မင်္ဂလာပါ ဓမ္မ္မမိတ်ဆွေ အပေါင်း တို့ ။ ဦးဇင်း ကို ဓမ္မမိတ်ဆွေ တစ်ဦး က အရှင်ဘုရား မြတ်စွာ ဘုရား ရှေ့ မှာ မိမိ ဘာသာ သီလယူတာ နဲ့ ဘုန်းကြီး ကျောင်းသွား ယူတာနဲ့ ဘာကွာ လဲဘုရား ပြီးတော့ လူပုဂ္ဂိုလ်ထံ မှာရော ယူလို့ ရလား ဘုရား လို့ မေးလျှောက်လာ ပါတယ် ။ ဒီမေး ခွန်းလေး ကို ဦးဇင်းရဲ့ မိတ်ဆွေများ လဲ သိအောင် Post အဖြစ် ဖြေပေး လိုက်တာပါ ။
သီလ ယူတယ် ဆိုတာ ဘယ်သူနဲ့ မှ မဆိုင် ပါဘူး ။ မိမိ နဲ့ သာဆိုင် ပါတယ် ။ မိမိ ဘာသာ သီလမြဲ ဖိုက အဓိက ပါ ။ ဘုရား ရှေ့ မှာယူယူ ရဟန်းထံ မှာ ယူယူ ၊ လူပုဂ္ဂိုလ် ထံမှာ ယူယူ အဓိက မကျပါဘူး ။ သီလပေး တဲ့ သူအပေါ် လိုက် ပြီး ပြောင်းလွဲ သွားတာ လဲ မရှိပါဘူး။ ဇာတ်တော် တွေပြန်လေ့ လာကြည့် ရင် လဲ လူပုဂ္ဂိုလ်ထံ မှာ တစ်ခါတလေ သမင်မင်း ကျေးမင်း ဟင်္သာမင်း စတဲ့ သတ္တဝါတွေ ထံ မှာ သီလယူ တာတွေ တွေ့ ရ တတ်ပါ တယ် ။ ဒါကြောင့် မည်သူထံ မှာ မဆို သီလယူ လိုရ တယ် လို့ မှက်သားရ ပါမယ်။
ဒါဆိုရင် ဘာအတွက်ကြောင့် ရဟန်းတွေထံ မှာ သီလယူတာလဲ လို့ မေးစရာ ရှိလာ ပါတယ်။ အကြောင်းကတော့ အခြားသော ကောင်းမှူ့ ကုသိုလ် တစ်မျိုးမျိုးဖြစ်အောင် ရယ် သေသေ ခြာခြာ သွားရောက် ပြီး တကူးတက ယူထား တော့ တော်ရုံ မဖောက်ဖျက် မိအောင် ပါ။ သီလ ပျက် နိုင်တဲ့ အကုသိုလ် တစ်ခုကို ကျူးလွန်ခါနီးမှာ အော်ငါ ဒီနေ့ သီလယူထား တယ် ဆိုတဲ့ အသိလေး ဝင် သွားတော့တော်ရုံ မဖောက် ဖျက် မိတော့ ဘူးပေါ့။ အဲဒိအတွက် သီးသီး သန့်သန့် ယူကြတာပါ ။
ဒါကြောင့် အဓိက ကတော့ ပြည်ပ ရောက်နေကြတဲ့ ဗုဒ္ဓဘာသာ ဝင်များ အနေနဲ့ ကျောင်းကန် ဘုရား သွားဖို အခက်ခဲ ရှိခဲ့ရင် မိမိ ဘာသာ လက်အုပ်ချီ ပြီးသီလယူ လို့ ရပါတယ်။ မိမိ ရဲ့ စောင့်ထိန်း မှူ့ပေါ်မူတည် ပါတယ် တစ်ထစ် ကျစွဲမှက်ထား ကြပါသူတော်ကောင်း အပေါင်တို့။
❀ ❀ ❀ စာဖတ် ပရိတ်သတ် ဓမ္မ မိတ်ဆွေ သူတော်ကောင်း အပေါင်းတို ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာ ကြပါစေ ။ မြတ်ဗုဒ္ဓ ၏ သာသနာ page အဖွဲ့ တော် သားများ သည် ဓမ္မစာပေများ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ် တတ်နိုင် သလောက် အပင်ပန်းခံ ပြီး ဓမ္မ စာပေ များ နေ့စဉ် ကိုယ်တိုင် ရေးသာ ၍ ဓမ္မဒါန ပြုနေ ကြပါ သည် ။ ဓမ္မ မိတ်ဆွေ အပေါင်းတို့ က လည်း မိမိတို့ တတ်နိုင်သည့် ဘက်က ဗုဒ္ဓ စာပေများ ပြန့်ပွားစေရန် ထပ်ဆင့် Share ပေးခြင်းဖြင့် ဓမ္မ ဒါန ကုသိုလ်ထူးကြီးကို နေ့စဉ် ယူကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါ သည် သပ္ပုရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့ ။...........

No comments:
Post a Comment