ကုသိုလ် / အကုသိုလ်၏အကျိုး
•••••••••••••••••••••••
အာရုံ ၆ မျိုးကို ( ၁ ) အနိဋ္ဌာရုံ - မလိုလားမနှစ်သက်အပ်သောအာရုံ
( ၂ ) ဣဋ္ဌာရုံ - လိုလားနှစ်သက်အပ်သောအာရုံ ၊ ( ၃ ) ဣဋ္ဌမဇ္ဈတ္တာရုံ
( ၄ ) အတိဣဋ္ဌာရုံ - အလွန်လိုလားနှစ်သက်အပ်သောအာရုံအားဖြင့်
( ၄ ) မျိုးခွဲခြား မှတ်သားအပ်၏ ။
အနိဋ္ဌာရုံတို့ကို မြင်ခြင်း ၊ ကြားခြင်းဖြစ်က အကုသိုလ်၏အကျိုး မြင်သိ
စိတ် ၊ ကြားသိစိတ် ဖြစ်၏ ၊ ဣဋ္ဌာရုံနှင့် အတိဋ္ဌာရုံတို့ကို မြင်ခြင်း ၊
ကြားခြင်းဖြစ်က အကုသိုလ်အကျိုး မြင်သိစိတ် ၊ ကြားသိစိတ် ဖြစ်၏ ။
မြင်သိစိတ်နောက်၌ မြင်သူ၏ နှလုံးသွင်းအားလျော်စွာ လောဘ ဒေါ
သစသော အကုသိုလ်များ ၊ အလောဘ အဒေါစသော ကုသိုလ်များ
ဖြစ်ကြ၏ ၊ ပုထုဇဉ်တို့အဖို့ မြင်ရုံ ၊ ကြားရုံမျှဖြင့် စိတ်သည်ရပ်မနေ ။
အာရုံကြောင့် စိတ်ဖြစ်ပေါ်ရာတွင် ယောနိသောမနသီကာရ - ကုသိုလ်
ဖြစ်အောင် နှလုံးသွင်းခြင်းနှင့် အယောနိသောမနသီကာရ - အကု
သိုလ်ဖြစ်အောင် နှလုံးသွင်းခြင်းတို့အလိုက် ကုသိုလ်/အကုသိုလ်တို့
ဖြစ်ကြ၏ ။
စိတ်သည် အာရုံတစ်မျိုးမျိုးကို အမြဲညွတ်နေ ၊ အာရုံပြုနေရ၏ ၊ ထို့
ကြောင့် လူ့ဘဝတွင် ယောနိသောမနသီကာရ အမြဲရှိနေပါမှ ကုသိုလ်
ရနေမည် ဖြစ်၏ ၊ ပုထုဇဉ်တို့၌ ဣဋ္ဌာရုံနှင့်ကြုံက လောဘ ၊ အနိဋ္ဌာရုံ
နှင့်ကြုံက ဒေါသဖြစ်တတ်ကြ၏ ၊ ဘုရား ရဟန္တာများသည် မည်သည့်
အာရုံမျိုးနှင့် ကြုံကြုံ လောဘ ဒေါသမဖြစ် ၊ အသင့်ရှုနိုင်သောဥပေက္ခာ
ဖြစ်၏ ၊ အကောင်း အဆိုးဟူ၍ စိတ်ခံစားမှု မရှိကြတော့၍ ဖြစ်၏ ။
အရှင်ပညာသီဟာဘိဝံသ - ဂမ္ဘီရပဋ္ဌာန်း