စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, April 20, 2016

နှလုံးသွင်းဆင်​ခြင်​ခြင်​မှုနှင့်​ ပညာ၏သ​ဘော

နှလုံးသွင်းဆင်ခြင်မှုနှင့်ပညာ၏သဘော
•••••••••••••••••••••

"အရှင်ဘုရား.. .....ယောနိသော မနသိကာရ
သည်အဘယ်သို့သောလက္ခဏာရှိပါသနည်း၊
ပညာသည်အဘယ်သို့သောလက္ခဏာရှိပါသနည်း"

"မြတ်သောမင်းကြီး......မနသိကာရ သည်
စုစည်း ခြင်းလက္ခဏာရှိ၏၊ပညာသည်ကား
ပိုင်းခြား ခြင်းလက္ခဏာရှိပေ၏"

"အရှင်မြတ်ဘုရား....မနသိကာရ၏စုစည်း
ခြင်းလက္ခဏာ၊ပညာ၏ပိုင်းခြားခြင်းလက္ခဏာ
တို့ကို ဥပမာ ဖြင့်ပြတော်မူပါဦးလော"

"ကောင်းလှပြီ မင်းမြတ်၊သင်မင်းမြတ်သည်
စပါးရိတ်သည်ကိုမြင်ဖူးပါ၏လော"

"အရှင်ဘုရား.. .တပည့်တော်မြင်ဖူးပါ၏"

"သို့ဆိုလျှင် စပါးရိတ်သူသည်စပါးကိုအဘယ်
သို့ရိတ်အပ်ပါသနည်း မင်းမြတ် "

"အရှင်ဘုရား.. .စပါးရိတ်သူသည်စပါးပင်ကို
လက်ဝဲလက်ဖြင့်ကိုင်ကာ လက်ယာလက်မှ တံစဉ်ဖြင့် ရိတ်အပ်ပါသည်"

"မှန်ပေသည် မင်းမြတ် စပါးရိတ်သူသည်
လက်ဝဲလက်ဖြင့် စပါးပင်ကိုစုစည်းကိုင်တွယ်
ကာလက်ယာလက်ဖြင့်တံစဉ်ကိုကိုင်လျက်
ရိတ်ဖြတ်သကဲ့သို့ပင်ကမ္မဋ္ဌာန်းဘာဝနာ၌
ယှဉ်သော ယောကီပုဂ္ဂို လ်သည်လည်းနှလုံ
သွင်းတတ်မှုဖြင့်မိမိစိတ်ကိုစုစည်းပေါင်းရုံး
ကာပညာဖြင့်ကိလေသာတို့ကိုဖြတ်အပ်ပေ၏"

"မင်းမြတ်...မနသိကာရ ၏စုစည်းခြင်း
သဘောကိုလည်းကောင်း၊ပညာ၏ပိုင်းခြား
သဘောကိုလည်းကောင်းထို့အတူသာလျှင်
သိမှတ်အပ်ပေ၏"

"အရှင်မြတ်ဘုရား.. ...ကောင်းလှပါပေ၏"

မိလိန္ဒမင်းကြီးနှင့်အရှင်နာဂသိန်အမေးအဖြေ

သဂါင်္ယနာတင်ဂန္တဝင်ကျမ်းစာ

မိလိန္ဒပဥှာ

No comments:

Post a Comment