ကုသိုလ်ဖြစ်ရခြင်း အကုသိုလ်ဖြစ်ရခြင်း
တွေရဲ့အကြောင်းရင်းကတော့ နှလုံးသွင်းခြင်းပါပဲ။ ပါဠိလိုတော့ ယောနိသောမနသိကရ လို့ခေါ်ပါတယ်။
နှလုံးသွင်းကောင်းရင် ကုသိုလ်ဖြစ်ပါတယ် နှလုံးသွင်းမကောင်းရင်တော့ အကုသိုလ်ဖြစ်တာပေါ့
ဒါကြောင့် အရာရာကို သင့်တင့်အောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်။
.
ဦးဇင်း ဥပမာလေး တစ်ခုပြမယ်နော် လမ်းဘေးမှာ အစာငတ်နေတဲ့ ခွေးလေးတစ်ကောင်ကို
လူတစ်ယောက်က အစာကျွှေးနေတယ်။ ဒါကိုလူတစ်ယောက်မြင်တော့ အော် သနားစရာ ခွေးလေးကို အစာကျွှေးနေတာကောင်းလိုက်တာလို့
သာဓုခေါ် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရင် အဲဒိသူအတွက် ကုသိုလ်စိတ်လေး ဖြစ်သွားပါတယ်။
.
တစ်ချို့သူတွေကတော့ အဲဒိလိုလမ်းဘေးမှာ ခွေးလေးကိုအစားကျွှေးနေတာကိုမြင်တဲ့အခါ
အလကားပါကွာ အလုပ်မရှိအလုပ်ရှာနေတာ ဒီလိုကျွှေးတဲ့သူတွေရှိနေလို့ ဒီခွေးသခိုးတွေပေါနေတာ
အဲဒီလို နှလုံးသွင်းတဲ့သူအတွက်တော့ အကုသိုလ်ဖြစ်သွားပါတယ်။ သူနှလုံးသွင်းမကောင်းတော့
ဒေါသစိတ်လေး ဖြစ်ပေါ်သွားတာပေါ့။
.
ဒါကြောင့် နေရာတကာ သင့်လျှော်အောင် အတတ်နိုင်ဆုံး နှလုံးသွင်းတတ်ဖို့ တော်တော်အရေးကြီးလှပါတယ်။
ကုသိုလ် အကုသိုလ်ဆိုတာက ကိုယ်ထိလက်ရောက်ပြု့နေမှ ဖြစ်တယ်လို့မယူဆသင့်ပါဘူး။ လိုက်လျှောညီထွေ
နှလုံးသွင်းတတ် သာဓုခေါ် ဝမ်းမြောက်တတ်တာနဲ့တင် ဖြစ်ပါတယ်။ အဲဒိလို နှလုံးသွင်းတတ်အောင်လဲ
လေ့ကျင့်ထားရပါမယ်။
.
တစ်ခါတစ်လေမှာ မိမိရှေ့ကို အကုသိုလ်ဖြစ်စရာတွေ အလိုလိုရောက်လာတတ်ပါတယ်။ အဲဒိလိုအခါမျိုးမှာ
ဘာအကျိုးမှမရှိမှန်းသေချာရင်တော့ တတ်နိုင်သမျှ လျစ်လျှူရှူနိုင်အောင် ကြိုးစာရပါမယ်။
အဲဒိလိုမလုပ်နိုင်ရင်တော့ ကိုယ်ထံကို မလွဲမသွေ အကုသိုလ်တွေ ကူးစက်ရရှိလာပါလိမ့်မယ်
သူများအကုသိုလ် ကိုယ်ရှိရောက်လာတယ်ဆိုတာ ဒါကိုပြောတာပါ။
.
ဒါ့ကြောင့် နေ့စဉ်ကုသိုလ်ဖြစ်မဲ့ အာရုံတွေကို ဝမ်မြောက်ဝမ်းသာ သာဓုခေါ်တတ်အောင်
ဘာအကျိုးမှမရှိပါဘဲ အကုသိုလ်သက်သက်ဖြစ်မဲ့အကြောင်းရာတွေကို မတွေအောင် တွေ့လာခဲ့ရင်လဲ
အတတ်နိုင်ဆုံး ဥပေက္ခာပြုနိုင်အောင် ကြိုးစားနေတတ်အောင်လေ့ကျင့်ကြဖို့ တိုက်တွန်းနိုးဆော်အပ်ပါတယ်
သူတော်ကောင်းအပေါင်းတို့။

No comments:
Post a Comment