စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 17, 2016

သုဂတိဘုံသို့​ရောက်​သူနည်းပါး

ချစ်သားရဟန်းတို့....မဟာပထဝီမြေကြီးရှိမြေမှုန့်
နှင့်ငါ ၏ လက်သည်းတော်ပေါ်ရှိမြေမှုန့်တို့သည်
အဘယ်က များသနည်းဟုမေးတော်မူ၏။ လက်
သည်းတော်ပေါ်ရှိ မြေမှုန့်သည်အလွန်တရာနည်း
ပါးပြီးမဟာပထဝီမြေကြီး ရှိမြေမှုန့်တို့သည်အလွန်
တရာများပြားလှပါသည်ဟုဖြေဆိုကြကုန်၏။

ချစ်သားရဟန်းတို့...... ထို့အတူသာလျှင် တစ်နေ့
တစ်နေ့ သေကြ ကုန်သော သတ္တ၀ါ အပေါင်းတို့
သည် ကောင်းသော သုဂတိဘုံသို့ရောက်ကြကုန်
သောသတ္တဝါတို့သည်ကားငါဘုရား လက်သည်း
ပေါ်ရှိ မြေမှုန့်ကဲ့သို အလွန်တရာ နည်းကြကုန်၏။
မကောင်းသော အပါယ်ဘုံသို့ရောက်ကြသော
သတ္တဝါတို့သည်ကား ဤမဟာပထဝီ မြေမှုန့်ကဲ့
သို့အလွန်တရာ များပြားလှပေ၏ ။

No comments:

Post a Comment