##သုတဒိဌိအမြင်##
==========
လူလူချင်းပတ်ဝန်းကျင်ကိုကြည့်ရာတွင်တချို့ကလူကိုမမြင်၊ပစ္စည်းဥစ္စာများကိုမြင်၏။ရာထူးကိုမြင်၏။အာဏာများကိုမြင်၏။ထိုသို့မြင်သောအခါပစ္စည်းဥစ္စာများကိုမြတ်နိုး၏။ရာထူးများကိုမြတ်နိုး၏။အာဏာများကိုမြတ်နိုး၏။ထို့ကြောင့်ပစ္စည်းရှိခိုက်အလေးအမြတ်ပြု၏။ အလေးအမြတ်ပြုစရာပစ္စည်းမရှိတော့သည်နှင့်တပြိုင်နက်အလေးအမြတ်မပြုတော့။အာဏာရှိခိုက်အလေးအမြတ်ပြု၏။အလေးအမြတ်ပြုစရာအာဏာမရှိတော့သည်နှင့်တပြိုင်နက်အလေးအမြတ်မပြုတော့။ထိုသို့ဖြစ်ရခြင်းမှာလောကကိုသုတဒိဌိအမြင်ဖြင့်သာကြည့်တတ်သောကြောင့်ဖြစ်သည်။သုတဒိဌိအမြင်ဟူသည်ပစ္စည်းဥစ္စာများ၊ရာထူးများ၊အာဏာများကိုသာမြင်တတ်၏။အခြားဘာကိုမျှမမြင်တတ်။ဤသည်မှာသုတဒိဌိအမြင်၏သဘောဖြစ်၏။
No comments:
Post a Comment