စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 4, 2024

အလိုဆန္ဒနည်းအောင်နေ

"အလိုဆန္ဒနည်းအောင်နေ"
~~~~~~~~~~~~~~~~

လိုချင်တာတွေများလို့ ဒုက္ခများတယ်၊
အဲဒါကြောင့်ပဲ
အလိုဆန္ဒနည်းအောင် နေခဲ့ပါတယ်၊
ကင်းအောင်တော့မတတ်နိုင်ပါဘူး...။

လိုချင်တာရသည်ဖြစ်စေ မရသည်ဖြစ်စေ
စိတ်ချမ်းချမ်းသာသာနေမယ်၊
လိုချင်တာရအောင် မလုပ်တော့ဘူးလို့
မဆိုလိုပါဘူး၊
ဒါပေမယ့် ...
လိုချင်တာရမှ စိတ်ချမ်းသာမယ်လို့
သဘောမထားတော့တာပါ...။

ရအောင်လုပ်တဲ့အခါမှာလည်း
စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှု
နည်းအောင်စဥ်းစားတယ်၊
စိတ်အေးအေးနဲ့ လုပ်လို့ရပါတယ်...။

တကယ်အကျိုးရှိတာကိုရအောင်
စိတ်ရှည်ရှည်နဲ့လုပ်ရင် ရတာတွေ့ရတယ်၊
လိုချင်တာနည်းလို့
ကိုယ့်စိတ်ဓါတ်အင်အား,
ကိုယ့်အသိဉာဏ်တွေကို စုစည်းနိုင်တယ်...။

စိတ်ကိုစုစည်းနိုင်တာဟာ
စိတ်ရဲ့စွမ်းအားကို ကြီးမားစေတယ်၊
လိုချင်တာများလွန်းနေရင်
စိတ်ပျံ့လွင့်တယ်၊
စိတ်ပျံ့လွင့်ရင်
စိတ်ဓါတ်အင်အား နည်းသွားတယ်...။

ဒါကြောင့်...
တကယ်တန်ဖိုးရှိတာကို ရချင်ရင်
တန်ဖိုးမရှိတာတွေကို စွန့်လွှတ်လိုက်ပါ၊
လိုချင်တာနည်းရင် စိတ်ရှင်းတယ်၊
စိတ်ရှင်းရင် အသိဉာဏ်ရှင်းတယ်၊
တန်ဖိုးအရှိဆုံးက အသိဉာဏ်ပါ...။

(ဆရာတော်ဦးဇောတိက)

🙏🙏🙏🙏🙏🙏🙏🙏🙏

(စိတ်ချမ်းသာမှုဟာ ဘဝနေနည်းပါ
တရားတော်မှ ကောက်နုတ်ပူဇော်ပါ၏)

Khin Ayesan

No comments:

Post a Comment