စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, September 29, 2015
အမြင် ၂
##အနုမိတဒိဋ္ဌိအမြင်##
      ============်
#အနုမိတဒိဋ္ဌိအမြင်​က သုတဒိဋ္ဌိအမြင်​ ထက်​ပို၍နက်​ရှိုင်း၏။အနုမိတဒိဋ္ဌိအမြင်​ဖြင့်​ မိမိပတ်​ဝန်​ကျင်​ရိ လူကိုကြည့်​​သောအခါ ပစ္စည်းဥစ္စာများကို အ​လေးအမြတ်​ပြုစရာအဖြစ်​ မမြင်​၊အာဏာများကိုလည်​အ​လေးအမြတ်ုပြုစရာအဖြစ်​မမြင်​။တကယ်​တမ်း အ​လေးအမြတ်​ပြုစရာအဖြစ်​ မြင်​သည်​ကား ပညာသာဖြစ်​၏။ထို​ကြေင့်​ပတ်​ဝန်းကျင်​ကို အနုမိတဒိဋ္ဌိအမြင်​ဖြင့်​ ကြည့်​တတ်​သူများသည်​ပစ္စည်းဥစ္စာရှိသူများကိုလည်း အထင်​မကြီး၊၇ာထူးကြီးသူများကိုလည် အထင်​မကြီး၊အာဏာရှိသူများကျုလည်​ အထင်​မကြီး။သူအထင်​ကြီးသူကား ပညာရှိသာဖြစ်​၏။ထို​ကြောင့်​သူသည်​ #ပညာရှိသာ အထင်​ကြီး၏။ ပညာရှိကိုသာ အ​လေးအမြတ်​ပြုတတ်​၏။
Monday, September 28, 2015
အကုသိုလ်တွေပြုခဲ့မိလို့စိတ်ဆင်းရဲပြီး အားငယ်မနေပါနဲ့
အကုသိုလ်တွေပြုခဲ့မိလို့စိတ်ဆင်းရဲပြီး အားငယ်မနေပါနဲ့
     လူတိုင်းအကုသိုလ်တွေကိုပြုဖူးကြပါတယ်။အကုသိုလ်မပြုဖူးတဲ့သူရယ်လို့မရှိနိုင်ပါဘူး။ပုထုဇဉ်တိုင်းကအဝိဇ္ဇာရှိနေကြတဲ့အတွက်အမှားမကင်းနိုင်ကြဘူးပေါ့။အဲဒိအတွက်မိမိစိတ်ထားမှာအကုသိုလ်အမှူ့ကြီးတစ်ခုခုပြု့ခဲ့မိလို့အမြဲတအုံနွေးနွေးဖြစ်ပြီးခံစာမနေပါနဲ့။
.
     အကုသိုလ်ပြုမိတိုင်းငရဲကိုရောက်တာမဟုက်ရပါဘူး။ငရဲကိုကြိမ်းသေရောက်တဲ့ကံကနိယတမိစ္ဆာဒိဋ္ဌိကံနဲ့ပဉ္စနန္တိယကံငါးပါးဒိနှစ်မျိုးပဲရှိပါတယ်။ကျန်တဲ့အကုသိုလ်မှန်သမျှကိုခြေဖျက်လို့ရနိုင်ပါတယ်။ကုသိုလ်နဲ့တားဆီးပိတ်ပင်ဖျက်စည်းပြစ်နိုင်ပါတယ်။မိစ္ဆာဒိဋ္ဌိကံကပဉ္စာနန္တိယကံထက်အပြစ်ပိုကြီးပါတယ်။
.
     ဗုဒ္ဓဘာသာဝင်တွေဟာရတနာသုံးတန်ကံ၊ကံ၏အကျိုးကိုယုံကြည်သူများဖြစ်သည့်အတွက်သမ္မာဒိဋ္ဌိတွေဖြစ်ကြပါတယ်မိစ္ဆာဒိဋ္ဌိတွေမဟုက်ကြပါဘူး။ပဉ္စာနန္တိယကံကိုကျူးလွန်သူကလဲတစ်ရာတစ်ရောက်အလွန်ရှားပါတယ်။အကယ်၍ကျူးလွန်မိရင်လဲကုသိုလ်တွေအသိတရားဝင်ပြီးပြုမယ်ဆိုရင်မိမိအတွက်အထောက်ကူဖြစ်နိုင်ပါတယ်။
.
      အကုသိုလ်တစ်ခုကိုပြုခဲ့မိရင်ကောင်းမှူ့တစ်ခုပြန်ပြု့ပါ။အဲဒိအကုသိုလ်အမှူ့မျိုးနောက်တစ်ကြိမ်ကြုံလာခဲ့ရင်ရှောင်ကြဉ်ပါ၊အဲဒိလိုအကုသိုလ်အမှူ့မျိုးထပ်ကြုံလာလို့မိမိကိုယ်ကိုယ်ထပ်မပြုမိအောင်ရှောင်ကြဉ်ခြင်းတာလဲကုသိုလ်ဖြစ်ပါတယ်။နောက်တစ်ခါခုပြု့ခဲ့တဲ့အကုသိုလ်မျိုးနောင်မဖြစ်မိအောင်စောင့်ထိန်းမယ်လို့စိတ်ထဲမှာရည်ရွယ်တာလဲကုသိုလ်ဖြစ်ပါတယ်။
.
     အကုသိုလ်တွေဘယ်လောက်ပဲပြုခဲ့ပြုခဲ့ကုသိုလ်တွေရှိနေရင်သူတိုအကျိုးမပေးနိုင်ပါဘူး။အကယ်၍အကျိုးပေးခဲ့ရင်လဲခဏလောက်ပဲအကျိုးပေးနိုင်စွမ်းရှိကြပါတယ်။တစ်ချို့အားကြီးတဲ့ကုသိုလ်တွေဆိုရင်တစ်သံသရာလုံးကပြုခဲ့တဲ့အကုသိုလ်တွေကိုလုံးဝအကျိုးပေးခွင့်မရအောင်ကိုဖျက်စီးပြစ်နိုင်စွမ်းရှိကြပါတယ်။
.
     ဒါကြောင့်မိမိအကုသိုလ်တွေဘယ်လောက်ပဲပြုခဲ့ဖူးပါစေလုံးဝအားမငယ်ပါနဲ့။ငါတစ်သက်လုံးအကုသိုလ်တွေပဲပြု့ခဲ့တယ်ခုမှတော့မထူးတော့ပါဘူးကွာဆိုပြီးဆက်လက်မကျူးလွန်ပါနဲ့။အချိန်မှိပါသေးတယ်။ယခုအချိန်ကစပြီးကုသိုလ်ကောင်းမှူ့တွေကိုပြုလိုက်ပါ။မိမိအမှားတွေမှန်းသိပါရက်နဲ့ဆက်လက်ကျူးလွန်နေမယ်မပြု့ပြင်ဘူးဆိုရင်တော့အပါယ်-၄ဘုံကိုသွားရပါလိမ့်မယ်။
.
     အမှားမှန်သိလို့အမှန်ပြင်တာသူတော်ကောင်းကြီးတွေရဲ့အလုပ်ပါ။သူတော်ကောင်းကြီးတွေရဲ့အလုပ်ကိုမိမိလုပ်နိုင်တဲ့အချိန်ကစပြီးမိမိလဲသူတော်ကောင်းဖြစ်သွားပါပြီ။အားလုံးသောစာဖတ်ပရိတ်သတ်ဓမ္မမိတ်အပေါင်းတို့သည်ယနေ့မှစ၍သူတော်ကောင်းကြီးများဖြစ်နိုင်ကြပါစေ။
Sunday, September 27, 2015
ကုသိုလ်ဖြစ်အောင် နှလုံးသွင်တတ်ကြပါစေ
     ကုသိုလ်ဖြစ်ရခြင်း အကုသိုလ်ဖြစ်ရခြင်း တွေရဲ့အကြောင်းရင်းကတော့ နှလုံးသွင်းခြင်းပါပဲ။ ပါဠိလိုတော့ ယောနိသောမနသိကရ လို့ခေါ်ပါတယ်။ နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်ပါတယ် နှလုံးသွင်းမကောင်းရင်တော့ အကုသိုလ်ဖြစ်တာပေါ့ ဒါကြောင့် အရာရာကို သင့်တင့်အောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်။
.
     ဦးဇင်း ဥပမာလေး တစ်ခုပြမယ်နော် လမ်းဘေးမှာ အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို လူတစ်ယောက်က အစာကျွှေးနေတယ်။ ဒါကိုလူတစ်ယောက်မြင်တော့ အော် သနားစရာ ခွေးလေးကို အစာကျွှေးနေတာကောင်းလိုက်တာလို့ သာဓုခေါ် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရင် အဲဒိသူအတွက် ကုသိုလ်စိတ်လေး ဖြစ်သွားပါတယ်။
Friday, September 25, 2015
သုတ အမြင်
##သုတဒိဌိအမြင်##
     ==========
လူလူချင်းပတ်​၀န်းကျင်​ကိုကြည့်​ရာတွင်​တချို့ကလူကိုမမြင်​၊ပစ္စည်းဥစ္စာများကိုမြင်​၏။ရာထူးကိုမြင်​၏။အာဏာများကိုမြင်​၏။ထိုသို့မြင်​​သောအခါပစ္စည်းဥစ္စာများကိုမြတ်​နိုး၏။ရာထူးများကိုမြတ်​နိုး၏။အာဏာများကိုမြတ်​နိုး၏။ထို့​ကြောင့်​ပစ္စည်းရှိခိုက်​အ​လေးအမြတ်​ပြု၏။ အ​လေးအမြတ်​ပြုစရာပစ္စည်းမရှိ​တော့သည်​နှင့်​တပြိုင်​နက်​အ​လေးအမြတ်​မပြု​တော့။အာဏာရှိခိုက်​အ​လေးအမြတ်​ပြု၏။အ​လေးအမြတ်​ပြုစရာအာဏာမရှိ​တော့သည်​နှင့်​တပြိုင်​နက်​အ​လေးအမြတ်​မပြု​တော့။ထိုသို့ဖြစ်​ရခြင်းမှာ​လောကကိုသုတဒိဌိအမြင်​ဖြင့်​သာကြည့်​တတ်​​သော​ကြောင့်​ဖြစ်​သည်​။သုတဒိဌိအမြင်​ဟူသည်​ပစ္စည်းဥစ္စာများ၊ရာထူးများ၊အာဏာများကိုသာမြင်​တတ်​၏။အခြားဘာကိုမျှမမြင်​တတ်​။ဤသည်​မှာသုတဒိဌိအမြင်​၏သ​ဘောဖြစ်​၏။
Wednesday, September 23, 2015
ဒုက္ခတစ်ခု ကြုံတိုင်း ကုသိုလ်တစ်ခု လုပ်ပါ
          တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသောကြောင့် သာ ဦးဇင်းထံ သို့ ပြေး လာ ပါတယ် ။ သူ့ခဗျာ မုဆိုး မကြီး ဆိုတော့ အားကိုး
လဲ မရှိ ရှာ ပါ ဘူး ။ အဲ ဒိအတွက် သားဦးဇင်း ထံ အားကိုး တကြီး နဲ့ ပြေး လာတာ ပါ ။
          အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုကွယ်တဲ့ ဆရာတော် ဖြစ်နေ ပါပြီ ။ မယ်တော် ကြီးအတွက်နေ စရာ အိမ်တစ် လုံးတော့ကောင်းကောင်း ဖန်တီးပေ နိုင်စွမ်း ရှိပါတယ်။ ဘုရင် ကိုတိုင် က အလွန် ကြည်ညို တဲ့ ဆရာတော် ဖြစ် တဲ့အတွက် လာဒ် လာဘ ပေါများမယ် ဆိုတာ ယုံ မှား ဖွယ် မရှိပါ
 ဘူး။ ဒါယကာတွေကို မယ်တော် အိမ် မီးထဲ ပါသွားတယ် လိုပြောလိုက် တာ နဲ့ ကိစ္စပြီး နိုင်ပါတယ်။
Tuesday, September 22, 2015
ဘုရားရှေ့ မှာ မိမိဘာသာ သီလယူခြင်း
    မင်္ဂလာပါ ဓမ္မ္မမိတ်ဆွေ အပေါင်း တို့ ။ ဦးဇင်း ကို ဓမ္မမိတ်ဆွေ တစ်ဦး က အရှင်ဘုရား မြတ်စွာ ဘုရား ရှေ့ မှာ မိမိ ဘာသာ သီလယူတာ နဲ့ ဘုန်းကြီး ကျောင်းသွား ယူတာနဲ့ ဘာကွာ လဲဘုရား ပြီးတော့ လူပုဂ္ဂိုလ်ထံ မှာရော ယူလို့ ရလား ဘုရား လို့ မေးလျှောက်လာ ပါတယ် ။ ဒီမေး ခွန်းလေး ကို ဦးဇင်းရဲ့ မိတ်ဆွေများ လဲ သိအောင် Post အဖြစ် ဖြေပေး လိုက်တာပါ ။
    သီလ ယူတယ် ဆိုတာ ဘယ်သူနဲ့ မှ မဆိုင် ပါဘူး ။ မိမိ နဲ့ သာဆိုင် ပါတယ် ။ မိမိ ဘာသာ သီလမြဲ ဖိုက အဓိက ပါ ။ ဘုရား ရှေ့ မှာယူယူ ရဟန်းထံ မှာ ယူယူ ၊ လူပုဂ္ဂိုလ် ထံမှာ ယူယူ အဓိက မကျပါဘူး ။ သီလပေး တဲ့ သူအပေါ် လိုက် ပြီး ပြောင်းလွဲ သွားတာ လဲ မရှိပါဘူး။ ဇာတ်တော် တွေပြန်လေ့ လာကြည့် ရင် လဲ လူပုဂ္ဂိုလ်ထံ မှာ တစ်ခါတလေ သမင်မင်း ကျေးမင်း ဟင်္သာမင်း စတဲ့ သတ္တဝါတွေ ထံ မှာ သီလယူ တာတွေ တွေ့ ရ တတ်ပါ တယ် ။ ဒါကြောင့် မည်သူထံ မှာ မဆို သီလယူ လိုရ တယ် လို့ မှက်သားရ ပါမယ်။
Monday, September 21, 2015
လူ အမှတ် ၎
# အလင်းမှလာ၍ အလင်းသို့သွား
   သောပုဂ္ဂိုလ် #
အချို့ သောသူတို့သည် လွန်လေပြီး
သောအတိတ်ကာလတွင် ဒါန သီလ ဘာဝနာ စသောကောင်းမှုကုသိုလ်တ
ရားတို့ကို အပတ်တကုတ်ကြိုးစားအား
ထုတ်ခဲ့သဖြင့် ယခုမျက်မှောက်ဘဝ
တွင် လိုလေသေးမရှိ ပြည့်စုံသောဘ
ဝတွငါခံစားစံစားနေကြရ၏။
             ယခု ဘဝတွင်လည်း ကံ ကံ၏
အကျိုးကိုယုံကြည်၍ မကောင်းမှုဒုစ
ရိုက်တို့ကိုရှောင်ကြဉ်ကာ ကောင်းမှု
သုစရိုက်တို့ကို အပတ်တကုတ်အား
ထုတ်ကြိုးစားပြနါသဖြင့် ထိုသူတို့၏
နောင်တမလွန်ဘဝ သည် ကောင်းကျိုး
ချမ်းသာကိုသာ မလွဲမသွေ ခံစားစံစား
ကြရပေဦးမည်။
             ထိုသူမျိုးတို့ကို  အလင်းမှ လာ
၍ အလင်းသို့သာ သွားသည့်သူ ဟု
ခေါ်ပါ၏။
Sunday, September 20, 2015
ရေစက်ချ ၍ လှူဒါန်းခြင်း အကြောင်း
 ဦးဇင်းကို ဒကာတစ်ဦးက "ရေစက်ချ ပြီ လှူမှသာ ဒါနမြောက်တာ လာ? ဘာအတွက်ကြောင့် ရေစက်ချရတာ လဲ ဘုရား" လို့ လျှောက်လာ ပါတယ် ။ ဒိမေးခွန်း ကို ဓမ္မမိတ်ဆွေ တွေ လဲ သိသင့်တယ် ထင် လို့ post တစ်ခု အဖြစ်ရေး လိုက်တာ ပါ။ အလှူတစ်ခု ဒါနမြောက် ဖို့ က ရေစက် ချခြင်း မချခြင်း နဲ့ မဆိုင်ပါ ဘူး ။ ကိုယ် အလှူတစ်ခု လုပ်လိုက်ရင် ရေစက် မချ လဲ အကျိုးပေး ပါတယ် ။ ရေစက်ချ လှူလို့ အကျိုးပို ပေးတာ လဲ မဟုက် ပါ ဘူး ။ မိမိ ရဲ့ သဒ္ဓါ တရာ သာ အဓိက ကျပါတယ် ။ မိမိ ရဲ့ သဒ္ဓါ ထက်သန်သလောက် အကျိုးပေးပါ တယ် ။ အလှူခံ ပုဂ္ဂိုလ် က မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရင်တော့ အတိုင်ထက် အလွန်ပေါ့ ။ ဇာတ်တော်တွေ ကို လေ့လာ ကြည့် ရင် တစ်ချို့ ဇာတ်တော်တွေ မှာ ရေစက်ချ လှူဒါန်းသလို့ တစ်ချို့ ဇာတ်တော်တွေ မှာ လုံးဝရေစက် မချပါ ဘူး ။ သိန်းပေါင်း များစွား အကုန်ကျ ခံပြီး မြတ်ဗုဒ္ဓ အား ပုဗ္ဗာရုံကျောင်းတော်ကြ်းိ လှူဒါန်းတာ ရေစက်မချ ပဲ လှူဒါန်းခဲ့တာ ပါ ။
လူ အမှတ် ၃
@အလင်းမှ လာ၍ အမှောင်သို့သွား
   သော ပုဂ္ဂိုလ်@
  အချို့သောသူတို့သည် လွန်လေပြီး
သောအတိတ်ဘဝတွင် မြောက်များလှ
စွာသောကုသိုလ်ကောင်းမှုတို့ကိုလုပ်
ခဲ့၍ ယခုမျက်မှောက်ဘဝတွင် လိုလို
သေးမရှိအောင် အဘက်ဘက်မှပြည့်
စုံစွာဖြင့် ခံစားစံစား နိုင်ခဲ့သဖြင့်အလင်
းလမ်းမှလာသူနှင့်တူပေ၏
        သို့သော ယခုမျက်မှောက်ဘဝ
တွင်မူ ထိုရ ရှိထားသောစည်းစိမ်ချမ်း
သာတို့အပေါ်၌ သာယာမိန်းမောယစ်
မူးမိသည်ဖြသ်၍ ကုသ်ုလ်တရားမေ့
လေိာ့ကာ မကောင်းမှုအကုသိုလ်တို့
ကိုသာ မပြတ်ပြုလုပ်ကာ နေသော
ကြောင့်သု၏ တမလွန်ဘဝ သွားရာ
လမ်းသည် အမှောင်လမ်းသို့ ဦးတည်
နေပေသည်။
      ထိုသူမျိုး ကို  အလင်းမှလာ၍ အ
မှောင်သို့သွား သည့်သူ  ဟုခေါ်ဆိုပါ
၏။
Friday, September 18, 2015
လူ အမှတ် နှစ်
# အမှောင်မှလာ၍ အလင်းသို့သွား
သောပုဂ္ဂို လ် #
အချိုလ့သောပုဂ္ဂို လ်တို့သည် လွန်လေ
ပြီးသော အတိတ်ကာလ ဘဝ၌ မ
ကောင်းမှုအကုသိုလ်အမှုတို့ကိုပြု ခဲ့
သဖြငါ့ ယခုဘဝတွင် အကျိုးပေးနုံချာ
သော်လည်း ယခုဘဝတွင်မူ သူတော်
ကောငါးတို့အဆုံးအမ ကိုရသဖြင့်
လကါရှိခံစားနေရသော ဆင်းရဲဒုက္ခ
တို့ကို သတိသံဝေဂ ယူကာ  သူတော်
ကောင်းတို့ကျင့်အပ်သော အကျင့်တို့
ကို အစွမ်းကုန် အားထုတ်သဖြင့်တ
မလွန်ဘဝတွင် ကောင်းကျိုးကိုသာ
ဧကန်မုချ ခံစားရမည့်ဖြစ်၏။
        အကုသိုလ်အကျိုးပေးကြောင့်
လာစဉ်က အမှောင်လမ်း ကလာခဲ့ရ
သော်လည်း သွားသောအခါတွင်မူ
ကောင်းမှုကုသိုလ်တို့၏ အကျိုးပေး
ကြောင့်အလင်းလမ်းသို့သွားရမည်
သာဖြသ်သည်။
     ဤကဲ့သ်ု့သော ပုဂ္ဂို လ်မျိုးကား
" အမှောင်မှလာ၍ အလင်းသို့သွား
သောပုဂ္ဂို လ် " ဟုခေါ်၏။
Thursday, September 17, 2015
သံဃာတု အ​ကြောင်း
               မ​နေ့ က ဒကာတစ်​​ယောက်​ post တစ်​ခု မှာ မန့်​ထားတာ ​လေး​တွေ လို့ ပါ သံဃာ တု​တွေ ၊ သံဃာတု​တွေ ကို မလှူကြနဲ့ ။ သံဃာ တု​တွေ လှူရင်​ အကျိုးမရှိ ဘူး စသည်​ ​တွေ​ပြော ထာပါ တယ်​​ ။ ဦးဇင်း ရဲ့ ဓမ္မမိတ်​​ဆွေ ​တွေကို သိ​အောင်​ ရှင်းပြ ပါ မယ်​။ ​သေခြာ သိ​တော့ အမှား မလုပ်​မိ​တော့ ဘူး​ပေါ့ ။
               သံဃာ မှာ နှစ်​မျိုး ပဲ ရှိပါ တယ်​ ။ သမုတိ သံဃာ နဲ့ ဒက္ခိ​ဏေယျ သံဃာ ​ပေါ့ ။ ပထမ တစ်​မျိုး က ရဟန်း လို့ သိမ်​ထဲ မှာ ဉာတ္တိစတုတ္ထ ကမ္မဝါ စာနဲ့ ဖြစ်​တဲ့ ရဟန်း စတဲ့ ရဟန်း အား လုံးပါ ။ ဒုတိယ တစ်​မျိုးက ​တော့ မဂ္ဂဋ္ဌာန်​ ၊ ဖလဋ္ဌာန်​ ဆိုတဲ့ အရိယာ​တွေ ပါ ။ အဲဒိ နှစ်​မျိုး အ​ပေါင်း အစုကို သံဃာ လို့ ​ခေါ်ပါတယ်​ ။ သံဃာ ဆိုတာ ဘုရား တစ်​ဂိုဏ်းထဲ ထား အပ်​တဲ့ ပုဂ္ဂိုလ်​ ​တွေ ပါ ။မြတ်​ဗုဒ္ဓ လက်​ထက်​က​နေ့ ယ္ခု​ခေတ်​တိုင်​​အောင်​ အဆင့်​ဆင့်​ ​ပေါ်ထွန်း​တော်​မူတဲ့ ရဟန္တာ ၊ အရိယာ ပုဂ္ဂိုလ်​ ​တွေ အပါဝင်​ ရဟန်း အားလုံး အစု အ​ဝေး ကို သံဃာ လို့ ​ခေါ်ရပါမယ်​ ။ သံဃာ မှာ အတုရယ်​ လို့ မရှိ ပါဘူး ။ ရဟန်း တု လို ပဲ ရှိတယ်​ ။ ဒါ​ကြောင့်​ သံဃာ ဆိုတဲ့ အမည်​ကို အတု တတ်​ပြီး မ​စော်​ကားပါနဲ့ ။ မိုက်​မိုက်​ရိုင်းရိုင်း သံဃာကို ဆဲဆို တာဟာ အရိယာ ပုဂ္ဂိုလ်​ ကြီး​တွေ ကိုပါ ဆဲဆိုတာ နဲ အတူတူပါပဲ လို့ သိ​စေလို ပါတယ်​ ။
          ဦးဇင်း ​သေခြာ ထပ်​သတိ​ပေးပါမယ်​ မည်​သည့်​ ပါတီကို မဆို လွတ်​လပ်​စွာ ​ရွေးချယ်​ခွင့်​ ရှိပါတယ်​ ။ ဘယ်​ပါတီကို မဆို​ပေါ့ ။ မူစလင်​ပါတီ ကို ​တောင်​ ကြိုက်​ရင်​ မဲ​ပေးလို့ရပါ​ သေးတယ်​ ။ ကိုယ်​ နဲ့ အယူဆ မတူတာကို အ​ကြောင်း ပြုပြီး အကုသိုလ်​မဖြစ်​​စေ လိုပါ ဘူး ။ ပါတီ အာဏာရတာ မရတာ အသာထား ကိုယ်​က အရင်​ ငရဲရမှာ ပါ ။ မထင်​မှတ်​ပဲ သံဃာ့ ရဲ့ လဒ်​ကို ဖျက်​စီးခြင်း စတဲ့ အမှားမျိုးကြီး​တွေ ကျူးလွန်​မိသွားရင်​ သံသရာ မှာ မ​တွေးရဲစရာ ပါ ။ တစ်​ဘဝ ကိုမကြည့်​ ပါ နဲ့ ​နောင်​သံသရာ ကို ​မျှော်​ပြီး ကြည့်​ကြပါ သူ​တော်​​ကောင်း အ​ပေါင်းတို့ ။
          ခု ဦးဇင်း​ပြောတာ ​သေခြာဖတ်​ပြီး စဉ်းစားပါ ။ ငါတို့ ပါတီကို ကန့်​ကွက်​​နေတာ လား ?။ မမှားရ​အောင်​ သံသရာ အတွက်​ သတိ​ပေးတာ လား ဆိုတာ ကိုပါ ။ တစ်​ချို့ က အ​တွေးခေါ်တိမ်​ ကြတယ်​ ။မိမိ အား​ပေးတဲ့ ပါတီကို မ​ထောက်​ခံတဲ့ ရဟန်းမှန်​ရင်​ ရန်​သူကြီးလို သ​ဘောထားကြတယ်​ ။ မဆီမဆိုင်​ စစ်​အစိုးရမ​ကောင်း​ကြောင်း ၊ ကျွန်​ဖြစ်​လို​ကြောင်း  ​ စတဲ့ ကွန်​မန့်​ ရှည်​ကြီး​တွေ မန့်​ပြီး ရန်​ပြုဖို့ တိုက်​ခိုက်​ဖို့ ပဲ ပြင်​​နေကြ တတ်​ပါတယ်​ ။
           မည်​သူ​တွေ မည့်​သို့ပင်​​ပြောကြပါ​စေ ။ ပုဂ္ဂိုလ်​ တစ်​ဦးတစ်​​ယောက်​ ဦးဇင်းရဲ့ သတိ​ပေးမူ့ ​ကြောင့်​ မမှား သင့်​တဲ့ အပြစ်​ကြီး​တွေ ကို သိလို့ ​ရှောင်​ကြဉ်​သွားရင်​ ​ကြေနပ်​ပါပြီ ။ 
........................................................................     
Wednesday, September 16, 2015
အာသဝ ဟူသည်
✿တစ်ခုသောဘ၀ဖြစ်ပေါ်ရာ၌ ✿
✿(အ၀ိဇ္ဖာ)သည် မြေကြီးနှင့် တူ၏
✿(တဏှာ)သည်   မိုးရေ နှင့်တူ၏
✿(သင်္ခါရ )ဟူသောစေတနာဓာတ်ကြီးသည်
သရက်မျိုးစေ့ နှင့်တူ၏
✿(၀ိဥာဏ်)သည် သရက်မျိုးစေ့ မှပေါက်လာသော
သရက်ညှောင့်ငယ်နှင့်တူ၏
✿(နာမ်/ရုပ်)နှစ်ပါးသည် (သရက်ညှောင့်ငယ်) မှ
ဆက်လက်ကြီးပွား၍သွားသော သရက်ပင်ကြီးနှင့်တူ၏
✿(သဠာယတန)(၆)ပါးသည် (သရက်ပွင့်အခိုင်စု)နှင့်တူ၏
✿(ဖသ၁)  (၆)ပါးသည်(သရက်ပွင့်အတန်စု)နှင့်တူ၏
✿(ဝေဒနာ)(၆)ပါးသည် (သရက်ပွင့်အစု)နှင့်တူ၏
✿(တဏှာ) (၆)ပါးသည် (သရက်သီးအကင်းအစု)နှင့်တူ၏
✿(ဇာတိ)သည်(ထိုသရက်စေ့)မှပေါက်သော
(နောက်သရက်ပင်)နှင့်တူ၏။
အကြောင်း၊အကျိုး အဆင့်ဆင့်ဖြစ်ပွား၍
သွားပုံကိုပြသောဥပမာတည်း။  ။
_/\__/\__/\_
✿ကျေးဇူးတော်ရှင်✿
✿(ပထမလယ်တီဆရာတော်ဘုရားကြီး)✿
Monday, September 14, 2015
လူ အမှတ် တစ်
အမှောင်မှလာ၍အမှောင်သို့သွားသော
ပုဂ္ဂိုလ်။
လူတစ်ဦးသည် လွန်လေပြီးသောအ
တိတ်ကာလ သံသရာတွင် ကျင်လည်
စဉ်၌ အကုသိုလ်အမှုတို့ကိုဆည်းပူး
အားထုတ်မိလေသောကြောင့် ယခုဘဝတွင် ကံအားလျော်စွာ လူ့ဘ
ဝကိုရခဲ့ ပါသော်လည်း အမျိုးယုတ်နိမ့်
ခြင်း ဆင်းရဲနွမ်းပါခြင်း ကိုယ်လက်အင်္ဂါမစုံလင်ခြင်း မျက်စိမ
မြင်ခြင်း နားမကြာခြင်း ဆွံ့အခြင်း မွေး
ရာရူးသွပ်ခြင်း ပညာမဲ့ခြင်း ထုံထိုင်းခြင်
ဘေးအမျိုးမျိုးတို့နှင့် တွေ့နေရခြင်း စ
သည်တို့သည်အတိတ်ကံ အကျိုးပေး
ဆိုးသောကြောင့် အမှောင်လမ်းမှ လာ
ရသူနှင့်တူပေသည်။
             ယခု မျက်မှောက်ဘဝတွင်လဲ
အတိတ်အကြောင်း၏ မကောင်းမှုကို
ဆင်ခြင်သတိ မရှိသေးပဲ အကုသိုလ် ဒုစရိုက်မှုများကိုသာ မိုက်မှား၍ လိုက်
စားနေပြန်၏။
             ထိုပစ္စုပ္ပန် မကောင်းမှုအကု
သိုလ်တို့ကြောင့် တမလွန်ဘဝတွင်
လည်း ဆိုးကျိုးများသာ ဆက်လက်ခံ
စားနေရဦးမည် ဖြစ်သဖြင့် အမှောင်
လမ်းသို့သာသွားနေသူနှင့်တူပေတော့
သည်။
            ထို့ကြောင့် ဤ ကဲ့သို့သော
ပုဂ္ဂိုလ်မျိုးကို  "အမှောင်မှလာ၍အမှောင်
သို့ပြန်သွားသောပုဂ္ဂို လ် "  ဟုခေါ်ပါ၏
Thursday, September 10, 2015
မီး ၁၁ မီး
(၁) ရာဂမီး - တပ်မက်ရသဖြင့် ပူလောင်ခြင်း။(၂) ဒေါသမီး - စိတ်ဆိုး အမျက်ထွက်ရသဖြင့် ပူလောင်ခြင်း။(၃) မောဟမီး - အမြင်မှန်ကို မသိရသဖြင့် ပူလောင်ခြင်း။(၄) ဇာတိမီး - ပဋိသန္ဓေ နေရပြီး ဘ၀အသစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း။(၅) ဇရာမီး - အိုမင်းရင့်ရော်ရသဖြင့် ပူလောင်ခြင်း။(၆) မရဏမီး - သေကျေပျက်စီးရသဖြင့် ပူလောင်ခြင်း။(၇) သောကမီး - ပူဆွေးမှု၊ စိုးရိမ်ကြောင့်ကြမှု များရသဖြင့် ပူလောင်ခြင်း။(၈) ပရိဒေ၀မီး - ငိုကြွေးရသဖြင့် ပူလောင်ခြင်း။(၉) ဒုက္ခမီး - ကိုယ်ဆင်းရဲခြင်းကြောင့် ပူလောင်ခြင်း။(၁၀) ဒေါမနဿမီး - စိတ်ဆင်းရဲ ရခြင်းကြောင့် ပူလောင်ခြင်း။(၁၁) ဥပါယာသမီး - သက်ကြီး ရှိုက်ငင်ဖြစ်ရခြင်းကြောင့် ပူလောင်ခြင်း
Monday, September 7, 2015
ချမ်းသာစစ်
ချမ်းသာအစစ်ရှာပုံတော်
ချမ်းသာအစစ်ရှာပုံတော်
================
             အခြားသူများအနေဖြင့် ချမ်းသာကိုရှာ
ကြရာတွင် အသစ်အသစ်သော အာရုံဝတ္ထုများကို
ရအောင်ရှာဖွေ အားထုတ်ခြင်း၌ ချမ်းသာကိုရှာ
ကြ၏။ ဗုဒ္ဓကား ထိုကဲ့သို့  မဟုတ်။ မိမိသန္တာန်၌
ကိန်းနေသော အဟောင်းအဟောင်း ဖြစ်သော '
တဏှာ' ကို တွေ့အောင်ရှာပြီး ယင်းကို ပယ်
သတ်နိုင်ရန် အားထုတ်ခြင်း၌ ချမ်းသာကိုရှာ၏။
အမှန်အားဖြင့် အသစ်အသစ်သော အာရုံဝတ္ထု
များကို ရအောင်ရှာခြင်းသည် ဒုက္ခကိုရှာခြင်းဖြစ်
၏။ ချမ်းသာကိုရှာခြင်း မဟုတ်။ အဘယ့်ကြောင့်
ဆိုသော်အသစ်အသစ်သော အာရုံဝတ္ထုများကို
ရခြင်းသည် ဘဝကိုရခြင်းမည်၏။ ဘဝကိုနေရ
သရွေ့ တဏှာသည် ရှိနေမည်ဖြစ်၏ ။ တဏှရှိ
သေးသရွေ့လည်း ဒုက္ခသည် ရှိနေမည်ဖြစ်၏။
ထို့ ကြောင့် အသစ်အသစ်သော အာရုံဝတ္ထုများ
ကို ရအောင်ရှာခြင်းသည် "ဒုက္ခကို ရှာခြင်းဖြစ်
သည" ဟူ၍ ဆိုအပ်၏။
ဒါနမျိုးစေ့
လူတိုင်းမှာအနည်း နဲ့ အများ ဆိုသလို ဒါန မျိုးစေ့ရှိကြပါ၏
=======================================
***ရှေးဘဝကပါလာတဲ့ ဒါန မျိုးစေ့သေးသေးလေးတွေကို
     လဲကြီးထွားအောင်မြင်လာအောင်ဒီဘဝကောင်းမှုကု
     သိုလ်ကံတွေနဲ့ အားဖြည့်ပေးလို့ရပါတယ်။
***ကံ မမှီပါက ကံ ဆက် ဉာဏ်မမှီပါက ဉာဏ် နဲ့ ဆက်
     ကံမြင့်အောင် ကံဆင့်ပေးရပတယ်။
ရွှေပေါ်ကျွန်းဆရာတော်
Friday, September 4, 2015
ဒေါသ ထွက်တော့မယ်ဆိုရင်
***ဒေါသဖြစ်မယ်ကြံရင်(5)မိနစ်လောက်အောင့်လိုက်ပါသည်းခံခြင်းရဲ့အရသာကိုတွေ့ပါလိမ်မည်
***ဒေါသထွက်စပြုလာပါကသတိရှိပါတောက်လောက်လာသောဒေါသမီးကိုအာပေးအားမြောက်မပြုနဲ့စိတ်ကိုအေးချမ်အောင်ထား၍နုတ်ကိုပိတ်ကာသာယာသောတစ်ခုခုကိုပြောင်းထားလိုက်ခြင်းဖြင့်လည်းကောင်း မိမိဘာသာအချင်းဖြစ်သည့်နေရာ
မှရှောင်ရှားမေ့ ပျောက်ထားလိုက်
ခြင်းသည်လည်းကောင်း ဒေါသမီး
ပွားကိုငြိမ်းသတ်သည့်အလေ့အကျင့်
ကိုလုပ်ပေးပါက သည်းခံခြင်းခွင့်
လွတ်ခြင်း ၏အရသာ ကိုတွေ့ လာ
ပါလိမ့်မည်။
ရွှေပေါ်ကျွန်းဆရာတော်
Thursday, September 3, 2015
ထီး နှင့် ငြမ်း
ထီးနှင့်ငြမ်း
ထီးနှင့်ငြမ်း
=======
           ဗုဒ္ဓဝါဒအရ ဘဝကို တည်ဆောက်ရ
သည် မှန်၏။ သို့ ရာတွင် ဘဝကိုတည်ဆောက်
ရာ၌ "ထီး" အဖြစ်တည်ဆောက်ရသည်မဟုတ်
"ငြမ်း" အဖြစ်သာ တည်ဆောက်ရခြင်းဖြစ်၏။
ငြမ်းကိုမည်မျှပင် ခိုင်မာအောင် တည်ဆောက်ရ
စေကာမူ တစ်ခုသော နေ့ တွင် ငြမ်းကိစ္စပြီးဆုံးပါ
က ထိုငြမ်းကို မလွဲမသွေ ဖျက်သိမ်းရမည်ဖြစ်၏။
         အခြားဝါဒများအရသာ ဘဝကို "ထီး"
အဖြစ် တည်ဆောက်ခြင်းဖြစ်၏။ ဘဝကို"ထီး"
အဖြစ် တည်ဆောက်နေသမျှ ကာလပတ်လုံး
လူသည် သံသရာမှ မလွတ်တော့ဘဲ သံသရာဝဲ
ဂယက်၌ နစ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် မျောနေ
ပေလိမ့်မည်။ မျောနေသမျှ ကာလပတ်လုံး လူ
သည် "စံ"တစ်ခါ "ခံ"တစ်ခါလှည့်ဖြင့် သောက
ကို ရင်ဝယ် ပိုက်ထား ရပေလိမ့်မည်။
Credit-ဆရာကြီးဦးရွှေအောင်၏်
                       "ဗုဒ္ဓလောကသားတို့၏်
                         အနှိုင်းမဲ့ကျေးဇူးရှင်
                           ကိုယ်ကျင့်ဗုဒ္ဓဝင်  
Wednesday, September 2, 2015
မျှားခြင်း
**ငါးလိုချင်ရင်တီ နဲ့ မျှား
**ဆားလိုချင်ရင် ဆီ နဲ့ မျှား
**တရားလိုချင် အချည်နဲ့ ထား
##တီကောင်တို့သည် ငါးတို့၏မက်လုံးဖြစ်၍ ငါး ကိုမျှား
လိုသော တီကောင် ကိုအသုံးပြု ရသကဲ့သို့လည်းကောင်း
##ဆီ နှင့် ဆား တို့သည် မိတ်ဖက်ဖြစ်၍ ဆီ နှင့် ဆား တို့
ကိုရောနှောစားမှသာ အရသာ ပိုပေါ်လွင်သောကြောငါ့
လည်းကောင်း
##တရားထူးတရားမြတ်ကို အလိုရှိပါက်ပျံလွင်နေသောစိတ်တို့ကိုသတိစေတသိတ်တည်ရာဌာနတစ်ခု၌တဖြည်ဖြည်းပြောင်းစုငြိမ်သက်၍လာအောင်ကြိုးနှင့်ချည်နှောင်ထားသကဲ့သို့ထိန်းချပ်၍ထားကြရပါမည်။
ရွှေပေါ်ကျွန်းဆရာတော်
အရှင်ဇေယျသိဒ္ဓိဓမ္မဉာဏိက
Tuesday, September 1, 2015
ပြော​တော့တစ်​ခဏ ခံရ​တော့အဆက်​ဆက်​ဘဝ.(င)
မြတ်​စွာဘုရားရှင်​ပင်​ခံခဲ့ရ​သော ဝစီကံအပြစ်​ ငါးဘဝ
•••••••••••••••••••••••×××××××××ו•••••••••••••••
( င )  ​ဝေရဉ္ဇာမြို့၌ မု​ယောဆွမ်းကြမ်း ဘုဉ်း​ပေးရသည့်​ အတိတ်​ဝစီကံ
´`´`´`´`´`´`´`´`´•°•°•°•°•°•°•`´`´´´`´`´`´`´`
        ဘုရားရှင်​သည်​ ( ၁၂ )ဝါ​မြောက်​တွင်​ ရဟန်းငါးရာနှင့်​ အတူ ​ဝေရဉ္ဇာပုဏ္ဏား ​တောင်းပန်​​လျှောက်​ထားမှု့​ကြောင့်​  ထိုမြို့၌ ဝါကပ်​​တော်​မူသည်​..။
        ဘုရားရှင်​ဝါကပ်​​သော အချိန်​တွင်​ ​ဝေရဉ္ဇာမြို့၌ ငတ်​မွတ်​​ခေါင်းပါးမှု့ ​ဘေးကြီး ဆိုက်​​ရောက်​ပြီး ဆင်းရဲသူတို့မှာ ​သေကြ ပျက်​စီးရ​လေသည်​..။
လူအားလုံးသည်​လည်း မဲလက်​မှတ်​ဖြင့်​သာ အသက်​​မွေးကြရသည်​..။    ဆွမ်းခံ၍ လုံးဝမရ​ပေ..။
     ထိုအခါ ဥတ္တရပထတိုင်းမှ မြင်းကုန်​သည်​များသည်​ မြင်းငါးရာနှင့်​အတူ ​ဝေရဉ္ဇာမြို့သို့ မိုးကာလ၍ ​ရောက်​လာကြသည်​..။    မိုး အလွန်​များ​သော​ကြောင့်​  ကုန်းမြင့်​ရာ၌ မြင်းတဲများ​ဆောက်​ပြီး မိုးခိုကြသည်​..။
        မြင်းကုန်​သည်​များသည်​ မြင်း​ကျွေးရန်​ ယူလာ​သော ပြုတ်​ပြီးသား မု​ယောဆန်​များကို ရဟန်းတို့အား တစ်​ပါးလျှင်​ တစ်​စလယ်​စီ ဝတ်​ထားပြီး လှူဒါန်း​လေသည်​..။