စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, September 14, 2015

လူ အမှတ် တစ်

အမှောင်မှလာ၍အမှောင်သို့သွားသော
ပုဂ္ဂိုလ်။

လူတစ်ဦးသည် လွန်လေပြီးသောအ
တိတ်ကာလ သံသရာတွင် ကျင်လည်
စဉ်၌ အကုသိုလ်အမှုတို့ကိုဆည်းပူး
အားထုတ်မိလေသောကြောင့် ယခုဘဝတွင် ကံအားလျော်စွာ လူ့ဘ
ဝကိုရခဲ့ ပါသော်လည်း အမျိုးယုတ်နိမ့်
ခြင်း ဆင်းရဲနွမ်းပါခြင်း ကိုယ်လက်အင်္ဂါမစုံလင်ခြင်း မျက်စိမ
မြင်ခြင်း နားမကြာခြင်း ဆွံ့အခြင်း မွေး
ရာရူးသွပ်ခြင်း ပညာမဲ့ခြင်း ထုံထိုင်းခြင်
ဘေးအမျိုးမျိုးတို့နှင့် တွေ့နေရခြင်း စ
သည်တို့သည်အတိတ်ကံ အကျိုးပေး
ဆိုးသောကြောင့် အမှောင်လမ်းမှ လာ
ရသူနှင့်တူပေသည်။
             ယခု မျက်မှောက်ဘဝတွင်လဲ
အတိတ်အကြောင်း၏ မကောင်းမှုကို
ဆင်ခြင်သတိ မရှိသေးပဲ အကုသိုလ် ဒုစရိုက်မှုများကိုသာ မိုက်မှား၍ လိုက်
စားနေပြန်၏။
             ထိုပစ္စုပ္ပန် မကောင်းမှုအကု
သိုလ်တို့ကြောင့် တမလွန်ဘဝတွင်
လည်း ဆိုးကျိုးများသာ ဆက်လက်ခံ
စားနေရဦးမည် ဖြစ်သဖြင့် အမှောင်
လမ်းသို့သာသွားနေသူနှင့်တူပေတော့
သည်။
            ထို့ကြောင့် ဤ ကဲ့သို့သော
ပုဂ္ဂိုလ်မျိုးကို  "အမှောင်မှလာ၍အမှောင်
သို့ပြန်သွားသောပုဂ္ဂို လ် "  ဟုခေါ်ပါ၏

No comments:

Post a Comment