စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 7, 2015

ချမ်းသာစစ်

ချမ်းသာအစစ်ရှာပုံတော်
ချမ်းသာအစစ်ရှာပုံတော်
================
             အခြားသူများအနေဖြင့် ချမ်းသာကိုရှာ
ကြရာတွင် အသစ်အသစ်သော အာရုံဝတ္ထုများကို
ရအောင်ရှာဖွေ အားထုတ်ခြင်း၌ ချမ်းသာကိုရှာ
ကြ၏။ ဗုဒ္ဓကား ထိုကဲ့သို့  မဟုတ်။ မိမိသန္တာန်၌
ကိန်းနေသော အဟောင်းအဟောင်း ဖြစ်သော '
တဏှာ' ကို တွေ့အောင်ရှာပြီး ယင်းကို ပယ်
သတ်နိုင်ရန် အားထုတ်ခြင်း၌ ချမ်းသာကိုရှာ၏။
အမှန်အားဖြင့် အသစ်အသစ်သော အာရုံဝတ္ထု
များကို ရအောင်ရှာခြင်းသည် ဒုက္ခကိုရှာခြင်းဖြစ်
၏။ ချမ်းသာကိုရှာခြင်း မဟုတ်။ အဘယ့်ကြောင့်
ဆိုသော်အသစ်အသစ်သော အာရုံဝတ္ထုများကို
ရခြင်းသည် ဘဝကိုရခြင်းမည်၏။ ဘဝကိုနေရ
သရွေ့ တဏှာသည် ရှိနေမည်ဖြစ်၏ ။ တဏှရှိ
သေးသရွေ့လည်း ဒုက္ခသည် ရှိနေမည်ဖြစ်၏။
ထို့ ကြောင့် အသစ်အသစ်သော အာရုံဝတ္ထုများ
ကို ရအောင်ရှာခြင်းသည် "ဒုက္ခကို ရှာခြင်းဖြစ်
သည" ဟူ၍ ဆိုအပ်၏။

No comments:

Post a Comment