စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, April 6, 2026

ကာလဝိပတ်တိ

.    "ကာလဝိပတ်တိ..."
     🌺🌺🌿🌺🌺

-မင်းဆိုး 
-မင်းယုတ် 
      ခေါင်းဆောင်အညံ့စားတို့...
-ရှေ့သွား ဦးဆောင်လုပ်လျက် စိုးအုပ်နေရာ အခါကို ကာလဝိပတ္တိ ဟုခေါ်၏။ 
-တိုင်းပြည်ပျက်သောအခါ၊ 
-မိမိတို့ တိုင်းပြည်ဝယ် စစ်ဖြစ်နေကြသောအခါ  
  များ၌လည်း...
         "ကာလဝိပတ္တိ" ပင်တည်း။ 

ထိုကဲ့သို့...
       "ကာလဝိပတ္တိ" ကြုံရသောအခါ၌ 
ရှေးက ပါလာခဲ့သော 
      *အကုသိုလ်ကံတို့ 
အခွင့် သာကြသည်။ 
      လူအများပင် 
-ဆင်းရဲ
-ပြတ်သတ် 
-ငတ်မွတ်ကြရ၏။ 

      *ကုသိုလ်ကံ ကြီးမား သူတို့ပင် ထို ကုသိုလ်ကံ အခွင့်မရဘဲ  ရှိသမျှ...
*အကုသိုလ်ကံ တို့၏ ဒဏ်ကို  ခံကြရ သောကြောင့် 
-ပြေးရ
-လွှားရ၊ 
-ပုန်းရ
-လျှိုးရ၊ 
-စားချင်တာ မစားရ၊ 
-ချစ်သူနှင့် ကွဲရ၊ 

      ***တချို့...
မသေလောက်သော 
      ရောဂါကလေး တွေအတွက်
-သင့်တော်သောဆေး၊ 
-ကုသပေးမည့် ဆရာ 
        မရသောကြောင့် 
 သေရသည့်တိုင်အောင်
       ***ဒုက္ခရောက်ရလေသည်။   

အရှင်ဇနကာဘိဝံသ၊
ကိုယ်ကျင့်အဘိဓမ္မာ။

No comments:

Post a Comment