စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 8, 2023

မနေသင့်တဲ့အရပ်..

မနေသင့်သည့် အရပ်
🌷🌷🌷🌷🌷🌷🌷🌷

ပညာရှိများ၊ လေးမထားပဲ၊
ဘေးနားကိုဖယ်၊ စွန့်ပစ်ပယ်၍၊
လွယ်လွယ်ရှုံ့ချ၊ ထိုဒေသ၊
လုံးဝ မနေထိုက်။

လူယုတ်မာများ၊ ပြောစကားကို၊
လေးထားပန်ဆင်၊ ဦးထက်တင်၍၊
နေ့စဉ်သုံးချ၊ ထိုဒေသ၊
လုံးဝမနေထိုက်။

အမှန်ကိုမှား၊ အမှားကိုမှန်၊
ဖောက်ပြန်မြင်ကြ၊ ထိုဒေသ၊
လုံးဝမနေထိုက်။

စကြာဘုန်းနွယ်

No comments:

Post a Comment