✿တစ်ခုသောဘ၀ဖြစ်ပေါ်ရာ၌ ✿
✿(အ၀ိဇ္ဖာ)သည် မြေကြီးနှင့် တူ၏
✿(တဏှာ)သည် မိုးရေ နှင့်တူ၏
✿(သင်္ခါရ )ဟူသောစေတနာဓာတ်ကြီးသည်
သရက်မျိုးစေ့ နှင့်တူ၏
✿(၀ိဥာဏ်)သည် သရက်မျိုးစေ့ မှပေါက်လာသော
သရက်ညှောင့်ငယ်နှင့်တူ၏
✿(နာမ်/ရုပ်)နှစ်ပါးသည် (သရက်ညှောင့်ငယ်) မှ
ဆက်လက်ကြီးပွား၍သွားသော သရက်ပင်ကြီးနှင့်တူ၏
✿(သဠာယတန)(၆)ပါးသည် (သရက်ပွင့်အခိုင်စု)နှင့်တူ၏
✿(ဖသ၁) (၆)ပါးသည်(သရက်ပွင့်အတန်စု)နှင့်တူ၏
✿(ဝေဒနာ)(၆)ပါးသည် (သရက်ပွင့်အစု)နှင့်တူ၏
✿(တဏှာ) (၆)ပါးသည် (သရက်သီးအကင်းအစု)နှင့်တူ၏
✿(ဇာတိ)သည်(ထိုသရက်စေ့)မှပေါက်သော
(နောက်သရက်ပင်)နှင့်တူ၏။
အကြောင်း၊အကျိုး အဆင့်ဆင့်ဖြစ်ပွား၍
သွားပုံကိုပြသောဥပမာတည်း။ ။
_/\__/\__/\_
✿ကျေးဇူးတော်ရှင်✿
✿(ပထမလယ်တီဆရာတော်ဘုရားကြီး)✿
No comments:
Post a Comment