ဦးဇင်းကို ဒကာတစ်ဦးက "ရေစက်ချ ပြီ လှူမှသာ ဒါနမြောက်တာ လာ? ဘာအတွက်ကြောင့် ရေစက်ချရတာ လဲ ဘုရား" လို့ လျှောက်လာ ပါတယ် ။ ဒိမေးခွန်း ကို ဓမ္မမိတ်ဆွေ တွေ လဲ သိသင့်တယ် ထင် လို့ post တစ်ခု အဖြစ်ရေး လိုက်တာ ပါ။ အလှူတစ်ခု ဒါနမြောက် ဖို့ က ရေစက် ချခြင်း မချခြင်း နဲ့ မဆိုင်ပါ ဘူး ။ ကိုယ် အလှူတစ်ခု လုပ်လိုက်ရင် ရေစက် မချ လဲ အကျိုးပေး ပါတယ် ။ ရေစက်ချ လှူလို့ အကျိုးပို ပေးတာ လဲ မဟုက် ပါ ဘူး ။ မိမိ ရဲ့ သဒ္ဓါ တရာ သာ အဓိက ကျပါတယ် ။ မိမိ ရဲ့ သဒ္ဓါ ထက်သန်သလောက် အကျိုးပေးပါ တယ် ။ အလှူခံ ပုဂ္ဂိုလ် က မြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်ရင်တော့ အတိုင်ထက် အလွန်ပေါ့ ။ ဇာတ်တော်တွေ ကို လေ့လာ ကြည့် ရင် တစ်ချို့ ဇာတ်တော်တွေ မှာ ရေစက်ချ လှူဒါန်းသလို့ တစ်ချို့ ဇာတ်တော်တွေ မှာ လုံးဝရေစက် မချပါ ဘူး ။ သိန်းပေါင်း များစွား အကုန်ကျ ခံပြီး မြတ်ဗုဒ္ဓ အား ပုဗ္ဗာရုံကျောင်းတော်ကြ်းိ လှူဒါန်းတာ ရေစက်မချ ပဲ လှူဒါန်းခဲ့တာ ပါ ။
ဒါ ကြောင့် ရေ စက်ချ ချ မချချ လုံးဝ အရေးမကြီး ပါ ဘူး ။ နောက်တစ်ခါ အရေးမကြီး အကျိုး မထူးပါ ဘဲ နဲ့ ရေစက် ပါ ကြောင့် ချနေကြသလဲ ဆိုတာ ထပ်ပြောပြပါမယ် ။ ရေစက်ချတာ ဟာ မိမိ စိတ်ကို ပိုင်းဖြတ်လိုက်တာပါ ။ ရေစက်ချ တဲ့ အခါ မှာ သေခြာလေ့လာကြည့်ရင် ပစ္စည်း ၃မျိုး လို အပ်တာတွေ့ရပါမယ် ။ ဒါတွေကတော့ ရေထည့်ထားတဲ့ ခွက် ၊ ရေ ၊ ရေစက် ထည့်ရန်ခွက်တို့ ဖြစ်ပါတယ် ။ ဒိသုံးမျိုး ထဲမှာ ရေ ထည့်ထားတဲ့ ခရားက အလှူပေးတဲ့ ပုဂ္ဂိုလ် ကို ရည်စူးတာပါ ။ ရေကတော့ လှူဖွယ် ဝတ္ထုကို ရည်စူးတာပါ ။ ရေစက် ခံဖို့ ခွက်ကတော့ အလှူခံပုဂ္ဂိုလ် ကို ရည် စူးထားတာပါ ။ ရေ ခရား ထဲ ကနေ့ ရေစက်ခွက်ထဲ ရေတွေ သွန်းထည့်ခြင်းသည် အလှူခံပုဂ္ဂိုလ် ကို မိမိ ရဲ့ လှူဖွယ်ဝတ္ထုတွေကို လှူဒါန်းနေခြင်း အထိမ်းမှတ် ပေါ့ ။ ရေတွေ ကြည့် လင်နေတဲ့ အဓိပ္ပါယ် ကတော့ စိတ်စေတနာတွေ ကြည် လင် သန့်ရှင်းနေတဲ့ ဆိုတဲ့ သဘောကို ဆောင်တာ ပါ ။ ရေတွေ ခွက်ထဲ အကုန်လောင်း ပြီး ချိန် မိမိရဲ့ လှူဖွယ်ဝတ္ထုတွေကို အလှုခံထံအကုန် လှူပြီးသွားပြီ ဆို တဲ့ အဓိပ္ပါယ် ပါ ။ သဘောက တော့ သင်္ကန်း ကျောင်း စတာတွေကို ရဟန်းတော် ထံ လက်နဲ့ ကိုင်ပြီး ကပ်စရာ မလို တော့ ပါဘူး ရေစက် အမှတ်သားလေး နဲ့ အား လုံး ကပ်လိုက် ပါပြီ ။ ဥပမာ ခု ခေတ် ကားမဲ ပေါက်တဲ့ သူကို ကား တစ်စီးဆုချီးမြင့် တဲ့ အခါ ကားတစ်စီးလုံး ရဲ့ ကိုယ်စား ကားသော့ ကို ပေးလိုက်တဲ့ သဘောမျိုး နဲ့ အတူတူပါပဲ ။လှူဖွယ် ပစ္စည်း အားလုံး ရဲ့ ကိုယ် စား ရေကို လှူလိုက်တာပါ ။ အလှူတစ် ခု ပြုတဲ့ အခါ ရေစက်က အဓိက မဟုက် စေတနာ သာ အရေး အကြီးဆုံးပါ ။ စေတနာ ၃တန် ပြဋ္ဌာန်းရပါမယ် ။ အဲဒါတွေက တော့ ပုဗ္ဗစေတနာ ၊ မုဉ္ဇစေတနာ ၊ အပရ စေတနာတွေပါ ။ ဥပမာ သံဃာတွေကို ကျောင်းလှူမယ်ဆိုပါစို့ ။ ကျောင်းမလှူခင် လှူဖို့ အတွက် ရည်ရွယ်ပြီး ရှာဖွေစုဆောင်း နေချိန်မှာ အော် ငါလှူရတော့မယ် လှူရတော့ မယ် ဆို ပြီး ဝမ်းသာနေရပါ မယ် ဒါကို ပုဗ္ဗစေတနာ လို့ခေါ်ပါတယ် ။ လှူဒါန်း နေချိန်မှာ လဲ ငါအလှူအောင်မြင်သွားပြီ လို့ ဝမ်းသာနေရပါမယ် ဒါကတော့ မုစ္စစေတနာပေါ့ ။ လှူပြီးတော့လဲ ငါ့ လှူလို့ သံဃာတွေ ချမ်းချမ်းသာသာ နေရတယ်ဆိုပြီ အမြဲ ဝမ်းသာနေရမယ် ဒါကတော့ အရပစေတနာပါ ။ ဒိလို စေတနာ ၃တန်ပြဋ္ဌာန်းရင် အကျိုးပေး ထက်သန်ပါတယ် ။ ခုလောက် ဆို ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ လည်း ရေစက်က အရေးကြီးမကြီး ဘာကြောင့် ရေစက်ချတယ်ဆိုတာ သဘောပေါက်လောက်ပြီနော် ။
❀ ❀ ❀ စာဖတ် ပရိတ်သတ် ဓမ္မ မိတ်ဆွေ သူတော်ကောင်း အပေါင်းတို ဘေးရန် ကင်းကွာ ကျန်းမာ ချမ်းသာ ကြပါစေ ။ ဦးဇင်းတို့ မြတ်ဗုဒ္ဓ ၏ သာသနာ page အဖွဲ့ တော် သားများ သည် ဓမ္မစာပေများ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ် တတ်နိုင် သလောက် အပင်ပန်းခံ ပြီး ဓမ္မ စာပေ များ နေ့စဉ် ကိုယ်တိုင် ရေးသာ ၍ ဓမ္မဒါန ပြုနေ ကြပါ သည် ။ ဓမ္မ မိတ်ဆွေ အပေါင်းတို့ က လည်း မိမိတို့ တတ်နိုင်သည့် ဘက်က ဗုဒ္ဓ စာပေများ ပြန့်ပွားစေရန် ထပ်ဆင့် Share ပေးခြင်းဖြင့် ဓမ္မ ဒါန ကုသိုလ်ထူးကြီးကို နေ့စဉ် ယူကြဖို့ တိုက်တွန်း နိုးဆော်အပ်ပါ သည် သပ္ပုရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့ .....

No comments:
Post a Comment