စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 31, 2026

ဝေဒနါဧည့်သည်

.   ဝေဒနာဧည့်သည်
     ===========

ဧည့်သည်ကိုအိမ်ရှင်လို့မထင်နဲ့။ 

ဘယ်ဝေဒနာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာပြီးရင် ချုပ်ပျောက် သွားကြတာချည်းပဲ။ ဧည့်သည်သဘောသာ ဖြစ်တယ်။

ဒီသဘောကို ကောင်းကောင်းသိဖို့ လိုတယ်။ ခံစားချက် ဝေဒနာတွေကို ဧည့်သည်လို့မသိဘဲ အိမ်ရှင်လို့များ ထင်နေမယ် ဆိုရင်တော့ ဒီဝေဒနာတွေကြောင့် ရာဂ ဒေါသ မောဟတွေဖြစ် လိမ့်မယ်။

သုခဝေဒနာကြောင့် ရာဂဖြစ်မယ်၊ ချမ်းသာရင်စွဲမက်မယ် ပေါ့။ ဒုက္ခဝေဒနာကြောင့် ဒေါသဖြစ်မယ်။ ဆင်းရဲရင်စိတ်တို မယ်ပေါ့။ ဥပေက္ခာဝေဒနာကြောင့် မောဟဖြစ်မယ်။ ဘာဖြစ်လို့ ဖြစ်နေမှန်းကိုမသိလိုက်ဘူးပေါ့ ။

ဒါကတော့ ဝေဒနာတွေကို ဧည့်သည်လို့ မသိရင်ဆက် ဖြစ်လာမယ့် ယေဘုယျသဘောပဲ။ အဲသလိုဆိုရင် ကိလေသာ တွေဖြစ်ပြီး ပူလောင်ရလိမ့်မယ်။ ဒါတင်မကဘူး၊ ကိလေသာတွေ ဖြစ်ရင် ဒုစရိုက်တွေ ပြုမိပြီးတော့ အပါယ်ဘုံလည်း ရောက်သွား နိုင်တယ်။

ဝေဒနာကို ဧည့်သည်လို့မသိလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေက အဲသလိုရှိတယ်။

ဖြစ်တိုင်းဖြစ်တိုင်းသော ဝေဒနာတွေဟာ ချုပ်ပျောက်
သွားကြတာချည်းပဲ ဆိုတဲ့ ဝေဒနာရဲ့ ဧည့်သည်သဘောကိုသာ သိနေမယ်ဆိုရင် ဝေဒနာရဲ့နောက်မှာ ကိလေသာမလာပဲနဲ့ ဝေဒ နာရဲ့နောက်မှာ ဝေဒနာရဲ့သဘောမှန်ကိုသိတဲ့ ပညာဆိုတာ ဖြစ်လာလိမ့်မယ်။

အဲဒီအသိ အဲဒီပညာဟာ အလွန်တန်ဖိုးကြီးတယ်။ အဲဒီ ပညာဟာ သူဖြစ်နေတုန်းမှာလည်း ချမ်းသာစေတယ်။ ငြိမ်းအေး စေတယ်။ သူ့ကိုပွားများမယ်ဆိုရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ကိုရစေနိုင်တယ်။

ဒါကြောင့် ဝေဒနာဟာ ဧည့်သည် ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသိအောင် ကြိုးစားပြီး အဲဒီအသိကို ပွားများကြ ရမယ်။

မီးရောင်နဲ့အရိပ်

ဒီနေရာမှာ ဝေဒနာဟာ ဧည့်သည်" ဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားစေဖို့ ဥပရိပဏ္ဏာသပါဠိတော် နန္ဒကောဝါဒသုတ္တန် မှာလာတဲ့ ရဟန္တာ ရှင်နန္ဒကမထေရ်က ဘိက္ခုနီမတွေကိုဟောထား တဲ့ ဝေဒနာတွေရဲ့မတည်မြဲပုံ ဥပမာလေးတွေကို ပြောချင်တယ်။

ရှင်နန္ဒကမထေရ်က ဘိက္ခူနီမတွေကို ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး၊ ဝိညာဏ်ခြောက်ပါးတို့ရဲ့ မတည်မြဲပုံကိုဟော
ပြီးတဲ့နောက် ဝေဒနာတို့ရဲ့မတည်မြဲပုံကို အခုလိုဟောပါတယ်။

နှမတို့. .ဥပမာတစ်ခုပြောမယ်။ တောက်နေတဲ့ ဆီမီးခွက် လေးတစ်ခုကို ကြည့်ပါ။ ဆီဟာ မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ မီးစာဟာလည်း မမြဲ၊ ဖောက်ပြန်တဲ့သဘော ရှိတယ်။ မီးတောက်ဟာလည်း မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ အဲသလို ဆီရော,မီးစာရော,မီးတောက်ရော မမြဲကြပါဘဲနဲ့၊ အဲဒါ တွေကြောင့် ဖြစ်လာတဲ့ မီးရောင်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန် ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။

မမြဲတဲ့ဆီ၊ မမြဲတဲ့မီးစာ၊ မမြဲတဲ့မီးတောက် တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မီးရောင်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့... ဤဥပမာ အတိုင်းပဲ မျက်စိ,နား,နှာ,လျာ ကိုယ်, စိတ် ဆိုတဲ့ အတွင်းအာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ တွေကို တည်မြဲတယ် လို့ ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အ ကျိုးတရားဟာလည်း မမြဲနိုင်ဘူး။

နှမတို့.. နောက်ထပ် ဥပမာတစ်ခုထပ်ပြောမယ်။ သစ်ပင်ကြီးတစ်ပင်ကို ကြည့်ပါ။
အဲဒီ သစ်ပင်ကြီးရဲ့ အမြစ်ဟာလည်း မမြဲဘူး။ ဖောက် ပြန်တဲ့သဘော ရှိတယ်။ ပင်စည်ဟာလည်း မမြဲဘူး၊ ဖေါက်ပြန် တဲ့သဘောရှိတယ်။ အခက်အရွက်လည်း မမြဲဘူး၊ ဖောက်ပြန်တဲ့ သဘော ရှိတယ်။

အဲသလို အမြစ်ရော ပင်စည်ရော အခက်အရွက်ရော မမြဲကြပဲနဲ့ အဲဒါတွေကြောင့် ဖြစ်လာတဲ့ အရိပ်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန်ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။ မမြဲတဲ့ အမြစ်၊ မမြဲတဲ့ပင်စည်၊ မမြဲတဲ့အခက်အရွက် တို့ကြောင့် ဖြစ် ပေါ်လာတဲ့အရိပ်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့..အဲဒီဥပမာအတိုင်းပဲ ရူပါရုံ သဒ်ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဆိုတဲ့ အပြင်အာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာတွေကို တည်မြဲတယ် လို့ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကျိုး တရားဟာလည်း မမြဲနိုင်ဘူး

ရှင်နန္ဒကမထေရ်မြတ်ကြီး ဟောကြားခဲ့တဲ့ ဒီဥပမာတွေ ကို အသေအချာ စဉ်းစားဆင်ခြင်ကြည့်ပါ။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အဲဒီ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ အကျိုး
တရားဟာ သေချာပေါက် မမြဲတဲ့သဘော ဖြစ်တယ်ဆိုတာကို ပုံ ပေါ်အောင်ပြောထားတာပါ ။

ဒီခန္ဓာကိုယ်ကြီးကလည်း မမြဲဘူး။ ပတ်ဝန်းကျင်မှာဖြစ် နေတဲ့အာရုံတွေကလည်း မမြဲဘူး။ အဲဒါဆိုရင် မမြဲတဲ့ဒီခန္ဓာကိုယ် ကြီးနဲ့ မမြဲတဲ့ဒီအာရုံတွေကို အကြောင်းပြုပြီးဖြစ်လာတဲ့ ဝေဒ နာတွေဟာ သေချာပေါက် မမြဲတဲ့သဘောသာဖြစ်တယ်။

ဝေဒနာတွေဟာ ဒီခန္ဓာကြီးရဲ့ဧည့်သည်တွေသာဖြစ် တယ်။ ဧည့်သည်ဆိုရင်တော့ ဘယ်ဧည့်သည်မှ ထာဝရတည်မ နေဘူး။ ရောက်လိုက် ပျောက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ပဲ။

ဝေဒနာရဲ့နောက်မှာ ကိလေသာမဖြစ်ဘဲနဲ့၊ ဝေဒနာရဲ့ နောက်မှာ ပညာဖြစ်ဖို့အတွက် ဝေဒနာဟာဧည့်သည် ဖြစ်တယ် ဆိုတာကို ကောင်းကောင်းနားလည်ရမယ်။ ဝေဒနာရဲ့ ပျောက် ကွယ် ပျောက်ကွယ်သွားတဲ့သဘောကို သိမှတ်နေရမယ်။

ဒါကတော့ ခန္ဓာဇရပ်ပေါ်မှ ဝေဒနာဧည့်သည်များအ ကြောင်းဖြစ်ပါတယ်။

အရှင်ဉတ္တမ (သစ္စာရွှေစည်)

ဧည့်သည်နှင့်တူသောအရာများ တရားတော်မှ

__________________________
Credit. 

Wednesday, May 20, 2026

လောကရဲ့ဓမ္မတာ

" ဣဋ္ဌ " အကောင်းလောကဓံနဲ့ တွေ့တဲ့အချိန်အခါမှာ စိတ်ဓာတ်တွေက တက်ကြွမြင့်မောက်လာတတ်တယ်။ 

" အနိဋ္ဌ " အဆိုးလောကဓံနဲ့ တွေ့တဲ့အချိန်အခါမှာ စိတ်ဓာတ်တွေ အလွန်ကျဆင်းသွားတတ်တယ်။

အများအားဖြင့်ပေါ့လေ.. 
ကဲ့ရဲ့မယ်ဆိုရင် ခံနိုင်ရည်ရှိကြသော်လည်း ချီးမွမ်းလာပြီဆိုရင်တော့ ခံနိုင်ရည်ရှိတဲ့ပုဂ္ဂိုလ် တော်တော်နည်းတယ်။ မိမိကို သူတပါးက ချီးမွမ်းမယ်ဆိုရင် သဘောကျတဲ့ပုဂ္ဂိုလ်က ပိုများတယ်။ 

မိမိကို တဖက်သားပုဂ္ဂိုလ်တွေက ကဲ့ရဲ့မယ်ဆိုရင်လည်း စိတ်ထဲမှာ မကျေနပ်တဲ့ပုဂ္ဂိုလ်က လောကမှာ သိပ်များကြတယ်။ 

ဒါပေမယ့် ရဟန္တာအရှင်မြတ်တို့ရဲ့စိတ်ထားကို ကြည့်လိုက်ရင် ချီးမွမ်းခြင်းကြောင့်လည်း တုန်လှုပ်မှု အနည်းငယ်မျှ မရှိဘူး။ ခံနိုင်ရည်စွမ်းအားတွေ အပြည့်အဝရှိနေတယ်။ 

ကဲ့ရဲ့ခြင်းတည်းဟူသော အကြောင်းကြောင့်လည်း တုန်လှုပ်မှုမရှိဘူး။ ခံနိုင်ရည်စွမ်းအင်တွေ အပြည့်အဝ ရှိတော်မူကြတယ်။

" ဣဋ္ဌ " လောကဓံနဲ့တွေ့တဲ့အချိန်အခါကျတော့ ဣဋ္ဌလောကဓံကို လာပြီး အခွင့်အရေးပေးနေတဲ့ပုဂ္ဂိုလ်တွေနဲ့တော့ မိမိက လိုက်လျောညီထွေနေတတ်တယ်။ 

မိမိအပေါ်မှာ "အနိဋ္ဌ " လောကဓံတွေနဲ့ တွေ့ကြုံအောင် လာပြီး ဖန်တီးပေးနေတဲ့ပုဂ္ဂိုလ်ကျတော့ မိမိက ဆန့်ကျင်ဘက် ပြန်ပြီးတော့ လုပ်တတ်ကြတယ်။ 

ဒါက လောကရဲ့ ဓမ္မတာလေးတွေပဲ။ 
အဲ့ဒီလိုလိုက်လျောညီထွေကျင့်တတ်ခြင်း ဆန့်ကျင်ဘက်ပြုလုပ်ခြင်း ဆိုတဲ့ ဒီသဘောတရားကို ရဟန္တာအရှင်မြတ်တွေသည် ကျော်လွှားလွန်မြောက်ပြီးဖြစ်တယ်။

ဖားအောက်ဆရာတော်၏ မင်္ဂလသုတ် တိပ်ခွေအပိုင်း- ၉၄ မှ ထုတ်နုတ်ရေးသားသည်။

#ဖားအောက်ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏမဟာထေရ် 
🙏🙏🙏 
#ဒေါ်ကေတုမာလာရေးသားပူဇော်သည် 
#

ဗုဒ္ဓဂုဏ်တော်ပွားများခြင်း၏ရည်ရွယ်ချက်

ဗုဒ္ဓဂုဏ်တော်ပွားများခြင်း၏ ရည်ရွယ်ချက်နှစ်မျိုး
❄❄❄❄❄❄❄❄❄❄❄❄❄

ဗုဒ္ဓရဲ့ ဂုဏ်ကို အာရုံပြုတယ်ဆိုတာ ရည်ရွယ်ချက်နှစ်ခုရှိတယ်။ 

တစ်ခုက စိတ်ကြည်နူးမှုအတွက်။

လောကမှာ လူတွေက စိတ်ကြည်နူးနေပြီဆိုရင် ထိုကြည်နူးတဲ့စိတ်ကို အားတစ်ရပ်အနေနဲ့ အသုံးပြုပြီး အသိဉာဏ်ဖွံ့ဖြိုးအောင် လုပ်လို့ရတယ်ပေါ့။ စိတ်ညစ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုမှ အသိဉာဏ်မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုလိုက်လို့ စိတ်တွေဟာ ကြည်နူးလာတယ်ဆိုရင် အကြံကောင်း ဉာဏ်ကောင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ ဂုဏ်ကို အာရုံပြုခြင်းအားဖြင့် စိတ်ရဲ့ ကြည်နူးမှုတွေ ရရှိနိုင်တယ်။

ကြည်နူးမှုရလာတဲ့ စိတ်ကလေးကို အသုံးချလိုက်လို့ရှိရင် သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေ တက်လာတယ်။ သမာဓိကလည်း ထက်မြတ်လာမယ်။ ပညာကလည်းပဲ ထက်မြတ်လာမယ်။ ဒီလိုဆိုလိုတာပေါ့နော်။ ဥပမာ ပန်းချီကားတစ်ချပ်ကို ရေးတော့မယ်ဆိုလို့ရှိရင် ပန်းချီရေးမယ့် ကားချပ်ကြီးတစ်ခုဟာ သန့်စင်နေဖို့လိုတယ်။ ညစ်ပေနေလို့ရှိရင် ဒီဆေးခြယ်တဲ့အခါမှာ လှပမှုဖြစ်မှာ မဟုတ်ဘူး။

ထို့အတူပဲ စိတ်ကိုလည်း ရှေးဦးစွာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုပြီး သန့်ရှင်းစင်ကြယ်မှုဆိုတာတွေ လိုအပ်တယ်။ နောက်တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် မြတ်စွာဘုရားဂုဏ်တော်နဲ့ ဆေးကြောသန့်စင်လိုက်လို့ သန့်ရှင်းနေတဲ့လူရဲ့ သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေဟာ ထက်မြက်လာတယ်။ ဒါ့အတွက် ဝိပဿနာကျင့်စဉ်တစ်ခုကို ကျင့်လိုက်မယ်ဆိုရင် လွယ်လွယ်ကူကူ အောင်မြင်ပေါက်ရောက်သွားနိုင်တယ်လို့ ဒီလိုဆိုတာ။

ဘယ်အခါဖြစ်ဖြစ် လုပ်စရာ အလုပ်အကိုင်ရှိတယ်။ ဘုရားဂုဏ်ကို အာရုံပြုလိုက်မယ်။ ပြုပြီးတော့ စိတ်ဓာတ်တွေ၊ အင်အားတွေ တက်လာပြီဆိုတော့မှ ကိုယ်လုပ်စရာကို ဆက်လုပ်မယ်ဆိုရင် အောင်မြင်နိုင်တယ်။

တချို့က အရက်ကလေးသောက်ပြီးလုပ်မှ ပိုပြီးတော့ ဉာဏ်ရွှင်တယ်လို့ ထင်ကြတယ်ပေါ့နော်။ အဲဒီတော့ အခုလို တရားဓမ္မ အားထုတ်တာကျတော့ အရက်ကလေး သွားသောက်မိရင်တော့ အဲဒါ တရားဓမ္မနဲ့ ဝေးသွားမှာပဲ သေချာတယ်။ မှန်ကန်တဲ့ အမြင်တစ်ခုကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ မြတ်စွာဘုရားဂုဏ်တော်ကို ပွားထုံခြင်းအားဖြင့် လူတွေရဲ့ အသိဉာဏ်ဟာ ရွှင်လန်းတက်ကြွလာနိုင်တယ်။

နောက်တစ်ခုက ဝိပဿနာအားထုတ်ဖို့အတွက်။

ဝိပဿနာဉာဏ် ရင့်သန်ဖို့အတွက်လည်း မြတ်စွာဘုရားဂုဏ်တော်ကို ပွားပေးရမယ်လို့ ဆိုတယ်။ မြတ်စွာဘုရားဂုဏ်တော်ကို အာရုံပြုလိုက်တာနဲ့ သဒ်ဓါစှမျးအားတှကေ တက်လာတယ်။ သဒ်ဓါစှမျးအားနဲ့ ညီမျှစွာ ဝီရိယတို့၊ သတိတို့၊ သမာဓိတို့၊ ပညာတို့ ဆိုတာတွေလည်း ထက်မြက်လာတတ်တယ်။

အဲဒီတော့ မြတ်စွာဘုရားဂုဏ်ကို အာရုံပြုခြင်းအားဖြင့် ဆေးကြောလိုက်တဲ့ အသိဉာဏ်နဲ့ ရှုမှတ်လိုက်တဲ့အခါ ဝိပဿနာဉာဏ်က ပိုပြီး စူးစူးရှရှ၊ ထက်ထက်မြက်မြက်၊ အောင်အောင်မြင်မြင် ဖြစ်နိုင်တယ်လို့ဆိုတာကို စာပေကျမ်းဂန်မှာ ပြောထားတယ်။

- ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

တီရဏပရိညာနှင့် ပဟာနပရိညာ

တီရဏပရိညာနှင့် ပဟာနပရိညာ
🌸🌸🌿🌸🌸🌿🌸🌸🌿

တီရဏပရိညာ
*************
   (ဖြစ်ပျက်ရှုခြင်း၊ အနိစ္စ ဒုက္ခ အနတ္တ
လက္ခဏာရေးသုံးပါးရှုခြင်း)

   သစ္စဉာဏ်= သစ္စာကိုသိသောဉာဏ်။ (ဖြစ်ပျက်မြင်လျှင် သစ္စဉာဏ်ရသည်။)
 
(ဖြစ်ပျက်သည်) ခန္ဓာငါးပါးသည် = ဒုက္ခသစ္စာ၊ 
    တဏှာသည် = သမုဒယသစ္စာ၊ ဖြစ်ပျက် ဒုက္ခချုပ်ရာ နိဗ္ဗာန်သည် = နိရောဓသစ္စာ၊ 
         မဂ္ဂင်(၈)ပါးသည် = မဂ္ဂသစ္စာ။ 

   စိတ္တာနုပဿနာ ရှုပွားနည်း
~~~~~~~~~~~~~~
   အပြင်ဧည့်သည်(၅)ယောက်= မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်း စိတ်။

   အတွင်းဧည့်သည်(၆)ယောက်= လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊
အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောကြံစည်စိတ်။

   အိမ်သည်(၂)ယောက်=
လေကိုထုတ်သောစိတ်၊ လေကိုသွင်းသောစိတ်။

    ရှေးဦးစွာ ဝင်လေထွက်လေကို ပုံမှန်ရှူ၍ နှာသီးဝ (သို့) နှုတ်ခမ်းဖျား လေတိုးထိရာ ထိချက်မှာ စိတ်ကိုထား၍ သမာဓိ ထူထောင် ပါ။ စိတ်ကလေး သည်ထားရာ နေရာ၌ ၁၅-မိနစ်၊ နာရီဝက်ခန့် ဘယ်မှမပြေး မရွေ့လျှင် ဝိပဿနာကူးလို့ ရပါပြီ။

     စိတ်ကို ပြောင်းရှုပါမည်။ သိလုံးလေး တွေကို ရှုရပါမည်။ သိနေတာ စိတ်ပါ။ ငါသိနေတာ မဟုတ်ပါ။ ဟဒယဝတ္ထုပေါ် ရင်ညွန့်နားလောက်ကနေ မှန်းရှုပါ။ တွေးနေတာ စိတ်ပါ၊ တယောက်ထဲ ဝမ်းထဲက စကား ပြောသလို ဖြစ်နေတာ စိတ်ပါ၊ စိတ်ထဲက ပုံဖော်သလို လုပ်တာ စိတ်ပါ၊ နေရာညွတ်တာ စိတ်ပါ။

    လေရှူတာကို သိနေတဲ့စိတ်ကို အိမ်သည် ထား၍ ပေါ်ရာစိတ်ကို ရှိ မရှိ လိုက်ကြည့် ရမည်။ အကဲခတ်ရမည်။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယား နာ ကောင်း စိတ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတော ကြံစည်စိတ်။ ဘာစိတ် ပေါ်ပေါ် ဖြစ်မှန်းသိ ပျက်မှန်း သိအောင်လုပ်ပါ။ 

      ဉာဏ်ရင့်လာလျှင် ဘာစိတ် ဖြစ်ဖြစ် ကိုယ်ကြည့်လိုက်လျှင် သူမရှိတော့၊ အပျက် ချည်း ဆက်တိုက် သိလာမည်။ မရှုနိုင်လောက် အောင် များပြားသော တဖျပ် ဖျပ်နဲ့ ဖြစ်ပျက် နေတာ မြင်လာလျှင် တခုတည်းရဲ့ ဖြစ်ပျက်၊ (ဥပမာ- စိတ်ဆိုရင် စိတ်၊ ဝေဒနာဆိုရင် ဝေဒနာ) တနေရာ တည်းရဲ့ ဖြစ်ပျက်ကို စိုက်ရှုပါ။ 

     မကြာမီ မုန်းဉာဏ်၊ ကိစ္စဉာဏ် တက်လာ လိမ့်မည်။ ဖြစ်ပျက် မြင်လျှင် သစ္စဉာဏ်၊
ကြည့်ရင်းငြီးငွေ့လာမုန်းလာလျှင် ကိစ္စဉာဏ်၊ ပေကြည့်ရင်း ဖြစ်ပျက်ဆုံးသွားလျှင်
ကတဉာဏ်။

ပဟာနပရိညာ
**************
      အပျက်ချည်းပဲ ဆက်တိုက် မြင်သော ဘင်္ဂဉာဏ်မှစ၍ မဂ်ဉာဏ်တိုင်အောင်သည် ပဟာနပရိညာ၏ နယ်ပယ်ဖြစ်သည်။

   ကိစ္စဉာဏ် 
(သူလုပ်တတ်တဲ့ အလုပ် သူ့ကိစ္စကို သိသောဉာဏ်။ကိစ္စ=အလုပ်၊ သိတာ=ဉာဏ်)
ဒုက္ခသစ္စာ- သိရမည် (ပရိညေယျံ)(သိ)
သမုဒယသစ္စာ-ပယ်ရမည်(ပဟာတဗ္ဗံ) (ပယ်)
နိရောဓသစ္စာ- မြက်မောက်ပြုရမည်
(သစ်ဆိကာတဗ်ဗံ)(ဆိုကျ)
မဂ္ဂသစ္စာ- ပွားများရမည် (ဘာဝေတဗ္ဗံ) (ပွား)

      သစ္စာလေးပါးတွင် ဒုက္ခသစ္စာကို သိဖို့ အရေးကြီး၏။ ဒုက္ခသစ္စာသိလျှင် မလိုချင်၊ ထို့ကြောင့် သမုဒယသစ္စာ သေ၏။ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချ၍ ဒုက္ခ ချုပ်သွားလျှင် နိရောဓသစ္စာ၊ ဖြစ်ပျက် ဒုက္ခ သိအောင် အကြိမ်ကြိမ် ပွားနေရခြင်းသည် မဂ္ဂသစ္စာ။

     ဒုက္ခသစ္စာ= ဆင်းရဲတာအမှန် (ဝါ) စက်ဆုပ်စရာ အသုံးမကျတာ အမှန်။ 
   ( ဒု= စက်ဆုပ်စရာ၊ ခ= အသုံးမကျတာ၊ သစ္စာ= အမှန်။)

    သစ္စာအနက်(၁၆)ချက်မှာ ဒုက္ခသစ္စာ၏ အနက်လေးချက် (ကိစ္စဉာဏ်) ဖြစ် ပျက် မုန်းဉာဏ် ရောက်နေချိန်၌ အောက်ပါ သဘောများ ထင်မြင်လာသည်။

   ၁= ပီဠနဋ္ဌော 

   ဖြစ်ပျက်သည် နှိပ်စက်နေသည်။ ခန္ဓာသည် အနှိပ်စက်ခံနေရသည်။
 (သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သော အနက်သဘော။)

   ၂= သင်္ခတဋ္ဌော
         
    ဖြစ်ပျက်သည် တဏှာ ပြုပြင်ရာကို အမြဲ ခံနေရသည်။ 
 (တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရ သော အနက်သဘော)

  ၃= သန္တာပဋ္ဌော

    ဖြစ်ပျက်သည် ကိလေသာမီး ဒုက္ခမီးဖြင့် အလောင်ခံနေရသည်။
  (ကိလေသာမီး ဒုက္ခမီးဖြင့် ငြီးငြီးတောက်
ပြောင် အမြဲလောင်နေသော အနက်သဘော)

  ၄= ဝိပရိဏာမဋ္ဌော ဖြစ်ပျက်သည် ဖောက်ပြန် ပျက်စီးနေသည်။
   (နဂိုခန့်ခိုင် မတည်နိုင်ဘဲ ယိမ်းယိုင် ဖောက် လွဲ ပြိုကွဲပျက်စီးခြင်း အနက်သဘော)

    ဒုက္ခသစ္စာ ဉာဏ်၌ ထင်ပုံ မြင်ပုံ
(သစ္စာ ဆိုက်ပုံ) (ကတဉာဏ်)
(မိုးကုတ်ဆရာတော် (၅-၁-၅၉))

   ဉာဏ်ထဲမှာ နှလုံးသွင်းတိုင်း သွင်းတိုင်း ကတဉာဏ် ရောက်ခါနီး လာပြီ ဆိုမှဖြင့် ဘာရှုရှု။ ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပျောက်ပြီး ဒုက္ခစက်ကြီး လည်နေတာ တစ်ခုတည်းသာ ကိုယ့်ဉာဏ်ထဲ တွေ့နေတာပဲ။

   မြင်းရုပ်တွေ ဆင်ရုပ်တွေလို လည်တဲ့ အလည်မျိုးတော့ မဟုတ် ပါဘူး။ ဒီရှေ့မှာပဲ ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန် လည်း ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန်လည်း ဖြစ်လိုက် ချုပ်လိုက်။

    ကတဉာဏ် လာတော့မယ်ဆို ဒါချည်း ဆက်တွေ့ တော့တာ။ စက်ယန္တရား ၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည်ဟု ဉာဏ်ထဲ မှာ ထင်လာတယ်။

     ဒုက္ခတွေ လည်ပတ် နေတာသာ ထင်လာတယ်။ နောက်တစ်ခု လာလည်း ဒုက္ခပဲ၊ ချုပ်သွားတာ လည်း ဒုက္ခပဲ၊ တွေ့ရတာ လည်း ဒုက္ခပဲ ဘာမှ မလှည့်တော့ဘူး ဒုက္ခ လည်နေတာပဲ တွေ့တယ်။

   လည်နေတဲ့ ဒီဒုက္ခကြီးဟာဖြင့် ဘဝများစွာ သံသရာကလည်း မတွေ့ဖူးဘူး၊ ခုမှကိုယ့်ခန္ဓာ ဒုက္ခစက်ကြီး လည်နေတာကို ကိုယ့်ကိုယ်တိုင် သိရတဲ့အတွက်။ ဒီဒုက္ခကြီးနဲ့ ဖြင့် ကြုံလည်း မကြုံချင်ပါဘူး၊ ဆုံလည်းမဆုံချင်ပါဘူး၊ ဒါဒုက္ခ အစစ်ပဲလို့ ဆုံးဖြတ်ချက် ချလိုက်သည် နှင့် တစ်ပြိုင်နက်တည်း ဖျတ်ဆို ခုနကလည်နေတဲ့ ဒုက္ခကြီးက ဉာဏ်အောက်မှာပင် ပျောက်ထွက် သွားတယ်။

    သူလည်း ပျောက်သွားရော ဉာဏ်ထဲမှာ ဘယ့်နှယ့် ဖြစ်လာတုံး။ အင်း ဒီဥစ္စာ ဒုက္ခ မရှိတဲ့နေရာ ဒီနေရာကိုး ဆိုတာ တစ်ခါတည်း ဉာဏ်က စိုက်သွားတယ်။

မှတ်ချက်။ ။ဒုက္ခပဲရှိတယ် ဒါဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချတာ ပဋိဝေဓဉာဏ် ဖြစ်သည်။ ဒုက္ခသစ္စာကို ပိုင်းခြား လိုက်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ထိုးထွင်းသိပြီး ပေါ်လာ သည့် ဉာဏ် ဖြစ်သည်။

    ဆရာသမားပြောတာ အစဉ်လျှောက်ပြီး သိတာ အနုဗောဓဉာဏ်၊ 
ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီးသိတာ ပဋိဝေဓဉာဏ်။

   ကတဉာဏ် (ပြီးပြီလို့သိတဲ့ဉာဏ်) = (မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်)

  (ဖြစ်ပျက်ချုပ်သွားတာ) ဒုက္ခဆုံးသွားတာလည်း မြင်ရမယ်၊
နိရောဓပေါ်လာတာလည်း မြင်ရမယ်။ နှစ်ချက်မြင်ရမယ်။ မဂ်အမြင်က နှစ်ချက်။

    သောတာပန်စိတ်ထား အင်္ဂါ (၇)ပါး
  ~~~~~~~~~~~~~~~~~~
     ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ ထွက်ရပ်ကင်း၊ ချက်ချင်းကု၊ ပျက်မှာစိုး
တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညို ခုနှစ်တန်၊ သောတာပန်။ (ဦးဃောသိတ)

   ၁။ လောဘ၊ ဒေါသ၊ မောဟ ပုထုဇဉ် ကတော့ ဖြစ်ကြောရှည်တယ်၊ သောတာပန် ကတော့ ဖြစ်ကြောတိုတယ်။

  ၂။ လောဘ၊ ဒေါသ၊ မောဟ ပေါ်တာ
ချက်ချင်းသိလို့ သိသည်နှင့်တစ်ပြိုင်နက်တည်း၊ ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည်၊ သောတာပန် တို့ ၏ အသိ။

   ၃။ ဘုရားသာသနာတော်မှ တစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဘူးလို့ သိနေတဲ့ အသိ ဟာလည်း သောတာပန် တို့ ၏အသိ။ 

    ၄။ ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်ကလေးတွေ ရှိနေတယ်၊ ချက်ချင်းပဲ ကုသချင်တဲ့ သဘော၊ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင် လုပ်ချင်တဲ့စိတ် တစ်ခါ တည်း ပေါ်လာတယ်။

    ၅။ ကိစ္စကြီးငယ် ရှိလို့ သူတစ်ပါး အတွက် လိုက်ရငြား သော်လည်း၊ သီလ၊ သမာဓိ၊ ပညာ အပျက်မခံဘဲနဲ့ လိုက်ခြင်းသည် သောတာပန် တို့ ၏ စိတ်ဓာတ် အသိ။

    ၆။ မြတ်စွာဘုရား တရားတော်တွေကို ဟောနေလို့ ရှိရင် အနက် အဓိပ္ပါယ်သိပြီး
အာရုံတစ်ပါးစိတ် မသွားဘဲနဲ့ စိုက်၍ နာနေနိုင်ခြင်း သည် သောတာပန် တို့၏ တရားနာမှု။ 

   ၇။ အဲဒီလို ခန္ဓာဉာဏ်ရောက်တဲ့ တရားတွေ နာရတော့ ဝမ်းမြောက်လို့မဆုံးဘဲ၊ ကြည်ညိုလို့ မပြီး ကျေးဇူးတင်လို့ မပြီး၊ ဖြစ်နေ တာလည်း သောတာပန် တို့၏ စိတ်ထား။

  သောတာပန်၏ အမြင် (၄)မျိုး 
~~~~~~~~~~~~~~~~
(၁) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်ဆိုတဲ့- ယုံမှားခြင်းကို လွန်မြောက်ရမယ်၊ (တိဏ္ဏဝိစိကိစ္ဆော)။
(၂) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ တွေးတောခြင်းလဲ ကင်း ရမယ်၊ (ဝိကတကထံကထော)။
(၃) ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ရဲရဲတင်းတင်းလဲ ဆုံးဖြတ်ချက် ချရမယ်၊ 
         (ဝေသာရဇ္ဇပတ္တော)။
(၄) ပုဂ္ဂိုလ် သတ္တဝါ မရှိတာသည် သူတစ်ပါး ပြောသံကြားနဲ့ မရှိတာ မဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် သိပြီး မရှိတာလို့ လဲ ဆုံးဖြတ်ချက် ချနိုင်ရမယ်။ (အပရပစ္စယော)။

မဂ်စစ် မစစ် ဖိုလ်နဲ့ညှိ (ဖလသမာပတ်)
~~~~~~~~~~~~~~~~~~~~
ဖြစ်ပျက်ချုပ်ရာကို မျက်မောက် ပြုဖူးခဲ့သည် ရှိသော် နောက်တကြိမ် တရားထိုင်ရာ၌ အရင်က မြင်ခဲ့သည့် တရားသည် နိဗ္ဗာန် အစစ် ဖြစ်ခဲ့လျှင် (၁၅)မိနစ် ဝင်စား ရပါလို၏ နာရီဝက် ဝင်စား ရပါလို၏ စသည်ဖြင့် အဓိဋ္ဌာန် တင်၍ ထိုင်ပါ။ အစစ် ဖြစ်ခဲ့သော် အဲ့ဒီနေရာ ပြန်ရောက် သွားလိမ့်မည်။ အစ၌ အချိန်အကြာကြီး ရချင်မှ ရမည်။ နောက်ပိုင်း နာရီ တိုးသွားပါ။ သမာပတ်ဝင်စားချိန်၌ နိဗ္ဗာန်ကို အာရုံပြုတာ ဖြစ်လို့ လောကီသိစိတ် မရှိပါ။ ဣရိယာပုထ် ခိုင်ခံပါသည်။

မိုးကုတ်ဆရာတော်ကြီး၏ လင်္ကာဆောင်ပုဒ်များ

ခန္ဓာငါးပါး
***********
         ဖောက်ပြန် ခံစား၊ မှတ်သား ပြုပြင်၊ သိ ဝိညာဏ်၊ ငါးအင် ခန္ဓာမှတ်။

သောတာပန်တည်ကြောင်းအင်္ဂါ(၄)ပါး
**********((()))********
         သူတော်ဆည်းကပ်၊ မြတ်တရား နာ၊ လျှော်စွာ အကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ။

ပဓါနိယင်္ဂတရား(၅)ပါး
**********************
         ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့် စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ် ဉာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း။

ယောဂီကျင့်ဝတ်(၆)ပါး
**********************
         အမှုမများ၊ စကားသိမ်းဆည်း၊ စောင့်စည်း ဣနြေ္ဒ၊ အိပ်နေ နိုးကြား၊ အစား မကြီး၊ တစ်ယောက် တည်းနေ၊ ဤခြောက်ထွေ ကျင့်လေ ယောဂီမှတ်။

သစ္စာလေးပါး
***************
  ၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။
  ၂။ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင် သမုဒယမှတ်။
   ၃။ ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်။
   ၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိ မြင် မဂ် ဟုမှတ်။



         မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသောတရားတော်များနှင့် မူရင်း ပါဠိတော်များမှ အဓိက ကောက်နှုတ်ထားပါသည်။ အမှားတွေ့မြင်က ပညာရှင်များ ပြင်ဆင်ဖတ်ရှုပါရန်။

သာဓု သာဓု သာဓု

Crd ::: Ven Gandhamar 

မေတ္တာဖြင့်ကူးယူဖော်ပြသည်

* ရိုသေစွာဦးတင်ပါတယ်အရှင်သူမြတ်ဘုရား *
   CMT

အနတ္တမျှသာ

သုညောလောကော။ 
အတ္တမဟုတ်ဘူး အနတ္တ။

သုညကမ္ဘာ၏ သရုပ်ဆောင်မှုများ သက်သက်သာ။

ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် ဘဝဇာတ်ခုံပေါ်ဝယ် 
ကံဇာတ်ဆရာရဲ့စေလိုရာအတိုင်း
ဝမ်းနည်းလို့ ငိုလိုက် 
ဝမ်းသာလို့ ရယ်လိုက် 
တဏှာကြိုးဆွဲရာ 
ကပြနေကြရသူတွေချည်းပါ။

ငါ သူတပါး ယောက်ျား မိန်းမ လည်း မဟုတ်
အဝိဇ္ဇာဦးဆောင်တဲ့ တဏှာစတဲ့ ကိလေသာအနှောင်အဖွဲ့တွေခိုင်းသမျှ ထားရာနေ စေရာသွား နေကြတဲ့
ပုထုဇဉ်တို့ ဘဝ။

ကိုယ်က သုဘ - တင့်တယ်တယ် ထင်တယ်
ရုပ်ခန္ဓာကြီးက အသုဘ - မတင့်မတယ် ရွံစဖွယ်။
တစ်လလောက် ရေမချိုးပဲထား ဘယ်သူမှ အနားမကပ်ပါ။

နိစ္စ-မြဲတယ် ထင်တယ်။
သူကတော့ အနိစ္စ မမြဲလိုက်တာများ
ဖြစ် တည် ပျက် မျှသာ။ ဘယ်နေရာမှာမှ ရှာမရ။

ဒါကိုပဲ သုခချမ်းသာလို့ထင်ပြန်တယ်။
သို့သော် ဖြစ်လိုက် ပျက်လိုက်နဲ့ ဒုက္ခဆင်းရဲကြီးသာ။
သုည - ဘာမှ မရှိတဲ့ လေဟာနယ်ကြီးမျှသာ။

တခါ ဆုပ်ကိုင်ထားပြီး ငါ ငါ့ဟာဆိုပြီး မမြဲတဲ့အရာကြီးကို ငါ့အတ္တဆိုပြီး။
တကယ်ကတော့ အနတ္တမျှသာ။

🙏🙏🙏

#KhinThuThuAungSan

Monday, May 18, 2026

တောကိုတော့ ရှင်းလင်းပါ၊သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့်

ရာဂတွေ တစ်ပုံကြီးဖြင့် 
ပစ္စည်းလာဘ်လာဘတွေ ရလိုကြောင်းကို
 သွယ်ဝိုက်၍ဖြစ်စေ တိုက်ရိုက်ဖြစ်စေ 

ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ ထံမှာ 
ပြောဆိုနေခြင်း၊ ဒေါသတွေ တစ်ပုံကြီးဖြင့် 
မာန်မာန, ဣဿာ, မစ္ဆရိယတွေ တစ်ပုံကြီးဖြင့် အချင်းချင်း ပြုမူပြောဆိုဆက်ဆံနေခြင်းတို့ကို 
ဘုရားရှင်ဟာ အလွန်ရွံရှာစက်ဆုပ်တော်မူပါတယ်။ 

ဘုရားရှင်ရဲ့ သာသနာတော်ကို မှီခို ဆည်းကပ်ပြီး နေထိုင်နေတဲ့ သူတော်ကောင်း မှန်ခဲ့လျှင် ဘုရားရှင် ရွံရှာစက်ဆုပ်တော်မူတဲ့ လုပ်ငန်းရပ်တွေကို ရှောင်ရှားဖို့ ပယ်ရှားဖို့ သင့်တင့်လှပါပေတယ်။

     ဒီနေရာမှာ --- ရှင်ရဟန်းတွေ .. သီလရှင်တွေ ..အတုယူသင့်တဲ့ လိုက်နာသင့်တဲ့ ရှောင်ကြဉ်သင့်တဲ့ ၀တ်ထုဇာတျကွောငျးကလေးတှကေို ထပ်မံပြီး ပြောကြရအောင် ..။

အတောင်းအရမ်း ထူပြောလှတဲ့ အာဠဝီရဟန်းတော်များ

    တစ်ချိန်မှာ အာဠ၀ီပွညျက ရဟန်းတော်တချို့ဟာ ဆောက်လုပ် လှူဒါန်းမည့် အလှူရှင် ကျောင်းဒါယကာ မရှိဘဲ ကိုယ်တိုင်ကြီးကြပ်ကာ အတိုင်းအတာ ပမာဏကို လွန်နေတဲ့ ကျောင်းတွေကို ဆောက်လုပ်ကြပြန်တယ်။ နွားလှည်းပေးကြပါ၊ ဝါးပေးကြပါ၊ သစ်ပေးကြပါ၊ မြေညက်ပေးကြပါ စသည်ဖြင့် ကျောင်းဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းများကို အာဠ၀ီပွညျသူတို့ထံမှာ တောင်းခံကြပြန်တယ်။ အာဠ၀ီပွညျသူတို့လညျး ပစ္စည်းအမျိုးမျိုးတွေကို အတောင်းခံရမှုဖြင့် အညှဉ်းပန်း အနှိပ်စက် ခံနေကြရတဲ့အတွက် ရဟန်းတော်တွေနှင့် တွေ့ဆုံရမှာကို ထိတ်လန့် ကြောက်ရွံ့လာကြတယ်၊ ရဟန်းတော်တွေကို မြင်လျှင် အိမ်ကို တံခါးပိတ်ကာ ပုန်းနေတတ်ကြတယ်၊ သို့မဟုတ် အခြားတစ်နေရာသို့ ရှောင်တိမ်းထွက်ခွာသွားတတ်ကြတယ်၊

     အကယ်၍ မလွှဲမရှောင်သာ ဖြစ်နေခဲ့လျှင်လည်း မျက်နှာလွှဲကာ ကျောခိုင်းနေ တတ်ကြတယ်။ ယုတ်စွအဆုံးအားဖြင့် အဝါရောင်ရှိနေတဲ့ နွားမတွေကို မြင်လျှင်တောင် ရဟန်းတွေလို့ အထင်မှားကာ ထွက်ပြေးတိမ်းရှောင်သွားတတ် ကြပြန်တယ်။

     တစ်ချိန်မှာ အရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးဟာ သီတင်းဝါလကျွတ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀စတေီမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ နောက်တစ်နေ့ အာဠ၀ီပွညျတှငျးသို့ ဆွမ်းခံကြွ၀င်တော်မူတဲ့အခါ ဆွမ်းလောင်းလှူသူ မရှိလောက်အောင် အာဠ၀ီပွညျသူ ပြည်သားတို့ရဲ့ ရဟန်းသံဃာတော်တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံကိုလည်း ကိုယ်တိုင် သိရှိသွားတော်မူခဲ့ပါတယ်။ အာဠ၀ီပွညျရှိ အချို့ရဟန်းတော် တို့ရဲ့ တင်ပြလျှောက်ထားချက်အရ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောနေပုံ အကြောင်းခြင်းရာ အစုံအလင်ကိုလည်း ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။

    ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်း ရာဇဂြိုဟ်ပြည်မှာ ဝါကျွတ်တော်မူပြီးနောက် ခရီးဒေသစာရီ ကြွချီတော်မူလာရာ အာဠ၀ီပွညျ အဂ်ဂါဠ၀ စေတီတော်သို့ပဲ ဆိုက်ရောက်တော်မူလာပြန်ပါတယ်။ ထိုအချိန်အခါမှာ အရှင်မဟာကဿပ မထေရ်မြတ်က အာဠ၀ီပွညျသူတို့ရဲ့ ရဟန်းသံဃာတော် တို့အပေါ်မှာ သဒ်ဓါတရား ပျက်စီးနေပုံ အာဠ၀ီပွညျရှိ ရဟန်းတော်အချို့ရဲ့ အတောင်းအရမ်း ထူပြောပုံ အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် ဘုရားရှင်အား တင်ပြ လျှောက်ထားတော်မူပါတယ်။ ထိုအချိန်အခါမှာ ဘုရားရှင်က ရဟနျးသံဃာအစညျးအေ၀းကို ခေါ်ယူတော်မူစေကာ ရဟန်းတော်တို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးနောက် ဝတ္ထုဇာတ်ကြောင်း အမျိုးမျိုးဖြင့် ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူပါတယ်။

အတောင်းအရမ်း ထူပြောမူကို တိရစ္ဆာန်များသော်ပင် မနှစ်သက်ပါ 

    ရှေးအတိတ်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ဘုရားရှင်က ရှေးဦးစွာ ဟောပြတော်မူပါတယ်။ တစ်ချိန်မှာ --- ရသေ့ညီနောင် နှစ်ပါးတို့ဟာ သင့်လျော် လျောက်ပတ်တဲ့ ဂင်္ဂါမြစ်ကမ်းပါး တစ်နေရာမှာ တစ်ပါးစီ ခြဲကာ သီတင်းသုံးတော်မူကြပါတယ်။ ညီငယ်ဖြစ်တဲ့ ရသေ့ကတော့ မေတ္တာဈာန် ဆိုက်သည်အထိ မေတ္တာဘာ၀နာကမ္မဋ္ဌာန်းကို အလေးဂရုပြုကာ စီးဖြန်း ပွားများတော်မူလေ့ရှိပါတယ်။ သူ့ရဲ့ မေတ္တာဘာ၀နာစွမ်းအားကြောင့် ဂင်္ဂါမြစ်ရဲ့ အခြားတစ်ဘက်ကမ်းပါးမှာ တည်ရှိနေတဲ့ မဏိကဏ္ဌနဂါးမင်းဟာ ဂင်္ဂါမြစ်ကို ကူးခတ်ပြီး ဒီရသေ့ငယ်ထံသို့ လာရောက်ကာ ဆည်းကပ်ခစားလေ့ရှိပါတယ်။ ဒီနဂါးကို မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုတာကတော့ သူရဲ့လည်ပင်းမှာ အလွန်တန်ခိုး အာနိသင် ကြီးမားတဲ့ ပတ္တမြားရတနာ တစ်ခုကို ဆင်မြန်းထားတဲ့အတွက်ကြောင့် မဏိကဏ္ဌနဂါးမင်းလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒီနဂါးမင်းဟာ နတ်သားအသွင် ဖန်ဆင်းပြီးတော့ ရှင်ရသေ့ငယ်နှင့် ပဋိသန္ထာရစကားများ ပြောကြားလျှောက်ထားပြီးနောက် မိမိရဲ့ မူလနဂါးအသွင်ကိုပင် ယူကာ ရသေ့ငယ်အား ဆည်းကပ်ခစားလေ့ ရှိပါတယ်။ ဒီနဂါးမင်းဟာ ရသေ့ တရားဘာ၀နာ ပွားများနေတဲ့အချိန်အခါမှာ ရသေ့ရဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ခုနစ်ခွေ ပတ်ကာ ရသေ့ရဲ့ ဦးခေါင်းပေါ်မှာ ပါးပျဉ်းကို မိုးလျက် ဆည်းကပ် ခစားလေ့ ရှိပါတယ်။ ဒီလို ဆည်းကပ်ခစားမှုကို ရသေ့ငယ်ကား အလွန်ကြောက်ရွံ့လျက် ရှိနေခဲ့ပါတယ်။ ဒီလို ကြောက်ရွံ့မှုကို အကြောင်းပြုကာ ရသေ့ငယ်လည်း တဖြည်းဖြည်း ကျုံလှီပြီးတော့ ရုပ်အဆင်းတွေလည်း ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ဖျော့တော့သော အရောင်အဆင်းတွေ ရှိလာတယ်၊ အကြောပြိုင်းပြိုင်းထတဲ့ ခန္ဓာကိုယ်လည်း ဖြစ်ပေါ်လာတယ်။

     တစ်နေ့မှာ နောင်တော်ရသေ့က ညီငယ်ရသေ့ရဲ့ ခန္ဓာကိုယ် ဖောက်ပြန်ပျက်စီးနေပုံကို မြင်တွေ့ရတဲ့အခါ အကြောင်းအခြင်းရာကို မေးမြန်းကြည့်တော်မူပါတယ်။ ထိုအခါမှာ ညီငယ်ရသေ့ရဲ့ တင်ပြချက်အရ နောင်တော်ရသေ့ကလည်း အကြောင်းခြင်းရာ အစုံအလင်ကို ကုန်စင်အောင် သိရှိသွားတော်မူခဲ့ပါတယ်။ အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို အကြံဉာဏ်တစ်ခု ပေးသနားတော်မူခဲ့ပါတယ်။

     ဒီအကြံပေးချက်ကတော့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့ သာသနာ့၀န်ထမ်း ရှင်ရဟန်းတွေနှင့် သီလရှင်တွေ အထူးသတိပြုသင့်တဲ့ အထူးရှောင်ရှားသင့်တဲ့ အကြံပေးချက် တစ်ခုပဲ ဖြစ်ပါတယ်။ ဘယ်လို အကြံပေးသလဲ?

    ညီငယ် ... သင်ဟာ ဒီနဂါးလာနေတာကို သင်က အလိုမရှိဘူးဆိုလျှင် အဲဒီနဂါးမှာ ဘယ်လိုပစ္စည်းတွေ ဆင်မြန်းထားတာကို သင် တွေ့မြင်ပါသလဲ ..? လို့ ဒီလို မေးမြန်းတော်မူလိုက်ပါတယ်။

    အဲဒီအခါမှာ ညီငယ်ရသေ့က နဂါးမင်းရဲ့လည်ပင်းမှာ ပတ္တမြားရတနာ တစ်ခု ဆွဲထားတာကို မြင်တွေ့ပါကြောင်း တင်ပြလျှောက်ထားလိုက်ပါတယ်။

     အဲဒီအခါမှာ နောင်တော်ရသေ့က ညီငယ်ရသေ့ကို ဒီနဂါးမင်း လာတဲ့အခါမှာ ဒီပတ္တမြားရတနာကို တောင်းခံဖို့ အလှူခံယူဖို့ အကြံပြုလိုက်ပါတယ်။

     ညီငယ်ရသေ့ကလည်း နောင်တော်ရသေ့ရဲ့ အကြံပေးချက်အတိုင်း နောက်တစ်နေ့ မဏိကဏ္ဌနဂါးမင်း ဆည်းကပ်ခစားဖို့ရန် လာရောက်တဲ့ အခါမှာ ပတ္တမြားရတနာကို အလိုရှိတဲ့အတွက် ပတ္တမြားရတနာကို ပေးလှူပါ ဟု တောင်းခံလိုက်ပါတယ်။ နဂါးမင်းလည်း ခပ်မြန်မြန်ပဲ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ ဒုတိယအကြိမ် လာတဲ့အခါလည်း အလားတူ အလှူခံပြန်တယ်။ နဂါးမင်းလည်း နောက်ကြောင်းလှည့်ကာ ပြန်သွားလိုက်ပါတယ်။ နောက်တစ်နေ့ တတိယအကြိမ် လာတဲ့အခါမှာလည်း ဂင်္ဂါမြစ်ကို ဖြတ်ကူးနေတုန်းဆဲဆဲမှာပဲ လှမ်းပြီးတော့ အလှူခံပြန်တယ်။ အဲဒီအခါမှာ နဂါးမင်းက ဒီပတ္တမြားရတနာရဲ့ စွမ်းအားကြောင့် သူ့မှာ တန်ခိုးအမျိုးမျိုးနဲ့ ပြည့်စုံနေတာဖြစ်ကြောင်း ဒီပတ္တမြားရတနာကို မလှူဒါန်းနိုင်ကြောင်း အတောင်းအရမ်းထူပြောလွန်းလှတဲ့ ဒီလိုပုဂ္ဂိုလ်မျိုးထံသို့ နောက်ထပ် ဘယ်တော့မှ မလာလို ကြောင်း စသည်တို့ကို ပြောဆိုကာ ပြန်သွားလိုက်ပါတယ်။ နောက်ထပ်လည်း ရသေ့ငယ်ထံသို့ ဘယ်တော့မှ မလာရောက်တော့ပါ။

     ထိုအခါကျမှ ရသေ့ငယ်လည်း နဂါးမင်းမလာတော့တဲ့အတွက် စိတ်မကောင်းဖြစ်ကာ ရှေးကထက် ပို၍ပို၍ ကျုံလှီသွားခဲ့တယ်၊ ရုပ်အဆင်းတွေလည်း ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာတယ်၊ အသားအရောင်အဆင်းတွေလည်း ဖက်ရွက်လျော်ကဲ့သို့ ပို၍ပို၍ ဖျော့တော့လာတယ်၊ ခန္ဓာကိုယ်လည်း ပို၍ပို၍ အကြောပြိုင်းပြိုင်း ထလာတယ်။

     ဒီလိုအခြင်းအရာကို မြင်တွေ့ရတဲ့အခါ နောင်တော်ရသေ့က နည်းအမျိုးမျိုးဖြင့် တရားဓမ္မပြကာ ဆိုဆုံးမပေးတော်မူပါတယ်။

     ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!

    ရဟန်းတို့ ...တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလိုမရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း .. 

    ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမတော်မူလိုက်ပါတယ်။

ငှက်တွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ကြပါ

    တစ်ချိန်မှာ ရဟန်းတော်တစ်ပါးဟာ ဟိမ၀န္တာတောအတွင်း တောငျ၀ှမျးတဈနရောမှာ သီတင်းသုံးတော်မူခဲ့ပါတယ်။ ဒီရဟန်းတော် သီတင်းသုံးတော်မူတဲ့ နေရာဒေသနှင့် မလှမ်းမကမ်းမှာ ညွန်အိုင်ကြီး တစ်ခု ရှိနေတယ်။ ထိုညွန်အိုင်ကို အမှီပြုကာ ညွန်အိုင်၀န်းကျင်မှာ တည်ရှိတဲ့ တောအုပ်ကြီးအတွင်းမှာ ဒီငှက်တွေက နေထိုင်ကြတယ်။ ဒီညွန်အိုင်ကြီးမှာ နေ့အခါ ကျက်စားပြီးတော့ ညအခါ တောအုပ်ကြီးအတွင်းသို့ ပြန်လာကြတယ်။ ညဥ့်ဦးယာမ်မှာရော မိုးသောက်ယာမ်မှာရော ဒီငှက်တွေက ဆူညံမှု အမျိုးမျိုးတွေကို ပြုလုပ်ကြတယ်။ ဒီငှက်သံတွေရဲ့ ဆူညံမှုကြောင့် ရဟန်းတော်ဟာ ထိုတောအုပ်အတွင်းမှာ မပျော်မွေ့မှု ဖြစ်လာတယ်။ ဝါဆိုဝါကပ်ဖို့ရန် အချိန်နီးကပ်လာတဲ့အခါ ထိုရဟန်းတော်ဟာ ဘုရားရှင်ထံတော်မှောက်သို့ ပြန်လည် ကြွရောက်သွားတော်မူခဲ့ပါတယ်။ မိမိနေထိုင်သီတင်းသုံးရာ တောအုပ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ငှက်တွေရဲ့ ဆူညံမှု အမျိုးမျိုးကိုလည်း ဘုရားရှင်အား တင်ပြလျှောက်ထားတော်မူခဲ့ပါတယ်။

    ထိုအခါမှာ ဘုရားရှင်က ချစ်သားရဟန်း ... သင်ဟာ ဒီငှက်တွေရဲ့ ဒီတောအုပ်အတွင်းသို့ မလာခြင်းကို အလိုရှိပါသလား? -- ဒီလို ဘုရားရှင်က မေးမြန်းတော်မူလိုက်ပါတယ်။ အလိုရှိပါကြောင်းကို ဒီရဟန်းတော်က ဘုရားရှင်အား တင်ပြလျှောက်ထားလိုက်တဲ့အခါ ဘုရားရှင်က ထိုတောသို့ တစ်ဖန် ပြန်သွားကာ ညဥ့်ဦးယာမ်၌ သုံးကြိမ်, မဇ္ဈိမယာမ်၌ သုံးကြိမ်, မိုးသောက်ယာမ်၌ သုံးကြိမ်, - တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အောက်ပါအတိုင်း ရွတ်ဆိုရန် တောင်းခံရန် အကြံပေးတော်မူလိုက်ပါတယ်။

သုဏန္တု မေ, ဘောန္တော သကုဏာ, ယာဝတိကာ ဣမသ္မိံ ဝနသဏ္ဍေ ဝါသံ ဥပဂတာ, ပတ္တေန မေ အတ္ထော။ ဧကေကံ မေ, ဘောန္တော, ပတ္တံ ဒဒန္တူတိ။

    ဤတောအုပ်အတွင်း မှီတင်းနေထိုင်ကြကုန်သော အိုငှက်အပေါင်းတို့... ငါ၏ စကားကို နားထောင်ကြပါကုန်လော့၊ ငါ့အား ငှက်တောင်ဖြင့် အလိုရှိ၏၊ ငှက်တစ်ကောင် တစ်ကောင်သည် အတောင် တစ်ခုစီ တစ်ခုစီ ငါ့အား ပေးလှူကြပါ။

    ဒီလို ဘုရားရှင်က အကြံပေးတော်မူလိုက်ပါတယ်။ ဘုရားရှင်ရဲ့ အကြံပေးတော်မူချက်အတိုင်း ဒီရဟန်းက ထိုတောအုပ်သို့ပင် တစ်ဖန် ပြန်ကြွတော်မူကာ တစ်ညလျှင် ကိုးကြိမ်, ကိုးကြိမ်, အထက်ပါအတိုင်း ရွတ်ဆိုကာ ငှက်တောင်များကို အလှူခံတော်မူပါတယ်။

    ဒီနေရာမှာ ဒီရဟန်းရဲ့ တောင်းခံမှုကို ငှက်အပေါင်းတို့ ကြားသိနိုင်ရန် နားလည်နိုင်ရန်အတွက် ဘုရားရှင်က တန်ခိုးအာနုဘော်ဖြင့် အဓိဋ္ဌာန်ထားတော်မူခဲ့ပါတယ်။ ဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ငှက်အပေါင်းတို့ ကလည်း ရဟန်းတော်က ငှက်တောင်တွေကို အလှူခံယူနေကြောင်းကို နားလည်သဘောပေါက်ခဲ့ကြတယ်။ ထိုအချိန်အခါမှာ ထိုငှက်တွေဟာ ထိုတောအုပ်အတွင်းမှာ မနေထိုင်ကြတော့ဘဲ အခြားတစ်နေရာသို့ ပြောင်းရွှေ့ သွားခဲ့ကြတယ်။ နောက်ထပ် ဘယ်တော့မှ ထိုတောအုပ်သို့ ပြန်မလာကြတော့ပါ။

     ဒီ၀တ္ထုဇာတ်ကြောင်းကို ဟောကြားတော်မူပြီးနောက် ဘုရားရှင်က အာဠ၀ီရဟနျးတောျတှကေို ဆက်လက်ကာ ဒီလို ဆိုဆုံးမတော်မူပါတယ် ..။

တသေဉှိ နာမ, ဘိက်ခဝေ, တိရစ်ဆာနဂတာနံ ပါဏာနံ အမနာပါ ဘဝိဿတိ ယာစနာ အမနာပါ ဝိညတ်တိ။ ကိမင်ျဂံ ပန မနုဿဘူတာနံ!

 ရဟန်းတို့ ... တိရစ္ဆာန်ဖြစ်ကြတဲ့ သတ္တဝါတွေသော်မှလည်း တောင်းရမ်းခြင်းကို မနှစ်ခြိုက်ခြင်း ဖြစ်တုံသေး၏၊ တောင်းဆိုမှုကို အလို မရှိခြင်း ဖြစ်တုံသေး၏။ လူသားဖြစ်ကြတဲ့ သူတွေမှာ အဘယ်မှာလျှင် ပြောဆိုဖွယ် ရှိနိုင်ပါတော့အံ့နည်း

    ဒီလို ဘုရားရှင်က ဆက်လက်ကာ ဆိုဆုံးမ တော်မူလိုက်ပါတယ်။

တောင်းရမ်းမှုကို ရွံရှာစက်ဆုပ်တော်မူတဲ့ ရဋ္ဌပါလ ရှင်ရသေ့

    ရှေးယခင်တစ်ချိန်က ဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတစ်ခုကို ထုတ်ဖော်ကာ ဘုရားရှင်က ရဟန်းတော်တွေကို ဆက်လက်ဆုံးမတော်မူပြန်တယ်။ တစ်ချိန်တုန်းက ရဋ္ဌပါလ အမည်ရှိတဲ့ ရှင်ရသေ့တစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီရှင်ရသေ့ရဲ့ ဖခင်ကား ကြွယ်၀ချမ်းသာသူ တစ်ဦးလည်း ဖြစ်တယ်။ သဒ်ဓါတရားလညျး ကောင်းမွန်သူဖြစ်တယ်။ အလှူခံပုဂ္ဂိုလ် များထိုထိုတို့ကိုလည်း အယုတ်အမြတ် မရွေး အနည်းအများမရွေး ပေးကမ်းလှူဒါန်းလေ့ ရှိခဲ့တယ်၊ သားဖြစ်သူ ရဋ္ဌပါလ ရှင်ရသေ့ကိုလည်း အလိုရှိရာကို တောင်းခံပါရန် အကြိမ်ကြိမ် လျှောက်ထားခဲ့တယ်။ သို့သော် ရဋ္ဌပါလ ရှင်ရသေ့ကား ဖခင်ဖြစ်သူထံ၌ တစ်ကြိမ်တစ်ခါမျှသော်လည်းပဲ မတောင်းခံခဲ့စဖူးပါ။ တစ်နေ့မှာ ဖခင်ဖြစ်သူ က ရှင်ရသေ့အား အဘယ်အကြောင်းကြောင့် သူရဲ့ထံမှာ အလိုရှိရာပစ္စည်းကို မတောင်းခံပါသလဲလို့ မေးမြန်းလျှောက်ထားခဲ့တယ်။ အဲဒီအခါမှာ ရဋ္ဌပါလ ရှင်ရသေ့က အလွန်မှတ်သားဖွယ်ရာ ကြည်ညိုဖွယ်ရာ အတုယူဖွယ်ရာ ကောင်းလှတဲ့ ဂါထာကလေး တစ်ပုဒ်ဖြင့် အဖြေ ပြန်ပေးခဲ့တယ်။ ဒီဂါထာ ကလေးကို နာကြည့်ကြရအောင် ..။

ယာစကော အပ္ပိယော ဟောတိ, ယာစံ အဒဒမပ္ပိယော၊ တသ္မာဟံ တံ န ယာစာမိ, မာ မေ ဝိဒေဿနာ အဟူတိ။

 ဒီဂါထာရဲ့ အဓိပ္ပာယ်ကတော့ --

၁။ တောင်းလျှင် မုန်းတတ်တယ်။ (ယာစကော အပ္ပိယော ဟောတိ,) 

၂။ တောင်းလို့ မပေးလျှင်လည်း မုန်းတတ်တယ်။ (ယာစံ အဒဒမပ္ပိယော၊) 

၃။ ဒါကြောင့် ငါ မတောင်းခြင်း ဖြစ်ပါတယ်။ (တသ္မာဟံ တံ န ယာစာမိ,)

၄။ သင်နှင့် ငါတို့ မေတ္တာတရား ပျက်ပြားခြင်း မဖြစ်စေချင်ပါ။ (မာ မေ ဝိဒေဿနာ အဟူတိ။) ..

    ဒီလို ရှင်ရသေ့က ပြန်ပြီးတော့ အဖြေပေးတော်မူလိုက်ပါတယ်။

    ဒီထုံးဟောင်းကို အတုယူကာ ကျင့်စေတော်မူလိုတဲ့အတွက် ဘုရားရှင်ကလည်း ဒီထုံးဟောင်းကို ထုတ်ဆောင်ကာ ရဟန်းတော်တို့ကို ဆိုဆုံးမတော်မူခဲ့ခြင်း ဖြစ်ပါတယ်။

    ဒီနေရာမှာ .. ၀ိနညျးဒသေနာတောျကို အလွန်ကြည်ညိုလေးစားတော်မူတဲ့ ဆွေမျိုးမတော်သူ မဖိတ်ကြားထားသူတို့ထံ၌ တောင်းခံမှုကိုလည်း အလွန်ရွံရှာစက်ဆုပ်တော်မူတဲ့ အမည်မဖော်လိုတဲ့ ရှေးဆရာတော်ကြီး တစ်ပါးရဲ့ အကြောင်းကို ပြောလိုက်ဦးမည်။

ကြည်ညိုဖွယ်ရာ ရှေးဆရာတော်ကြီီီီီးတစ်ပါး

    ရှေးယခင်က မြန်မာပြည်မှာ သံသပိတ်တွေက အလွန်ကြီး ခေတ်မစားကြသေးတဲ့အတွက် ရှေးရှေး ဆရာတော်ကြီးများဟာ များသောအားဖြင့် မြေသပိတ်တွေကိုပဲ ရိုရိုသေသေနဲ့ အသုံးပြုတော်မူခဲ့ကြပါတယ်။ တစ်နေ့မှာ ယင်းဆရာတော်ကြီးက မိခင်ဖြစ်သူ ကျောင်းသို့ရောက်ရှိလာတဲ့အခါ မိခင်ထံ၌ မြေသပိတ်တစ်လုံးကို အလိုရှိကြောင်း မိန့်ကြားတော်မူလိုက်ပါတယ်။ မိခင် ဖြစ်သူလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါ ဒီလို လျှောက်ထားပြီးတော့ ပြန်သွားခဲ့တယ်။ အချိန်တော်တော် ကြာညောင်းသွားတဲ့အခါ ဆရာတော်ကြီးက မိခင်ထံမှာ ဒုတိယအကြိမ် ထပ်မံပြီးတော့ တောင်းတော်မူပါတယ်။ ဒုတိယအကြိမ်မှာလည်း အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာ တောင်းခံတော်မူပါလို့ ပြောဆိုကာ ပြန်သွားခဲ့ပြန်တယ်။ နောက်အချိန် တော်တော်ကြာသွားပြန်တဲ့အခါ တတိယအကြိမ် ထပ်မံပြီးတော့ မိခင်ထံ၌ ဆရာတော်ကြီးက သပိတ်ကို အလှူခံပြန်တယ်။ တတိယအကြိမ်မှာလည်း မိခင်ဖြစ်သူက အရှင်ဘုရားရဲ့ ခမည်းတော်ထံမှာပဲ တောင်းခံတော် မူပါလို့ ထပ်မံပြီး လျှောက်ထားပြန်တယ်။

    ဒီလို သုံးကြိမ်တိုင်တိုင် တောင်းခံတော်မူတဲ့အခါ သုံးကြိမ်စလုံးမှာပဲ မိခင်ဖြစ်သူက ပုံစံတူ အဖြေပေးနေတဲ့အတွက် ဆရာတော်ကြီးက မိခင်ဖြစ်သူအား မေးခွန်းတစ်ခုကို မေးကြည့်တော်မူပါတယ်။ ဘယ်လို မေးတော်မူသလဲ?

    ဒီဒါယကာကြီးဟာ ဘုန်းကြီးရဲ့ ဖခင်အရင်း ဟုတ်ပါရဲ့လား? ..

    အဲဒီလို မေးမြန်းကြည့်တော်မူလိုက်ပါတယ်။ အဲဒီအခါမှာ မိခင်ဖြစ်သူက ဖခင်အရင်း ဖြစ်ပါကြောင်းကို ၀နျခံလြှောကျထားသှားခဲ့တယျ။

     ဆရာတော်ကြီးက ဘာကြောင့် ဒီလို မေးရတာလဲ? အကြောင်းကတော့ ဆွေမျိုးမတော်သူထံ မဖိတ်ကြားထားသူတို့ထံ၌ မတောင်းခံရန် ဘုရားရှင်က သိက္ခာပုဒ်တော်ဖြင့် ပညတ်ထားတော်မူပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဖခင်အရင်း မဟုတ်ခဲ့လျှင် ဆွေမျိုးမတော်သူဘဲ ဖြစ်နေပါတယ်။ ၀ိနညျးတောျအရ ဒီလို ဆွေမျိုးမတော်သူထံ၌ မတောင်းခံလိုတဲ့အတွက် ယခုလို ဖခင်အရင်း ဟုတ်မဟုတ်ကို မိခင်ဖြစ်သူအား မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

      သာသနာတော်မှာ မှီတင်းနေထိုင်ကြတဲ့ ရှင်ရဟန်းတွေဟာ ဒီလို ၀ိနညျးဒသေနာတောျကို လေးစားကာ ဆွေမျိုးမတော်သူများထံ၌ မတောင်းခံခြင်း ဆွေမျိုးတော်သူများထံ၌လည်း အတောင်းအရမ်း မထူပြောခြင်း အလိုနည်းပါးခြင်းကို ဘုရားရှင်က နှစ်ခြိုက်တော်မူပါတယ်။

    ယခုလို အတောင်းအရမ်း ထူပြောလှခြင်း စတဲ့ အတောမသတ်နိုင်တဲ့ လောဘဦးဆောင်နေတဲ့ ကိလေသာ တောချုံပုတ်နှင့် တောချုံပုတ်ရဲ့ အစွယ်အပွားဖြစ်ကြတဲ့ အကုသိုလ်တရား အမျိုးမျိုးတွေကို ရှင်းလင်းသုတ်သင်ပစ် ဖို့ရန် ဒီသုတ္တန်မှာ မြတ်စွာဘုရားက ဆိုဆုံးမနေတော်မူတယ်။ ဘယ်လို ရှင်းကြမလဲ?

     မဂ္ဂင် ရှစ်ပါး ကျင့်စဉ်တရားလို့ ခေါ်ဆိုအပ်တဲ့ .. သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို တကယ်လက်တွေ့ အောင်အောင်မြင်မြင် မှန်မှန်ကန်ကန် တိတိကျကျ အရိယမဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ဆိုက်သည့် တိုင်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခြင်းဖြင့် ဒီကိလေသာ တောချုံပုတ်နှင့် အဆွယ်အပွားတွေကို ရှင်းလင်းပစ်ကြရမှာ ဖြစ်တယ်။ ဘုရားရှင် ဟောကြားထားတော်မူတဲ့ သီလကျင့်စဉ်ပိုင်းဆိုင်ရာ ဒေသနာတွေကတော့ အလွန်ကျယ်၀န်းလှပါတယ်။ မိမိတို့စွမ်းအားရှိသလောက် လေ့လာကာ ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်တယ်။ အလားတူပဲ သမာဓိကျင့်စဉ်ပိုင်းတွေကလည်း အထိုက်အလျောက် ကျယ်၀န်းတဲ့သဘော ရှိပါ တယ်။ သို့သော်လည်း မိမိတို့စွမ်းအားရှိသလောက် ဈာန်သမာဓိတွေကို ၀ိပူနာဉာဏျတှရေဲ့ အခြေခံပါဒကဈာန် ဖြစ်နိုင်လောက်အောင် ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ၀ိပူနာပိုငျးဆိုငျရာ ကျင့်စဉ်တွေကတော့ ပိုမိုပြီးတော့ နက်ရှိုင်းတဲ့ သဘောလည်း ရှိပါတယ်၊ ခက်ခဲတဲ့သဘောလည်း ရှိပါတယ်။

     ဘယ်လိုပင် နက်နဲခက်ခဲသော်လည်း ဖြူစင်သန့်ရှင်းနေတဲ့ သီလဆိုတဲ့ မြေပေါ်မှာ ရပ်တည်ပြီးတော့ စျာန်သမာဓိဆိုတဲ့ ကျောက်ဖျာထက်မှာ ၀ိပူနာဉာဏျဆိုတဲ့ သန်လျက်ကို မြမြထက်သွားအောင် မလျော့တဲ့ ဇှဲလုံ့လ၀ီရိယ မမေ့ပျောက်တတ်တဲ့ ထင်လင်းတဲ့သတိတို့ အမြဲတမ်း ခြံရံကာ အဆက်မပြတ် သွေးနေခဲ့မည်ဆိုလျှင်တော့ တစ်နေ့မှာတော့ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာမှာ ဖြစ်ပါတယ်။ ဒီ၀ိပူနာဉာဏျသနျလကြျဟာ ထက်မြက်စူးရှလာခဲ့လျှင် ဘယ်လိုပင် ခက်ခဲနက်နဲသော်လည်း တစ်နေ့မှာတော့ သဒ်ဓါတရား အပြည့်အ၀ဖြင့် အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကို စွန့်ခွာကာ အိမ်ရာမတည်ထောင်တဲ့ ရဟန်းဘောင်သို့ ၀ငျရောကျပွီး ရှင်ရဟန်းပြုလာတဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ မျှော်မှန်းနေတဲ့ အရဟတ္တဖိုလ်ပန်းကို ဆင်မြန်းနိုင်ကြမှာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်သွားပြီဆိုလျှင်တော့ .. ကိလေသာတောချုံပုတ်နှင့် ကိလေသာတောချုံပုတ်ရဲ့ အဆွယ်အပွားတွေကို အနုသယဓာတ်ငုတ်ပါ မကျန် အကြွင်းအကျန်မရှိ ကုန်စင်အောင် ရှင်းလင်းသုတ်သင်ပြီး ဖြစ်သွားပါလိမ့်မည်။

     ဒီကျင့်စဉ်အရပ်ရပ်တွေထဲက ရှေးဦးစွာ .. ကထာ၀တ္ထု ဆယ်ပါးအကြောင်းကို တရားနာပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုပါတယ် ..။

                              
   (တောကိုတော့ ရှင်းလင်းပါ၊သစ်ပင်ကိုတော့ မခုတ်လှဲပါနှင့် ) 
  ဖားအောက်တောရဆရာတော်ကြီး 

   Credit..

Saturday, May 16, 2026

ဒါနဉ္စမင်္ဂလာ

(၁၄)ဒါနဉ္စမင်္ဂလာ

တစ်ခါတုန်းက ကဿပဘုရားရှင် လက်ထက်တော်အခါကာလက သူငယ်ချင်း ရဟန်းနှစ်ပါး ရှိခဲ့ဖူးပါတယ်။အကျင့်ပဋိပတ်ကို ရဟန်း နှစ်ပါးလုံး ကျင့်နေကြတာပါ။

ဒါပေမယ့် ဝတ်ဖြည့်ကျင့်ပုံခြင်းကျတော့ မတူပါဘူး။တစ်ပါးက သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်ပါတယ်။တစ်ပါးက အတ္တဂ္ဂ ကျင့်ဝတ် ကိုဖြည့်ကျင့်ပါတယ်။

တစ်နေ့တော့ သာရဏီယကျင့်ဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းက အတ္တဂ္ဂဝတ်ကို ဖြည့်ကျင့်နေတဲ့ ရဟန်းကို ဒီလိုပြောလာပါတယ်။

"ငါ့ရှင် မပေးလှူတဲ့သူဟာ အကျိုးဆိုတာ မရှိဘူး။မိမိရအပ်တဲ့ ပစ္စည်းကို သူတစ်ပါးကို ပေးလှူပြီးမှ သုံးဆောင်သင့်တယ်"

ဒီတော့ အတ္တဂ္ဂဝတ်ကို ကျင့်နေတဲ့ ရဟန်းက ဒီလိုပြန်ပြောပါတယ်။

ငါ့ရှင် သင် ဘာမှမသိပါလား၊အလှူခံရလာတဲ့ လှူဘွယ်ပစ္စည်း တွေကိုမပျက်ဆီးစေသင့်ဘူး။မိမိအတွက် မျှတရုံပဲ အလှူခံပြီး ဘတ္တ ဂွဝတ်ကို ဖြည့်ကျင့်သင့်တယ်"

သာရဏီယဝတ်ကို ကျင့်နေတဲ့ ရဟန်းက သူငယ်ချင်းရဟန်းကို ဘတ္တဂ္ဂဝတ်အပြင် ဒါနလေးပါတွဲပြီး ပြုကျင့်စေပုံရပါတယ်။

ဒါပေမယ့် သူငယ်ချင်း ရဟန်းနှစ်ပါးဟာ တစ်ပါးရဲ့ အယူအဆကို တစ်ပါးက မချေဖျက်နိူင်ကြပါဘူး။

ဒီလိုနဲ့ သူငယ်ချင်း ရဟန်းနှစ်ပါးဟာ ကိုယ့်ရဲ့အကျင့်ကို ဖြည့်ကျင့်ပြီး စုတေတော့ ကာမာဝစရနတ်ပြည်မှာ နတ်ဖြစ်သွားပါတယ်။

နတ်ပြည်မှာ ဖြစ်ကြတော့ သာရဏီယကျင့်ဝတ်ကို ကျင့်ခဲ့ဖူးတဲ့ နတ်သားက အတ္တဂ္ဂဝတ်ကို ကျင့်ခဲဖူးတဲ့ နတ်သားထက် အသက်၊ အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းဆိုတဲ့ အကြောင်းငါးမျိုးနဲ့ လွှမ်းမိုးယူနိုင်ခဲ့ပါတယ်တဲ့။

သူငယ်ချင်း နတ်သားနှစ်ယောက်ဟာ နတ်ပြည်၊လူ့ပြည် ကျင်လည်ရင်း ဂေါတမဘုရားရှင် လက်ထက်ရောက်လာတော့ သာရဏီ ယဝတ်ကျင့်ခဲ့တဲ့ နတ်သားက ကောသလမင်းကြီးနဲ့ မိဖုရားကြီးရဲ့ဝမ်းမှာ ဝင်စားပါတယ်။

သူငယ်ချင်းနတ်သားကတော့ မိဖုရားကြီးရဲ့ အလုပ်အကြွေးလုပ်သူ အမျိုးသမီးရဲ့ ဝမ်းမှာ ဝင်စားပါတယ်။

မွေးဖွားတော့လည်း တစ်နေ့တည်းမှာပဲ အတူတူမွေးဖွားခဲ့ပါတယ်။ကလေးနှစ်ယောက်ကို ကျက်သရေရှိတဲ့ အိပ်ရာရယ်။နန်းတော် ရယ် ကိုမြင်လိုက်တာမင်းအိမ်မှာဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။

သူငယ်ချင်း ဘယ်မှလဲလို့ ဆင်ခြင်လိုက်တော့ ခပ်နိမ့်နိမ့်နေရာမှာ တွေ့လိုက်ရပါတယ်။

ဒီတော့ မင်းရဲ့သားဖြစ်သူက သူငယ်ချင်းကို စကားလှန်းပြောပါတယ်။

"သူငယ်ချင်း သင်ဟာ ငါရဲ့စကားကို နားမထောင်ခဲ့ဘူး"

"ဘာကြောင့်လဲ"

"ငါ့ရဲ့ စည်းစိမ်တွေကို ကြည့်စမ်း၊ထီးဖြူနဲ့ ကျက်သရေရှိတဲ့ အခင်းနဲ့ နေရတယ်။သင်ကတော့ နိမ့်တဲ့နေရာမှာ နေရတယ်၊ကြမ်းတမ်း တဲ့ အခင်းမှာ အိပ်နေရတယ်။"

"သင်က ထီးဖြူ အိပ်ရာကို အမှီပြုပြီး မာနဖြစ်နေတာလား၊တကယ်တော့ ထီးဖြူ အိပ်ရာဟာ ပထဝီဓာတ်ပါပဲ" လို့ ပြန်ပြောလိုက်ပါ တယ်။

ဒီစကားတွေကို သုမနာမင်းသမီးက ကြားလိုက်ရပါတယ်။မင်းသမီးက "ငါ့မောင်ငယ်တွေဟာ ဓာတ်ဆိုတဲ့ စကားတွေပြောနေတယ်။

မိဘတွေသိရင်တော့ ဘီလူးတွေလိုထင်ပြီး နှင်ထုတ်ကုန်တော့မှာပဲ ဆိုပြီး မြတ်စွာဘုရားဆီ ထွက်ခဲ့ပါတယ်။

မြတ်စွားဘုရားဆီရောက်တော့ မင်းသမီးက မြတ်စွာဘုရား သာသနာမှာ တပည့်နှစ်ဦးဟာ သဒ်ဓါ၊သီလ၊ပညာ ရှိကြပါတယ်။တစ်ဦး က ပေးလှူပြီး တစ်ဦးက မပေးလှူပါ၊သေတဲ့အခါ နတ်ပြည်ရောက်ရပါတယ်။

ဒီနှစ်ယောက်ဟာ ထူးခြားချက်ရှိပါသလားဘုရား" လို့လျှောက်ပါတယ်။ဒီတော့ မြတ်စွာဘုရားက-

သုမနာ ပေးလှူတဲ့သူဟာ မပေးလှူတဲ့သူကို အသက်၊အဆင်း၊ချမ်းသာ၊အခြံအရံ၊အစိုးရခြင်းနဲ့ လွမ်းမိုးနိူင်ပါတယ်။ လို့ မိန့်ပေးပါ တယ်။

**ဒါနကောင်းမှု ပြုလုပ်ခြင်းသည် ( ပေးကမ်းလှူဒါန်းခြင်းသည်) မင်္ဂလာတစ်ပါးဖြစ်ပါသည်။**

#၃၈ဖြာမင်္ဂလာ 

Thursday, May 14, 2026

အလှူ၆ဖြာ လှူရာ၆နည်း

အလှူ (၆) ဖြာ၊ လှူရာ (၆) နည်း
          

#ကိံဒဒသုတ္တံပါဠိ

ကိံဒဒေါ ဗလဒေါ ဟောတိ, 
ကိံဒဒေါ ဟောတိ ဝဏ္ဏဒေါ၊
ကိံဒဒေါ သုခဒေါ ဟောတိ,
ကိံဒဒေါ ဟောတိ စက္ခုဒေါ၊
ကော စ သဗ္ဗဒဒေါ ဟောတိ,
တံ မေ အက္ခာဟိ ပုစ္ဆိတောတိ။

အန္နဒေါ ဗလဒေါ ဟောတိ,
ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ၊
ယာနဒေါ သုခဒေါ ဟောတိ,
ဒီပဒေါ ဟောတိ စက္ခုဒေါ။

သော စ သဗ္ဗဒဒေါ ဟောတိ,
ယော ဒဒါတိ ဥပဿယံ၊
အမတံ ဒဒေါ စ သော ဟောတိ,
ယော ဓမ္မမနုသာသတီတိ။
(သံ၊၁၊၂၉။)

#ကိံဒဒသုတ္တံအနက်ပေး

ဘန္တေ၊ မြတ်စွာဘုရား။
ကိံ၊ အဘယ်အရာကို။
ဒဒေါ၊ ပေးလှူသောသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
ဝဏ္ဏဒေါ၊ အဆင်းကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာ ပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်ပါသနည်း။။
ကိံဒဒေါ၊ အဘယ်အရာကို ပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ကော စ၊ အဘယ်သူသည်ကား၊
သဗ္ဗဒဒေါ၊ အလုံးစုံသော အရာကို ပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်ပါသနည်း။။
ဣတိ၊ ဤသို့။
ပုစ္ဆိတော၊ မေးလျှောက်အပ်သော။
မေ၊ အကြှနျုပျအား။
တံ၊ ထိုအကြောင်းကို။
ဘဂဝါ၊ ဘုန်တော်ကြီးတော်မူအပ်သော။
တွံ၊ အရှင်မြတ်စွာဘုရားသည်။
အက္ခာဟိ၊ အဖြေစကား ဟောကြားတော်မူပါလော့။
ဣတိ၊ ဤသို့။
အဝေါ စ၊ လျှောက်ထား၏။။

ဒေဝပုတ္တ၊ သိလိုရေးဖြင့် မေးလျှောက်လေငြား အို... နတ်သား။
အန္နဒေါ၊ ဆွမ်းထမင်းအစာကို ပေးလှူသူသည်။
ဗလဒေါ၊ ခွန်အားကို ပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ဝတ္ထဒေါ၊ အဝတ်သင်္ကန်းကို ပေးလှူသောသူသည်။
ဝဏ္ဏဒေါ အဆင်းကိုလှူသည်မည်သည်။
ဟောတိ၊ ဖြစ်၏။။
ယာနဒေါ၊ ယာဉ်ကိုပေးလှူသူသည်။
သုခဒေါ၊ ချမ်းသာကိုပေးလှူသူမည်သည်။
ဟောတိ၊ဖြစ်၏။။
ဒီပဒေါ၊ ဆီမီးကိုပေးလှူသူသည်။
စက္ခုဒေါ၊ မျက်စိကိုပေးလှူသူမည်သည်။
ဟောတိ၊ ဖြစ်၏။။
ယော စ၊ အမှတ်မထင် အကြင်သူသည်ကား။
ဥပဿယံ၊ နေရာကျောင်း စသည်ကို။
ဒဒါတိ၊ ပေးလှူ၏။
သော၊ နေရာကျောင်း စသည်ကို ပေးလှူသောထိုသူသည်။
သဗ္ဗဒဒေါ၊ အလုံးစုံကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ယော စ၊ အကြင်သူသည်ကား။
ဓမ္မံ၊ တရားကို။
အနုသာသတိ၊ ပြောဟောပြသ ဆိုဆုံးမ၏။
သော၊ ထိုသူသည်။
အမတံဒဒေါ၊ အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်သည်။
ဟောတိ၊ဖြစ်၏။။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
အဝေါ စ၊ အဖြေစကား မိန့်ကြားတော်မူပြီတကား။။

#လင်္ကာ

အင်အားလိုခါ၊ စားစရာ၊
ကောင်းစွာလှူရသည်။
အဆင်းလှလို၊ အဝတ်ကို၊
ကြည်ညိုလှူရသည်။
ချမ်းသာလိုငြား၊ ယာဉ်ရထား၊
လေးစားလှူရသည်။
ဆီမီးလှူလျှင်၊ မျက်စိမြင်၊
အမှန်ပင် ရနိုင်သည်။
ကျောင်းနေရာမှတ်၊ လှူတုံလတ်၊
အရပ်ရပ်လှူသည်မည်။
တရားဒေသနာ၊ ဟောပြောခါ၊
မသေရာလှူသည်မည်။။

          ဓမ္မဒါန
ဦးသောဘန(မကွေး)

Sunday, April 26, 2026

ထင်ရှားရာ အာရုံကိုသာ ရှုပါ

"ထင်ရှားရာ အာရုံကိုသာ ရှု
ပါ"
🍀🍀🌷🍀🍀🌷🍀🍀🌷
            
ဒီနေရာမှာ "သတိပဋ္ဌာန်"ဆိုတဲ့ 
စကားရဲ့အဓိပ္ပာယ်ကို အကျဉ်းချုပ်မျှ 
သိထားရင် ကောင်းပါတယ်။

သတိပဋ္ဌာန် ဆိုတာ - 
" အာရုံ၌ သက်ဝင် ပျံ့နှံ့ ၍ ဖြစ်တတ်သော
  သတိ " လို့ လည်း ဆိုနိုင်ပါတယ်။

အာရုံက... 
"ရုပ်, ဝေဒနာ, စိတ်, သဘော" လို့
လေးမျိုး ကွဲပြားတော့ 

သတိပဋ္ဌာန် ကလည်း...

* ကာယာနုပဿနာ သတိပဋ္ဌာန်၊
* ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊
* စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊
* ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့
လေးမျိုး ကွဲပြား ပါတယ်။

နောက်တစ်နည်း ကတော့
သတိဖြင့် စွဲမြဲစွာ ရှုခြင်း စူးစိုက်ခြင်းလို့ ဆိုရင်
ပိုရှင်းပါတယ်။

ရုပ်ကို စူးစိုက်ရှုတော့... 
ကာယာနုပဿနာ သတိပဋ္ဌာန်၊

ခံစားမှုကို စူးစိုက်ရှုတော့... 
ဝေဒနာနုပဿနာ သတိပဋ္ဌာန်၊

စိတ်ကို စူးစိုက်ရှုတော့... 
စိတ္တာနုပဿနာ သတိပဋ္ဌာန်၊

သဘောကို စူးစိုက်ရှုတော့... 
ဓမ္မာနုပဿနာ သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။

အရှုခံ အာရုံက, 
ရုပ်, ခံစားမှု, စိတ်, သဘောလို့
လေးမျိုး ရှိသော်လည်း -

ရုပ်ကို ရှုမယ်, ခံစားမှုကို ရှုမယ်, လို့
ရွေးချယ်ဖို့ မလိုပါဘူး၊
ရွေးချယ်လို့လည်း မရပါဘူး။

ဘာကြောင့်လည်း ဆိုတော့... 
ရှုစိတ်က ကိုယ်ရှုလိုရာ အာရုံဆီ မရောက်ဘဲ၊ 
ထင်ရှားရာ အာရုံဆီကိုသာ ရောက်တတ်လို့ ပါပဲ။

ဥပမာ ...နာကျင် ကိုက်ခဲစေတဲ့ ပြင်းထန်တဲ့
ဒုက္ခဝေဒနာတွေ ဖြစ်ပေါ်လာတဲ့ အခါမှာ

မိမိက ဝင်လေ ထွက်လေကို ဖြစ်စေ၊ ဝမ်းဗိုက် ဖောင်းမှု ပိန်မှုကိုဖြစ်စေ ရှုလိုတဲ့အတွက်၊ ရှုစိတ်ကို 
အဲဒီ အာရုံတွေပေါ် တွန်းပို့သော်လည်းမရပါဘူး။

အဲဒီ အာရုံတွေထက် ပိုပြီး ထင်ရှားတဲ့ 
ဒုက္ခဝေဒနာတွေ ဆီကိုပဲ ရောက်ရောက်သွားပါတယ်။

ဒါကြောင့် မိမိ ရှုလိုရာကို ရွေးချယ်ပြီး မရှုရပါဘူး၊  
ရှုရင် သဘာဝ မကျတဲ့ အတွက်သမာဓိ မရရုံမျှ မကဘဲ စိတ်နဲ့ယောဂီ အားပြိုင်လွန်ဆွဲ နေသလို 
ဖြစ်ပြီး မောလာ တတ်ပါတယ်။

ဒီတော့ အားထုတ်လို့ မဖြစ်ပါဘူး ဆိုပြီးစိတ်ပျက် သွားတတ်ပါတယ်။

ဒါကြောင့် 
မိမိရှုလိုရာ အာရုံကို မရွေးဘဲ၊
ရှုနေဆဲ ခဏမှာ ထင်ရှားရာ 
ထင်ရှားရာ အာရုံကိုသာ 
အလိုက်သင့် ရှုရပါတယ်၊
စူးစိုက် ရပါတယ်။

* ချမ်းမြေ့ဆရာတော်ဘုရားကြီး
                

Tuesday, April 21, 2026

ကိလေသာစစ်မြေပြင်၌ သတိဖြင့် အောင်ပွဲခံခြင်း

 ကိလေသာစစ်မြေပြင်၌ သတိဖြင့် အောင်ပွဲခံခြင်း
🌿🌿🥀🌿🌿🥀🌿🌿🥀

ကိလေသာစစ်မြေပြင်သို့ ချီတက်ရာတွင် အစွန်းနှစ်ပါးမှလွတ်သော "မဇ္ဈိမပဋိပဒါ" ခေါ် အလယ်အလတ် ကြားလမ်းကျင့်စဉ်အကြောင်းကို "ကိလေသာစစ်မြေပြင်သို့စစ်ချီခြင်း" ဆောင်းပါးတွင် လေ့လာခဲ့ကြပြီး ဖြစ်ပါ သည်။ ယခု ဤဆောင်းပါးတွင်မူ ထိုစစ်မြေပြင်၌ အောင်ပွဲခံနိုင်ရန် အရေးကြီးဆုံးဖြစ်သော "သတိ"ကို ထိထိမိမိ အသုံး ချတတ်ရုံဖြင့် (က) အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) မည်သို့ တွဲမိသွားပုံ၊ (ခ) မဂ္ဂင်ရှစ်ပါးနှင့် သိက္ခာသုံးပါးတို့ မည်သို့ ပြည့်စုံသွားပုံတို့ကို ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပါသည်။

ကိလေသာစစ်မြေပြင်သို့ စစ်ချီကြမည့် ယောဂီစစ်သည်တော်တို့အတွက် "အလယ်အလတ်လမ်း" (ဝါ) "ကြားလမ်း" ကျင့်စဉ်ကို သိရုံဖြင့် မလုံလောက်သေးပေ။ လက်တွေ့စစ်မြေပြင်တွင် လက်နက်ကိုင်စွဲပုံ "အကျင့်" (စရဏ) နှင့် ရန်သူကို အကဲခတ် တတ်သော "အသိ" (ဝိဇ္ဇာ) နှစ်ခု မည်သို့ပေါင်းစပ်ရမည်ကို သိရန် အလွန်အရေး ကြီးပါသည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက အကျင့်နှင့်အသိကို စစ်မြေပြင်အတွေ့အကြုံ နှင့် ယှဉ်၍ ဤသို့ ရှင်းလင်းပြတော်မူသည်။

 စစ်မြေပြင်သုံး ကိရိယာများနှင့် အောင်ပွဲပန်းတိုင် (စရဏ နှင့် ဝိဇ္ဇာ)
စစ်တိုက်ရာတွင် မိမိဘက်မှ တပ်ဆင်ထားရမည့် လက်နက်ကိရိယာများရှိသကဲ့သို့၊ သိမ်းပိုက်ရမည့် ပစ်မှတ်များလည်း ရှိပါသည်။ ဓမ္မစစ်မြေပြင်တွင် မိမိဘက်မှ ဖြည့်ဆည်းရမည့် အကျင့်ကိရိယာများကို "စရဏ (၁၅) ပါး" ဟုခေါ်ပြီး၊ ရရှိလာမည့် အထူးသိဉာဏ် အောင်ပွဲများကို "ဝိဇ္ဇာ" ဟု ခေါ်ပါသည်။

စရဏ (၁၅) ပါးဟူသည် - 
 (က) အခြေခံ စောင့်စည်းမှုများ
 (၁) သီလ (ကိုယ်၊ နှုတ် စောင့်စည်းခြင်း)
 (၂) ဣန္ဒြေယ (မျက်စိ၊ နား စသည့် ဒွါရခြောက်ပါးကို လုံခြုံစွာပိတ်ဆို့ခြင်း)

 (ခ) နေ့စဉ်နေထိုင်မှု အလေ့အကျင့်များ
 (၃) ဘောဇနမတ္တညု (အစားအသောက်ကို မျှတရုံသာ မှီဝဲခြင်း)
 (၄) ဇာဂရိယ (နိုးကြားတက်ကြွနေခြင်း)

 (ဂ) စိတ်ဓာတ်ခွန်အားဖြည့် သူတော်ကောင်းတရားများ
 (၅) သဒ်ဓါ (ယုံကြည်ချက် ခိုင်မာခြင်း)
 (၆) သတိ (စစ်သားကောင်းပမာ သတိလက်မလွတ်ခြင်း)
 (၇) ဗာဟုသစ္စ (ကျင့်စဉ်လမ်းကြောင်းကို အမြဲလေ့လာခြင်း)
 (၈) ဝီရိယ (ရဲရင့်စွာ ကြိုးစားအားထုတ်ခြင်း)
 (၉) ပညာ (အမှားအမှန် ခွဲခြားနိုင်ခြင်း)
 (၁၀) ဟီရိ (မကောင်းမှုပြုရမည်ကို ရှက်ခြင်း)
 (၁၁) သြတ္တပ္ပ (မကောင်းမှုပြုရမည်ကို ကြောက်ခြင်း)

 (ဃ) အဆင့်မြင့် သမာဓိအကျင့်များ
 (၁၂) အာကာသဈာန် (ရုပ်ကိုမသုံး ဟင်းလင်းပြင်ချည်းလုံးလုံး ဖြစ်စေခြင်း)
 (၁၃) ဝိဉာဏဈာန် (ဟင်းလင်းပြင် မသုံး နာမ်စဉ်ချည်းလုံးလုံး ဖြစ်စေခြင်း)
 (၁၄) အာကိဉ္စဈာန် (ရုပ်သက်ပျောက်ဆုံး နာမ်သက်ချည်းလုံးလုံးဖြစ်စေခြင်း)
 (၁၅) နေဝသညာဈာန် (နာမ်ရိုင်းပျောက်ဆုံး နာမ်၏ အသိမ်မွေ့ဆုံးသို့ ရောက်စေခြင်း) တို့ဖြစ်သည်။

ဝိဇ္ဇာ (အထူးသိဉာဏ်) ဟူသည် - ထိုသို့ ကျင့်ကြံအားထုတ်မှုကြောင့် ရရှိလာမည့် အသိဉာဏ်များမှာ ဝိဇ္ဇာ (၃) ပါး နှင့် ဝိဇ္ဇာ (၈) ပါးဟူ၍ ရှိပါသည်။
 ဝိဇ္ဇာ (၃) ပါး တွင် အတိတ်ဘဝကိုသိသောဉာဏ် (ပုဗ္ဗေနိဝါသာနုဿတိ)၊ ဝေးသောကွယ်သောအရာ ကိုမြင်သောဉာဏ်(ဒိဗ္ဗစက္ခု)နှင့် ကိလေသာကုန်ခမ်းကြောင်းကိုသိသောဉာဏ် (အာသဝက္ခယဉာဏ်) တို့ ပါဝင်ပြီး လောကီနှင့် လောကုတ္တရာ ရောစပ်နေပါသည်။
 ဝိဇ္ဇာ (၈) ပါး ကား သောတာပတ္တိမဂ်ဖိုလ် မှသည် အရဟတ္တမဂ်ဖိုလ်အထိ မဂ်ဉာဏ် (၄) ပါး၊ ဖိုလ်ဉာဏ် (၄) ပါးဖြစ်ပြီး လောကုတ္တရာသက်သက် အသိအမြင်များ ဖြစ်ပါသည်။

 စစ်မြေပြင်သုံး အဓိကလက်နက် (သတိ)
အစွန်းနှစ်ပါးမှလွတ်ကင်းသော မဇ္ဈိမပဋိပဒါလမ်းအစစ်ကို လျှောက်လှမ်းလိုလျှင် "သတိ" ဟူသော လက်နက်ကို စွဲကိုင်ရပါမည်။

စစ်မြေပြင်ရောက် စစ်သားကောင်းတစ်ယောက်သည် မိမိလက်ထဲရှိ လက်နက်ကို အသင့်ပြင်ထားရသည်။ ရန်သူလာလာ၊ တိရစ္ဆာန်လာလာ ... မည်သူလာသည်ဖြစ်စေ အသက်အန္တရာယ်ရှိလာလျှင် လက်ထဲရှိလက်နက်ဖြင့် မလွတ်တမ်း ပစ်ခတ်ရမည်သာ ဖြစ်သည်။

ဤ၌ ဆရာတော်ကြီးက အလွန်ထိမိသော အဆုံးအမတို့ကို မိန့်ကြားတော်မူပါသည်။
"သတိလေးတစ်လုံးသည် ဘူးရုံ တစ်ရုံလုံး၏ ရေသောက်မြစ်ပဲ ယောဂီတို့။ စစ်ပွဲကြားက စစ်သား တစ်ယောက်ဟာ လက်ထဲရှိ သူ့လက်နက်ကို အသင့်ပြင်ထားတယ်။ မျက်စိကို ဖွင့်၊ နားကို စွင့်လျက်နဲ့လည်း နေ တယ်။ အသက်ချင်းလဲကြရမှာကိုး။ သည်အချိန်မှာပဲ တစ်ဖက်ရန်သူ လာတယ်ဆိုရင် ဘယ့်နှယ်လုပ်သလဲ... လက်ထဲရှိတဲ့ သေနတ်နဲ့ ပစ်မှာပဲ။ နွား၊ ကျွဲများ ပြေးလွှားလာရင်ကော... မလွတ်တမ်း ပစ်ထည့်လိုက်မှာပဲ။ ဘာလာ လာ၊ သည်သတိလက်နက်တစ်မျိုးတည်းနဲ့ပဲ ကိစ္စပြီးစေရမယ်။ ဘာဖြစ်ဖြစ် သည်သတိနဲ့ပဲ ဖြေရှင်းရမယ်။ 
ငါ ဝင်မရှုပ် လေနဲ့၊ ငါဝင်ရှုပ် အလုပ်များသွားမယ်။"

ယောဂီတို့သည်လည်း မိမိခန္ဓာတွင် မည်သည့်အာရုံ ပေါ်လာပေါ်လာ "ငါ" ဝင်မရှုပ်ဘဲ "သတိ" ဟူသော လက်နက်တစ်မျိုးတည်းဖြင့်သာ အကဲခတ် မှတ်သိနေရပါမည်။

ဥပမာ - ထိုင်နေစဉ် နှာသီးဝ၌ လေတိုးတာလေးကို သတိကပ်၍ စေ့စေ့စပ်စပ် ရှုကြည့်နေမည်။ လေဝင်လာ လျှင် ထိမှန်းသိမည်၊ လေထွက်သွားလျှင် ထိမှန်းသိမည်။ ဤသို့ "ထိတယ်၊ သိတယ်" ဟူသော သတိလေးဖြင့် ကပ်ကြည့်နေခြင်းသည် စိတ်လွတ်ကိုယ်လွတ်လည်း မဟုတ်၊ အတင်းအကျပ် ချုပ်တည်းထားခြင်းလည်း မဟုတ်ဘဲ အရှိကို အရှိတိုင်း သိနေသော "မဇ္ဈိမပဋိပဒါလမ်း" (ဝါ) "ကြားလမ်းအစစ်" ပင် ဖြစ်ပါသည်။

 သတိတစ်လုံးတည်းဖြင့် မဂ္ဂင်ယာဉ်ရထား တည်ဆောက်ခြင်း
ဤသတိတစ်လုံးကို ထိထိမိမိ အသုံးချလိုက်သည်နှင့် တစ်ပြိုင်နက် မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးသည် အလိုအလျောက် တပ်ဆင်ပြီးသား ဖြစ်သွားပါသည်။

၁။ သမာဓိမဂ္ဂင်အုပ်စု နှာသီးဝ၌ အမှတ်မလွတ်အောင် ကြောင့်ကြစိုက်ထုတ်နေမှုသည် ဝီရိယ (သမ္မာ ဝါယာမမဂ္ဂင်)၊ ကပ်၍မှတ်နေမှုသည် သတိ (သမ္မာသတိမဂ္ဂင်)၊ ဝင်တိုင်းထွက်တိုင်း ငြိမ်သက်စွာ သိနေမှုသည် သမာဓိ (သမ္မာသမာဓိမဂ္ဂင်) ဖြစ်သွားပါသည်။
၂။ ပညာမဂ္ဂင်အုပ်စု ထိုသို့ သမာဓိရလာသောအခါ လေ၏ ဝင်ပုံထွက်ပုံ သဘောတရားများကို အရှိအတိုင်း မှန်ကန်စွာ မြင်လာမှုသည် သမ္မာဒိဋ္ဌိမဂ္ဂင်၊ ထိုအမှန်အသိဆီသို့ စိတ်ကို ရှေးရှုတင်ပေးနေမှုသည် သမ္မာသင်္ကပ္ပမဂ္ဂင် ဖြစ်သွားပါသည်။
၃။ သီလမဂ္ဂင်အုပ်စု ရှေ့က သတိဖြင့်မှတ်၊ နောက်က ပညာဖြင့် အမှန်သိနေသည့် အချိန်ခဏလေး အတွင်း၌ မကောင်းသောစကား ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု (သမ္မာဝါစာမဂ္ဂင်)၊ မကောင်းသောအလုပ် လုပ် ဆောင်ခြင်းမှ ရှောင်ကြဉ်မှု (သမ္မာကမ္မန္တမဂ္ဂင်)၊ မကောင်းသော နည်းလမ်းဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်မှု (သမ္မာအာဇီဝမဂ္ဂင်) တည်းဟူသော သီလမဂ္ဂင်များမှာလည်း ဒုစရိုက်များ ဝင်ရောက်ခွင့်မရတော့သဖြင့် အလိုလို လုံခြုံပြီးသား ဖြစ်သွားပါသည်။

ထိုအကြောင်းကို ဆရာတော်ကြီးက ယခုကဲ့သို့ ပေါင်းရုံး၍ မိန့်ကြားတော်မူပါသည်။
"အားလုံးပေါင်းတော့ သတိ ရှိ၊ အသိ ရှိတယ်။ သတိနောက် အသိ အမြဲ နောက်လိုက်ပါနေတယ်။ သည် သတိနဲ့ အသိ ရှိနေသမျှ သမာဓိ၊ ပညာ အကုန်ပါပြီး သီလသိက္ခာလည်း ပါပြီးပေါ့။ သည်တော့ တို့ယောဂီတွေ မှတ်နေတဲ့ သတိလေးတစ်လုံးက မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးလည်း အဆင်သင့် တပ်ဆင်ပြီးသား ဖြစ်သွားပါပြီ။ သိက္ခာသုံးပါး အကျင့်များလည်း အသွားမပျက် ကွင်းဆက်မိနေပြီမဟုတ်လား"

 နိဂုံး
သံသရာအဆက်ဆက်က ရှုံးနိမ့်ခဲ့ရသော ကိလေသာစစ်ပွဲများကို ယခုဘဝတွင် အပြီးတိုင် အဆုံးသတ်ရန် အချိန်တန်ပါပြီ။ သို့ဖြစ်၍ ယောဂီသူတော်စင်အပေါင်းတို့သည် ဘုရားရှင်နှင့်တကွ ကျေးဇူးတော်ရှင် ဆရာတော် ဘုရားကြီးများ လက်ဆင့်ကမ်း ပေးသနားခဲ့သော 'သတိ' ဟူသည့် အမွေရပတ္တမြားကို အရင်းတည်လျက် ထိုသတိ ဖြင့် အကျင့် (စရဏ) နှင့် အသိ (ဝိဇ္ဇာ) ကို အချိုးကျပေါင်းစပ်ကာ၊ မဂ္ဂင်ရှစ်ပါး ယာဉ်ရထားကြီးကို စီးနင်းလျက် အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခတနိဗ္ဗာန်နန်းဆီသို့ အောင်ပွဲခံ ချီတက်နိုင်ကြပါစေသတည်း။

#ငြိမ်းချမ်းသာ #တရားအမြုတေများ_၁၈
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-13-4-2026 #သင်္ကြန်အကြိုနေ့

တရားမပါသောနေ့တနေ့

တရားမပါသော နေ့တစ်နေ့
🍃🍃🌺🍃🍃🌺🍃🍃🌺
တရားမသိဘဲ
တစ်ရက် အသက်ရှင်ရင် 
တစ်ရက် အကြွေးတင်တယ် 

တရားမသိဘဲ
တစ်ရက် ဆက်နေရင် 
တစ်ရက် အတိုးအညွန့်တက်တယ် 

အာရုံတစ်ခုခုကို တရားနဲ့ယှဉ်စပ် 
သုံးသပ်ခြင်း မရှိဘဲ 
အလွတ် ခံစားမိချေလျှင် 

- သာယာတပ်စွဲမှု ပေါ်လာပြီး
   ကံသုံးပါး တစ်ပါးပါးဖြင့် 
   ကျူးလွန်မိတတ်ပါတယ် 

- မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး
   ပြစ်မှား ကျူးလွန်မိတတ်ပါတယ် 

- မသိမှုဖုံးအုပ်ခံရပြီးတော့လည်း
   ပြစ်မှား ကျူးလွန်မိတတ်ပါတယ် 

သာယာမှုနဲ့ ပြစ်မှားနေရင်
ဘေးက မသိသော်လည်း မိမိကိုယ်တိုင်တော့ 
သိလောက်ပါတယ် 

မုန်းငြိုးမှုနဲ့ ပြစ်မှားနေပြန်ရင်တော့
ဘေးက သိလွယ်မြင်လွယ်ပါတယ် 

မသိမှုနဲ့ ပြစ်မှားနေရင်တော့
ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်
မသိလိုက်ရတော့ပါဘူး 

တရားမပါတဲ့ နေ့တစ်နေ့ 
ဘယ်လောက် အပြစ်ကြီးနေပြီလဲ ?

အယုတ်အလတ် အမြတ်တို့ အပေါ် ပြစ်မှားခဲ့သမျှ ကိန်းဂဏန်းချ ကြည့်ရင် 
အကြွေးစာရင်းက ကြောက်ဖွယ်လိလိ 

" တရားဆိုတဲ့ အသိ
  မရမချင်း တစ်သံသရာလုံး အကြွေးဆပ်နေရလိမ့်မယ်နော် "

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

ဗောဇ္ဈင်မြေပုံဖြင့် အောင်ပွဲဆီသို့ ချီတက်ခြင်း

 ဗောဇ္ဈင်မြေပုံဖြင့် အောင်ပွဲဆီသို့ ချီတက်ခြင်း
🌳🌳🍂🌳🌳🍂🌳🌳🍂

ယခင်အပိုင်းများတွင် ကိလေသာစစ်မြေပြင်သို့ စစ်ချီရာ၌ သတိလက်နက်ကို စွဲကိုင်ခြင်း၊ ဗိုလ်ငါးပါး အင်အားစုများဖြင့် အားဖြည့်ခြင်းတို့ကို လေ့လာခဲ့ပြီးဖြစ်ပါသည်။ အင်အားတောင့်တင်းလာပြီဖြစ်သော ယောဂီတို့ အနေဖြင့် မည်သည့်အဆီးအတားကိုမဆို ကျော်လွှားနိုင်ပြီဖြစ်ရာ၊ ယခုအခါ အမှန်တရား၏ လမ်းဝပေါက်ရောက် သည်အထိ မနေမနား ဆက်လက်ချီတက်ကြမည့် "စခန်းစဉ်" များကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးက ဆက်လက်ဟောကြားပြသတော်မူပါသည်။

 အကျင့်လမ်းစဉ်၏ မြေပုံ (ဗောဇ္ဈင် ၇ ပါး) 
ဆရာတော်ကြီးက "ယောဂီတို့လက်ထဲက သတိလေးတစ်လုံးနဲ့ ပွားပြီး တက်ကြရမယ်" ဟု လမ်းညွှန် တော်မူပါသည်။ ထိုသို့ သတိကို အခြေခံ၍ သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်ရန် တက်လှမ်းရမည့် အခြေခံအစိတ် အပိုင်းများကို "ဗောဇ္ဈင်" ဟု ခေါ်ဆိုပါသည်။ 

၎င်းတို့မှာ -
 သတိသမ္ဗောဇ္ဈင်္ဂ - ရှုကွက်ပေါ်၌ သတိမှတ်အားကို တွင်တွင်ပွားများနေခြင်း။ 
 ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂ - မှတ်အားတက်လာသဖြင့် ရုပ်နာမ်တို့၏ လှုပ်ရှားမှု၊ ဖြစ်ပျက်မှု သဘောများကို ဉာဏ်ဖြင့် စူးစမ်းခွဲခြား သိမြင်လာခြင်း။ 
 ဝီရိယသမ္ဗောဇ္ဈင်္ဂ - ထိုသို့ ဖြစ်ပျက်သဘောများကို မြင်လာရသဖြင့် ပိုမိုကြိုးစားလိုသော ဝီရိယ အားများ တိုးပွားလာခြင်း။ 
 ပီတိသမ္ဗောဇ္ဈင်္ဂ - မိမိစိတ်တိုင်းကျ ရှုမှတ်၍ရလာသဖြင့် နှစ်သက်အားရ သဘောကျမှု (ပီတိ) ဖြစ် ပေါ်လာခြင်း။ 
 ပဿဒ္ဓိသမ္ဗောဇ္ဈင်္ဂ - နှစ်သက်မှုအားကောင်းလာသဖြင့် ကိုယ်ရောစိတ်ပါ ငြိမ်းအေးချမ်းသာမှု ရလာခြင်း။  
 သမာဓိသမ္ဗောဇ္ဈင်္ဂ - ကိုယ်စိတ်ချမ်းသာမှုရလာသဖြင့် စိတ်သည် ဟိုဒီမပြေးတော့ဘဲ အာရုံတစ်ခု တည်းပေါ်၌ တည်ကြည်လာခြင်း။ 
 ဥပေက္ခာသမ္ဗောဇ္ဈင်္ဂ - စိတ်တည်ကြည်မှု မလှုပ်မယှက်တော့သဖြင့် မည်သည့်အာရုံကိုမျှ မမှုတော့ ဘဲ ဥပေက္ခာပြုနိုင်လာခြင်း။
 
ဤခုနစ်မျိုးသည် အကျင့်လမ်းစဉ် တက်ရောက်ရာ၏ မြေပုံပင်ဖြစ်ပြီး၊ ဤအဆင့်အတိုင်း တက်နိုင်ပါက ဗောဓိဉာဏ်သို့ ရောက်ရှိရန် သေချာပြီဖြစ်ကြောင်း ဆရာတော်ကြီးက မိန့်ဆိုပါသည်။

 စခန်းစဉ် တက်၊ မတက် ကိုယ်တိုင်ချိန်ထိုးကြည့်ခြင်း 
ယောဂီတို့အနေဖြင့် မိမိတို့၏ ရှုမှတ်မှု အရာထင်၊ မထင်ကို သိရှိနိုင်ရန် အလွန်ရှင်းလင်းသော ကိုယ်တိုင် စစ်ဆေးနည်းကိုလည်း ဆရာတော်ကြီးက သင်ကြားပေးထားပါသည်။ မိမိရောက်နေသော အဆင့်အောင်မြင်မှု ရှိမရှိကို သိလိုလျှင် "သူ့အထက်ရှိ အဆင့်သို့ ကူးသက်ခြင်း ရှိ၊ မရှိ" ဖြင့် ချိန်ထိုးကြည့်ရမည် ဖြစ်သည်။
 
ဥပမာ - မိမိပွားများနေသော "သတိ" အားကောင်းမကောင်း သိလိုလျှင်၊ ၎င်း၏အထက်ရှိ "ဓမ္မဝိစယ" (ရုပ်နာမ်တို့၏ လှုပ်ရှားဖြစ်ပျက်မှုကို မြင်ခြင်း) ပေါ်မပေါ် စစ်ဆေးရမည်။ ဖြစ်ပျက်သဘောများ မပေါ်လာသေးလျှင် သတိပွားပို့မှု တာဝန်မကျေသေးဟု မှတ်ယူရမည်။ ထို့အတူ "ဓမ္မဝိစယ" အောင်မြင်မှု ရှိမရှိ သိလိုလျှင်၊ ၎င်း၏အထက်ရှိ "ဝီရိယ" ဖြင့် လှမ်းထောက်ကြည့်ရမည်။ ဖြစ်ပျက်သဘောများကို တပ်အပ်ထင်ထင် မြင်လာပါက ယုံကြည်မှု ပိုလာပြီး၊ ထိုယုံကြည်မှုကြောင့် ရဲရင့်သော ကြိုးစားမှု (ဝီရိယ) ပေါ်လာရမည်။ အရဲမပေါ်သေးလျှင် ဖြစ်ပျက်မြင်မှု အားနည်းသေးသည်ဟု မှတ်ယူကာ ဆက်လက်ကြိုးစားရမည် ဖြစ်ပါသည်။

 လွတ်လပ်ခြင်း၏ အထွတ်အထိပ် (ဥပေက္ခာအဆင့်) 
အထက်ပါအတိုင်း အဆင့်ဆင့်တက်လှမ်းလာရာ နောက်ဆုံးပိတ် "ဥပေက္ခာ" အဆင့်သို့ ရောက်ရှိလာသောအခါ ယောဂီ၏ ဉာဏ်မျက်စိရှေ့တွင် ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ ချမ်းသာ၊ ဆင်းရဲ မည်သည့်အာရုံနှင့်တွေ့တွေ့ အကောင်အထည် (ပုဂ္ဂိုလ်၊ သတ္တဝါ) ဟု မမြင်တော့ဘဲ "သဘောမျှ၊ ခဏမျှ" ဟုသာ အပိုင်ဆုံးဖြတ်နိုင်လာပါသည်။
ထိုအဆင့်သို့ရောက်လျှင် -
 သူတစ်ပါးက လာရောက်ဆဲဆို ကြိမ်းမောင်းနေလျှင်လည်း "ငါ့ကို လာစော်ကားနေသည်" ဟု မမြင်တော့သဖြင့် မတုန်လှုပ်တော့ပေ။
 သူတစ်ပါးက ချီးမွမ်းမြှောက်ပင့်နေလျှင်လည်း "ငါ့ကို လာပြောနေသည်" ဟု မမြင်တော့သဖြင့် မတုန်လှုပ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် မိမိဘက်ကိုကြည့်ကြည့်၊ တစ်ဖက်အာရုံကိုကြည့်ကြည့် ဘယ်သူဘယ်ဝါဟူ၍ မရှိတော့ဘဲ "သဘောတရားများ အချင်းချင်း တိုက်ခိုက်နေခြင်းမျှသာ" ဟု မြင်သောကြောင့် ဖြစ်သည်။

ထိုသဘောတရားများကို ထပ်မံ၍ စိုက်ကြည့်လိုက်သောအခါ - 
၁။ အနိစ္စ (မမြဲခြင်း) - လှစ်ခနဲပေါ်၊ လှစ်ခနဲပျောက်နေသော သဘောကိုသာ တွေ့ရသဖြင့် သေရမည်ကိုလည်း မမှု၊ နေရမည်ကိုလည်း မမှုတော့ပေ။ 
၂။ ဒုက္ခ (ဆင်းရဲခြင်း) - ဖြစ်သမျှ အပျက်ချည်းသာ တွေ့နေရသဖြင့် မကောင်းမှန်း အပိုင်သိကာ၊ ယခုဘဝကိုလည်း မစွဲလမ်း၊ နောင်ဘဝကိုလည်း မမျှော်လင့်တော့ပေ။ 
၃။ အနတ္တ (အစိုးမရခြင်း) - မိမိအလိုမပါဘဲ သူလမ်းသူသွားနေသော သဘောကို တွေ့ရသဖြင့် မိမိကိုယ်ကိုလည်း အားမကိုး၊ သားမယား ပစ္စည်းဥစ္စာကိုလည်း အားမကိုးတော့ဘဲ ပိုင်ဆိုင်လိုမှု၊ သိမ်းပိုက်လိုမှုများ ကင်းစင်သွားပါတော့သည်။

ဆရာတော်ကြီးက ဤအခြေအနေကို "ကျောက်ထည့်မထားတဲ့ ဓာတ်မီးခြစ်တစ်လုံးလို ဘာမီးမှ ထမပွင့်တော့ဘူး။ အငြိအတွယ်လွတ်ပြီး ကောင်းကင်ပြင်ကြီးပေါ်မှာ အတောင်မခတ်ဘဲ လေဟုန်စီးနေတဲ့ ငှက်တစ်ကောင်လိုပဲ လွတ်လွတ်လပ်လပ်နဲ့ မလှုပ်မယှက် နေနိုင်ပြီပေါ့" ဟု အလွန်ပေါ်လွင်လှပသော ဥပမာများဖြင့် တင်စားဟောကြားတော်မူပါသည်။

 လောကုတ္တရာ ထွက်လက်မှတ်နှင့် နိဗ္ဗာန်တံခါးသုံးပေါက်
ဥပေက္ခာဉာဏ်သို့ ရောက်ရှိပြီး ဘာလာလာ မမှုတော့သော ယောဂီသည် ရှေ့ဆက်၍ မည်သည့်အရာကို အာရုံပြုရမည်နည်း။ ဆရာတော်ကြီးက "မိမိမြင်နေရသော သဘောတရားများ၏ လက္ခဏာသုံးချက် (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ကိုသာ ဆက်လက်အာရုံပြုရမည်" ဟု လမ်းညွှန်ပါသည်။ ဤလက္ခဏာသုံးချက်သည် လောကီနယ်မှ လောကုတ္တရာနယ်သို့ ကူးပြောင်းရာ၊ နိဗ္ဗာန်သို့ဝင်ရာ တံခါးသုံးပေါက် (ဝိမောက္ခ ၃ ပါး) ပင် ဖြစ်ပါသည်။

(၁) အချို့သော ယောဂီများသည် အနိစ္စ (မမြဲသောသဘော) ကို အာရုံပြုရင်း ရုပ်နာမ်ကိုဖြတ်ကာ နိဗ္ဗာန်သို့ ကူးဝင်သွားကြသည်။ 
(၂) အချို့က မိမိအမြင်သန်ဆုံးဖြစ်သော ဒုက္ခ (ဆင်းရဲသောသဘော) ကို လက်ကိုင်ပြု၍ နိဗ္ဗာန်သို့ ခုန်ကူးသွားကြသည်။ 
(၃) အချို့ကမူ မိမိအမြင်သန်ဆုံးဖြစ်သော အနတ္တ (အစိုးမရသောသဘော) ကို နင်း၍ နိဗ္ဗာန်သို့ လွှားခနဲ ခုန်ထွက်သွားကြသည်။

 နိဂုံး
ပညတ်ကိုခွာ၍ ပရမတ်ကိုမြင်သော ဉာဏ်ဖြင့် လက္ခဏာရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)တည်းဟူသော တံခါးပေါက်များမှတစ်ဆင့် ငြိမ်းချမ်းရာ နိဗ္ဗာန်သို့ ဆိုက်ရောက်သွားခြင်းသည်ပင်လျှင် အစစ် မှန်ဆုံးသော "လွတ်မြောက်ခြင်းအောင်ပွဲ" ကြီး ဖြစ်ပါတော့သည်။ ကိလေသာစစ်မြေပြင်တွင် "သတိ" ဟူသော လက်နက်ကို စွဲကိုင်စတင်ခဲ့သော တိုက်ပွဲသည် ဗိုလ်ငါးပါးဖြင့် အားသွင်းကာ၊ ဗောဇ္ဈင်ခုနစ်ပါးဖြင့် စခန်းစဉ်များ တက်လှမ်းနိုင် မည်ဆိုပါက အပြီးတိုင် အောင်ပွဲခံနိုင်မည် ဖြစ်ပါသည်။ 
 
ဆရာတော်ဘုရားကြီး၏ မေတ္တာပို့သချက်အတိုင်း တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်လည်း ဗောဇ္ဈင်ပွားပို့မှု စခန်းစဉ်အတိုင်း သတိအင်အားများများပွားကာ၊ ပညတ်သိမှသည် ပရမတ်သိသို့ တောက်လျှောက် သွားနိုင်ကြပြီး မဂ်စခန်း၊ ဖိုလ်စခန်း လမ်းလေးဆင့်တို့အထိ တစ်ဆင့်မှတစ်ဆင့် တက်လှမ်းနိုင်ကြပါစေသတည်း။

________________________________________
 (လက်တွေ့ကျင့်သုံးရန် အနှစ်ချုပ်)
 သတိကို ရှုကွက်ပေါ်၌ မြဲအောင်ထားပါ - သတိလေးတစ်လုံးကို ရှုကွက်ကြားမှာထားပြီး တွင်တွင်ပွား များပါ။
 သဘောတရားများကို စူးစမ်းပါ - ရှုကွက်အတွင်းမှ ရုပ်နာမ်တို့၏ လှုပ်ရှားဖြစ်ပျက်မှု (ဓမ္မဝိစယ) ကို ဉာဏ်ဖြင့် စောင့်ကြည့်ပါ။
 စခန်းစဉ် တက်/မတက် ကိုယ်တိုင်တိုင်းတာပါ - မိမိ၏ ရှုမှတ်မှု အောင်မြင်/မအောင်မြင်ကို ၎င်း၏အထက် အဆင့် (ဥပမာ- သတိမှ ဓမ္မဝိစယ၊ ဓမ္မဝိစယမှ ဝီရိယ) သို့ ကူးသက်ခြင်း ရှိ/မရှိဖြင့် ချိန်ထိုးစစ်ဆေးပါ။
 သဘောမျှသာမြင်သော ဥပေက္ခာဖြင့် တံခါးပေါက်ကိုရှာပါ - အာရုံတိုင်းကို "သဘောမျှ၊ ခဏမျှ" ဟုသာ ရှုမြင်ပြီး၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟူသော လက္ခဏာရေးသုံးပါးမှ မိမိအမြင်သန်ရာ တံခါးပေါက်ဖြင့် နိဗ္ဗာန်သို့ ကူးဝင်နိုင်အောင် ကြိုးစားပါ။
________________________________________
#ငြိမ်းချမ်းသာ #တရားအမြုတေများ_၂၀
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-15-4-2026 #သင်္ကြန်အကြတ်နေ့

အများနဲ့ တည့်ဖို့ထက်ကိုယ့်စိတ်နဲ့ကိုယ် တည့်ဖို့ကပိုအရေးကြီးတယ်

အများနဲ့ တည့်ဖို့ထက်
ကိုယ့်စိတ်နဲ့ကိုယ် တည့်ဖို့က
ပိုအရေးကြီးတယ်
🌳🌳🍂🌳🌳🍂🌳🌳🍂

ဒီနေ့ လောကထဲ 
တည့်နေကြတယ် ဆိုတာ
အကြိုက်ပေးပေါင်းတုန်းခဏ
တည့်နေတာပါ။

အကြိုက်မရတဲ့နေ့
မတည့်တော့ဘူး။
ဒီနေ့ အကြိုက်မရ
ဒီနေ့ မတည့်တော့ဘူး။

မနက်ဖြန်ဆို ...
ရန်သူတောင် ဖြစ်ရော့မယ်။

#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit..

တရားအမှတ် မျက်ခြည်မပြတ်စေနှင့်

တရားအမှတ် မျက်ခြည်မပြတ်စေနှင့်
 🙏🙏🙏🙏🙏🙏🙏🙏🙏🙏

အသက်လေးဆယ် ကံကောင်းတုန်းက
ဒါနမှုတွေ အားရအောင် ပြုခဲ့ပြီးပြီ။

အခု အသက်ငါးဆယ်မှာတော့ဖြင့်
ဉာဏ်ကောင်းတုန်းမှာ အနည်းဆုံး 
ကိုယ့်စိတ်ငြိမ်သက်အောင် 
ကြိုးစားသင့်ကြပါပြီ။

ဒီအချိန်မှာ သတိပြုစရာတွေကတော့

ကိုယ့်မာနကို ချိုးနှိမ်ဖို့ ကြိုးစားပါမှ 
သူ့မာနက လွှမ်းမိုးလာတတ်တယ်။

ကိုယ့်ရာဂကို ပစ်ပယ်ဖို့ ကြိုးစားပါမှ
သူ့ရာဂက နှိုးဆွလာတတ်တယ်။

ကိုယ့်ဒေါသကို ခွာထုတ်နေပါမှ 
သူ့ဒေါသက ဖိစီးလာတတ်တယ်။

လယ်ကန်သင်း ကတွတ်ပေါက်မှာ ခဲလုံး
အတားအဆီးများ ပိတ်ဆို့ချထားစဉ်တုန်းက
လာသမျှရေ ရှေ့မတိုးသော်လည်းပဲ
ပိတ်ဆို့ခဲ ခွာရှဲပေးလိုက်ရင် ရေတွေဒလဟော စီးဝင်လာသလိုပါပဲ။

တစ်ဖက်သားတို့ရဲ့ ကြွားဝါ ဝင့်ကြွားမှုမြှူဆွယ်လမ်းပေးမှု စိန်ခေါ်မှု စတဲ့ 
အပြင်ရန်တွေကလည်း ဒုနဲ့ဒေး။

ကိုယ်တွင်းရှိ လက်ထက် 
လက်ငုတ်များကလည်း ဇောင်းထဲက မြင်းလိုပဲ။ 

ဟိုတုန်းက အိမ်ထောင်ဝန် 
စီးပွားဝန်တွေ ထမ်းနေရလို့ 
ကိုယ်စိတ်နှလုံး ဂျုန်းဂျုန်းကျမို့မထသာပေမယ့် 

ယခုအားမယ် နားမယ်မှ မကြံသေးဘူး။
ဒီကိလေသာက အရင်ထကြွတော့တာပဲ။

ဒါ့ကြောင့် စိတ်ကို 
ပေါက်လွှတ်ပဲစား ပစ်ထားရင် သွားနေကျ
စားကျက်တန်းသွားပြီး 

သူတစ်ပါးအာရုံတွေကို အတွေ့ဖြင့်
ခိုးကြောင်ခိုးဝှက် သွားစားတော့မယ်။

အာရုံတစ်ချက် မှားလျှင် 
ကိလေသာဓားတစ်ချက် 
အခုတ်ခံရတော့မှာ သေချာတယ်။

ကိလေသာဓားတစ်ချက် ထိမိလျှင် 
စိတ်ဒဏ်ရာရမှာကလည်း မလွဲဘူး။ 

ရာဂစိတ်ကြောင့် ဖြစ်တဲ့ဒဏ်ရာ 
အဲဒီရာဂဆေး ကာမဆေးကျွေးမှ 
ပျောက်ကင်းသက်သာတတ်တယ်။

မာန ဒေါသ မောဟ စတဲ့ ဒဏ်ရာတွေမှာလည်း 
သူ့ဆေးနဲ့သူမှ ပျောက်ကင်းတတ်တာမျိုးချည်းပဲ။ 

အနာထကြွတိုင်း လူမမာညည်းတွားရသလို
ကိလေသာ ထကြွတိုင်း စိတ်ကစားနေလျှင်
လူကြီးကိုယ်နဲ့ ကလေးစိတ်ဖြစ်နေတော့
လူကြီးမင်း ဖြစ်မလာနိုင်တော့ဘူး။

ဒါ့ကြောင့် အရွယ်နဲ့လိုက်ဖက်တဲ့
စိတ်သဘောထားကြီးမြင့်မှုမျိုး ရောက်အောင်

စိတ်ကစားမှုကို ထိန်းကျောင်းပေးနိုင်မယ့် 
ကျင့်စဉ်တစ်ခုကို လက်စွဲထားဖို့ လိုအပ်လာပါပြီ။

ဘယ်ကျင့်စဉ် ကျင့်ကျင့် 
သတိမလွတ်ဖို့သာ အဓိက။

စိတ်ဆိုတာ ငယ်ပေါင်းကိလေသာနဲ့
သံယောဇဉ်ပြတ်ဖို့ အခက်သား။

ကိလေသာဆိုတာကလည်း 
အမြှူ အခွာက ပါးနပ်သား။

မယားလိုချင်တုန်းက မယားနဲ့ပြပြီး 
လိုချင်တာ ခံစားခဲ့ကြသလို

တရားလိုချင်ပြန်တော့လည်း
ကိလေသာက လိုချင်တာလေးပြပြီး
သတိလွတ်အောင် လုပ်ဆောင်တတ်ရဲ့။

သတိတစ်ချက် လွတ်ရင် 
စိတ်နဲ့ အကြိုက်ပေါင်းမိသွားပြီး 
ရှုကွက်ထဲ အာရုံကောင်းလေးများ မိနေရင် 
ကြိုက်စိတ် ပေါ်လာတတ်တယ်။

သတိတစ်ချက် လျော့လို့ 
စိတ်နဲ့မကြိုက်ပေါင်းမိသွားပြန်ရင်လည်း
မကြိုက်စိတ်ထလာပြီး ရှုကွက်ထဲ 
အာရုံဆိုးပေါ်လာတာနဲ့ မကျေချမ်းချင်တော့ဘူး။

သတိတစ်ချက် မှေးလို့ 
အာရုံရေးရေးပေါ်နေပြန်ရင်လည်း 
စိတ်နဲ့မသိ ပြန်လည် ပေါင်းမိကြပြီး 
မသိစိတ် ဖြစ်သွားပြန်ကရော။

ဒါမှမဟုတ်ရင်လည်း 
စိတ်နဲ့အကြိုက်ပေါင်းပြီး
စိတ်ကြိုက်အာရုံဟောင်းတွေဆီ ပြန်သွား။

ကောင်းနိုးရာရာ အဟောင်းအဆွေးများကို
နွှေးပြီး စားမြုံ့ပြန်နေတတ်တယ်။

မကြိုက်စိတ်ကလည်း မကျေနပ်တာ
ပြန်အာရုံပြုပြီး ရင်ထုလား ထုနေရဲ့။

သတိပါသော်မှ 
ပြတ်တောင်းပြတ်တောင်း ဖြစ်နေရင်
ကိလေသာ ကြားဝင်ပြီး စိတ်ကစားမှုတွေ 
တစ်သီတစ်တန်းကြီး ပေါ်နေတတ်လေရဲ့။ 

ဒါ့ကြောင့် ဘယ်ကျင့်စဉ်နဲ့ ကျင့်ကျင့်
သတိမလွတ်ဖို့ဟာ စိတ်ကစားမှုကို
ထိန်းကျောင်းခြင်းရဲ့ သော့ချက်လို့ မှတ်ပါလေ။

သည်လိုသာ သတိရဲ့မပြတ်ရှုမှတ်မှုနဲ့ 
စေ့စပ်မှု စူးစိုက်မှု နှစ်ဖက်ညှပ်ပြီး စိတ်ရိုင်းကို 
ကျုံးသွင်းလိုက်ရင် စိတ်ရိုင်းဟာ ယဉ်လာမယ်။

ပြေးနေတဲ့စိတ် ငြိမ်လာမယ်။ 
စိတ်မှာ ကြိုက် မကြိုက် မသိဆိုတာတွေ 
မကပ်သာတော့ဘူး။

မကောင်းမှုတွေအားလုံး 
ထွက်ပြေးသွားကြတဲ့အချိန် 
ကိုယ်စိတ် ငြိမ်သက်မှုထဲမှာ 
သိရာကို အဖြေရှာကြည့်။ 
အရှိကို အမှန်အတိုင်း သိလာမယ်။

ဒါကြောင့် ....
တရားအမှတ် မျက်ခြည်မပြတ်ခြင်းဟာ 
မင်္ဂလာရဲ့ ထက်သန် အားကောင်းတဲ့ 
ခြေလှမ်းဖြစ်ကြောင်း ကောင်းစွာ
ဆင်ခြင်ခွင့် ရကြပါလေပြီ။

#ကျေးဇူးတော်ရှင်
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
    🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit..

သတိလက်နက်ဖြင့် ကိလေသာကို အမြစ်ဖြတ်ခြင်း

✿ သတိလက်နက်ဖြင့် ကိလေသာကို အမြစ်ဖြတ်ခြင်း 
════════════════
ယခင်အပိုင်းများတွင် ကိလေသာစစ်မြေပြင်၌ အသုံးပြုရမည့် ဗိုလ်ငါးပါး၊ ဗောဇ္ဈင်ခုနစ်ပါးနှင့် ဣန္ဒြေငါး ပါး စသည့် အင်အားစုများအကြောင်းကို လေ့လာခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ထိုတရားစုများအားလုံးကို စုစည်းကာ လက်တွေ့အသုံးချရမည့် အနှစ်ချုပ်တရားနှင့် ကိလေသာကို အဆင့်ဆင့် ပယ်သတ်ပုံများကို ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆက်လက်ဟောကြား ပြသတော်မူပါသည်။

🔹 ၃၇ ပါးမှသည် သတိတစ်လုံးတည်းဆီသို့             
ယောဂီတို့ သံသရာခရီးကို ဖြတ်သန်းရာတွင် အသုံးပြုရမည့် ရိက္ခာနှင့် လက်နက်ကိရိယာများဖြစ်သော မဂ္ဂင် (၈) ပါး၊ ဗိုလ် (၅) ပါး၊ ဣဒ္ဓိပါဒ် (၄) ပါး၊ သမ္မပဓာန် (၄) ပါး၊ သတိပဋ္ဌာန် (၄) ပါး၊ ဗောဇ္ဈင် (၇) ပါး၊ ဣန္ဒြေ (၅) ပါးတို့ကို ပေါင်းလိုက်လျှင် "ဗောဓိပက္ခိယတရား ၃၇ ပါး" တိတိ ရရှိပါသည်။ ဤ ၃၇ ပါးသည် သစ္စာလေး ပါးကို သိရန်အတွက်သာ ဖြစ်သကဲ့သို့၊ တစ်ပါးပါး ချို့ယွင်းပါကလည်း သစ္စာမဆိုက်နိုင်ပေ။             

ထို ၃၇ ပါးကို တူရာတူရာ ပြန်လည်စုစည်းလိုက်လျှင် "မဂ္ဂင်ရှစ်ပါး" ထဲတွင် အကျုံးဝင်သွားပါသည်။ ထိုမဂ္ဂင်ရှစ်ပါးကို ထပ်မံ၍ အုပ်စုဖွဲ့လိုက်သောအခါ သီလ၊ သမာဓိ၊ ပညာ ဟူသော "သိက္ခာသုံးရပ်" သာ ကျန်ပါတော့သည်။ ထိုသုံးရပ်ကိုပင် လိုရင်းအနှစ်ချုပ်လိုက်သောအခါ - 

• ကျင့်စဉ် (စရဏ) ဘက်မှ ကြည့်လျှင် - "သတိ" တစ်လုံးတည်းသာ ရှိပြီး၊ 
• သိစရာ (ဝိဇ္ဇာ) ဘက်မှ ကြည့်လျှင် - "အသိ (ဉာဏ်)" တစ်ခုတည်းသာ ကျန်ပါတော့သည်။            

 ထို့ကြောင့် အကျင့်သမား ယောဂီတို့အတွက် အရေးအကြီးဆုံး စကားတစ်ခွန်းမှာ "သတိထား" ဟူ သော စကားပင် ဖြစ်ပါသည်။

🔹 နှာသီးဖျားပေါ်က သစ္စာလေးပါး             
ထို "သတိ" လေးတစ်လုံးကို နှာသီးဝပေါ်တွင် တင်ထားလိုက်ရုံဖြင့် ဗောဓိပက္ခိယတရား ၃၇ ပါးလုံး ပါဝင်သွားရုံသာမက သစ္စာလေးပါးလုံးကိုပါ တစ်ပြိုင်နက်တည်း ဆိုက်ရောက်သွားစေပါသည်။ မည်သို့ဆိုက်ရောက် သနည်းဆိုသော် - 

• (၁) ဤခန္ဓာကြီး အသက်ရှင်ရေးအတွက် ဝင်လေထွက်လေကို မရပ်မနား ပင့်ရှူပေးနေရခြင်းသည်ပင် "ဒုက္ခသစ္စာ" အမှန်ဖြစ်ပါသည်။ 
• (၂) ဤခန္ဓာကြီးကို မပစ်ရက်နိုင်သဖြင့် ရှူသွင်းရှူထုတ် လုပ်ပေးနေရခြင်းသည် "သမုဒယသစ္စာ" ဖြစ်ပါသည်။ 
• (၃) ဝင်လေထွက်လေကို သတိဖြင့် တစ်ချက်မှတ်လိုက်သည်နှင့် သမုဒယနှင့် ဒုက္ခ ပြတ်တောက်သွားခြင်းသည် "နိရောဓသစ္စာ" ဖြစ်ပါသည်။ 
• (၄) ဝင်လေထွက်လေကို အမှတ်မပြတ် ပွားများနေခြင်းသည် "မဂ္ဂသစ္စာ" ပင် ဖြစ်ပါသည်။             
 
ထို့ကြောင့် ယောဂီတို့၏ နှာခေါင်းထိပ်လေးပေါ်တွင် နိဗ္ဗာန်အထိ တက်လှမ်းနိုင်သော တရားများ အပြည့်အဝရှိနေသည်ကို အပိုင်မှတ်ယူထားရမည် ဖြစ်ပါသည်။

🔹 ကိလေသာသုံးဆင့် နှင့် သိက္ခာသုံးရပ် စစ်မြေပြင်             
မဂ္ဂင်ရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာ ဟူ၍ သုံးအုပ်စု ဖွဲ့စည်းထားရခြင်းမှာ တာဝန်အားဖြင့် ကျင့်ရန်၊ တည်ရန်၊ သိရန် ဟူ၍ သုံးရပ်ရှိသောကြောင့် ဖြစ်ပါသည်။             
 
• သီလအုပ်စု (ကျင့်ရန်) - ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကို လုံခြုံစေရန်ဖြစ်သည်။ ကိုယ်အမူအရာကို ထိန်းသော်လည်း နှုတ်နှင့် စိတ်လွတ်နေလျှင် မပြည့်စုံပေ။ ထို့ကြောင့် သီလအုပ်စုတွင် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ ဟူသော မဂ္ဂင်သုံးပါးကို တွဲထားရခြင်းဖြစ်သည်။             
• သမာဓိအုပ်စု (တည်ရန်) - စိတ်ကို တည်ငြိမ်စေရန်ဖြစ်သည်။ အသိလေးကပ်ထားရုံဖြင့် မရဘဲ၊ အမှတ်မပြတ်စေရန် သတိလိုသကဲ့သို့၊ ထပ်ဆင့်ကြိုးစားရန် ဝီရိယလည်း လိုအပ်ပါသည်။ ထို့ကြောင့် သမာဓိအုပ်စုတွင် သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ ဟူသော မဂ္ဂင်သုံးပါးကို တွဲထားရခြင်း ဖြစ်သည်။            
 • ပညာအုပ်စု (သိရန်) - အဝေးသိမှ အနီးသိအထိ ကွဲကွဲပြားပြား သိမြင်စေရန်ဖြစ်သည်။ သိရုံ၊ မြင်ရုံမျှမက အနီးကပ် စူးစမ်းဆင်ခြင်နိုင်ရန် ပညာအုပ်စုတွင် သမ္မာဒိဋ္ဌိ နှင့် သမ္မာသင်္ကပ္ပ ဟူသော မဂ္ဂင်နှစ်ပါးကို တွဲထားရခြင်းဖြစ်သည်။

ထိုသို့ သိက္ခာသုံးရပ် ဖွဲ့စည်းထားရခြင်း၏ အဓိကအကြောင်းရင်းမှာ ပယ်သတ်ရမည့် ကိလေသာရန်သူ ကလည်း သုံးဆင့် ကွဲပြားနေသောကြောင့် ဖြစ်ပါသည်။             
• ဝိတိက္ကမ ကိလေသာ (အကြမ်းစား) - အားကြီးလွန်းသဖြင့် ကိုယ်၊ နှုတ်အထိ လွန်ကျူးလာသော ကိလေသာဖြစ်သည်။ ၎င်းကို ထိန်းချုပ်ရန် "သီလအုပ်စု" ဖြင့် ဆီးကြိုတိုက်ခိုက်ရသည်။             
• ပရိယုဋ္ဌာန ကိလေသာ (အလတ်စား) - စိတ်ထဲတွင်သာ လှုံ့ဆော်ထိုးကျင့်နေသော ကိလေသာ ဖြစ်သည်။ ၎င်းကို အတွင်းဝင်၍ ဖြိုခွင်းရန် "သမာဓိအုပ်စု" ဖြင့် တိုက်ခိုက်ရသည်။            
 • အနုသယ ကိလေသာ (အနုစား) - ဘဝနှင့် သဏ္ဍာန်ကြားတွင် ပုန်းကွယ်နေသော အလွန်နူးညံ့သည့် ကိလေသာဖြစ်သည်။ ၎င်းကို အမြစ်မှဆွဲနုတ်ရန် "ပညာအုပ်စု" ဖြင့် တိုက်ခိုက်ရသည်။             

ဤသည်မှာ သိက္ခာသုံးရပ်နှင့် ကိလေသာတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် စစ်မြေပြင်ပင် ဖြစ်ပါ သည်။

🔹 ကိလေသာကို ပယ်သတ်နည်း (၃) မျိုး             
ကိလေသာကို ပယ်သတ်ရာတွင်လည်း အဆင့် (၃) ဆင့် ရှိပါသည်။ 

၁။ တဒင်္ဂပဟာန် (ခေတ္တပယ်ခြင်း) - ခန္ဓာကို သတိဖြင့် တစ်ချက်မှတ်လိုက်သည်နှင့် မေ့လျော့ခြင်း (မောဟ) ဝင်ခွင့်မရတော့ပေ။ မောဟမရှိလျှင် ချစ်ခြင်း၊ မုန်းခြင်းများလည်း ဝင်ခွင့်မရတော့သဖြင့် အာရုံ ဟောင်းများဆီမှ ကိလေသာများကို ခေတ္တပယ်ရှားလိုက်ခြင်း ဖြစ်သည်။
 ၂။ ဝိက္ခမ္ဘနပဟာန် (အာရုံလွှဲ၍ပယ်ခြင်း) - သတိကပ်၍ မှတ်နေစဉ်အတွင်း စိတ်သည် ပြင်ပရှိ အာရုံသစ်များဆီသို့ ပြေးမသွားတော့ဘဲ ကိလေသာသစ်များကို ရှောင်ပယ်ထားနိုင်ခြင်း ဖြစ်သည်။ 
၃။ သမုစ္ဆေဒပဟာန် (အမြစ်ပြတ်ပယ်ခြင်း) - သတိ၊ သမာဓိ၊ ပညာ ဗိုလ်ငါးပါးအင်အားစုများ အား ပြည့်လာသောအခါ မဂ်ဉာဏ်ဖြင့် ကိလေသာကို ယတိပြတ် သတ်ချလိုက်ခြင်း ဖြစ်သည်။

ထိုသို့ မဂ်ဉာဏ်ဖြင့် အမြစ်ပြတ်ပယ်သတ်နိုင်ရန် ကြိုးစားအားထုတ်နေမှုနှင့် ပတ်သက်၍ ဆရာတော် ဘုရားကြီးက -             
"ယောဂီတို့ ယခုကြိုးစားနေကြတဲ့ လောကုတ္တရာစီးပွားက တစ်ခဏစာ စီးပွားမျိုးလည်း မဟုတ်ဘူး။ တစ်ဘဝစာ စီးပွားရေးမျိုးလည်း မဟုတ်ဘူး၊ သံသရာအဆုံးထိ အကျိုးပေးခံစားရမယ့် စီးပွားရေးပဲ။ မရှိတဲ့ ပန်းတိုင်၊ မသိတဲ့ ပန်းတိုင်၊ မမြင်တဲ့ပန်းတိုင်များနဲ့ တခြားစီပဲ။ တို့ ယောဂီအားလုံးလည်းပဲ ကိလေသာအကျင့် အယုတ်မျိုးသုံးဆင့်တို့ကို မဂ္ဂင်အကျင့် အမြတ်မျိုး သိက္ခာသုံးဆင့်ဖြင့် အားနည်းအောင် ဖြတ်၊ အားပြတ်တော့ လှဲနိုင်ကြပြီး မဂ်အဆင့်ဆင့်တို့ဖြင့် အပါယ်၊ ကာမ၊ ဘဝတို့မှ ကျွတ်ခွင့်ရအောင် ကြိုးစားကြ" ဟု လေးနက်စွာ မိန့်မှာတော်မူခဲ့ပါသည်။

🔹 နိဂုံး             
သံသရာတစ်ကွေ့မှသည် ယနေ့တိုင်အောင် ရှင်သန်ခွင့်ရခဲ့သော ဘဝပေါင်းများစွာတွင် လောကီစီးပွား ရေးအတွက်သာ အချိန်ကုန်ခဲ့ကြသည်က များပါသည်။ ယခုအခါ သစ္စာတရားကို ညွှန်ပြမည့် ဆရာကောင်း သမားကောင်းများနှင့် တွေ့ဆုံခွင့်ရခိုက်၊ မိမိတို့၏ နှာသီးဖျားထက်တွင် သတိတရားကို ခိုင်မြဲစွာ တည်ဆောက် ၍ လောကုတ္တရာစီးပွားကို ရှာမှီးကြရမည့် အချိန်တန်ပြီ ဖြစ်ပါသည်။ ယောဂီသူတော်စင်အပေါင်းတို့သည် ဆရာတော်ဘုရားကြီး ညွှန်ပြတော်မူခဲ့သည့်အတိုင်း သတိဟူသော လက်နက်ဖြင့် ကိလေသာ ရန်သူကို အဆင့်ဆင့် ဖြိုခွင်းကာ၊ အပါယ်၊ ကာမ၊ ဘဝ ဟူသော သံသရာဝဲသြဃမှ အပြီးတိုင် လွတ်မြောက်နိုင်ကြပါစေသတည်း။

💡 (လက်တွေ့ကျင့်သုံးရန် အနှစ်ချုပ်)
 • သတိတစ်လုံးတည်းကိုသာ ဖမ်းဆုပ်ပါ - တရားများ မည်မျှပင်များပြားစေကာမူ လက်တွေ့ကျင့်သုံးရာတွင် "သတိ" တစ်လုံးတည်းသာ အဓိကဖြစ်ကြောင်း မှတ်ယူပါ။ 
• နှာသီးဖျားတွင် သစ္စာရှာပါ - ဝင်လေထွက်လေကို သတိကပ်၍ မှတ်နေခြင်းသည်ပင် သစ္စာလေးပါးကို တစ်ပြိုင်နက်တည်း ပွားများနေခြင်းဖြစ်ကြောင်း နားလည်ပါ။ 
• အဆင့်လိုက် တိုက်ခိုက်ပါ - ကိုယ်နှုတ်အမူအရာကို သီလဖြင့်ထိန်းပါ၊ စိတ်အကြံအစည်ကို သမာဓိဖြင့်ထိန်းပါ၊ ပုန်းကွယ်နေသော ကိလေသာကို ပညာဖြင့် အမြစ်ဖြတ်ပါ။ 
• အမှတ်မပြတ်ပါစေနှင့် - တစ်ချက်မှတ်လိုက်တိုင်း ကိလေသာဟောင်းများ ခေတ္တပြတ်တောက်သွားပြီး ကိလေသာသစ်များ ဝင်မလာနိုင်တော့သဖြင့် အမှတ်မပြတ်စေရန် ကြိုးစားပါ။

#ငြိမ်းချမ်းသာ #တရားအမြုတေများ_၂၂
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-17-4-2026 #မြန်မာနှစ်ဆန်းတစ်ရက်နေ့

စစ်မှန်သော လူပီသမှု၏ အနှစ်သာရ

 စစ်မှန်သော လူပီသမှု၏ အနှစ်သာရ
🌴🌴🌺🌴🌴🌺🌴🌴🌺

တောနက်ထဲက ဝံပုလွေတစ်ကောင်ဟာ သူ့ရဲ့ပြိုင်ဘက်ကို သတ်ဖြတ်အမဲလိုက်တဲ့အခါ၊ ဒါဟာ တောတွင်းသဘာဝရဲ့ အေးစက်ပြီး မလွှဲမရှောင်သာတဲ့ ရှင်သန်ရေးနိယာမကို လိုက်နာနေခြင်းသာ ဖြစ်ပါတယ်။ အဲဒီဝံပုလွေဆီမှာ ဘယ်သူ့ကိုမှ ဒုက္ခပေးချင်တဲ့ အငြိုးအာဃာတ မရှိပါဘူး။ အသက်ရှင်သန်ဖို့ဆိုတဲ့ ဇီဝကမ္မဗီဇ ရဲ့ တောင်းဆိုချက်သာ ရှိပါတယ်။ ကျွန်တော်တို့ လူသားတွေကတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီတိရစ္ဆာန်တွေထက် ပိုမိုမြင့်မားတဲ့ အဆင့်အတန်းမှာ ရှိတယ်လို့ ဂုဏ်ယူဝင့်ကြွားတတ်ကြတယ်။ ကျွန်တော်တို့ဟာ မတ်မတ် လျှောက်လှမ်းနိုင်တယ်၊ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတွေကို တည်ဆောက်နိုင်တယ်၊ ပြီးတော့ "လူ" လို့ခေါ်တဲ့ မျိုးစိတ်တစ်ခုရဲ့ သွေးသားဗီဇကို သယ်ဆောင်ထားကြတယ်။
 
ဒါပေမဲ့ ကျွန်တော်တို့ ရရှိထားတဲ့ အဲဒီဇီဝဗေဒဆိုင်ရာ အခွင့်အရေးကြီးဟာ အနှစ်သာရမပါတဲ့ အခွံ သက်သက်သာ ဖြစ်နေမယ်ဆိုရင်ကော။ "လူသားဆန်မှု" ဆိုတာ အမေ့ဝမ်းဗိုက်ထဲက ကျွတ်လာတာနဲ့ အလို အလျောက် အမွေဆက်ခံရရှိလိုက်တဲ့ အရာတစ်ခု မဟုတ်ဘဲ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ လောကဓံလှိုင်းတံပိုး တွေကြားမှာ ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ ခက်ခဲစွာ တည်ဆောက်ယူရတဲ့ အရာတစ်ခု သာ ဖြစ်နေမယ်ဆိုရင်ကော။
 
တိရစ္ဆာန်လို ရှင်သန်ခြင်းနဲ့ စစ်မှန်တဲ့ လူသားအဖြစ် ရှင်သန်ခြင်းကြားက ခြားနားချက်ကို ကျွန်တော်တို့ တီထွင်ထားတဲ့ နည်းပညာတွေ၊ အသုံးအဆောင်တွေမှာ သွားရှာလို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ "စေတနာနဲ့ ရည်ရွယ်ချက်" တွေမှာသာ ရှာတွေ့နိုင်ပါတယ်။ ခေတ်သစ်လူမှုပတ်ဝန်းကျင်ရဲ့ အပေါ်ယံအလွှာတွေကို ခွာချပြီး ကြည့်လိုက်ရင်၊ အောင်မြင်မှုနဲ့ အတ္တအတွက် ရူးသွပ်စွာ ယှဉ်ပြိုင်နေမှုတွေရဲ့ နောက်ကွယ်မှာ တိရစ္ဆာန်ထက် တောင် နိမ့်ကျတဲ့ ဖျက်ဆီးလိုတဲ့ သဘာဝတွေ ဖုံးကွယ်နေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ အမှန် တကယ် ဘယ်လိုရှင်သန်သင့်သလဲဆိုတာကို နားလည်ဖို့ဆိုရင်တော့၊ ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ လေးနက်လှတဲ့ အဆုံးအမတွေကို နှလုံးသွင်းကြည့်ဖို့ လိုအပ်လှပါတယ်။

 အတ္တကြောင့် ပျောက်ဆုံးသွားရသည့် လူ့တန်ဖိုး
အပြိုင်အဆိုင် ပြင်းထန်လှတဲ့ ယနေ့ခေတ်ကြီးမှာ ရက်စက်ကြမ်းကြုတ်မှုတွေကို "အင်အားကြီးသူသာ အနိုင်ရစတမ်း" ဆိုတဲ့ စကားလုံးလှလှလေးတွေနဲ့ အထင်အမြင် လွဲမှားနေတတ်ကြပါတယ်။ အခြားသူရဲ့ ပခုံးကို တက်နင်းပြီး အထက်ကို ရောက်အောင် တက်လှမ်းနိုင်သူကိုပဲ အောင်မြင်သူအဖြစ် ချီးကျူးတတ်ကြ တယ်။ ဒါပေမဲ့ သတိတရားကို အခြေခံတဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ ဒါဟာ တိုးတက်မှုမဟုတ်ဘဲ၊ ရှေးဦး လူရိုင်းခေတ်ဆီကို နောက်ကြောင်းပြန်လှည့်သွားတာပဲ ဖြစ်ပါတယ်။ မိမိရဲ့ အကျိုးစီးပွားကို သူတစ်ပါးရဲ့ ပျက်စီးဆုံးရှုံးမှုတွေအပေါ်မှာ စနစ်တကျ တည်ဆောက်တဲ့အခါ၊ အဲဒီလူရဲ့ စိတ်ဝိညာဉ်ဟာ တဖြည်းဖြည်း တိုက် စားခံရပြီး လူ့တန်ဖိုးတွေ ပျောက်ဆုံးသွားပါတော့တယ်။
 
မိမိအကျိုးအတွက် သူတစ်ပါးကို စနစ်တကျ ထိုးနှက်ဖျက်ဆီးတာဟာ ကိုယ်ကျင့်တရား ပျက်ယွင်း ရုံတင်မကဘဲ "လူ" လို့ ခေါ်ဆိုနိုင်တဲ့ အရည်အချင်းပါ ပျက်ယွင်းသွားတာ ဖြစ်ပါတယ်။ လောကမှာ လူတစ် ယောက်ရဲ့ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုဟာ အခြားသူတွေနဲ့ ကွင်းဆက်မပြတ် ဆက်စပ်နေပါတယ်။ ကျွန် တော်တို့ဟာ အချင်းချင်း မှီခိုနေကြရတဲ့အတွက် သူတစ်ပါးကို ဖျက်ဆီးတာဟာ တကယ်တော့ ကျွန်တော် တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကိုယ်တိုင် ဖျက်ဆီးနေတာနဲ့ အတူတူပါပဲ။ ဒါကို မသိမြင်နိုင်လောက်အောင် အသိ ဉာဏ်ကန်းသွားရခြင်းရဲ့ အဓိကတရားခံကတော့ "ငါ" ဆိုတဲ့ အတ္တပါပဲ။ သူတစ်ပါးရဲ့ ကောင်းကျိုးကို တိုက်ရိုက် ဖျက်ဆီးပြီး မိမိက ရှင်သန်ကြီးထွားဖို့ ကြိုးစားတာဟာ လူသားအရေခြုံထားတဲ့ သားရဲစိတ်ဓာတ်ကို လက်ခံ ကျင့်သုံးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာတော်ဘုရားကြီးက...
 
"ကိုယ့်တစ်ကိုယ်ကောင်းအရယူလျက် သူ့တစ်ကိုယ်ကောင်း လိုက်လံဖျက်ဆီးခြင်းသည် လူ့အကျင့် မဟုတ်ချေ။" ဟု ပြတ်သားစွာ မိန့်ဆိုခဲ့ခြင်း ဖြစ်ပါသည်။

 စစ်မှန်သော လူသားပီသမှု၏ အမြင့်မားဆုံး စံသတ်မှတ်ချက်
 
ဖျက်ဆီးလိုတဲ့ တစ်ကိုယ်ကောင်းဆန်မှုက လူ့အဆင့်အတန်းကို အောက်ဆုံးအထိ ဆွဲချသွားတယ် ဆိုရင်၊ "စစ်မှန်တဲ့" လူသားပီသမှုကတော့ သာလွန်မြင့်မြတ်တဲ့ အဆင့်တစ်ခုဆီကို ရုန်းကန်တက်လှမ်းဖို့ တောင်းဆိုနေပါတယ်။ လူသားတစ်ယောက်ဖြစ်ခြင်းရဲ့ စံနှုန်းဟာ ကိုယ့်ရင်ထဲမှာ မကောင်းတဲ့ အငြိုးအာဃာတ တွေ ကင်းစင်နေရုံသက်သက်နဲ့ မလုံလောက်ပါဘူး။ သူတစ်ပါးအတွက် ကိုယ်ကျိုးစွန့်ပြီး တက်တက်ကြွကြွ ကာ ကွယ်စောင့်ရှောက်ပေးလိုတဲ့ စိတ်ဓာတ် ရှိဖို့ပါ လိုအပ်ပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားဆိုင်ရာ မတ်စောက်တဲ့ လှေကားထစ်တွေကို တွယ်တက်ရခြင်းဖြစ်ပြီး၊ "ငါ" ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အတ္တကနေ "ငါတို့" ဆိုတဲ့ အများဆီ ကို၊ အဲဒီကနေမှတစ်ဆင့် "သူတစ်ပါး" ဆိုတဲ့ ပရဟိတနယ်ပယ်ဆီကို အဆင့်ဆင့် ကူးပြောင်းသွားရခြင်းပဲ ဖြစ် ပါတယ်။
 
စစ်မှန်တဲ့ လူ့အကျင့်ဆိုတာ မိမိကိုယ်ကို ဗဟိုပြုတတ်တဲ့ စိတ်အခံကို အခြေခံကျကျ ပြောင်းလဲပစ် လိုက်ခြင်းပါပဲ။ ကိုယ့်အတွက် ဘာအကျိုးအမြတ်မှ မရနိုင်ဘူးဆိုရင်တောင်မှ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ့် "ဒိုင်းလွှား" တစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ သာမန် လူကောင်းတစ်ယောက် နေထိုင်သလိုနေပြတာမျိုး မဟုတ်ပါဘူး။ အလွန်မြင့်မားတဲ့ သတိတရားကို လက်တွေ့ ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။
 
ဘာကြောင့်လဲဆိုတော့ သတိတရားရှိနေခြင်းဆိုတာ မိမိရဲ့ စိတ်အစဉ်ကို မျက်ခြည်မပြတ် စောင့်ကြည့် သိမြင်နေခြင်းပဲ ဖြစ်ပါတယ်။ သူတစ်ပါးကို ကာကွယ်ပေးဖို့ဆိုရင် ကျွန်တော်တို့ဟာ အရင်ဆုံး ကိုယ့်ရင်ထဲမှာ ကိန်းအောင်းနေတဲ့ "ငါ" ဆိုတဲ့ အတ္တ၊ "ငါ့အတွက်" ဆိုတဲ့ လောဘတွေကို သတိနဲ့ စောင့်ကြည့်ပြီး အဲဒီအတ္တရဲ့ တောင်းဆိုမှုတွေကို ငြင်းဆန်နိုင်စွမ်း ရှိရပါမယ်။ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းဆန်ချင်တဲ့ စိတ်ရိုင်းလေး ပေါ်လာ တိုင်း ချက်ချင်းသတိထားမိပြီး အဲဒီစိတ်ကို ချုပ်ငြိမ်းသွားအောင် ထိန်းချုပ်နိုင်မှသာ သူတစ်ပါးအတွက် အကာ အကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ကျိုးစွန့်ခြင်းဟာ အတ္တကို အနိုင်ယူတဲ့ အမြင့်မားဆုံးသော အကျင့်မြတ် ဖြစ်လာရခြင်းပါ။
 
သူတစ်ပါးရဲ့ ဘဝအလင်းရောင်လေး ငြိမ်းသက်မသွားစေဖို့အတွက်၊ ကိုယ့်ရင်ထဲက လောဘရမ္မက်ရဲ့ အော်ဟစ်တောင်းဆိုသံတွေကို တိတ်ဆိတ်သွားအောင် ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။ "လူပီသခြင်း" ဆိုတာ ကိုယ်က နစ်နာခံပြီး တစ်ဖက်လူကို ကာကွယ်ပေးဖို့ "ရွေးချယ်လိုက်တဲ့ အပြုအမူ" ပါ။ ကိုယ့်ထဲက အလိုရမ္မက် တွေ၊ အတ္တသံတွေကို တိတ်သွားအောင် လုပ်နိုင်မှသာ တစ်ဖက်လူရဲ့ လိုအပ်ချက်ကို ကျွန်တော်တို့ ကြားနိုင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီအမြင်ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်၊ ကိုယ့်ရဲ့ ဂုဏ်ပကာသနနဲ့ ကိုယ်ကျိုးစီးပွားကို မေ့ထားနိုင်လေလေ၊ ကျွန်တော်တို့ဟာ "လူသားအပီသဆုံး" ဖြစ်လာလေလေပါပဲ။
 
"ကိုယ့်တစ်ကိုယ်ကောင်းမထောက်၊ သူ့တစ်ကိုယ်ကောင်း စောင့်ရှောက်ပေးခြင်းသည်သာ လူ့အကျင့်မှန်တည်း။" သုညသင်္ခါရကထာ၊ မဟာဗောဓိမြိုင်ဆရာတော်။

 အမည်နာမတစ်ခုမဟုတ်သော လူသားဖြစ်တည်မှု
လူသားဆန်မှုဆိုတာ အိတ်ထဲထည့်ထားလို့ရတဲ့ 'လက်မှတ်' သို့မဟုတ် အမည်နာမတစ်ခု မဟုတ်ဘဲ၊ အမြဲတမ်း လျှောက်လှမ်းနေရမယ့် 'ခရီးစဉ်' သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု တစ်ခုပါ။ ကျွန်တော်တို့ဟာ လူအဖြစ် မွေးဖွားလာရုံနဲ့တင် ခရီးဆုံးရောက်သွားတာ မဟုတ်ပါဘူး။ ကြုံတွေ့ရတဲ့ လမ်းဆုံလမ်းခွတိုင်းမှာ မှန်ကန်တဲ့ ကျင့်ဝတ်လမ်းကို ရွေးချယ်လျှောက်လှမ်းနေမှသာ စစ်မှန်တဲ့ လူသားအဖြစ် တည်ရှိနေမှာ ဖြစ်ပါ တယ်။
 
ကျွန်တော်တို့ အများစုဟာ အဲဒီအစွန်းနှစ်ဖက်ကြားက ကြားနယ်မြေမှာ ဗျာများနေတတ်ကြပါတယ်။ ဖျက်ဆီးမယ့် သားရဲလည်းမဟုတ်သလို၊ လုံးဝဥဿုံ ကိုယ်ကျိုးစွန့်မယ့် သူတော်စင်လည်း မဟုတ်ကြသေး ပါဘူး။ ဒါပေမဲ့ ဆရာတော်ကြီးရဲ့ လမ်းညွှန်ချက်အရတော့ ဒီကြားနယ်မြေဟာ အစဉ်အမြဲ ပြောင်းလဲနေတဲ့ အခြေအနေတစ်ခုပါ။ ကျွန်တော်တို့ဟာ ဖျက်ဆီးလိုတဲ့ သားရဲစိတ်ဆီကို ဖြစ်စေ၊ ဒါမှမဟုတ် စောင့်ရှောက်လိုတဲ့ လူသားစိတ်ဆီကို ဖြစ်စေ တစ်ဖက်ဖက်ကို အမြဲတမ်း ဦးတည်ရွေ့လျားနေကြတာပါ။ ဒီမှာ သတိထားသင့်တဲ့ အချက်တစ်ချက်ကတော့ မိမိရဲ့ အောင်မြင်မှုဟာ သူတစ်ပါးရဲ့ ပျက်စီးခြင်းတွေနဲ့ တည်ဆောက်ထားတာဆိုရင် အဲဒီအောင်မြင်မှုဟာ အဓိပ္ပာယ်မဲ့တယ်ဆိုတာပါပဲ။
နှလုံးသားထဲက မှန်တစ်ချပ်
 မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမဟာ ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝခရီးလမ်းအတွက် အလွန်ကြည်လင်ပြတ်သားတဲ့ မှန်တစ်ချပ်ပါပဲ။ အဲဒီမှန်ရှေ့မှာ ရပ်လိုက်တဲ့အခါ ကျွန် တော်တို့ မြင်ရမှာက အသားအရေ၊ ရုပ်ဆင်းသဏ္ဌာန်တွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ စိတ် ဝိညာဉ်ရဲ့ အစစ်အမှန် ပုံရိပ်တွေသာ ဖြစ်ပါတယ်။
 
လောကကြီးထဲကို နေ့စဉ် ရှင်သန်ရုန်းကုန်ဖို့ ထွက်လာတဲ့အခါ ကျွန်တော်တို့မှာ ရွေးချယ်စရာ လမ်း နှစ်သွယ် အမြဲရှိနေပါတယ်။ တစ်လမ်းကတော့ ကိုယ့်အတ္တအတွက် သူတစ်ပါးကို နင်းခြေသွားမယ့်လမ်း ဖြစ်ပြီး၊ နောက်တစ်လမ်းကတော့ ကိုယ့်အကျိုးကို မငဲ့ဘဲ သူတစ်ပါးကို ဖေးမကူညီမယ့်လမ်းပဲ ဖြစ်ပါတယ်။ လူသား တစ်ယောက်အဖြစ် မွေးဖွားလာခြင်းဟာ ဇီဝဗေဒအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့၊ "လူပီသစွာ ရှင်သန်ခြင်း" ဆိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင် နေ့စဉ် ရွေးချယ်ရမယ့် အနုပညာတစ်ရပ် ဖြစ်ပါတယ်။
 
ဘဝရဲ့ နောက်ဆုံးအချိန် ရောက်လာတဲ့အခါ ကျွန်တော်တို့ ချန်ရစ်ခဲ့နိုင်မှာက ဘဏ်စာအုပ်ထဲက ကိန်း ဂဏန်းတွေ၊ ရာထူးဂုဏ်သိမ်တွေ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ မျက်ရည်တွေကို ဘယ်လောက် သုတ်ပေး နိုင်ခဲ့သလဲ၊ သူတစ်ပါးရဲ့ ဘဝတွေကို ဘယ်လောက် ကာကွယ်စောင့်ရှောက်ပေးနိုင်ခဲ့သလဲ ဆိုတဲ့ မေတ္တာတရား ရဲ့ ခြေရာတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်တစ်ကိုယ်ကောင်းအတွက် သူတစ်ပါးကို ဖျက်ဆီးမယ့်အစား၊ သူတစ်ပါးရဲ့ အကျိုးကို စောင့်ရှောက်ပေးခြင်းဆိုတဲ့ "လူ့အကျင့်မှန်" ကို ရွေးချယ်ခြင်းဖြင့်၊ ကျွန်တော်တို့ရဲ့ ရှင်သန်ခြင်းကို အဓိပ္ပာယ်အရှိဆုံးနဲ့ အလှပဆုံးဖြစ်အောင် ပုံဖော်သွားကြရအောင်ပါ။

မေတ္တာဖြင့်
ငြိမ်းချမ်းသာ

#ငြိမ်းချမ်းသာ #Quote-based Article
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-20-4-2026

မငြိမ်သက်တဲ့ကမ္ဘာမှာ အငြိမ်သက်ဆုံး နေထိုင်နည်း

 မငြိမ်သက်တဲ့ကမ္ဘာမှာ အငြိမ်သက်ဆုံး နေထိုင်နည်း
🌸🌸🌿🌸🌸🌿🌸🌸🌿

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်)


အမြဲတမ်း ပြောင်းလဲပျက်စီးနေတဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့တွေဟာ စိတ်ဖိစီးမှုတွေ၊ ပူဆွေးသောကတွေ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ မကြာခဏ နစ်မွန်းနေတတ်ကြပါတယ်။ ဒီလို လူတိုင်းကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် ရှုပ်ထွေးပြီး အဆင့်တွေအများကြီးပါတဲ့ ဖြေရှင်းနည်းတွေကိုပဲ ကျွန်တော်တို့က အကျင့်ပါပြီး လိုက်ရှာနေမိတတ်ကြတယ်။ တကယ်တမ်းမှာတော့ ဗုဒ္ဓရဲ့မွန်မြတ်သန့်ရှင်းတဲ့ အဆုံးအမတွေက ပိုပြီးစွမ်းအားထက်မြက်မှုလည်းရှိ၊ ရှင်းလင်းလွယ်ကူမှုလည်းရှိတဲ့ အခြားရွေးချယ်စရာတစ်ခုကို ပေးစွမ်းနေပါတယ်။ အဲဒါကတော့ သတိရှိရှိ နေဖို့ပါပဲ။

နှစ်ပေါင်းများစွာ တောရပ်မှီတရားရှာမှီးခဲ့တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက "သတိ" တရားကို ဘဝခရီးကို ဖြတ်သန်းရာမှာ မရှိမဖြစ်လိုအပ်တဲ့ "ဆောင်ဓားပမာ" ရည်ညွှန်းမိန့်မှာတော်မူလေ့ရှိပါတယ်။

"သတိကို လက်ကိုင်ထားဖို့" ဆိုတဲ့ ဒီလမ်းညွှန်ချက်ဟာ သစ္စာလေးပါးကို သိမြင်နိုးကြားခြင်းဆီသွားမယ့် လမ်းတစ်လျှောက်လုံးအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုပါ။ ဒါဟာ ပြင်ပအခြေအနေတွေရဲ့ သားကောင်အဖြစ် ခံယူမယ့်အစား မိမိရဲ့ အတွင်းစိတ်သန္တာန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်လိုသူတိုင်းအတွက် အုပ်ချုပ်မှုစည်းမျဉ်းတစ်ခုလည်း ဖြစ်ပါတယ်။ သတိတရားကို လုပ်ချင်လုပ်၊ မလုပ်ချင်နေ ရွေးချယ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုအဖြစ် သဘောမထားဘဲ၊ စွမ်းဆောင်ရည်မြင့်မားတဲ့ ဆောင်ဓားတစ်လက်အဖြစ် သဘောထားမယ်ဆိုရင် ဘဝရဲ့ ရှုပ်ထွေးပွေလီမှုတွေအပေါ်မှာ မဟာဗျူဟာကျကျ အသာစီးရယူနိုင်မှာ ဖြစ်ပါတယ်။

 ၁။ သောကကို တွန်းလှန်မယ့် မဟာဗျူဟာ

ဆရာတော်ဘုရားကြီးက "သတိတစ်လုံး၏စွမ်းအား" ကဗျာမှာ သတိတရားဟာ ပူဆွေးသောကရဲ့ အရှိန်အဟုန်ကို ရပ်တန့်စေနိုင်တဲ့ အသေချာဆုံး မဟာဗျူဟာဖြစ်ကြောင်း ရေးသားတော်မူခဲ့ပါတယ်။

"သောကကင်းစင်၊ နေလိုချင်၊ သူ့လျှင်မြဲမြဲပွား။
ငိုကြွေးကင်းလို၊ ပျော်ရွှင်လို၊ သူ့ကိုပိုင်အောင်မျှား။"

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေထဲ သောကဆိုတာ ဘာကြောင့် ဝင်လာရတာလဲ။ ကျွန်တော်တို့ရဲ့ စိတ်ဟာ ပစ္စုပ္ပန်တည့်တည့်မှာ မနေဘဲ ပြီးဆုံးသွားတဲ့ အတိတ်က ဆုံးရှုံးမှုတွေဆီ ပြန်တွေးပြီး နောင်တရနေတတ်သလို၊ မရောက်လာသေးတဲ့ အနာဂတ်အတွက်လည်း ကြိုတင်ပြီး ပူပန်ကြောက်ရွံ့နေတတ်လို့ပါပဲ။ စိတ်က ဒီလို ဟိုပြေးဒီလွှား ဖြစ်နေတဲ့အခါ သောကမီးတွေက အလိုလို လောင်ကျွမ်းလာတော့တာပါပဲ။ ဒါပေမဲ့ သတိတရားကို လက်ကိုင်ထားလိုက်တဲ့အခါ စိတ်ဟာ အတိတ်နဲ့ အနာဂတ်ဆီကို လွင့်မျောခွင့် မရတော့ဘဲ လက်ရှိ ပစ္စုပ္ပန်တည့်တည့်မှာပဲ ရပ်တန့်သွားပါတယ်။

ပစ္စုပ္ပန်တည့်တည့်မှာနေခြင်းအားဖြင့်၊ ကျွန်တော်တို့ဟာ သောကပူဆွေးမှု သံသရာလည်နေတာကို ရပ်တန့်လိုက်နိုင်ပါတယ်။ သတိတရားနဲ့ လောကကို ရှုမြင်နိုင်တဲ့အခါ အတိတ်က ဆုံးရှုံးမှုတွေ ဒါမှမဟုတ် အနာဂတ်အတွက် ပူပန်မှုတွေဆိုတဲ့ စိတ်လွင့်မျောမှုတွေကို တားဆီးနိုင်မှာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ မရှိတော့တဲ့အရာတွေနဲ့ ရောက်မလာသေးတဲ့အရာတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေက ကျွန်တော်တို့ရဲ့ စိတ်ငြိမ်သက်ငြိမ်းချမ်းမှုကို ကြားဖြတ်လုယူသွားတာကို ငြင်းဆန်လိုက်တာလည်း ဖြစ်ပါတယ်။

 ၂။ ပင်ပန်းနွမ်းနယ်မှုကို ကာကွယ်ခြင်း

ကျွန်တော်တို့ဟာ သတိတရားကို ငြိမ်သက်စွာ အနားယူတဲ့ နည်းလမ်းတစ်ခုအဖြစ်သာ မကြာခဏ အထင်မှားတတ်ကြပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီးကတော့ ဒါကို ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာ တောက်ပမှုတို့ရဲ့ အရင်းအမြစ်အဖြစ် ပုံဖော်ထားပါတယ်။ ကိုယ် "ပန်း" တာနဲ့ စိတ် "နွမ်း" တာကို ခွဲခြားပြထားပြီး၊ သတိတရားကို မှန်ကန်စွာ အသုံးချခြင်းက အဲဒီနှစ်ခုစလုံးကို ကာကွယ်ပေးနိုင်တယ်လို့ မိန့်မှာတော်မူထားပါတယ်။ သတိကို "ဆောင်" ထားခြင်းအားဖြင့်၊ ခေတ်သစ်ဘဝရဲ့ ဖိအားတွေအောက်မှာတောင် ကျွန်တော်တို့ရဲ့ ရှင်သန်တက်ကြွမှုဟာ မတုန်မလှုပ် ခိုင်မာနေမှာ သေချာပါတယ်။

ဒီနေရာမှာ အလေးထားပြီး သိထားစရာတစ်ခုရှိပါတယ်။ အဲဒါကတော့ သတိကို "ဆောင်" ထားရတာဟာ ဝန်ထုပ်ဝန်ပိုးတစ်ခု တိုးလာတာမျိုးမဟုတ်ဘဲ တကယ်တမ်းမှာတော့ ပေါ့ပါးလွတ်လပ်သွားတဲ့ ခံစားမှုကို ရရှိစေနိုင်တာပဲဖြစ်ပါတယ်။ "သတိတရား" ကို ကိုင်ဆောင်ထားတဲ့အခါ၊ ကျွန်တော်တို့ ခွန်အားတွေကို ခန်းခြောက်စေတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပွတ်တိုက်မှုတွေနဲ့ မလိုအပ်တဲ့ ဆူညံသံတွေကို ဖယ်ရှားပစ်နိုင်မှာပါ။ စိတ်ဟာ နွမ်းနယ်သွားမယ့်အစား အေးချမ်းငြိမ်သက်လာပြီး၊ ပင်ပန်းနွမ်းနယ်မှု ဖြစ်နိုင်ခြေကနေ အမြင့်မားဆုံးသော စွမ်းဆောင်ရည်နဲ့ ကြည်လင်ပြတ်သားမှု အခြေအနေဆီ ပြောင်းလဲသွားစေနိုင်ပါတယ်။

ဒါကိုပဲ ဆရာတော်ကြီးက-

"ကိုယ်မပန်းလို၊ မနွမ်းလို၊ သူ့ကိုနိုင်အောင်သာ။
စိတ်မနွမ်းအောင်၊ သူ့ကိုဆောင်၊ ထွန်းပြောင်လှိုင်လှိုင်ဘွား။"

လို့ ရေးသားတော်မူခဲ့ပါတယ်။

 ၃။ အမြင့်ဆုံးသော လွတ်မြောက်မှုအတွက် မရှိမဖြစ်တဲ့ သော့ချက်

သတိတရားဟာ စိတ်ဖိစီးမှုတွေကနေ ချက်ချင်း သက်သာရာရစေတဲ့အပြင်၊ အမြင့်မားဆုံးသော လောကုတ္တရာအကျိုးကျေးဇူးတွေအတွက် အလျှော့ပေးလို့မရတဲ့ လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ နိဗ္ဗာန်နဲ့ မဂ်ဖိုလ်ကို ရှာဖွေနေသူတွေအတွက် ဆရာတော်ကြီးက - လွတ်မြောက်မှုဆိုတာ ကံတရား ဒါမှမဟုတ် ပြင်ပက ကယ်တင်ရှင်တစ်ဦးဦးကြောင့် ရလာတာမဟုတ်ပါဘူး။ ဒါဟာ "သတိကို လက်ကိုင်ထားခြင်း" နဲ့ အကြွင်းမဲ့ ပြင်းပြစွာ ပွားများအားထုတ်ခြင်းရဲ့ တိုက်ရိုက် အကျိုးဆက်သာလျှင် ဖြစ်တယ်လို့ ပြတ်သားစွာ မိန့်ဆိုထားပါတယ်။

သတိတစ်လုံးစွမ်းအား ကဗျာမှာတော့-

"နိဗ္ဗာန်မဂ်ဖိုလ်၊ မှန်ရလို၊ သူ့ကိုနာနာပွား။"

လို့ ရေးသားတော်မူပါတယ်။

"သတိတစ်လုံး လက်ကိုင်ထား" ဆိုတဲ့ အဆုံးအမက ကျွန်တော်တို့တွေ လောကုတ္တရာခရီးစဉ်ကို လျှောက်လှမ်းရာမှာ အလွယ်ကူဆုံးနဲ့ အမှန်ကန်ဆုံး ပြုကျင့်နိုင်တဲ့ ဆရာတော်ကြီးရဲ့ အဖိုးမဖြတ်နိုင်တဲ့ မိန့်မှာချက်ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ဟာ နိဗ္ဗာန်တည်းဟူသောအမြင့်ဆုံးပန်းတိုင်ကို ရောက်ရှိလိုတယ်ဆိုရင်၊ ပေါ့ပေါ့တန်တန် ကျင့်ကြံမှုမျိုးကနေ ကျော်လွန်ပြီး သတိတရားကို အချိန်တိုင်း ကိုင်ဆောင်ထားဖို့ လေ့ကျင့်အားထုတ်ကြရမှာဖြစ်ပါတယ်။ ဒီအကျင့်ဟာ ကျွန်တော်တို့ကို ဘဝသံသရာရဲ့ မြူနှင်းတွေကြားထဲကနေ ပြီးပြည့်စုံစွာ လွတ်မြောက်စေနိုင်မှာဖြစ်ပြီး ငြိမ်သက်ငြိမ်းချမ်းမှုဆီကို ခေါ်ဆောင်သွားနိုင်တဲ့ တစ်ခုတည်းသော ယာဉ်ရထားဆိုတာ အသေအချာပါပဲ။

၄။ နေ့စဉ်ဘဝမှာ သတိကို  
ဘယ်လိုလက်တွေ့လေ့ကျင့်မလဲ

ဒီလောက် အဖိုးတန်တဲ့ သတိတရားကို ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဘယ်လို လက်တွေ့ကျင့်သုံးမလဲ။ သိပ်ပြီး ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကနေ စတင်လို့ ရပါတယ်။

 အသက်ရှူတာကို သတိထားပါ - မနက်အိပ်ရာနိုးတာနဲ့ ဖုန်းကို အရင်မကြည့်ဘဲ၊ ကိုယ့်ရဲ့ ဝင်လေထွက်လေလေးကို ၅ မိနစ်လောက် သဘာဝအတိုင်း သိနေပေးပါ။ ဒါဟာ တစ်နေ့တာအတွက် စိတ်ကို တည်ငြိမ်အောင် အုတ်မြစ်ချလိုက်တာပါပဲ။
 လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ပါ - လမ်းလျှောက်ရင် လမ်းလျှောက်မှန်းသိပါ၊ ရေချိုးရင် ရေချိုးမှန်းသိပါ၊ ထမင်းစားရင် စားနေမှန်းသိပါ။ စိတ်က တခြားကို ရောက်သွားတိုင်း ချက်ချင်းသတိပြုမိပြီး လက်ရှိလုပ်နေတဲ့ အလုပ်ဆီ ပြန်ဆွဲခေါ်လာတာဟာ ဆရာတော်ကြီး မိန့်သလို သတိကို လက်တွေ့အားဖြင့် ကျင့်သုံးနေတာပဲ ဖြစ်ပါတယ်။
 စိတ်လှုပ်ရှားမှုတွေကို သတိနဲ့ စောင့်ကြည့်ပါ - လူမှုပတ်ဝန်းကျင်မှာ အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ၊ ဒေါသထွက်လာတဲ့အခါမျိုးမှာ တုံ့ပြန်မှု မလုပ်ခင် "ငါ ဒေါသထွက်နေပြီ" လို့ ကိုယ့်စိတ်ကို သတိနဲ့ ကပ်ကြည့်လိုက်ပါ။ အဲဒီလို သိလိုက်ရုံနဲ့တင် ဒေါသရဲ့ အရှိန်ဟာ တစ်ဝက်မက လျော့ကျသွားပြီး အမှားအယွင်းကင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာ ဖြစ်ပါတယ်။

နိဂုံး
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ကျွန်တော်တို့ လောကလူသားတွေရဲ့ ရှုပ်ထွေးလှတဲ့ ဆင်းရဲဒုက္ခတွေကို လက်တွေ့လုပ်ဆောင်နိုင်တဲ့ အခြေခံကျတဲ့ လမ်းညွှန်ချက်တစ်ခုတည်းအဖြစ် သတိကို ပေးသနားတော်မူပါတယ်။ ပင်ပန်းနွမ်းနယ်မှုရဲ့ လေးလံခြင်းပဲဖြစ်ဖြစ်၊ ပူဆွေးသောကရဲ့ နာကျင်မှုပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ပိုမိုနက်နဲတဲ့ အဓိပ္ပာယ်ကို ရှာဖွေခြင်းပဲဖြစ်ဖြစ်၊ ဖြေရှင်းနည်းကတော့ အတူတူပါပဲ။ အဲဒါကတော့ သတိတရားကို ပွားများခြင်းပါ။ သတိတရားကို မရှိမဖြစ်လိုအပ်တဲ့ ဆောင်ဓားအဖြစ် သဘောထားခြင်းအားဖြင့်၊ ရှောင်လွှဲလို့မရတဲ့ ဘဝမုန်တိုင်းတွေကြားမှာ မတုန်မလှုပ် ရပ်တည်နိုင်စွမ်းကို ကျွန်တော်တို့ ရရှိလာမှာပါ။

အကယ်၍ ကျွန်တော်တို့ဟာ ရှုပ်ထွေးတဲ့ ကုစားမှုတွေကို ရှာဖွေနေတာကနေ ရပ်တန့်လိုက်ပြီး၊ ဒီတစ်ခုတည်းသော သတိတရားရှိခြင်းကို လှမ်းကိုင်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ အတွေ့အကြုံတွေဟာ ဘယ်လို ပြောင်းလဲသွားမလဲ။ သတိတရားကို ကျွန်တော်တို့လက်ထဲကနေ ဘယ်သောအခါမှ မကွာစေဘဲ၊ တန်ဖိုးရှိတဲ့ဘဝရှင်သန်ရေးအတွက် အဓိက အရင်းအနှီးအဖြစ် သဘောထားလိုက်မယ်ဆိုရင် ဘယ်လိုအရာတွေ ဖြစ်ပေါ်လာမလဲ။ ဒီမေးခွန်းရဲ့အဖြေကိုသိအောင် သတိရှိခြင်းအကျင့်ကို ဒီကနေ့ပဲ စလိုက်ကြရအောင်ပါ။

#ငြိမ်းချမ်းသာ #သတိဖြင့် နေထိုင်ခြင်း_၁ #Mindful Living-1
#သုဝဏ္ဏသျှမ် #စာပြီးရက်စွဲ-19-4-2026