စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 17, 2016

မေတ္တာ ၏ပျက်​စီးခြင်း

မေတ္တာ ၏( လက္ခဏာ ၊ ကိစ္စ ၊ ပစ္စုပဋ္ဌာန် ၊ ပဒဋ္ဌာန် ၊ သမ္ပတ္တိ ၊ ဝိပတ္တိ ) ။
--------------------------+----------------------------

၁ ။ မေတ္တာသည် သတ္တဝါတို့၏ အကျိုး စီးပွားကို ပြု ကျင့်သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း , လက္ခဏာရှိ၏ ။

၂ ။ သတ္တဝါတို့အား အကျိုးစီးပွားကို ဆောင်ပေးခြင်း ကိစ္စ, ရသ ရှိ၏ ။

၃ ။ ရန်ငြိုး ၊ အမျက်ဒေါသကိုပယ်ဖျောက်သည့် အနေအားဖြင့် ရှုဆင်ခြင်သူ၏ ဉာဏ်အား ရှေးရှုထင်ခြင်းဟူသော , ပစ္စုပဋ္ဌာန်ရှိ၏ ။

၎ ။ သတ္တဝါတို့၏ နှစ်သတ်မြတ်နိုးဖွယ် အဖြစ်ကို ရှုမြင်ဆင်ခြင်ခြင်းဟူသော ယောနိသောမနသီကာရ လျှင် နီးစွာသော အကြောင်း , ပဒဋ္ဌာန် ရှိ၏ ။

၅ ။ ပျက်စီးစေလိုသော ဗျာပါဒ ၊ ဒေါသ၏ ဝေးကွာသောအားဖြင့် ငြိမ်းခြင်းသည် ဤမေတ္တာ၏ ပြည့်စုံပြီးစီးခြင်း , သမ္ပတ္တိ ပင်ဖြစ်၏ ။

၆ ။ ခင်မင်တွယ်တာလျက် ချစ်ခြင်းသည် ဤမေတ္တာ၏ ပျက်စီးခြင်း , ဝိပတ္တိ ပင်ဖြစ်၏ ။။

(ဝိသုဒ္ဓိမဂ်မြန်မာပြန် ) ။

မဟာစည်ဆရာတော်ဘုရားကြီး ။ ~~~~~~~~~~~~~~~~~~~

No comments:

Post a Comment