စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 17, 2022

အိုဇာတာကောင်းသူ

အိုဇာတာကောင်းသူ
-------------

တစ်ပါးသူကို
အကူအညီပေးတဲ့အခါ
သူ့ဆီက ဘာကိုမှ မမျှော်လင့်ပဲ
လွတ်လွတ်ကျွတ်ကျွတ်နဲ့
အကောင်းဆုံးကူညီလိုက်ပါ။

ငါကခဘယ်တုန်းက 
ဘယ်လိုကူညီခဲ့ရတာဆိုပြီး
စေတနာကျေးဇူးနဲ့လည်း မဖိမိပါစေနဲ့။

ကိုယ့်စေတနာကိုယ် 
ပူလောင်ရတယ်ဆိုတာ
အတော်ဝဋ်ကြွေးကြီးတာပဲ။

မျှော်လင့်ချက်နဲ့ကူညီတယ်ဆိုတာ
အဲဒါ...စေတနာမဟုတ်ဘူး။
သူ့အကြွေး ပြန်ဆပ်ရတာ။

မျှော်လင့်ချက်နဲ့ကူညီခဲ့သမျှ
ခံစားရမယ်။
ဘာကိုမှ မမျှော်လင့်ပဲ ကူညီခဲ့ရင်
သူ့ဘက်က ဘယ်လိုပဲ တုံ့ပြန်တုံ့ပြန်
အကောင်းဆုံးပြုံးပြနိုင်ပြီး
ကိုယ့်စေတနာနဲ့ကိုယ်
အရာရာ အေးချမ်းပြီးသားပေါ့။

ဒါကို"အပရစေတနာ"နဲ့ 
ပြည့်စုံတယ်လို့ခေါ်တယ်။
အကျိုးပေးတဲ့အခါကျ
"စေတနာကောင်းသူ"လို့ခေါ်တယ်။

ဓမ္မဝီရအသျှင်(ခင်မွန်)

No comments:

Post a Comment