စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, April 21, 2026

တရားမပါသောနေ့တနေ့

တရားမပါသော နေ့တစ်နေ့
🍃🍃🌺🍃🍃🌺🍃🍃🌺
တရားမသိဘဲ
တစ်ရက် အသက်ရှင်ရင် 
တစ်ရက် အကြွေးတင်တယ် 

တရားမသိဘဲ
တစ်ရက် ဆက်နေရင် 
တစ်ရက် အတိုးအညွန့်တက်တယ် 

အာရုံတစ်ခုခုကို တရားနဲ့ယှဉ်စပ် 
သုံးသပ်ခြင်း မရှိဘဲ 
အလွတ် ခံစားမိချေလျှင် 

- သာယာတပ်စွဲမှု ပေါ်လာပြီး
   ကံသုံးပါး တစ်ပါးပါးဖြင့် 
   ကျူးလွန်မိတတ်ပါတယ် 

- မုန်းငြိုးပြစ်မှားမှုပေါ်လာပြီး
   ပြစ်မှား ကျူးလွန်မိတတ်ပါတယ် 

- မသိမှုဖုံးအုပ်ခံရပြီးတော့လည်း
   ပြစ်မှား ကျူးလွန်မိတတ်ပါတယ် 

သာယာမှုနဲ့ ပြစ်မှားနေရင်
ဘေးက မသိသော်လည်း မိမိကိုယ်တိုင်တော့ 
သိလောက်ပါတယ် 

မုန်းငြိုးမှုနဲ့ ပြစ်မှားနေပြန်ရင်တော့
ဘေးက သိလွယ်မြင်လွယ်ပါတယ် 

မသိမှုနဲ့ ပြစ်မှားနေရင်တော့
ဘေးကမဆိုထားဘိ မိမိကိုယ်တိုင်တောင်
မသိလိုက်ရတော့ပါဘူး 

တရားမပါတဲ့ နေ့တစ်နေ့ 
ဘယ်လောက် အပြစ်ကြီးနေပြီလဲ ?

အယုတ်အလတ် အမြတ်တို့ အပေါ် ပြစ်မှားခဲ့သမျှ ကိန်းဂဏန်းချ ကြည့်ရင် 
အကြွေးစာရင်းက ကြောက်ဖွယ်လိလိ 

" တရားဆိုတဲ့ အသိ
  မရမချင်း တစ်သံသရာလုံး အကြွေးဆပ်နေရလိမ့်မယ်နော် "

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

No comments:

Post a Comment