![]() |
_/\_ _/\_ _/\_
သံဃာတော် အရှင်သူမြတ်တို့ ဘုရား..
ပဋိယတ္တိ သာသနာကို ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်
ရည်ရွယ်၍ စာသင်သား သံဃာတော်များအတွက်
သင်ရိုးညွှန်းတမ်း ပြဋ္ဌာန်း စာအုပ်များ၊
မှီငြမ်းစာအုပ်များကို လက်လှမ်းမှီသလောက်စုဆောင်း၍
eBook
များ အဖြစ်တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင်
၁) ဓမ္မကထိကဆရာတော်များအတွက် ကျမ်းစာအုပ်များ (၉)
အုပ်
၂) ဓမ္မာစရိယ စာသင်သားများအတွက် ကျမ်းစာအုပ်များ
(၅၀) အုပ်
၃) ပထမကြီးတန်း စာသင်သားများအတွက် ကျမ်းစာအုပ်များ
(၃၉) အုပ်
၎) ပထမလတ်တန်း စာသင်သားများအတွက် ကျမ်းစာအုပ်များ
(၃၄) အုပ်
၅) ပထမငယ်တန်း စာသင်သားများအတွက် ကျမ်းစာအုပ်များ
(၂၃) အုပ်
၆) သာမဏေကျော် စာသင်သားများအတွက် ကျမ်းစာအုပ်များ
(၂၅) အုပ်
စသည်ဖြင့် ရှိခဲ့ပါပြီ ဘုရား..
တပည့်တော်တို့ အနေနဲ့ ပိဋိယတ္တိစာပေသင်ကြားရေး
အပိုင်းကို ကူညီပံ့ပိုးပေးနိုင်ရန်
သဒ္ဒါတရားသာရှိပြီး မည်သို့သော စာအုပ် စာပေများသည်
သံဃာတော်များအတွက် အသုံးဝင်သည် မဝင်သည်ကို၊
မသိနိုင်ပါ.. စာအုပ်ဆိုင်ထဲဝင်၍ တွေ့သမျှ
ဝယ်ယူနေသည့် နည်းကိုဘဲ အသုံးပြုနေရပါသည်။ သို့
ဖြစ်ပါ၍ တပည့်တော်တို့အား ကူညီသောအားဖြင့်
တပည့်တော်တို့
dhammadownload.com website တွင်
မရှိသေးသော စာအုပ်များကို
၁) စာအုပ် ခေါင်းစဉ်၊
၂) စာအုပ် ရေးသားသူ
၃) website တွင် တင်ပြနိုင်သည့် Session
စသည်ဖြင့် ဝိုင်းဝန်းဖေါ်ပြ၍
dhammadownload.admin@gmail.com
သို့ email ပို့ပေးကြပါရန် မေတ္တာရပ်ခံ
လျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ ဘုရား…
ဗုဒ္ဓသာသနာတော်ကြီး၏ ပဋိယတ္တိ
ပညာသင်ကြားရေးနည်းစနစ်ကို မိမိတို့
တတ်ကျွမ်းသမျှသော ခောတ်မှီနည်းစနစ်များဖြင့်
ဝိုင်းဝန်း ထုံမွှန်းရင်းဖြင့် သာာသနာတော်ကြီး၏
အသိတရားများ လူသားတိုင်း၏ ရင်တွင်းသို့
စီးဝင်ပြန့်နှံ့ပါစေကြောင်း.. ဆုမွန်ကောင်း
တောင်းလိုက်ပါသည်..
_/\_ _/\_ _/\_
အကြီးတန်း ပြဌာန်းစာ သည် အောက် ပထမငယ်တန်း၊
ပထမလတ်တန်း ပြဌာန်းစာအကုန်ပါဝင်သည်။
အကျုံးဝင်သည်။ မေးခွန်းမေးလျှင်
မေးပိုင်ခွင့်ရှိသည်။ ၁။ဝိနည်း။ဘိက္ခူ၊ ဘိက္ခူနိ
ပါဠိအနက်အကုန်။ ကင်္ခါအကုန်။
၂။သဒ္ဒါ 8ဆောင်အကုန်။
ရူပသိဒ္ဒိအကုန်။ပုဒ်စစ်အကုန်။
၃။သင်္ဂြိုဟ် ၉ပိုင်းအကုန်။ ဋီကာကျော်အကုန်။
၎။ယမိုက်။အထက်ယမိုက်အကုန်။
၅။အဘိဓာန်၊ဂါထာ 1000ကျော်အကုန်၊
ဂါထာနေကတ္ထအကုန်။ အလင်္ကာအကုန်။ ဆန်းအကုန်။
၆။ပဋ္ဌာန်း ကုသလတိက်အကုန်။
၇။ဇာတ်အကုန်။ စုစုပေါင်း (7)ဘာသာ။
ပထမကြီးစာသင်သားများအတွက်
မူရင်းအဓိကကျမ်းစာအုပ်များမှာ..
ကစ္စည်းသဒ္ဒါကြီးပါဋ္ဌ် ( ထပ်ရှာရန်)
အဘိဓာန်ပါဠိ (ထပ်ရှာရန်)
အဘိဓမ္မတ္ထသင်္ဂဟပါဠိ (ဖြည့်စွက်ရှာဖွေတင်ပြရန်)
ဝိနည်းငယ်လေးစောင် ပါဋ္ဌ် (ဖြည့်စွက်ရှာဖွေတင်ပြရန်)
ယမကပါဠိ ၊ပဋ္ဌာန်းပါဠိတော်များ ပြဋ္ဌာန်းသော်လည်း ထိုစာအုပ်များကို စာသင်သားအများစု မကိုင်ကြပါ၊ ထိုကျမ်းများ၏ ဖွင့်ဆိုချက် ဆရာ့ဆရာ ပို့ချချက်များကိုသာ အသုံးပြုကြသည်၊
ဝိနည်းဆိုင်ရာ စာအုပ်များ (ငယ်၊ လတ်၊ ကြီး)
ဋီကာကျော်ပါဌ်
(မော်လူးစီစဉ်သည်)
သဒ္ဒါဆိုင်ရာ စာအုပ်များ (ငယ်၊ လတ်၊ ကြီး)
အဘိဓမ္မာဆိုင်ရာ စာအုပ်များ (ငယ်၊ လတ်၊ ကြီး)
www.dhammadownload.com တဆင့်ကူးယူဖော်ပြသည် ။

သပြေကန်ဆရာတော်ကြီး သဒ္ဒါကြီးနိဿယသစ် ပ၊ဒု၊တ စာအုပ်တွေ free download မပေးဘူလား
ReplyDelete