စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, September 1, 2015
ပြော​တော့တစ်​ခဏ ခံရ​တော့အဆက်​ဆက်​ဘဝ.(င)
မြတ်​စွာဘုရားရှင်​ပင်​ခံခဲ့ရ​သော ဝစီကံအပြစ်​ ငါးဘဝ
•••••••••••••••••••••••×××××××××ו•••••••••••••••
( င )  ​ဝေရဉ္ဇာမြို့၌ မု​ယောဆွမ်းကြမ်း ဘုဉ်း​ပေးရသည့်​ အတိတ်​ဝစီကံ
´`´`´`´`´`´`´`´`´•°•°•°•°•°•°•`´`´´´`´`´`´`´`
        ဘုရားရှင်​သည်​ ( ၁၂ )ဝါ​မြောက်​တွင်​ ရဟန်းငါးရာနှင့်​ အတူ ​ဝေရဉ္ဇာပုဏ္ဏား ​တောင်းပန်​​လျှောက်​ထားမှု့​ကြောင့်​  ထိုမြို့၌ ဝါကပ်​​တော်​မူသည်​..။
        ဘုရားရှင်​ဝါကပ်​​သော အချိန်​တွင်​ ​ဝေရဉ္ဇာမြို့၌ ငတ်​မွတ်​​ခေါင်းပါးမှု့ ​ဘေးကြီး ဆိုက်​​ရောက်​ပြီး ဆင်းရဲသူတို့မှာ ​သေကြ ပျက်​စီးရ​လေသည်​..။
လူအားလုံးသည်​လည်း မဲလက်​မှတ်​ဖြင့်​သာ အသက်​​မွေးကြရသည်​..။    ဆွမ်းခံ၍ လုံးဝမရ​ပေ..။
     ထိုအခါ ဥတ္တရပထတိုင်းမှ မြင်းကုန်​သည်​များသည်​ မြင်းငါးရာနှင့်​အတူ ​ဝေရဉ္ဇာမြို့သို့ မိုးကာလ၍ ​ရောက်​လာကြသည်​..။    မိုး အလွန်​များ​သော​ကြောင့်​  ကုန်းမြင့်​ရာ၌ မြင်းတဲများ​ဆောက်​ပြီး မိုးခိုကြသည်​..။
        မြင်းကုန်​သည်​များသည်​ မြင်း​ကျွေးရန်​ ယူလာ​သော ပြုတ်​ပြီးသား မု​ယောဆန်​များကို ရဟန်းတို့အား တစ်​ပါးလျှင်​ တစ်​စလယ်​စီ ဝတ်​ထားပြီး လှူဒါန်း​လေသည်​..။
        ရဟန်းများသည်​ ​ဝေရဉ္ဇာမြို့၌ ဆွမ်းခံမရလျှင်​ ထိုမြင်းတဲသို့သွားပြီး  မု​ယောဆန်​ကို အလှူခံကြကာ  မချက်​တတ်​၍ ဆုံငယ်​တွင်​ထည့်​ ​ထောင်းပြီး ​ရေနှင့်​​ဖျော်​ကာ ဘုဉ်း​ပေးကြရသည်​..။
        မြင်းကုန်​သည်​တို့သည်​ ဘုရားရှင်​အတွက်​ မု​ယောဆန်​ တစ်​စလယ်​နှင့်​ ထိုဆန်​အား ​လျော်​​သော ​ထောပတ်​.. ပျား သကာ များကို လှူဒါန်းသည်​..။
        ရှင်​အာနန္ဒာက ထိုအရာများကို ယူပြီး ​ကျောက်​ပြင်​​ပေါ်၌ ကြိတ်​ပြီးလျှင်​ ​ထောပတ်​စသည်​တို့ဖြင့်​ ​ရောစပ်​ပြီး ဘုရားရှင်​ကိုကပ်​လှုရသည်​..။
       ရှင်​​မောဂ္ဂလာန်​က အငတ်​​ဘေးမှ ကင်း​ဝေးရန်​ ​မြေဆီ ​မြေသြဇာကို ​မြေကြီးကိုလှန်​ယူခွင့်​ ​တောင်းသည်​..... ဘုရားရှင်​က ခွင့်​မပြု..  ​မြောက်​ကျွန်းသို့ ပြန်​ကြွပြီး ဆွမ်းခံခွင့်​ပြုရန်​ ​လျှောက်​ထား​သော်​လည်း ခွင့်​မပြု​ချေ..။
       ဝါတွင်းသုံးလပတ်​လုံး မြင်းကုန်​သည်​တို့ လှူ​သော မု​ယောဆန်​ ဖြင့်​သာ ဘုဉ်း​ပေး​နေပြီး ဝါကျွတ်​​သောအခါ ​ဝေရဉ္ဇာပုဏ္ဏားကို ​ဒေသစာရီကြွမည့်​ အ​ကြောင်း မိန့်​ကြားသည်​..။
        ဘုရားရှင်​သည်​ ​ဝေရဉ္ဇာပုဏ္ဏားကြီး၏ ကြီးကျယ်​​သော အလှူကို လက်​ခံပြီး​နောက်​ တရား​ဟောပြီး ​ဒေသစာရီ ဆက်​လက်​ကြွ​တော်​မူသည်​..။   
       ဘုရားရှင်​သည်​ ဝါတွင်းသုံးလပတ်​လုံး ​ဝေရဉ္ဇာမြို့၌ မု​ယောဆွမ်းကြမ်း ဘုဉ်း​ပေးရသည့်​ ဝဋ်​​ကြွေးမှာ အဘယ်​​ကြောင့်​ပါနည်း.... ဆို​သော........
➳ ➳  လွန်​ခဲ့​သော (၉ )  ကမ္ဘာထက်​၌ ဖုဿဘုရားရှင်​ ပွင့်​​တော်​မူသည်​..။   ထိုအချိန်​ကာလဝယ်​ ​ဂေါတမဘုရား​လောင်းသည်​ မထင်​ရှား​သော အမျိုးသားတစ်​ဦးဖြစ်​ပြီး     လူဆိုးလူမိုက်​များ ဟူ​သော မ​ကောင်း​သော မိတ်​​ဆွေများနှင့်​ ​ပေါင်းမိပြီး    မိမိကိုယ်​တိုင်​လည်း လူဆိုး.. လူသွမ်း.. လူပျက်​ဖြစ်​​နေ​လေသည်​..။
        ဘုရားအ​လောင်းလူဆိုးသည်​ ဖုဿဘုရားရှင်​၏ တပည့်​သာဝကတို့ကို ဆွမ်းစားသည်​တို့ကိုကြည့်​ပြီး......
    "" သင်​တို့မု​ယော ဆွမ်း​ကြမ်းကို စားကြပါ.. ပ​လေ့ဆွမ်းနုကို မစားသင့်​... ""  ဟု မထီမဲ့မြင်​ ​ပြောဆိုပြစ်​မှားမိ​လေသည်​..။
        ဤနှုတ်​ထွက်​စားကြမ်း​ကြောင့်​ ဘဝ​ပေါင်းများစွာ အပါယ်​​လေးပါး၌ ခံခဲ့ရဏြီး ယခု​နောက်​ဆုံး ဘုရားဖြစ်​​သောဘဝတွင်​ ကံကြွင်းလိုက်​ကာ ​ဝေရဉ္ဇာမြို့၌ မု​ယောဆွမ်းကြမ်းကို ဘုဉ်း​ပေးရ​လေသည်​..။
       ထိပါး​ပြောဆို​သော နှုတ်​ထွက်​စကားကြမ်း မ​ကောင်းမှု့ကံသည်​ မျက်​နှာကြီးငယ်​မ​ရွေး အကျိုး​ပေးတတ်​၍ သူတစ်​ပါးအား အထူးသဖြင့်
#မြင့်​မြတ်​​သောသီလဂုဏ်​.. 
#သမာဓိဂုဏ်​ရှိ​သောသူများ ကို နှုတ်​ဖြင့်​ မထိပါး မပုတ်​ခတ်​.. မ​ပြောမိကြ​စေရန်​ #အထူးသတိပြုဆင်​ခြင်​ကြပါ​လေ..။
            ✏  တက္ကသိုလ်​သျှင်​သီရိ
                 (ဓမ္မာစရိယ..BA )   
No comments:
Post a Comment