခု ရှိနေတယ်။ ထိုညွန်အိုင်ကို အမှီပြုကာ ညွန်အိုင်၀န်းကျင်မှာ တည်ရှိတဲ့ တောအုပ်ကြီးအတွင်းမှာ ဒီငှက်တွေက နေထိုင်ကြတယ်။ ဒီညွန်အိုင်ကြီးမှာ နေ့အခါ ကျက်စားပြီးတော့ ညအခါ တောအုပ်ကြီးအတွင်းသို့ ပြန်လာကြတယ်။ ညဥ့်ဦးယာမ်မှာရော မိုးသောက်ယာမ်မှာရော ဒီငှက်တွေက ဆူညံမှု အမျိုးမျိုးတွေကို ပြုလုပ်ကြတယ်။ ဒီငှက်သံတွေရဲ့ ဆူညံမှုကြောင့် ရဟန်းတော်ဟာ ထိုတောအုပ်အတွင်းမှာ မပျော်မွေ့မှု ဖြစ်လာတယ်။ ဝါဆိုဝါကပ်ဖို့ရန် အချိန်နီးကပ်လာတဲ့အခါ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှောက်သို့ ပြန်လည် ကြွရောက်သွားတော်မူခဲ့ပါတယ်။ မိမိနေထိုင်သီတင်းသုံးရာ တောအုပ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ငှက်တွေရဲ့ ဆူညံမှု အမျိုးမျိုးကိုလည်း ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူခဲ့ပါတယ်။
ထိုအခါမှာ ဘုရားရှင်က ချစ်သားရဟန်း ... သင်ဟာ ဒီငှက်တွေရဲ့ ဒီတောအုပ်အတွင်းသို့ မလာခြင်းကို အလိုရှိပါသလား? -- ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။ အလိုရှိပါကြောင်းကို ဒီရဟန်းတော်က ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်တဲ့အခါ ဘုရားရှင်က ထိုတောသို့ တစ်ဖန် ပြန်သွားကာ ညဥ့်ဦးယာမ်၌ သုံးကြိမ်, မဇ္ဈိမယာမ်၌ သုံးကြိမ်, မိုးသောက်ယာမ်၌ သုံးကြိမ်, - တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အောက်ပါအတိုင်း ရွတ်ဆိုရန် တောင်းခံရန် အကြံပေးတော်မူလိုက်ပါတယ်။
သုဏန္တု မေ, ဘောန္တော သကုဏာ, ယာဝတိကာ ဣမသ္မိံ ဝနသဏ္ဍေ ဝါသံ ဥပဂတာ, ပတ္တေန မေ အတ္ထော။ ဧကေကံ မေ, ဘောန္တော, ပတ္တံ ဒဒန္တူတိ။
ဤတောအုပ်အတွင်း မှီတင်းနေထိုင်ကြကုန်သော အိုငှက်အပေါင်းတို့... ငါ၏ စကားကို နားထောင်ကြပါကုန်လော့၊ ငါ့အား ငှက်တောင်ဖြင့် အလိုရှိ၏၊ ငှက်တစ်ကောင် တစ်ကောင်သည် အတောင် တစ်ခုစီ တစ်ခုစီ ငါ့အား ပေးလှူကြပါ။
ဒီလို ဘုရားရှင်က အကြံပေးတော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အကြံပေးတော်မူချက်အတိုင်း ဒီရဟန်းက ထိုတောအုပ်သို့ပင် တစ်ဖန် ပြန်ကြွတော်မူကာ တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အထက်ပါအတိုင်း ရွတ်ဆိုကာ ငှက်တောင်များကို အလှူခံတော်မူပါတယ်။
ဒီနေရာမှာ ဒီရဟန်းရဲ့ တောင်းခံမှုကို ငှက်အပေါင်းတို့ ကြားသိနိုင်ရန် နားလည်နိုင်ရန်အတွက် ဘုရားရှင်က တန်ခိုးအာနုဘော်ဖြင့် အဓိဋ္ဌာန်ထားတော်မူခဲ့ပါတယ်။ ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ငှက်အပေါင်းတို့ ကလည်း ရဟန်းတော်က ငှက်တောင်တွေကို အလှူခံယူနေကြောင်းကို နားလည်သဘောပေါက်ခဲ့ကြတယ်။ ထိုအချိန်အခါမှာ ထိုငှက်တွေဟာ ထိုတောအုပ်အတွင်းမှာ မနေထိုင်ကြတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားခဲ့ကြတယ်။ နောက်ထပ် ဘယ်တော့မှ ထိုတောအုပ်သို့ ပြန်မလာကြတော့ပါ။
ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က အာဠ၀ီရဟနျးတောျတှကေို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။
တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!
ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလို မရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း
ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမ တော်မူလိုက်ပါတယ်။
တောင်းရမ်းမှုကို ရွံရှာစက်ဆုပ်တော်မူတဲ့ ရဋ္ဌပါလ ရှင်ရသေ့
ရှေးယခင်တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ထုတ်ဖော်ကာ ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ဆုံးမတော်မူပြန်တယ်။ တစ်ချိန်တုန်းက ရဋ္ဌပါလ အမည်ရှိတဲ့ ရှင်ရသေ့တစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီရှင်ရသေ့ရဲ့ ဖခင်ကား ကြွယ်၀ချမ်းသာသူ တစ်ဦးလည်း ဖြစ်တယ်။ သဒ်ဓါတရားလညျး ကောင်းမွန်သူဖြစ်တယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုတို့ကိုလည်း အယုတ်အမြတ် မရွေး အနည်းအများမရွေး ပေးကမ်းလှူဒါန်းလေ့ ရှိခဲ့တယ်၊ သားဖြစ်သူ ရဋ္ဌပါလ ရှင်ရသေ့ကိုလည်း အလိုရှိရာကို တောင်းခံပါရန် အကြိမ်ကြိမ် လျှောက်ထားခဲ့တယ်။ သို့သော် ရဋ္ဌပါလ ရှင်ရသေ့ကား ဖခင်ဖြစ်သူထံ၌ တစ်ကြိမ်တစ်ခါမျှသော်လည်းပဲ မတောင်းခံခဲ့စဖူးပါ။ တစ်နေ့မှာ ဖခင်ဖြစ်သူ က ရှင်ရသေ့အား အဘယ်အကြောင်းကြောင့် သူရဲ့ထံမှာ အလိုရှိရာပစ္စည်းကို မတောင်းခံပါသလဲလို့ မေးမြန်းလျှောက်ထားခဲ့တယ်။ အဲဒီအခါမှာ ရဋ္ဌပါလ ရှင်ရသေ့က အလွန်မှတ်သားဖွယ်ရာ ကြည်ညိုဖွယ်ရာ အတုယူဖွယ်ရာ ကောင်းလှတဲ့ ဂါထာကလေး တစ်ပုဒ်ဖြင့် အဖြေ ပြန်ပေးခဲ့တယ်။ ဒီဂါထာ ကလေးကို နာကြည့်ကြရအောင် ..။
ယာစကော အပ္ပိယော ဟောတိ, ယာစံ အဒဒမပ္ပိယော၊ တသ္မာဟံ တံ န ယာစာမိ, မာ မေ ဝိဒေဿနာ အဟူတိ။
ဒီဂါထာရဲ့ အဓိပ္ပာယ်ကတော့ --
၁။ တောင်းလျှင် မုန်းတတ်တယ်။ (ယာစကော အပ္ပိယော ဟောတိ,)
၂။ တောင်းလို့ မပေးလျှင်လည်း မုန်းတတ်တယ်။ (ယာစံ အဒဒမပ္ပိယော၊)
၃။ ဒါကြောင့် ငါ မတောင်းခြင်း ဖြစ်ပါတယ်။ (တသ္မာဟံ တံ န ယာစာမိ,)
၄။ သင်နှင့် ငါတို့ မေတ္တာတရား ပျက်ပြားခြင်း မဖြစ်စေချင်ပါ။ (မာ မေ ဝိဒေဿနာ အဟူတိ။) ..
ဒီလို ရှင်ရသေ့က ပြန်ပြီးတော့ အဖြေပေးတော်မူလိုက်ပါတယ်။
ဒီထုံးဟောင်းကို အတုယူကာ ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင်ကလည်း ဒီထုံးဟောင်းကို ထုတ်ဆောင်ကာ ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ .. ၀ိနညျးဒသေနာတောျကို အလွန်ကြည်ညိုလေးစားတော်မူတဲ့ ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ထံ၌ တောင်းခံမှုကိုလည်း အလွန်ရွံရှာစက်ဆုပ်တော်မူတဲ့ အမည်မဖော်လိုတဲ့ ရှေးဆရာတော်ကြီး တစ်ပါးရဲ့ အကြောင်းကို ပြောလိုက်ဦးမည်။
ကြည်ညိုဖွယ်ရာ ရှေးဆရာတော်ကြီီီီီးတစ်ပါး
ရှေးယခင်က မြန်မာပြည်မှာ သံသပိတ်တွေက အလွန်ကြီး ခေတ်မစားကြသေးတဲ့အတွက် ရှေးရှေး ဆရာတော်ကြီးများဟာ များသောအားဖြင့် မြေသပိတ်တွေကိုပဲ ရိုရိုသေသေနဲ့ အသုံးပြုတော်မူခဲ့ကြပါတယ်။ တစ်နေ့မှာ ယင်းဆရာတော်ကြီးက မိခင်ဖြစ်သူ ကျောင်းသို့ရောက်ရှိလာတဲ့အခါ မိခင်ထံ၌ မြေသပိတ်တစ်လုံးကို အလိုရှိကြောင်း မိန့်ကြားတော်မူလိုက်ပါတယ်။ မိခင် ဖြစ်သူလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါ ဒီလို လျှောက်ထားပြီးတော့ ပြန်သွားခဲ့တယ်။ အချိန်တော်တော် ကြာညောင်းသွားတဲ့အခါ ဆရာတော်ကြီးက မိခင်ထံမှာ ဒုတိယအကြိမ် ထပ်မံပြီးတော့ တောင်းတော်မူပါတယ်။ ဒုတိယအကြိမ်မှာလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါလို့ ပြောဆိုကာ ပြန်သွားခဲ့ပြန်တယ်။ နောက်အချိန် တော်တော်ကြာသွားပြန်တဲ့အခါ တတိယအကြိမ် ထပ်မံပြီးတော့ မိခင်ထံ၌ ဆရာတော်ကြီးက သပိတ်ကို အလှူခံပြန်တယ်။ တတိယအကြိမ်မှာလည်း မိခင်ဖြစ်သူက အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာပဲ တောင်းခံတော် မူပါလို့ ထပ်မံပြီး လျှောက်ထားပြန်တယ်။
ဒီလို သုံးကြိမ်တိုင်တိုင် တောင်းခံတော်မူတဲ့အခါ သုံးကြိမ်စလုံးမှာပဲ မိခင်ဖြစ်သူက ပုံစံတူ အဖြေပေးနေတဲ့အတွက် ဆရာတော်ကြီးက မိခင်ဖြစ်သူအား မေးခွန်းတစ်ခုကို မေးကြည့်တော်မူပါတယ်။ ဘယ်လို မေးတော်မူသလဲ?
ဒီဒါယကာကြီးဟာ ဘုန်းကြီးရဲ့ ဖခင်အရင်း ဟုတ်ပါရဲ့လား? ..
အဲဒီလို မေးမြန်းကြည့်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ မိခင်ဖြစ်သူက ဖခင်အရင်း ဖြစ်ပါကြောင်းကို ၀နျခံလြှောကျထားသှားခဲ့တယျ။
ဆရာတော်ကြီးက ဘာကြောင့် ဒီလို မေးရတာလဲ? အကြောင်းကတော့ ဆွေမျိုးမတော်သူထံ မဖိတ်ကြားထားသူတို့ထံ၌ မတောင်းခံရန် ဘုရားရှင်က သိက္ခာပုဒ်တော်ဖြင့် ပညတ်ထားတော်မူပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖခင်အရင်း မဟုတ်ခဲ့လျှင် ဆွေမျိုးမတော်သူဘဲ ဖြစ်နေပါတယ်။ ၀ိနညျးတောျအရ ဒီလို ဆွေမျိုးမတော်သူထံ၌ မတောင်းခံလိုတဲ့အတွက် ယခုလို ဖခင်အရင်း ဟုတ်မဟုတ်ကို မိခင်ဖြစ်သူအား မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။
သာသနာတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရှင်ရဟန်းတွေဟာ ဒီလို ၀ိနညျးဒသေနာတောျကို လေးစားကာ ဆွေမျိုးမတော်သူများထံ၌ မတောင်းခံခြင်း ဆွေမျိုးတော်သူများထံ၌လည်း အတောင်းအရမ်း မထူပြောခြင်း အလိုနည်းပါးခြင်းကို ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်။
ယခုလို အတောင်းအရမ်း ထူပြောလှခြင်း စတဲ့ အတောမသတ်နိုင်တဲ့ လောဘဦးဆောင်နေတဲ့ ကိလေသာ တောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အစွယ်အပွားဖြစ်ကြတဲ့ အကုသိုလ်တရား အမျိုးမျိုးတွေကို ရှင်းလင်းသုတ်သင်ပစ် ဖို့ရန် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆိုဆုံးမနေတော်မူတယ်။ ဘယ်လို ရှင်းကြမလဲ?
မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားလို့ ခေါ်ဆိုအပ်တဲ့ .. သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် မှန်မှန်ကန်ကန် တိတိကျကျ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့် တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ဒီကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားတွေကို ရှင်းလင်းပစ်ကြရမှာ ဖြစ်တယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သီလကျင့်စဉ်ပိုင်းဆိုင်ရာ ဒေသနာတွေကတော့ အလွန်ကျယ်၀န်းလှပါတယ်။ မိမိတို့စွမ်းအားရှိသလောက် လေ့လာကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်တယ်။ အလားတူပဲ သမာဓိကျင့်စဉ်ပိုင်းတွေကလည်း အထိုက်အလျောက် ကျယ်၀န်းတဲ့သဘော ရှိပါ တယ်။ သို့သော်လည်း မိမိတို့စွမ်းအားရှိသလောက် ဈာန်သမာဓိတွေကို ၀ိပူနာဉာဏျတှရေဲ့ အခြေခံပါဒကဈာန် ဖြစ်နိုင်လောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ၀ိပူနာပိုငျးဆိုငျရာ ကျင့်စဉ်တွေကတော့ ပိုမိုပြီးတော့ နက်ရှိုင်းတဲ့ သဘောလည်း ရှိပါတယ်၊ ခက်ခဲတဲ့သဘောလည်း ရှိပါတယ်။
ဘယ်လိုပင် နက်နဲခက်ခဲသော်လည်း ဖြူစင်သန့်ရှင်းနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ စျာန်သမာဓိဆိုတဲ့ ကျောက်ဖျာထက်မှာ ၀ိပူနာဉာဏျဆိုတဲ့ သန်လျက်ကို မြမြထက်သွားအောင် မလျော့တဲ့ ဇှဲလုံ့လ၀ီရိယ မမေ့ပျောက်တတ်တဲ့ ထင်လင်းတဲ့သတိတို့ အမြဲတမ်း ခြံရံကာ အဆက်မပြတ် သွေးနေခဲ့မည်ဆိုလျှင်တော့ တစ်နေ့မှာတော့ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာမှာ ဖြစ်ပါတယ်။ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာခဲ့လျှင် ဘယ်လိုပင် ခက်ခဲနက်နဲသော်လည်း တစ်နေ့မှာတော့ သဒ်ဓါတရား အပြည့်အ၀ဖြင့် အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမတည်ထောင်တဲ့ ရဟန်းဘောင်သို့ ၀ငျရောကျပွီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ မျှော်မှန်းနေတဲ့ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ကြမှာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပြီဆိုလျှင်တော့ .. ကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်ပါ မကျန် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှင်းလင်းသုတ်သင်ပြီး ဖြစ်သွားပါလိမ့်မည်။
ဒီကျင့်စဉ်အရပ်ရပ်တွေထဲက ရှေးဦးစွာ .. ကထာ၀တ္ထု ဆယ်ပါးအကြောင်းကို တရားနာပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုပါတယ် ..။
(တောကိုတော့ ရှင်းလင်းပါ၊သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့် )
ဖားအောက်တောရဆရာတော်ကြီး
Credit..