သော ထိုပညာရှိသူသည်၊
ဝိနယံ-ကျင့်ဝတ်ဝိနည်းကို၊
ပဇာနာတိ သိ၏ တဲ့။
ပညာရှိဆိုတာ
ဘယ်လိုနေထိုင်ရမယ်
ဘယ်လိုအနေအထားမျိုးမှာ
ဘယ်လိုပြောသင့်တယ်
ဘယ်လိုနေသင့်တယ်
ဆိုတာကိုသိတယ်။
တချို့ နေနည်း
ထိုင်နည်းတွေက
တိတိကျကျ သတ်မှတ်
ထားတာမျိုး မရှိဘူး။
အလိုက်တသိ
နားလည်တတ်တဲ့ ဉာဏ်နဲ့
နေတတ်,ထိုင်တတ်,
ပြောတတ်,ဆိုတတ်,
လုပ်တတ်,ကိုင်တတ်ရမယ်။
ဘယ်လိုအနေထားမျိုးမှာ
ဘယ်လိုနေသင့်တယ်,
ဘယ်လိုပြောသင့်တယ်
ဆိုတာကို သိရမယ်။
မျက်နှာရိပ် မျက်နှာကဲ သိရမယ်
ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့်
သိဖို့လိုမယ်နော် ။
အလိုက်မသိခြင်းကလည်း
နီးစပ်ရာ လူတွေကို
အကုသိုလ်များစေတယ်။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment