ထီးနှင့်ငြမ်း
ထီးနှင့်ငြမ်း
=======
ဗုဒ္ဓဝါဒအရ ဘဝကို တည်ဆောက်ရ
သည် မှန်၏။ သို့ ရာတွင် ဘဝကိုတည်ဆောက်
ရာ၌ "ထီး" အဖြစ်တည်ဆောက်ရသည်မဟုတ်
"ငြမ်း" အဖြစ်သာ တည်ဆောက်ရခြင်းဖြစ်၏။
ငြမ်းကိုမည်မျှပင် ခိုင်မာအောင် တည်ဆောက်ရ
စေကာမူ တစ်ခုသော နေ့ တွင် ငြမ်းကိစ္စပြီးဆုံးပါ
က ထိုငြမ်းကို မလွဲမသွေ ဖျက်သိမ်းရမည်ဖြစ်၏။
အခြားဝါဒများအရသာ ဘဝကို "ထီး"
အဖြစ် တည်ဆောက်ခြင်းဖြစ်၏။ ဘဝကို"ထီး"
အဖြစ် တည်ဆောက်နေသမျှ ကာလပတ်လုံး
လူသည် သံသရာမှ မလွတ်တော့ဘဲ သံသရာဝဲ
ဂယက်၌ နစ်တစ်ခါ ပေါ်တစ်လှည့်ဖြင့် မျောနေ
ပေလိမ့်မည်။ မျောနေသမျှ ကာလပတ်လုံး လူ
သည် "စံ"တစ်ခါ "ခံ"တစ်ခါလှည့်ဖြင့် သောက
ကို ရင်ဝယ် ပိုက်ထား ရပေလိမ့်မည်။
Credit-ဆရာကြီးဦးရွှေအောင်၏်
"ဗုဒ္ဓလောကသားတို့၏်
အနှိုင်းမဲ့ကျေးဇူးရှင်
ကိုယ်ကျင့်ဗုဒ္ဓဝင်
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Thursday, September 3, 2015
ထီး နှင့် ငြမ်း
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment