စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, April 27, 2016

ဒါန၏ထူးခြား​သောအကျိုးတရားများ

ဒါန၏ထူးခြားသောအကျိုးးတရားများ
×××××××××××××

ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံ
ဖြစ်စေ မူလကံနှင့်တူသော အကျိုးကိုပေးတတ်၏။စွန့်ကြဲပေးကမ်း
လှူဒါန်းသည့်အခါ ပေးလှူသူ၌ အလှူခံပုဂ္ဂိုလ်အားကောင်းကောင်းမွန်မွန် စားစေချင်သော ၀တ်စေချင် နေစေချင်သောစေတနာရှိ၏။ ထိုစေတနာသည် တူသောအကျိုးပေး
သဖြင့် ပေးလှူသူသည် ဘဝများစွာ၌ကောင်းကောင်းမွန်မွန်
စားရ ၀တ်ရ နေထိုင်ရသော အကျိုးကျေးဇူးများကိုရရှိခံစားရ မည်ဖြစ်၏။

မနာပဒါယီလဘတေမနာဝံ။   ။မြတ်နိုးဖွယ် ရာပစ္စည်းဝတ္တုကို ပေးလှူသူသည် မြတ်နိုးဖွယ်ရာ ပစ္စည်းဝတ္ထုကိုရရှိနိုင်၏ဟု ဟောတော်မူသည်နှင့်အညီဒါနသည် တူညီသောအကျိုးတရားကို ပေးမည်မှာ သေချာ၏။သရက်စေ့မှ သရက်ပင်ပေါက်၍ မရန်းစေ့မှ မရန်းပင်ပေါက်သည့်သဘောနှင့်တူ၏။ ဒါနသည်မိမိ သူတစ်ပါးနှင့်နှစ်ဦးသား၏ အကျိုး၊ ပစ္စုပ္ပန်လောကအကျိုး တမလွန်လောကအကျိုးအမျိုး မျိုးကိုပြီးစေနိုင်၏၊အခြံအရံ.အကျော်အစော်၊ ကျက်သရေ.စည်းစိမ်ချမ်းသာတို့ကိုလည်း ပေးစွမ်းနိုင်၏။ တရားသဖြင့်ရသောပစ္စည်းဥစ္စာကို တရားထူးရသောပုဂ္ဂိုလ်တို့အား လှူဒါန်းလျှင်ငရဲကြီးရှစ်ထပ် နှင့်အခြံအရံ ငရဲများကို လွန်မြောက်၍ နတ်ပြည်သို့လားရောက်ရ၏။

လွန်ကဲထူးချွန်မွန်မြတ်သော လောကီစည်းစိမ်နှင့် လောကုတ္တရာချမ်းသာအားလုံးတို့ကိုလည်း ဖြစ် ထွန်းပေါ်ပေါက် လာစေနိုင်၏။

ထို့အပြင် သိကြားမင်းစည်းစိမ်.မာရ်နတ်မင်းစည်းစိမ်
.ဗြဟ္မာမင်းစည်းစိမ်. စကြာမင်းစည်းစိမ်စသောလောကီစည်းစိမ်၊ သာဝကပါရမီဉာဏ်၊ ပစေကဗောဓိဉာဏ်.အဘိသမ္ဗောဓိဉာဏ်ဟုဆိုအပ်သော လောကုတ္တရာ စည်းစိမ်တို့ကိုလည်း ပေးစွမ်းနိုင်၏။

ဒါနကြောင့်လည်း လူ့စည်းစိမ်.နတ်စည်းစိမ်၊ ရရှိသည်ကားထင်ရှား၏။ဗြဟ္မာပြည်သို့မူကာပေးလှူကာ မျှဖြင့် မလာရောက်နိုင်။ သို့စေကာမူ ဒါနစေတနာသည်သမထ၀ိပသနာစိတ်၏
အခြံအရံဖြစ်၍ ပေးလှူ ပြီး နောက် ရန်သူ၌သော်လည်း နူးညံ့သည့်စိတ် ပေါ်ပေါက်လာပြီးလျှင်မေတ္တာ .ဂရုဏာ. မုဒိတာ. ဥပေကာ. ဟူသည့်ဗြဟ္မစိုရ်တရားတို့ကိုပွားများအား
ထုတ်ခဲ့ပါမူ ဗြဟ္မာပြည်သို့လားရောက်ရ၏။
ဒါနသည်ဈာန်.၀ိပသနာ.မဂ်.ဖိုလ်.နိဗ္ဗာန်တို့ကိုရရှိရေးအတွက် အားကြီးသော မှီရာအကြောင်း အထောက် အပံ့=ဥပနိသယပစည်းဖြစ်ပေ၏။
လှည်းဘီသည် လှည်းကိုဆွဲသောနွား၏ခြေးရာနောက် သို့ကပ်၍ လိုက်ဘိသကဲ့သို့ ဒါနသည်အလှူရှင်နောက်သို့တကောက်ကောက်ကပ်၍လိုက် ၏။ပစ္စုပ္ပန်လောက ၌ဖြစ်စေ တမလွန်လောက၌ဖြစ်စေ ပေးလှူသူနောက်သို့ အစဉ်လိုက်၍ အကျိုးပေးလေသည်။  သူတစ်ပါးတို့အားလိမ်လည်လှည့်ဖြား. ခိုးဝှက်လုယက်၍မတရားသဖြင့် ရအပ်သော အသပြာ၁၀ကုဋေ တန် အလှူသည်တောင်းရမ်း၍ဖြစ်စေ ကောက်သင်းကောက်၍ဖြစ်စေ တရားသောအလုပ်ဖြင့်ရှာဖွေ၍ သားမယာကို လုပ်ကျွေးမွေးမြူသော ဆင်းရဲသားတစ်ယောက်၏ အသပြာတစ်ကျပ်တန်အလှူကို ၂၅၆ပုံ ၁ပုံမျှမမီနိုင်။ လှူဖွယ်ဝတ္ထုတန်ဖိုးနည်းသော်လည်း သဒ္ဓါ. စေတနာ. ထက်သန်အားကြီးလျှင် ဆယ်ကုဋေတန်အလှူနှင့် ထပ်တူထပ်မျှအကျိုးရနိုင်သည်။

(ဗုဒ္ဓဘာသာလက်စွဲကျမ်း)

No comments:

Post a Comment