စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 30, 2024

သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲတဲ့ကံ...

သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲတဲ့ကံ...  

 #အမ္ဗပါလီထုံး 
   
    အလားတူပဲ - အများကြားဖူးတဲ့ အမ္ဗပါလီ ပြည်တန်ဆာမ ရှိတယ်။ ပြည်တန်ဆာမ တစ်ယောက်ကိုသော်လည်းပဲ ဘုရားရှင်က သာသနာဘောင် ၀ငျရောကျပွီး ရှင်ရဟန်းပြုဖို့ ခွင့်မပေးဘူးလား? ခွင့်ပေးတယ်။ သာသနာဘောင် ၀ငျရောကျပွီး ရှင်ရဟန်းပြုတဲ့ အချိန်အခါကစပြီး သူ ပြည်တန်ဆာမ အလုပ် လုပ်သေးလား? မလုပ်တော့ဘူး။ သာသနာမှာ ကျင့်ရမယ့် ကျင့်၀တ်ပဋိပတ်တွေကို သူ ရိုရိုသေသေ ဖြည့်ကျင့်တဲ့အတွက်လည်း သူ ရဟန္တာအဖြစ်သို့ ရောက်ရှိမသွားဘူးလား? ရောက်ရှိသွားပါတယ်။ ဘုန်းကြီး ဘာပြောချင်တာလဲ? ရည်ရွယ်ချက်ကလေး ရှိပါတယ်။

   သတ္တဝါတိုင်းမှာ ကောင်းမှု မကောင်းမှု နှစ်ခု သံသရာတစ်လျှောက်မှာ ရှိကြတယ်နော်။ အာ - ဒီပုဂ္ဂိုလ်က ဒီကိုယ်တော်က တစ်ချိန်တုန်းက ဘယ်လိုကိုယ်တော်ပဲဆိုပြီး အဲဒီလို မတေေကောင်းတာတွေ ထိုင်ပြီး ပြောနေရင် ပြောနေတဲ့ ပုဂ္ဂိုလ်မှာ အဲဒီ အချိန်မှာ အကုသိုလ်တွေ တိုးပွားနေတယ်။ ဟာ ဒီအမျိုးသမီး သို့မဟုတ် ဒီသီလရှင် သို့မဟုတ် ဒီယောဂီက တစ်ချိန်တုန်းက ဘယ်လို ကောင်မပဲ၊ ထိုင်ပြီး ပြောနေရင် ပြောနေတဲ့ ပုဂ္ဂိုလ်မှာ အကုသိုလ်တရား မတိုးပွားဘူးလား? တိုးပွားတယ်။ တစ်ချိန်က ဖြစ်ခဲ့တာတွေဟာ လိုရင်းမဟုတ် ပါဘူး။ သာသနာဘောင် ၀ငျရောကျပွီး တရားတွေကို တကယ်လက်တွေ့ ကျင့်နေပြီဆိုရင်, ကျင့်တဲ့အချိန်ကစပြီးတော့ သူတော်ကောင်း ကျင့်၀တ်ပဋိပတ်ကို ရိုရိုသေသေ ဖြည့်ကျင့်နေတယ်ဆိုရင် သူ့ကို ကြည်ညိုရမှာပဲ၊ ဘုရားလည်း ခွင့်ပြုတယ်၊ လက်ခံတယ်။ အဲဒီ နောက်ကြောင်းတွေ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေကို နောက်ကြောင်း ဇာတ်ဟောင်းတွေကို ပြန်ပြောင်းပြီး ပြောနေခဲ့မယ်ဆိုရင် ပြောနေတဲ့ ပုဂ္ဂိုလ်မှာလည်း အကုသိုလ်တရား တိုးပွားတယ်။ အချိန်လည်း မကုန်ဘူးလား? ကုန်တယ်။ ဘယ်လို ကုန်သလဲ?

   မိမိ တကယ်တမ်း ဒီအချိန်တွေမှာ သီလကျင့်စဉ်တွေကို လက်တွေ့ ကျင့်နေမယ်၊ သမာဓိကျင့်စဉ်တွေကို လက်တွေ့ကျင့်နေမယ်၊ ပညာကျင့်စဉ်တွေကို လက်တွေ့ကျင့်နေမယ်ဆိုရင် ထိုအချိန်အခါမှာ မိမိအတွက် အကျိုးတရားတွေ တိုးပွားပြီး မလာနိုင်ဘူးလား? လာနိုင်တယ်။ အဲဒီ အကျိုးတရားတွေလည်း ဆုတ်ယုတ်ပျက်စီး မသွားဘူးလား? သွားတယ်။ ဒီကောင်းတဲ့ အကျိုးတရား ဆုတ်ယုတ်ပျက်စီးရုံတွင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ မကောင်းတဲ့ အကျိုးတွေလည်း မိမိရဲ့သန္တာန်မှာ တစ်ကိုယ်လုံး ဖြစ်လာတယ်။ ဘယ်လိုဖြစ်လာလဲ?

  အဲဒီ အမ္ဗပါလီ ပြန်ကြည့်ပေါ့၊ ဘာဖြစ်လို့ သူ ပြည်တန်ဆာမ ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အချိန်အခါမှာ ဖုဿဘုရားရှင် သာသနာတော်အတွင်းတုန်းက ဆိုကြစို့နော်။ ဖုဿဘုရားရှင် သာသနာတော်က သက်တမ်းရှည်တဲ့ကာလ ဖြစ်ပါတယ်။ လူတို့သက်တမ်းအားဖြင့် အနှစ်သုံးသောင်းတမ်းလို့ ယူဆရပါတယ်နော်။ အဲဒီ ဖုဿဘုရားရှင်ရဲ့ သာသနာက သက်တမ်းရှည်တော့ သက်တော်ရှည် ဘုရားရှင်တို့ ပရိနိဗ္ဗာန်စံလွန်တော်မူတဲ့ အချိန်အခါမှာ ဓာတ်တော်များဟာ အစိပ်စိပ် အမွှာအမွှာ မကွဲဘဲ ရွှေတုံး ရွှေခဲလို အတုံးအခဲကြီးအဖြစ် ကျန်ရစ်ခဲ့တယ်။ အဲဒီ ရွှေတုံး ရွှေခဲလို အတုံးအခဲဖြစ်နေတဲ့ ဒီဓာတ်တော် မွေတော်တွေကို စေတီကြီးတစ်ဆူ တည်ထားပြီးတော့ ကိုးကွယ်နေကြပါတယ်။

   အဲဒီ စေတီတော်ကို ဘိက္ခူနီမတွေ သွားပြီးတော့ ဖူးမြော်ကန်တော့ကြတယ်။ အဲဒီ ဘိက္ခူနီမတွေထဲမှာ အမ္ဗပါလီ ပြည်တန်ဆာမဖြစ်တဲ့ ဘိက္ခူနီမလေး တစ်ပါးလည်း ပါပါတယ်။ သူ့ရဲ့ ရှေ့ကနေပြီးတော့ ရဟန္တာထေရ်ရီမ-ကြီး စေတီတော်ကို လက်ယာရစ် လှည့်လည်ပြီး ဖူးမြော်ရင်း တစ်နေရာရောက်တော့ မအောင့်နိုင်တာနဲ့ ချေမိတယ်။ ချေလိုက်တဲ့ အချိန်အခါမှာ ပါးစပ်ထဲကနေပြီးတော့ ချွဲခန်းတွေထွက်ပြီး စေတီရင်ပြင်တော်ပေါ်မှာ ပုံကျသွားတယ်။ ချွဲခန်းထွက်သွားတာလည်း မသိလိုက်ဘူး၊ စေတီရင်ပြင်တော်ပေါ်မှာ ပုံကျသွားတာလည်း မသိလိုက်ဘူး၊ ပုံပြီးနေတာလည်း မသိလိုက်ဘူး။ သိလျက်နဲဲ့တော့ ရဟန္တာထေရ်ရီမကြီးက ဒါ ရှင်းလင်းသုတ်သင်သွားမှာပါ၊ မသိလိုက်တဲ့အတွက် သူက ရှေ့ခရီး ဆက်လိုက်တယ်။

   အေး - အမ္ဗပါလီ ပြည်တန်ဆာမဖြစ်မယ့် ဘိက္ခူနီမကလေးက အဲဒီ နေရာလေးလည်းရောက်ရော သူက ဘာပြောလဲ? ဘယ်ပြည်တန်ဆာမကများ ဒီနေရာမှာ လာပြီးတော့ ဒီချွဲခန်းတွေ လာထွေးသွားရသလဲ? ဘယ်နှစ်ခွန်း ပြောလိုက်သလဲ? တစ်ခွန်းပဲနော်။ အဲဒီ တစ်ခွန်းက ဘယ်လောက်အထိ သူ့အပေါ်မှာ အင်မတန် ပြင်းထန်တဲ့ မကောင်းကျိုးတွေကို ပေးသလဲ ကြည့်ပေါ့။ ဘာကြောင့် ဒီလို မကောင်းကျိုး ပေးရသလဲဆိုတော့ စိတ်ရဲ့ ဆန်းကြယ်ပုံကို နည်းနည်းကလေးတော့ ဘုန်းကြီး ပြောချင်တယ်။

   စိတ်တွေဟာ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လို့ ခေါ်ဆိုအပ်တဲ့ အချိန်ကာလအတွင်း အကြိမ်ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်သွားတယ်။ အဲဒီ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်သွားနေတဲ့ စိတ်အစဉ်တွေထဲမှာ ခုနက ဘိက္ခူနီမလေးက သူပြောနေတဲ့ အချိန်အခါမှာ သူ့စိတ်ထဲက ဘယ်လို ဖြစ်နေလဲ တံတွေး ချွဲခန်းတွေ ထွေးသွားတဲ့ ပုဂ္ဂိုလ်အပေါ်မှာ ကျေနပ်ချက် ရွိသလား မကျေနပ်ချက် ရှိသလား? မကျေနပ်ဘူး။ မကျေနပ်တဲ့ ဒေါသပြဓာန်းနေတဲ့ စိတ်အစဉ်တွေက ဘယ်လောက် ဖြစ်နေမလဲ? ပြန်ကြည့်ပေတော့နော်။

   ဒေါသပြဋ္ဌာန်းနေတဲ့ ဒီစိတ်အစဉ်တွေက မျက်စိတစ်မှိတ် လျှပ်တစ်ပြက် အတွင်းမှာ အကြိမ်ကုဋေသိန်းနဲ့ချီပြီး ဖြစ်နိုင်တဲ့အတွက် သူပြောလိုက်တာက တစ်မိနစ်ကြာမယ်ဆိုလို့ရှိရင် ကုဋေသိန်းပေါင်းများစွာ ဖြစ်မသွားဘူးလား? ဖြစ်သွားတယ်။ တစ်မိနစ်ကြာရုံတင် မဟုတ်ဘူး၊ ပြောပြီးနောက်ပိုင်း၌လည်း သူ့စိတ်ထဲမှာ မကျေနပ်ချက်တွေက တဖွားဖွားနဲ့ ထပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ငါးမိနစ်လောက် ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ ဆယ်မိနစ်လောက် ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ တစ်နာရီလောက် ဆက်ပြီး ဖြစ်ချင်လည်းဖြစ်မယ်။ ဒေါသပြဓာန်းနေတဲ့ အကုသိုလ်ဇောစိတ်အစဉ်တွေ ဘယ်လောက် အမှုထမ်းသွားလဲဆိုတာ သဘောပေါက်ပေါ့။ အဲဒီ အကုသိုလ်စိတ်တွေထဲက အင်အားပြည့်ခဲ့မယ်ဆိုရင် စိတ်တစ်ခုတစ်ခုမှာ တည်ရှိနေတဲ့ အကုသိုလ်စေတနာ၊ ခု ဒီမှာတော့ ဒေါသပြဓာန်းနေတဲ့ အကုသိုလ်စေတနာတွေ အဲဒီ အကုသိုလ်စေတနာတွေသည် ဘ၀တစ်ခုကို အကျိုးပေးနိုင်တဲ့ စွမ်းအားရှိတယ်။ ဒီတော့ ဒေါသပြဓာန်းနေတဲ့ အကုသိုလ်တွေဟာ အကျိုးပေးခဲ့ရင် ဘယ်မှာ အကျိုးပေးမလဲ?

   ဘယ်ကို ပို့ဆောင်ပေးသလဲ? ငရဲရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအင် ရှိတယ်။ အစွပ်စွဲခံရတဲ့ ဘိက္ခူနီမကြီး ပြန်ကြည့်လိုက်တဲ့ အခါကျတော့ သူစွပ်စွဲလိုက်တဲ့အတိုင်း ပြည်တန်ဆာမ ဖြစ်သလား? မဖြစ်ပါဘူး။ ရဟန္တာဟာ ရဟန္တာပဲ၊ ပြည်တန်ဆာမအဖြစ် ပြောင်းလဲသွားသေးလား? ဘာမှ မပြောင်းလဲသွားဘူး၊ မဖြစ်ဘူး။ အဲဒီ စွပ်စွဲတဲ့ပုဂ္ဂိုလ် ဘာဖြစ်သလဲ ဒီအပိုင်းမှာ ဥပမာကလေးတွေ ပေးထားပါတယ်။ လေတိုက်နေတဲ့ အချိန်အခါ ဆိုကြပါစို့။ လေအောက်ကနေ လေတင်ဘက်ကို ပြန်ပြီးတော့ ဖွဲကလေးတစ်ဆုပ်လောက် ပက်လိုက်ရင် ဒီဖွဲဆုပ်က ဘယ်ဘက် ပြန်လာသလဲ? ပက်တဲ့သူဘက် ပြန်လာတယ်။ အဲဒါ တစ်ချက်၊ ဥပမာတစ်မျိုး။

    နောက် ဥပမာတစ်မျိုးကတော့ မစင်တုံး တစ်တုံးရှိတယ် ဆိုကြပါစို့နော်။ မစင်ကို ကိုင်ပြီးတော့ သူတစ်ပါးကို ပေါက်ရန် ကြိုးစားလိုက်တဲ့အခါ ကိုယ်ပေါက်လိုက်တဲ့မစင် သူတစ်ပါးကို ထိမထိတော့ မသေချာဘူး၊ ကိုယ့်လက်ကိုတော့ အရင် မပေဘူးလား? ပေသွားတယ်။ အဲဒီမှာ အဲဒီ ဘိက္ခုနီမလေးက ဒီပုံစံအတိုင်း ဖြစ်သွားတယ်။ သူ့လက် အရင်ပေလိုက်တာပဲ။ မစင်နဲ့ ကိုင်ပြီးတော့ ရဟန္တာဘိက္ခူနီ ထေရီမကြီးကို သူက သွားပြီး လှမ်းပြီး ကိုင်ပေါက်လိုက်တာ ဘာဖြစ်သလဲ? နှစ်သုံးသောင်းလောက် ဘိက္ခူနီဘ၀အဖြစ် ဖြည့်ကျင့်ထားတဲ့ သီလေတွေ သေခါနီးကာလမှာ သူ့ကို ကယ်တင်နိုင်တဲ့ စွမ်းအား မရှိဘူး။ မရှိတော့ ဘယ်ရောက်သွားလဲ? ငရဲရောက်တယ်။ ငရဲမှာ နှစ်သိန်းပေါင်းများစွာ သန်းပေါင်းများစွာ ခံရတယ်၊ ဘ၀ပေါင်း များစွာ ခံရတယ်။ ဘာဖြစ်လို့လဲ? ခုနက ပြောခဲ့တဲ့အတိုင်းပဲ၊ ဒေါသပြဓာန်းနေတဲ့ အကုသိုလ်ဇောစေတနာတစ်ခုသည် ဘ၀တစ်ခုကို အကျိုးပေးနိုင်တဲ့ စွမ်းအင် အပြည့်အ၀ ရှိနေတော့ အကုသိုလ်ဇောတွေက သူ့ရဲ့သန္တာန်မှာ မရေတွက်နိုင်အောင် ဖြစ်ခဲ့တယ်။ အဲဒီ အကုသိုလ်ဇော အရှိန်အဝါတွေ မကုန်မချင်း ငရဲမှာ သေတယ်၊ သေလည်း ထပ်ဖြစ်တယ်၊ မသေဘဲနဲ့ ခံရနေတာလည်း ရှိတယ်၊ သေပြီးတော့ ထပ်ဖြစ်တာလည်း ရှိတယ်။

    အဲဒီ အကုသိုလ်ကံတွေက တော်တော်ကလေး အရှိန်အဝါ လျော့သွားတဲ့အခါ ငရဲကေန ကျွတ်လာလွတ်လာတော့ လူ့ပြည် လူ့လောက ရောက်ရှိလာပြီဆိုတဲ့အခါလည်း ဘာဖြစ်သလဲ? ပြည်တန်ဆာမပဲ ဖြစ်ရတယ်။ ပြည်တန်ဆာမ ဘယ်လောက် ဖြစ်သလဲလို့ မေးလို့ရှိရင်တော့ ဘ၀ပေါင်း (၂၀၀)ကျော်လောက် ဆက်တိုက် ပြည်တန်ဆာမ ဖြစ်ခဲ့ရတယ်။ ပြောလိုက်တဲ့ စကား ဘယ်နှစ်ခွန်းလဲ? တစ်ခွန်းပဲ။ စကားတစ်ခွန်းသည် ဘ၀ (၂၀၀)လောက် ပြည်တန်ဆာမဘ၀ရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ စွမ်းအား ရှိတယ်ဆိုလို့ရှိရင် ဒီစကားမျိုးတွေ သီလရှင်တွေ ယောဂီတွေ ဘုန်းကြီးတွေ အားလုံးပဲ ပြောသင့်သလား? မပြောသင့်ဘူးနော်။ တစ်ဦးနဲ့ တစ်ဦး မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ ပြောသင့်သလား? မပြောသင့်ဘူး။ အေး - ပြောလိုက်တဲ့ အချိန်အခါကျတော့ အဲဒီ မစင်က အရင်သွားပြီး ဘယ်မှာ လူးသလဲ? ကိုယ့်လက်မှာပဲ အရင်လူးသွားတယ်နော်။ အဲဒါ နောက်ဆုံး ရဟန္တာဖြစ်မယ့် ဘ၀ရောက်တော့ ဆိုကြပါစို့။

    လိစ်ဆ၀ီမငျးတှေ လိစ်ဆ၀ီမငျးသားတှအေားလုံး ပိုင်တဲ့ဥယျာဉ်အတွင်း သရက်ပင်ခွကြားမှာ ဘွားခနဲဆိုပြီး သွားပြီးတော့ ဖြစ်တယ်။ လှတယ်၊ ဘာဖြစ်လို့ လှလဲ? အနှစ်သုံးသောင်းလောက် ဖုဿဘုရားရှင်ရဲ့ သာသနာတော်မှာ သီလကျင့်စဉ်တွေကို သမာဓိကျင့်စဉ်တွေကို ပညာကျင့်စဉ်တွေကို ဖြူဖြူစင်စင်နဲ့ သူက ဖြည့်ကျင့်ခဲ့တယ်။ ဖြည့်ကျင့်ခဲ့တဲ့ ဒီသီလကုသိုလ် စေတနာတွေက အကျိုးပေးဖို့ရာ အခါအခွင့်သင့်လာတဲ့ အချိန်အခါမှာ အလွန် ချောမောလှပတင့်တယ်နေတဲ့ အမျိုးကောင်းသမီး တစ်ဦးတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီချောမောလှပခြင်းသည် သူ့အတွက် ဘယ်လို အကြောင်းတစ်ခု ဖြစ်သလဲ? ပြည်တန်ဆာမဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်သွားတယ်။

    အဲဒါကြောင့် ဘယ့်နှယ်တုံး - ယောဂီတွေ ... လှချင်သလား? မလှချင်ဘူးလား? စဉ်စားကြ စဉ်းစားကြနော်။

    ဘယ်လို ပြည်တန်ဆာမဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်ရသလဲဆိုတော့ ဝေသာလီပြည်ကို အုပ်ချုပ်နေတဲ့ လိစ်ဆ၀ီမငျးသားတှကေ ဂဏအုပ်ချုပ်ရေးလို့ ရှေးတုန်းက ခေါ်တာပေါ့။ သူတို့က အလှည့်ကျ ရှင်ဘုရင် လုပ်ကြတယ်။ ပါလီမန်အနေနဲ့ စုပေါင်းပြီးတော့ အုပ်ချုပ်ကြတယ်။ အုပ်ချုပ်ကြတဲ့ အချိန်အခါကျတော့ အမျိုးသမီးတစ်ယောက် ဘွားခနဲ (၁၆)နှစ်လောက်အရွယ် အလွန် လှပတင့်တယ်စွာနဲ့ ဖြစ်ပေါ်လာပြီဆိုတော့ ဥယျာဉ်စောင့်ကလည်း မနေရဲဘူး။ လိစ်ဆ၀ီမငျးသားတှကေို သွားပြီးတော့ အကြောင်းကြားရတယ်။

   အကြောင်းကြားလိုက်တဲ့ အချိန်အခါမှာ လိစ်ဆ၀ီမငျးသားတှကေ ရောက်လာပြီ၊ သူကလည်း လိုချင်တယ်၊ ငါကလည်း လိုချင်တယ်။ ဘာဖြစ်လို့လဲ? သူ့ကံက အကျိုးပေးဖို့ရာ အခါအခွင့်သင့်တယ်။ အဲဒီလို လိုချင်တော့ ၀ိုငျးလုကွတဲ့ အချိန်အခါမှာ အလှည့်ကျ ရှင်ဘုရင်ဖြစ်တဲ့ ပုဂ္ဂိုလ်က သူအလှည့်ကျနေတုန်းမှာ ပေါ်လာတဲ့အတွက် သူပိုင်ထိုက်ပါတယ်။ တရားရုံးမှာ ငြင်းကြတယ်။ ကျန်နေတဲ့ လိစ်ဆ၀ီမငျးသားတှကေလညျး အလျှော့မပေးဘူး။ ဒီဥယျာဉ်ဟာ ရှင်ဘုရင်တစ်ဦးတည်းပိုင်တဲ့ ဥယျာဉ် မဟုတ်ဘူး။ လိစ်ဆ၀ီမငျးသားအားလုံးပိုငျတဲ့ ဥယျာဉ်ဖြစ်တဲ့အတွက် လိစၦ၀ီမငျးသားအားလုံး ရထိုက်တယ်။ အချီအချ စကားများလိုက်ကြတာ နောက်ဆုံး တရားသူကြီးတွေကလည်း အဖြေမပေးနိုင်တဲ့အတွက် အများပိုင်စေဆိုပြီး အမိန့်ချပေးလိုက်ရတယ်။

    ပြည်တန်ဆာမဘ၀ မရောက်ဘူးလား? ရောက်တယ်။ ဘာဖြစ်လို့ ရောက်ရသလဲလို့မေးရင် တရားသူကြီးတွေ ဆုံးဖြတ်ပေးလို့ ရောက်တာ မဟုတ်ဘူး။ အတိတ်က အကြောင်းရင်းကို ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တဲ့ အခါမှာ ဘာလဲ? သူ့ အကုသိုလ်ကံပဲ။ သူ့ အကုသိုလ်ကံလေးက ဒီဘ၀ မရောက်ရောက်အောင် သွားပြီးတော့ တွန်းပို့နေတာ။ အဲဒီ ဘ၀မှာ ရဟန္တာ ဖြစ်သွားလို့၊ အကယ်၍ ရဟန္တာသာ မဖြစ်သေးဘူး၊ နောက်ထပ် ဘ၀ဆိုတာ ရှိနေဦးမယ်ဆိုရင်ကော နောက်ထပ် ပြည်တန်ဆာမဖြစ်မယ့် ဘ၀တွေ ရေတွက်နိုင်မလား? မရေတွက်နိုင်ဘူး။ ဘာဖြစ်လို့လဲ?

    အကုသိုလ်ဇောတစ်ခု ဇောစေတနာတစ်ခု တစ်ခုသောဘ၀ကို အကျိုးပေးနိုင်စွမ်းရှိတဲ့ စွမ်းအင်ရှိနေသေးတဲ့အတွက် အကုသိုလ်ဇောစေတနာတွေက အကြိမ်များစွာ ဖြစ်ခဲ့ပြီဖြစ်တော့ နောက်ထပ် အကျိုးပေးမယ့် ဘ၀တွေ အများကြီး ရှိနေသေးတယ်။ ဒါက ဘ၀ကုန်သွားလို့သာနော်။ ဘာဖြစ်လို့ ဒီဘ၀ကုန်ရသလဲလို့ ပြန်ပြီး ဆန်းစစ်ကြည့်လိုက်တော့လည်း ဖုဿဘုရားရှင် သာသနာတော်အတွင်းမှာ သူက သံသရာ၀ဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်နေတဲ့ သီလကျင့်စဉ်တွေကို တကယ်လက်တွေ့ ဖြူဖြူစင်စင်နဲ့ ကျင့်ခဲ့တယ်၊ သမာဓိကျင့်စဉ်တွေကိုလည်း တတ်အားသလောက် ကျင့်ခဲ့တယ်၊ ပညာကျင့်စဉ်တွေကိုလည်း တတ်အားသလောက် ကျင့်ခဲ့ပါတယ်။ သို့သော် သူကျင့်ခဲ့တဲ့ ဒီ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်က သေခါနီးကာလမှာ သူ့ကို ကယ်တင်နိုင်တဲ့ စွမ်းအင် မရှိဘဲ၊ ရဟန္တာဘိက္ခူနီမ ထေရီတစ်ပါးအပေါ်၌ ပြစ်မှားမိခဲ့တဲ့ ဒီအကုသိုလ် ၀စီဘဒေကံက သေခါနီးကာလမှာ အကျိုးပေးဖို့ရာ အခါအခွင့် သင့်လာတယ်။ အခါအခွင့် သင့်လိုက်တဲ့အတွက် အရင်အကျိုးပေးလိုက်တဲ့အတွက် မကောင်းတဲ့ ဘုံဘ၀တွေ ရောက်သွားရတယ်နော်။

    ဒါကြောင့် ဥုးဇင်းတို့ သူတစ်ပါးကို မဟုတ်မတရား စွပ်စွဲတဲ့အတွက် ဒီမုသာဝါဒ လုပ်ငန်းတစ်ခုကို သူတော်ကောင်းမှန်ရင် ရှောင်ကြဉ်သင့်သလား, မသင့်ဘူးလား? လက်နှစ်လုံးလောက်ရှိတဲ့ ဒီပါးစပ်ကလေးကို ပိတ်ထားတာ ကောင်းသလား? ဖွင့်ထားတာ ကောင်းသလား? ဘုန်းကြီးကတော့ လောကနီတိမှာ ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတယ်။ ဟိုတစ်နေ့က ယောဂီကလေးလေးတွေကိုတောင် ဘုန်းကြီး ပြောလိုက်မိပါသေးတယ်။

    #ဒန္တံ ဒေဿတိ တဲ့နော်။ သွားဖြဲပြတယ်။ ဘယ်ပုဂ္ဂိုလ်တွေ သွားဖြဲပြသလဲ?လို့ ကလေးတွေကို ဘုန်းကြီးက မေးကြည့်တယ်နော်။ ဘုန်းကြီးတို့ ငယ်ငယ်က လောကနီတိထဲမှာတော့ ခွေးတွေက တစ်ကောင်နဲ့ တစ်ကောင် မြင်ပြီဆိုလို့ရှိရင် ဘာလုပ်သလဲ? သွားဖြဲပြတယ်။ အဲဒါကြောင့် မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက်မြင်ရင် သွားဖြဲပြရမလား မပြရဘူးလားလို့ ဘုန်းကြီးက သူတို့ကို မေးကြည့်တယ်။ ဘယ့်နှယ်တုံး - ဒကာကြီးတွေ ဒကာမကြီးတွေ သွားဖြဲပြတာ ကောင်းသလား? မကောင်းဘူးလား? (ကောင်းတယ်) ဟန်ကျပြီနော်။ ကောင်းတဲ့ဘက်ကနေ ကောင်းပါတယ်၊ မကောင်းတဲ့ဘက်ကလည်း မကောင်းဘူး။ ကောင်းတဲ့ဘက်က ကောင်းတယ်ဆိုတာက တစ်ဦးအပေါ် တစ်ဦး ကာယကံမေတ္တာဖြင့် ၀စီကံမတေ်တာဖွင့ျ မနောကံမေတ္တာဖြင့် တစ်ဦးကို တစ်ဦး ချစ်ခင်ကြည်ညို လေးစားမြတ်နိုးတဲ့ မျက်လုံးလေးနဲ့ ကြည့်ပြီး ပြောကြဆိုကြတယ်ဆိုရင်တော့ ကောင်းပါတယ်နော်။ တစ်ဦးအပေါ်မှာ တစ်ဦး မကျေနပ်ချက်တွေ တစ်ပုံကြီး လြှို့၀ှကျထားပွီးတော့ ရင်၀ယ်ပိုက်ထွေးထားပြီးတော့ သွားပြီး သွားတွေကို ဖြဲပြမယ်၊ သို့မဟုတ် သွားတွေကို ဖော်ပြကြမယ်၊ သို့မဟုတ် ပါးစပ်လှုပ်ပြကြမယ်ဆိုလို့ရှိရင်တော့ ကောင်းပါ့မလား? မကောင်းဘူးနော်။ ဒါ သတိရှိကြပါ။

    လူ့လောကဟာ တော်တော် ခက်တယ်။ ခက်တယ်ဆိုတာက ဥုးဇင်း ဟိုတစ်နေ့ကလည်း စာသင်ရင်းနဲ့ ဒီအကြောင်းလေး သတိရလို့ ပြောမိပါတယ်။ လူ့ရဲ့ သဘာ၀ လူ့ရဲ့ စိတ်ထားက တစ်ဖက်သားအပေါ်မှာ အကောင်းနဲ့ အဆိုးဆိုရင် အကောင်းကို မြင်ခဲတယ်။ အဆိုးကို မြင်လွယ်တဲ့ သဘောရှိတယ်။

    အဲဒီထဲမှာ နမူနာလေးတစ်ခုကတော့ --- ပဉ်စ၀ဂ်ဂီငါးဦးနဲ့ ဥုးဇင်းတို့ ဘုရားအလောင်းတော်ပဲ။ ဘုရားအလောင်းတော်က ဒုက္ကရစရိယာ (၆)နှစ် ကြာအောင် ကျင့်ပါတယ်နော်။ ရင်စမ်းလိုက်ရင် ကျောကို သွားတွေ့တယ်၊ ကျောစမ်းလိုက်ရင် ရင်ကို သွားတွေ့တယ်။ တစ်ခါတစ်ရံ တစ်လက်ဖက်မျှသော တစ်လက်ခုပ်မျှသော ပဲပြုတ်ရည်လေးလောက်ပဲ သောက်ပြီးတော့ ကျင့်တယ်။ အစာအာဟာရ လုံးလုံး ဖြတ်တောက်ပြီးတော့ ကျင့်ဖို့လည်း ကြိုးစားပါတယ်။ နတ်တွေကတော့ ပြောကြတယ်။ သင် အစာအာဟာရကို လုံးလုံးဖြတ်တောက်ပြီး ကျင့်မယ်ဆိုရင် သင့်ရဲ့ မွေးညင်းပေါက်တွေထဲကနေ တို့အစာအာဟာရတွေ နတ်သြဇာတွေ သွင်းမှာပဲ၊ အဲဒီအခါမှာ သင်က အစာအာဟာရတွေ ဖြတ်တောက်ပြီး ကျင့်တယ်လို့ပြောရင် သင် မုသားဖြစ်သွားမှာပဲ စသည်ဖြင့် ဒီလို ပြောတော့ အဲဒီ မုသာဝါဒကြောက်လို့ သူက တစ်လက်ဖက်မျှသော ပဲပြုတ်ရည်ကလေး သောက်ပြီးတော့ အဲဒီမှာ တရားကျင့်တယ်နော်။ နောက်ဆုံး မှောက်လျက် လဲတယ်၊ မူးပြီး လဲတယ်၊ ဒီလောက်အထိ သူက ပြင်းပြင်းထန်ထန် ကျင့်ခဲ့တယ်။ ဒီလို ကျင့်သော်လည်း (၆)နှစ်တိုင်တိုင် ကျင့်ပေမဲ့လို့ မဂ် ဖိုလ် နိဗ္ဗာန် မရေတာ့ စဉ်းစားပြီ။

    ငါ ဒီနည်းလမ်းဖြင့် ဒုက္ခဖြင့် ဒုက္ခကို ရင်းနှီးပြီးတော့ သုခကိုရအောင် ငါရှာဖွေလို့တော့ မရနိုင်တော့ဘူး၊ ဒါကြောင့် ဒီဒုက္ကရစရိယာကျင့်စဉ်ကို ငါစွန့်လွှတ်ပြီးတော့ တခြားကျင့်စဉ်တစ်ခု ပြောင်းမှ တော်တော့မယ် ဆိုပြီးတော့ အဲဒီမွာ အာဟာရ ပြန်ပြီးတော့ မှီ၀ဲပါတယျ။ အာဟာရေလး ပွနျမှီ၀ဲလိုကျတာနဲ့ တစ်ပြိုင်နက်တည်း ပဉ်စ၀ဂ်ဂီငါးဦးတို့က လာပြောတယ်။ ဒါပဲ ဒါပဲ နော်။ အဲဒီ ပဉ်စ၀ဂ်ဂီငါးဦးက ဘုရား ဆွမ်းလေး နည်းနည်းကလေးလောက် ပြန်ပြီး ရှာဖွေစားတာလေးတစ်ခု အကြောင်းခံပြီးတော့ #ပဓာန၀ိဗ်ဘန်တ တဲ့ = ကမ္မဋ္ဌာန်းလူထွက်ကြီး နော်။ သူတို့ ပြောပုံက ကမ္မဋ္ဌာန်းလူထွက်ကြီး ဖြစ်တယ်တဲ့၊ ပစ္စည်းလေးပါး ပေါများဖို့ရန်အတွက် ကျင့်နေတဲ့ ပုဂ္ဂိုလ်သာ ဖြစ်တယ်တဲ့၊ ဒီပုဂ္ဂိုလ်ကို တို့ အလိုမရှိဘူးတဲ့။ ဆွမ်းလေးနည်းနည်း စားမိတာလေးနဲ့ အဲဒါ မတရားရတဲ့ဆွမ်းလည်း မဟုတ်ပါဘူး။ သူတစ်ပါးဆီမှာ တရားသော နည်းလမ်းနဲ့ ဆွမ်းခံပြီး ရလို့ ရှာဖွေပြီး ရတဲ့ဆွမ်းလေး မိမိခန္ဓာကိုယ် မျှတရေးအတွက် နည်းနည်းကလေး စားမိတာပဲ။ စားမိတာလေးကိုပဲ သူတို့က အဲဒါကို ကမ္မဋ္ဌာန်းလူထွက်ကြီးပဲ ပစ္စည်းလေးပါး ပေါများဖို့ရန်အတွက် ကျင့်နေတဲ့ ပုဂ္ဂိုလ်ကြီးပဲ ဒီပုဂ္ဂိုလ်ကို တို့ မဆည်းကပ်နိုင်တော့ဘူး ဆိုပြီး အကုန်လုံး စွန့်ခွာပြီး ထွက်သွားကြတယ်။ ဥရုဝေလတောကနေပြီးတော့ ဟို ဗာရာဏသီပြည် ဣသိပတန အမည်ရတဲ့ မိဂဒါ၀ုနျတော ထွက်သွားကြတယ်။

    အဲဒီမှာ ကြည့်ပေါ့ - မြတ်စွာဘုရား ဘယ်လို မကောင်းမှုပြုတာ ဟုတ်သလား? မဟုတ်ပါဘူးနော်။ ဆွမ်းလေးနည်းနည်း သွားစားမိတာပဲ၊ ဆွမ်းလေး နည်းနည်း စားတာကလည်း မတရားတဲ့ ဆွမ်းလည်း ဟုတ်သလား? မဟုတ်ပါဘူး။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ ဆွမ်းလေးပဲ။ အဲဒါ ဆွမ်းလေး နည်းနည်း စားတာလေးတောင်မှ အကောင်းမြင်တဲ့ ပုဂ္ဂိုလ်ရှိသလား? မရှိဘူး။ လောကကြီး သိပ်ကြောက်ဖို့ ကောင်းတယ်နော်။ ဒါကြောင့် ယောဂီတွေကို ဘုန်းကြီး ပြောနေတယ်။ တစ်ဖက်သားအပေါ်မှာ အဆိုးမမြင်စေချင်လို့ပါ။ အကောင်းကို မြင်စေချင်တဲ့ စိတ်ထားဖြင့် ဘုန်းကြီး ပြောနေတာပါ။ အကောင်းမြင်လိုက်တဲ့အတွက် ဘာထူးလဲ? ကုသိုလ်တရားတွေ တိုးပွားတယ်။ အဲဒီ ကုသိုလ်တရားတွေက နိဗ္ဗာန်အထိ ပို့ဆောင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်နော်။ အခု ဘုန်းကြီးပြောနေတာ မဟာကုသိုလ်ထဲက အစိတ်အပိုင်း တစ်ခုပဲ ရှိပါသေးတယ်။ ဒီတော့ ကဲ - မုသာဝါဒပြီးပြီ ထားလိုက်တော့နော်။

                      

    ဖားအောက်တောရဆရာတော် 
.................
  မင်္ဂလသုတ္တန်တရားဒေသနာတော် 
.................
 Ashin Dhammarakkhita 

လောကဓံ

လောကဓံကတော့ အကြမ်းအနု 
အကြီးအသေး ပုံစံအမျိုးမျိုးနှင့် 
တွေ့ကြရမှာပါ။ ရှောင်လို့ မရနိုင်ဘူး။ 

ဘယ်လိုပြေလည်အောင် ကျော်လွှား
သွားမလဲဆိုတာသာ အရေးကြီးတာပါ။ 

ခက်တာက သာမန်လူတွေဟာ 
မကျေနပ်စရာကိစ္စ တစ်စုံတစ်ရာ
တွေ့လာပြီဆိုရင် ဒေါသ မဖြစ်ဖို့ 
မကြိုးစားဘဲနှင့် တွေ့နေရတဲ့ မကျေနပ်စရာ 
ကိစ္စကြီးကိုပဲ ဖယ်ပစ်ဖို့ ကြိုးစားကြတာ။

မကျေနပ်စရာကိစ္စဆိုတာက ဖယ်လို့ ရချင်လည်း ရမယ်။ ရချင်မှလည်း ရမယ်။ 
များသောအားဖြင့်တော့ မရတာဘဲ 
များပါတယ်။ တကယ့်ကို ရခဲ့တယ် 
ဆိုဦးတောင်မှ နောက်ထပ် ထပ်တွေ့ရဦးမှာပဲ။ မကျေနပ်စရာကိစ္စတွေဆိုတာ ရှောင်လို့ မရပါဘူး။ ဒီအချိန်မတွေ့ရင် 
ဟိုအချိန်တွေ့မယ်။ ဒီနားမတွေ့ရင် ဟိုနား 
တွေ့မယ်။ ဒီလူနှင့် မတွေ့ရင် ဟိုလူနှင့် 
တွေ့မယ်။ တွေ့လာရင်လည်း လူတော်
တော်များများဟာ ကိုယ့်ကိုယ်ကို ဒေါသ 
မဖြစ်အောင် မကြိုးစားဘဲနဲ့ ဒီသဘာဝ
မကျတဲ့ ကိစ္စကြီးက ဘာလို့ဖြစ်လာ
တာလဲလို့ တွေးပြီး ဒေါသတွေပဲ 
တိုးတိုးလာကြတာ များတယ်။ 

တကယ်တမ်းကတော့ ဒေါသတွေနှင့် 
မကျေမနပ်ဖြစ်နေလို့လည်း အဲဒီသဘာဝ
မကျတဲ့ ကိစ္စကြီးက သဘာဝကျသွား
တာတော့ မဟုတ်ပါဘူး။
ဒေါသဖြစ်နေရုံနှင့် စိတ်တိုင်းမကျစရာ 
ကိစ္စကြီးက စိတ်တိုင်းကျစရာကိစ္စ 
ဖြစ်သွားတာ မဟုတ်ပါဘူး။ ကိုယ်သာ 
ဒေါသတွေနှင့် ပူလောင်ပင်ပန်း
ဆင်းရဲရတာပဲ အဖတ်တင်တာပါ။ 
ဒေါသဖြစ်လို့ ဘာအကျိုးမှ မရှိနိုင်ဘူး။ 
ဒေါသနှင့် ပြဿနာတွေကို ရှင်းလို့လည်း 
ပြဿနာတွေက ပြေလည်သွားမှာ မဟုတ်ဘူး။ 
ပိုတောင် ရှုပ်ထွေးသွားစရာရှိတယ်။
တကယ် ဖြေရှင်းရတော့မယ်ဆိုရင်လည်း 
ခေါင်းအေးအေးထားပြီး မေတ္တာနှင့်၊ 
ပညာနှင့် ဖြေရှင်းမှသာ အဆင်ပြေနိုင်မှာပါ။ 
တချို့ကိစ္စတွေကျတော့လည်း ဒီတိုင်းကို 
သည်းခံနေမှ အဆင်ပြေမယ့် အနေအထား
တွေလည်း ရှိတယ်။ သည်းမခံဘဲ တုန့်ပြန်
မယ်ဆိုရင် နှစ်ဦးနှစ်ဖက် ပိုပြီး အခြေအနေ 
ဆိုးသွားနိုင်တာလည်း ရှိသေးတာကိုး။

သစ္စာရွှေစည်ဆရာတော်

Saturday, June 29, 2024

ဘဝဟူသည်

ဘဝဟူသည် သေခြင်းသို့ ဦးတည်၍ မပြတ်သွားနေရသော ခရီးတစ်ခုသာဖြစ်သည်။ 

ထိုခရီးသည် တောင်ကျမြစ်တစ်စင်း စီးဆင်းနေသကဲ့သို့ ရပ်နားခြင်းမရှိဘဲ တရစပ်သွားနေသော ခရီးဖြစ်၍ သားသတ်ရုံသို့ အဆွဲခံရသော နွားမ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းသည် 
သေခြင်းနှင့်ပို၍ နီးနီးသွားသကဲ့သို့ 
မိမိတို့မှာလည်း တစ်စထက်တစ်စ 
သေခြင်းနှင့် ပို၍ နီးနီးလာသည်။
မနှစ်ကထက် ဒီနှစ်ပိုနီးလာသည်။ 
အရင်လကထက် ဒီလ ပိုနီးလာသည်။ 
မနေ့ကထက် ဒီနေ့ ပိုနီးလာသည်။ 
စောစောကထက် အခု ပိုနီးလာသည်။
ခရီးလက်ကျန် ဘယ်လောက်ဟူ၍လည်း မသိနိုင်။ ဒီခရီး၏ လမ်းဆုံးက ဘယ်နား
ဟူ၍လည်း မှန်းဆ၍ မရ။
ဒီဘဝခရီး၏ အဆုံးတွင် နောက်ဘဝခရီးကိုတောက်လျှောက်ဆက်၍ သွားရပြန်ဦးမည်။ 
ဒီဘဝခရီး၏ အဆုံးသတ်အခြေအနေ ကောင်းမှသာ နောက်ဘဝခရီးက 
အဆင်ပြေနိုင်မည်။ ဘဝခရီးမှန်သမျှ ပင်ပန်းဆင်းရဲခြင်းသာဖြစ်၍
ဘယ်ခရီးမှ ကောင်းသည်ဟု မဆိုနိုင်။ သို့သော်လည်း အပါယ်လေးပါးခရီးနှင့် နှိုင်းစာလျှင် လူ နတ် ဗြဟ္မာခရီးက တော်သေးသည်ဟု ဆိုရမည်။

ထို့ကြောင့် ဉာဏ်အမြော်အမြင် ရှိသူမှန်လျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးကို ရည်ရွယ်၍ " ဒါန သီလ သမာဓိ ပညာ ကုသိုလ်ကောင်းမှုများကို စွမ်းအားရှိသမျှ ပြုလုပ်နေကြရမည်သာဖြစ်သည်။

သစ္စာရွှေစည်ဆရာတော်

Sunday, June 23, 2024

ဝင်းနိမ္မိတာရုံဆရာတော်၏ထေရုပ္ပတ္တိ

ဆရာတော်၏ ထေရုပ္ပတ္တိ
-🙏🙏🙏🙏🙏🙏🙏🙏🙏

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်

ဘဒ္ဒန္တမုနိန္ဒာဘိဝံသ- ထေရုပ္ပတ္တိအကျဉ်း

ဘွဲ့တော် -ဘဒ္ဒန္တမုနိန္ဒာဘိဝံသ။

ကျောင်းတိုက် -ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ ကလျာဏီရပ်ကွက်၊ ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး။

#မွေးသက္ကရာဇ်

၁၃ဝ၈-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၅)ရက်၊ သောကြာနေ့။

#ဇာတိရပ်ရွာ

ပဲခူးတိုင်းဒေသကြီး၊ သနပင်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာ။

မယ်တော်, ခမည်းတော် တို့၏ အမည်

ဦးထွန်းရွှေ + ဒေါ်ကျေးရင်။

#ရှင်ရဟန်းပြုခြင်း

ဆရာတော်လောင်းလျာသည် ၁၃၁၉-ခုနှစ်၊ ဝါဆိုလဆန်း ၁၂-ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တဇောတိပါလကို ဥပဇ္ဈာယ်ပြု၍ အဖွားတော် ဒေါ်ခင်နှင့် မိဘ နှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်၊

၁၃၂ရ-ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄-ရက်၊ နံနက်(၈)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကြခတ် ဝိုင်းပရိယတ္တိစာသင်တိုက် သီလဝိသောဓနီမည်သော ခဏ္ဍသိမ်၌ အရညဝါသီ ရွှေကျင်နိကာယ မဟာနာယက သက်တော်ရှည် မင်းကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဇနိန္ဒကို ဥပဇ္ဈာယ်ပြု၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်၊ သတိပဋ္ဌာန်လမ်းနှင့် မဂ္ဂင်လမ်းထောင့်၊ အမှတ်-၄ရ (ယခု ကမ္ဘာအေးဘုရားလမ်း၊ အမှတ် ၈၀/ခ)နေ လက် ထောက်ကုန်သွယ်လုပ်ငန်းခွန်မင်းကြီး ဦးကျော်ဇင်+ဒေါ်ရင်မင်းမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။

#စာပေသင်ယူခြင်း

ဆရာတော်လောင်းလျာသည် လောကီအတန်းပညာကို မွေးဇာတိဖြစ်သော ကုက္ကိုရွာ ပြည်တော်သာကျောင်း၌ ၄-တန်း အောင်မြင်သည်အထိ သင်ကြားပြီးနောက် 
ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက်သို့ ရောက်ရှိကာ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဇောတိပါလ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော် ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင်) နှင့် 
စာချဆရာတော်များဖြစ်ကြသော ဘဒ္ဒန္တ သာသန၊ ဘဒ္ဒန္တပညာသီဟ (ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ)၊ ဘဒ္ဒန္တ ဝိလာသ၊ ဘဒ္ဒန္တ အာစာရာနန္ဒ (ဓမ္မာစရိယ၊ ဝိသိဋ္ဌ ဒီဃဘာဏက)(ရှမ်းပြည် အင်းလေး၊ ဝက်သားကင်ကျောင်းဆရာတော်)၊ ဘဒ္ဒန္တသောဘဏ (ဓမ္မာစရိယ၊ ဒီဃဘာဏက၊ ပဲခူး ရွှေအပ်ထပ်ကျောင်း ဆရာတော်) ဘဒ္ဒန္တသာသနရက္ခိတ (မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိတောရကျောင်းဆရာတော်)၊ ကြခတ်ဝိုင်းတိုက်အုပ်ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ (ဝိနယာဓိက ပရိယတ္တိပထမကျော်၊ သ-စ-အ ဓမ္မာစရိယ၊ အင်္ဂုတ္တရနိကာယ ပါဠိပါရဂူ) (ပျံလွန်)၊ တိုက်အုပ်ဆရာတော် (ယခု ကြခတ်ဝိုင်း ဆဋ္ဌဆရာတော်)ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသ (စေတိယင်္ဂဏ, အစိုးရ ဓမ္မာစရိယ၊ ပိဋကတ္တယပါရဂူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာ ဝိသုဒ်ဓါရုံတိုကျသဈ စည်ရှင်ကျောင်း စာချဆရာတော် ဘဒ္ဒန္တ ဓမ္မာဝုဓာဘိဝံသ (သကျသီဟ, အစိုးရ ဓမ္မာစရိယ၊ ဂန္ထကာရက)၊ မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် အဘယာရာမရွှေဂူတိုက်နှင့် အမေရိကန် နိုင်ငံ၊ ကယ်လီ ဖိုးနီးယားပြည်နယ်၊ ဟာ့ဖ်မွန်ဗေးမြို့၊ ဓမ္မာနန္ဒဝိဟာရကျောင်းတိုက်တို့ ၏ ပဓာနနာယက၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ဒေါက်တာ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (သကျသီဟ, အစိုးရ ဓမ္မာစရိယ၊ ဘာသန္တရဆေက၊ တိပိဋက ပါဠိမြန်မာအဘိဓာန်ကျမ်းပြု၊ D. Litt) တို့၏ အထံတော်၌ ပရိယတ္တိကျမ်းစာ အဖြာဖြာနှင့်တကွ ဘာသန္တရစာပေများကိုပါ လေ့လာသင်ကြားခဲ့ပါသည်။

#အောင်မြင်ခဲ့သည့်(အမြင့်ဆုံး)စာမေးပွဲနှင့် ခုနှစ်

ပဲခူးမြို့ ဝိနယာဓိကပရိယတ္တိအသင်းစာမေးပွဲ ပထမကြီးတန်း (ပထမ) (ဝိနယာဓိက ပရိယတ္တိပထမကျော်ဘွဲ့)၊

(၁၃၂၄-ခုနှစ်)။ နိုင်ငံတော်အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း (ပထမ) ( နိုင်ငံတော် အစိုးရပထမကျော်ဘွဲ့)၊ (၁၃၂၄ခုနှစ်)

နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ ကျမ်းရင်း(၃)ကျမ်း (ဒုတိယ အမှတ်အများဆုံးနှင့် တစ်နှစ်တည်း နှစ်ချင်း ပေါက် အောင်မြင်သူတို့တွင် ပထမ)၊ (သာသနဓဇ ဓမ္မာစရိယဘွဲ့)၊ (၁၃၂၅-ခုနှစ်)။

နိုင်ငံတော်အစိုးရ ဂုဏ်ထူးဆောင်ဓမ္မာစရိယ စာမေးပွဲ (အင်္ဂုတ္တရနိကာယပါဠိ ပါရဂူဘွဲ့)၊ (၁၃၂၆-ခုနှစ်)။ (အထက်ပါ စာမေးပွဲတို့ကို သာမဏေဘဝဖြင့်ပင် အောင်မြင်တော်မူခဲ့ပါသည်။)

ရန်ကုန်မြို့ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်း စာမေးပွဲ စာသင်တန်း (ပထမ)၊ (၁၃၂ရ-ခုနှစ်။)

မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ)အသင်းစာမေးပွဲ စာသင်တန်း (ဒုတိယ) (၁၃၂၈-ခုနှစ်)။

ရန်ကုန်မြို့ စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟအသင်းစာမေးပွဲ စာချတန်း (ဒုတိယ)၊ (စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ ဂဏဝါစကဘွဲ့)၊ (၁၃၃ဝ-ပြည့်နှစ်)

မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ (သကျသီဟ)အသင်းစာမေးပွဲ စာချတန်း (ပထမ) (ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့)၊ (၁၃၃၁-ခုနှစ်)။

နိုင်ငံတော်အစိုးရ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲတွင် သုတ္တန္တပိဋက ဒီဃနိကာယ်(၃)ကျမ်း အာဂုံပြန်ဆို အောင်မြင်၊ (ဒီဃဘာဏကဘွဲ့)၊ (၁၃၄၂-ခုနှစ်)။

ဆရာတော်သည် မန္တလေးမြို့ ပရိယတ္တိသာသနဟိတ (သကျသီဟ)အသင်းကြီးမှ နှစ် (၁ဝဝ)ပြည့် အထိမ်း အမှတ်အဖြစ် ဆက်ကပ်လှူဒါန်းသော ပရိယတ္တိ သာသနဟိတဓရ ဂုဏဝိသိဋ္ဌ ဘွဲ့တံဆိပ်တော်ကိုလည်း အလှူခံ ရရှိ တော်မူခဲ့ပါသည်။

#စာပေပို့ချခြင်း

၁၃၂၂-ခုနှစ်၊ နိုင်ငံတော်အစိုးရစာမေးပွဲ ပထမလတ်တန်းကို အားထုတ်နေစဉ် အသက် (၁၄)နှစ်သားအရွယ်မှာပင်ကျေးဇူးတော်ရှင် ကြခတ်ဝိုင်းဆရာတော်ဘုရားကြီး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပဲခူးမြို့ ရွှေခြူး ဝိနယာနုဂ္ဂဟစာမေးပွဲ (ယခုဝိနယတံခွန်စာမေးပွဲ) သာမဏေရသီလသိက္ခာတန်းဝင် ရှင်သာမဏေ အပါး(၂ဝ)ကျော်တို့အား ရှင့်ကျင့်ဝတ်ကျမ်းစာကိုစတင် သင်ကြား ပို့ချပေးခဲ့ရပါသည်။ 

၁၃၂၃-ခုနှစ်တွင် ပထမငယ်တန်းဝင် ရဟန်း, ရှင်တို့အား ကစ်စညျးသဒ်ဒါကွီးကမြျးစာကိုပို့ခြ သင်ကြားပေးခဲ့ရပါသည်။ ထိုမှစ၍ တစ်ဆက်တည်းပင် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲ အပါအဝင် ရန်ကုန်, မန္တလေး,မော်လမြိုင်, သထုံ စသည့် မြန်မာနိုင်ငံအရပ်ရပ်ရှိ စာမေးပွဲများအတွက် စာချတန်း, စာသင်တန်း အတန်းစုံ၊ နေ့ဝါ ညဝါ
ကျမ်းစာစုံတို့ကို နှစ်ပေါင်းရှည်ကြာ ပို့ချသင်ကြားပေးခဲ့ပါသည်။

၁၃၆၅ (၂ဝဝ၃)ခုနှစ်တွင် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၌ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို စတင် တည်ထောင်ပြီး
 စာသင်သံဃာတော် အပါး (၂ဝဝ)ကျော်တို့အား ပရိယတ္တိကျမ်းစာများကို ဆက်လက်သင်ကြား ပို့ချပေးတောျမူခဲ့သညျ။

#သာသနာရေးဆောင်ရွက်ချက်များ

ဆရာတော်သည် သံဃာအပါး (၁၀၀၀), (၁၀၀၀)ကျော်အထိ သီတင်းသုံး သာသနာပြုရာ ကြခတ်ဝိုင်း ပရိယတ္တိ စာသင်တိုက်ကြီး၌ စာချဘုန်းကြီး၊ ကျောင်းဆောင် နာယကဘုန်းကြီး၊ တိုက်ကြပ်ဘုန်းကြီး၊ တိုက်အုပ်ဘုန်းကြီးအဖြစ်ဖြင့် အဆင့်ဆင့်တာဝန်များကို ယူလျက် သံဃာတော်များနှင့်စပ် အရပ်ရပ်သောကိစ္စ၊ ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးကိစ္စ စသည်တို့ကို စိတ် စေတနာ သဒ်ဓါတရား အပြည့်အဝထားလျက် နှစ်ပေါင်းရှည်ကြာ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာပြည်တစ်ပြည်လုံးသာမက ကမ္ဘာ့နိုင်ငံအနှံ့သို့ ရောက်ရှိ၍ ကျောင်းထိုင် ပဓာနနာယက ဆရာတော်, စာချဆရာတော်, ဓမ္မကထိကဆရာတော်, ကမ္မဋ္ဌာနာစရိယဆရာတော် စသည်ဖြင့် သာသနာ့တာဝန်များကို ကိုယ်စီကိုယ်င စွမ်းနိုင်သမျှ ထမ်း ဆောင်နေကြသော ကြခတ်ဝိုင်းနွယ်ဖွား ဝံသသံဃာတော်များ၏ ဥက္ကဋ္ဌအဖြစ် ကျရာတာဝန်များကိုလည်း ဆောင်ရွက်တောျမူခဲ့သညျ။

ထို့ပြင် ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲများ ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ထပ်ဆင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ အဖွဲ့ဝင်၊ ပဲခူးတိုင်း ပထမပြန်စာမေး ပွဲ ကျင်းပရေး ဗဟိုအဖွဲ့ခွဲ အဖွဲ့ ဝင်။ ပဲခူးတိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း စတင် ဖွင့်ချိန်မှစ၍ နာယကအဖွဲ့ဝင် အဖြစ်ဖြင့်လည်း သာသနာတော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ခဲ့ပါသည်။

ဆရာတော်သည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၌လည်း ပထမအကြိမ်၌ မြို့နယ်/ တိုင်း ဝိနည်းဓိုရ်၊ ဒုတိယ အကြိမ် နောက်ပိုင်း ၂နှစ်တာကာလ ၌ မြို့နယ် သံဃနာယက အဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင်၊ တတိယအကြိမ်၌လည်း မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး၊

တတိယအကြိမ် နောက်ပိုင်း ၂ နှစ်တာကာလမှစ၍ ဆဋ္ဌအကြိမ်တိုင်အောင် တိုင်း သံဃနာယအဖွဲ့(ရွှေကျင်) အကျိုး တော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်တာဝန်တို့ကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်း ၈နှစ်တိုင်တိုင် ဆောင်ရွက်တော်မူခဲ့သည်။

#ရဟန်းရှင်လူတို့အကျိုးသယ်ပိုးဆောင်ရွက်ချက်များ

ဆရာတော်သည် သာသနာတော်အကျိုးကိုသာမက လောကအကျိုးကို သယ်ပိုး တော်မူသည့်အနေဖြင့် မိမိ၏ ဇာတိရပ်ရွာဖြစ်သော ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကုက္ကိုကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသော အခြေခံပညာ မူလတန်း ကျောင်း (တွဲဖက်အလယ်တန်းကျောင်း)ကို ပေ ၁၄ဝ-၃ဝ အာစီ အုတ်တိုက်အဖြစ် လွန်ခဲ့သော ၁ဝ-နှစ်ခန့်က ကျပ်ငွေ ဆယ် သိန်း တိတိ မတည်ပြီး ပဲခူး, သနပ်ပင်, ရန်ကုန်, မန္တလေး, မော်လမြိုင်, တောင်ကြီးစသော မြို့ရွာများမှ ဆရာတော်၏ ဒကာ, ဒကာမများ၊ ကုက္ကိုကျေးရွာ ဒကာ, ဒကာမများ၏ ထည့်ဝင်လှူဒါန်းငွေ၊ နိုင်ငံတော်အစိုးရမှ ပံ့ပိုးငွေတို့ဖြင့် လအနည်းငယ် အတွင်း ဦးဆောင်ဆောက်လုပ်လျက် လှူဒါန်းခဲ့သည့်ပြင် ငွေပင်ငွေရင်း သိန်း(၃ဝ)ကျပ်တိတိကိုလည်း စိုက်ထူ လှူဒါန်း ခဲ့ပါသည်။

ကျေးရွာသူကျေးရွာသားများ တစ်ပိုင်းနှင့်တစ်ပိုင်း လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားကြီး ၂- စင်းကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

ယခုအခါ အထက်တန်းကျောင်းခွဲဖြစ်နေပြီးဖြစ်သော ထိုဇာတိကျေးရွာကျောင်း၌ ဝင်းရတနာကျောင်း ဆောင်အမည်ရှိ ပေ (၆ဝ+၃ဝ)ကျောင်းဆောင်တစ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာတစ်ဆောင်တို့ကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ကလေးငယ်များနှင့် ဆရာ, ဆရာမတို့အတွက် လိုအပ်သည့် ထိုင်ခုံစသောအသုံးအဆောင်များနှင့်ဘိုထိုင်အိမ်သာများကိုလည်း ဆောင်လုပ်လှူဒါန်းခဲ့ပါသည်။ ထို့ပြင် နှစ်စဉ် နှစ်စဉ် ကျောင်းသား ကျောင်းသူ (၅ဝဝ)ကျော် (၆ဝဝ)ကျော်တို့အား ဗလာစာအုပ်၊ ဘောလ်ပင်၊ မုန့်ပဲသရေစာများနှင့် ဝတ္ထုငွေများကို သွားရောက်လှူဒါန်းခြင်း၊ ပညာရေးစုံညီပွဲတော်များ၌ ဆုရကျောင်းသူ ကျောင်းသားများအား ထိုက်တန်စွာ ဆုငွေများ ပေးအပ်လှူဒါန်းခြင်း၊ ကျေးရွာရှိ သက်ကြီးရွယ်အိုများနှင့် ဆရာ, ဆရာမတို့အားထိုက်တန်စွာ လှူဒါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပါသည်။

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်သို့ ပြောင်းရွှေ့၍ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို တည်ထောင်ပြီးနောက် ကလျာဏီရပ်ကွက် ယမင်းရပ်ကွက်တွင် တည်ရှိသော အ၊လ၊က [၄]ကို အ ထ က (၂)ခွဲဖြစ်အောင်၊ ထိုမှတဆင့် အ ထက ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်း။ ပေ (၁ဝဝဝ)ကျော်ရှည်လျားသည့် ကလျာဏီရပ်ကွက် အနောက်မင်းလမ်း မကြီးကို ကွန်ကရစ်လမ်းဖြစ်အောင် ကိုယ်တိုင် သိန်း (၂ဝ)ကျော် ပါဝင်လှူဒါန်း၍လည်းကောင်း၊ ကလျာဏီ (ဂ)လမ်း ကိုလည်း ကွန်ကရစ်လမ်းဖြစ်အောင် ကိုယ်တိုင် သိန်း (၂ဝ)တိတိ ပါဝင် လှူဒါန်း၍ လည်းကောင်း၊ အရှေ့ မင်းလမ်းမကြီး ကို လည်း ဂဝံလမ်းဖြစ်အောင်, ထိုမှတဆင့် ကွန်ကရစ်လမ်းဖြစ်အောင် ကိုယ်တိုင် သိန်း (၄ဝ)တိတိကျော်ပါဝင် လှူဒါန်း၍လည်းကောင်း၊ ဦးစီးဦးဆောင်ပြု၍လည်းကောင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ ရန်ကုန်+မန္တလေး လမ်းမကြီးမှ ဝင်းနိမ္မိ တာရုံကျောင်းတိုက်သို့အဝင် ပေ ၁၂ဝဝ-ကျော်ရှိသောလမ်းကို ကွန်ကရစ်လမ်းဖြစ်အောင် ဦးဆောင်ဆောင်ရွက်ပေး ခြင်း၊ ကလျာဏီရပ်ကွက်ရှိ (၁)လမ်းမှ (၆)လမ်းအထိ ကြားလမ်းများကိုလည်း တစ်လမ်းလျှင် သိန်း (၂ဝ)ကျော်စီ မတည်လှူဒါန်းလျက် ကွန်ကရစ်လမ်းများဖြစ်အောင် ဦးဆောင်ဆောင်ရွက်ပေးခြင်း၊ကလျာဏီ (၄)ရပ်ကွက်အတွင်း လမ်းကူးတံတားများ တည်ဆောက်ပေးခြင်း၊ ကွန်ကရစ်မီးတိုင်များ စိုက်ထူ လှူဒါန်းခြင်း၊ နဂါးလိန်ရပ်ကွက်, ပြည်တော် သာရပ်ကွက် ဆွမ်းလောင်းဓမ္မာရုံတို့တွင် အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ လိုအပ်နေသော အမိုးသစ်များ လှူဒါန်း ခြင်း၊ နာဂစ်မုန်တိုင်း ဒဏ်ခံရသော ဧရာဝတီတိုင်းဒေသကြီး, ရန်ကုန်တိုင်းဒေသကြီးတို့မှ ဒုက္ခသည်များထံ ဦးဆောင် ဦးရွက် ပြုလျက် ၃ခေါက်တိတိ သွားရောက်ပြီး လိုအပ်နေသော ဆန်, ဆီ, ဆား စသည်တို့ကို လှူဒါန်းရာတွင် မိမိ ကိုယ်တိုင် သိန်း (၅ဝ) ကျော် ပါဝင်လှူဒါန်းခဲ့ခြင်း၊ ၁၃ရ၁ (၂ဝ၁ဝ)ခုနှစ် နွေရာသီတွင် သောက်ရေ သုံးရေ ပြတ်လပ်၍ အတိဒုက္ခ ရောက်နေ ကြသော သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်ရှိ ဒကာ, ဒကာမ များအား နေ့စဉ် နေ့စဉ် ကားကြီး ၄- ၅ စီးဖြင့် အခေါက်ခေါက် သွားရောက်ပြီး သောက်ရေ သုံးရေများ လှူဒါန်းခဲ့ခြင်း၊အမှတ်(ရ) အ လ က ကျောင်းတွင် (၃၅) သိန်းကျော် အကုန်အကျခံပြီး ဆရာ, ဆရာမ, ကျောင်းသား, ကျောင်းသူများအတွက် လိုအပ်နေသော ၆ခန်းတွဲ အိမ်သာတစ်လုံးနှင့် ရေစင်တို့ကို တည်ဆောက်လျက် ပိုက်များပါ သွယ်တန်းလှူဒါန်းခြင်း၊ မျက်စိခွဲစိတ် ကုသရန် လိုအပ်သော လူနာများကို တာဝန်ယူ လှူဒါန်းလျက် ခွဲစိတ်ကုသပေးခြင်း၊ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံ ကြီးဝင်း အတွင်းရှိ အသုံးမပြုဘဲ ပစ်ထားသော သံဃာဆေး ကုသဆောင်ဟောင်း ကို မူလ အလှူရှင်များ၏ သားသမီးမြေးတို့အား ပြန်လည်ပြုပြင် မွမ်းမံ စေလျက် မိမိကိုယ်တိုင်လည်း အဲယားကွန်းများ တပ်ဆင်ပေးကာ သံဃာတော်များ လူတို့နှင့် မရောနှောဘဲ ကိုယ် စိတ် နှစ်ဖြာ ချမ်းသာစွာဖြင့် သီးခြား ဆေးကုသခွင့် ရအောင် ဆောင်ရွက်ပေးခြင်း။ထူးချွန်ထက်မြက်သော စာသင်သား ရှင်ရဟန်းများနှင့် (၁ဝ)တန်းအောင်ပြီးနောက် တက္ကသိုလ်ဆက်မတက်နိုင်သော ကလေးငယ်များအား ထောက်ပံ့လှူဒါန်းရန် ကျပ်သိန်း(၃ဝဝ)မတည်လျက် ဝင်းနိမ္မိတာရုံဆရာတော် ပညာပါရမီဆု ဖောင်ဒေးရှင်းတည်ထောင်ပြီး ထောက်ပံ့လှူဒါန်းခြင်း၊ ဖခင်ကြီး ဦးထွန်းရွှေ+မိခင်ကြီး ဒေါ်ကျေးရင် တို့အား ကျေးဇူးဆပ်သောအားဖြင့်လည်းရွှေကျေး ပညာပါရမီဆု ဖောင်ဒေရှင်း တည်ထောင်ပြီး ထောက်ပံ့လှူဒါန်း ခြင်း။ ပဲခူးမြို့ပေါ်ရှိ သံဃာအပါး(၁ဝဝ)ကျော် စာသင်တိုက်များ၊ သီလရှင်အပါး (၅ဝ)ကျော် သီလရှင်စာသင်တိုက်များနှင့် နိုင်ငံတော်အစိုးရ စာမေးပွဲ ဓမ္မာစရိယတန်း၊ ပါဠိပထမပြန် ငယ်, လတ်, ကြီးအတန်း၊ မန္တလေးမြို့ သကျသီဟစာမေးပွဲ စာသင်တန်း, စာချတန်း၊ ရန်ကုန်မြို့ စေတိယင်္ဂဏအသင်းစာမေးပွဲ စာသင်တန်း, စာချတန်း၊ ပဲခူး သဒ္ဓမ္မရက္ခိတ သာမဏေကျော် စာမေးပွဲ၊ ဝိနယာဓိကပရိယတ္တိစာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်သော ရဟန်းသာမဏေများနှင့်သီလရှင်များအား မိမိက ဦးဆောင်လျက် ကျောင်းအမကြီးများဖြစ်ကြသော ဒေါ်သန်းစိန်၊ ဒေါ်သန်းတင့်တို့၏ အမည်ဖြင့်ဒေါ်သန်းစိန်+ ဒေါ်သန်းတင့် ပညာပါရမီဆု ဖောင်ဒေးရှင်း''ဟု ဖောင်ဒေးရှင်းတစ်ခု ထပ်မံတည်ထောင်လျက် ထိုက်တန်စွာ ထောက်ပံ့ လှူဒါန်းခြင်း။
သိန်းပေါင်းထောင်ချီ၍ ကုန်ကျသည့် ပေ (ရဝ)ကျော်ရှည်လျားသော ကလျာဏီရပ်ကွက် မဟော်သဓာလမ်း မဇင်းချောင်းကူး ဝင်းမဟာတံတားနှင့် ဇိုင်းဂနိုင်းတောင်ပိုင်း ဖောင်တော်ဦး မဇင်းချောင်းကူးတံတားကြီး ၂စင်းတို့ကိုလည်း သစ်သားတံတားမှ ကွန်ကရစ်တံတားဖြစ်မြောက်ရေးအတွက် မတည်လှူဒါန်းလျက် ဦးဆောင်ဦးရွက်ပြုကာ ရဟန်းရှင်လူ ပြည်သူပြည်သားတို့ ချမ်းသာလွယ်ကူစွာ ကူးသန်းသွားလာနိုင်အောင် တည်ဆောက်လှူဒါန်းခြင်း။
ဝင်းမဟာ ဝါပဆွမ်းလောင်းဝတ်အသင်း ဓမ္မာရုံ ဖြစ်မြောက်ရေးအတွက်လည်း သိန်း (၅ဝ)ကျော် ထည့်ဝင်လှူဒါန်းခြင်း၊ ကလျာဏီရပ်ကွက်သူ ရပ်ကွက်သားများ ကျန်းမာရေးအတွက် ပေ (၈ဝ+၆ဝ)မြေကွက်တွင် ဆေးပေးခန်း ဆောက်လုပ်လှူဒါန်းခြင်းစသည်ဖြင့် ရဟန်းရှင်လူ ပြည်သူပြည်သားတို့ ၏ အကျိုးကို သယ်ပိုးရွက်ဆောင်ရွက်တောျမူခဲ့ပါသညျပါသညျ။

#ကျမ်းစာများရေးသားပြုစုခြင်း

စာချ/ စာသင်သံဃာတော်အရှင်မြတ်များအတွက်

(၁) ဆန္ဒောသာရတ္ထဒီပကကျမ်း (၁၃၄၆-၁၉၈၄ ခုနှစ်)

(၂) ကစ္စည်းသုတ်စဉ်သရုပ်ခွဲကျမ်း (၁၃၄၆-၁၉၈၅)

(၃) ပထမငယ်တန်း ပါဠိစာပေကောက်နုတ်ချက်ရှင်းတမ်း (၁၃၄ရ-၁၉၈၅)။

(၄) ပထမလတ်တန်း ပါဠိစာပေကောက်နုတ်ချက်ရှင်းတမ်း (၁၃၄ရ-၁၉၈၅)။

(၅) ပထမလတ်တန်း ပါဠိသဒ်ဒါနှင့ျ အသုံးအနှုန်းအတွက် ကျက်မှတ် ဖွယ်များ (၁၃၄ရ-၁၉၈၅)။

(၆) ကြခတ်ဝိုင်း သဂြိုဟ်ရှင်းတမ်း (စိတ်၊ စေတသိက်၊ ပကိဏ်း)။ (၁၃၄၈-၁၉၈၆)။

(ရ) ပထမလတ်တန်းအတွက် အက္ခရာဝလိ ပါဠိ-မြန်မာ အဘိဓာန်(၁၃၄၈-၁၉၈၆ ခုနှစ်)။

(၈) ပထမငယ်တန်း ပါဠိသဒ်ဒါနှင့ျ အသုံးအနှုန်းနိယံ (၁၃၄၉-၁၉၈ဝ)။

(၉) ကြခတ်ဝိုင်း သင်္ဂြိုဟ်ရှင်းတမ်း (ကိုးပိုင်းလုံးအပြည့်အစုံ) (၁၃၅၂-၁၉၉ဝ။ ၁၃-ကြိမ် ရိုက်နှိပ်ပြီး)။

(၁ဝ) ကြခတ်ဝိုင်း ဒုကမာတိကာနှင့် ဓာတုကထာ ရှင်းတမ်း (၁၃၅၄-၁၉၉၂)။

(၁၁) ဝိနယတံခွန် ရှင့်ကျင့်ဝတ် မေးခွန်း နှင့်အဖြေ (၁၃၅၄-၁၉၉၂)။

(၁၂) ဝိနယတံခွန် ပါတိမောက်မေးခွန်းနှင့် အဖြေ (၁၃၅၄-၁၉၉၂)။

(၁၃) ကြခတ်ဝိုင်း တိကမာတိကာရှင်းတမ်း (၁၃၅၆-၁၉၉၄)

(၂-ကြိမ်ရိုက်ပြီး)။

(၁၄) ကြခတ်ဝိုင်း ကစ္စည်းသုတ်နက်၊ (၁၃၅၆-၁၉၉၄)

(၂-ကြိမ်ရိုက်ပြီး)။

(၁၅) ကြခတ်ဝိုင်း အထက်ယမကရှင်းတမ်း (၁၃၅ရ-၁၉၉၅ ခုနှစ်)

(၃-ကြိမ်ရိုက်ပြီး)။

(၁၆) ကြခတ်ဝိုင်း ရူပသိဒ္ဓိနိယံ၊ (သဒ္ဓိ, နာမ်) (၁၃၅ရ-၁၉၉၅)။

(၁ရ) ကြခတ်ဝိုင်းကင်္ခါရှင်းတမ်း၊ (ပ-တွဲ၊ ၁၃၅ရ-၁၉၉၆၊ ဒု-တွဲ၊ (၁၃၅၈-၁၉၉၉)။

(၁၈) ကြခတ်ဝိုင်း ဋီကာကျော်ရှင်းတမ်း (၁၃၅၉-၁၉၉၇)

(၁၉) ကြခတ်ဝိုင်း ကစ္စည်းပြယုဂ် သရုပ်ခွဲ (၁၃၆ဝ-၁၉၉၈)

(၂-ကြိမ်ရိုက်ပြီး)၊

(၃-ကြိမ် ရိုက်ပြီး)။

(၂ဝ) ကြခတ်ဝိုင်း ရူပသိဒ္ဓိနိယံ (တစ်ကျမ်းလုံးအပြည့်အစုံ) (၁၃၆၁-၂ဝဝဝ ပြည့်နှစ်)။

(၂၁) ကြခတ်ဝိုင်း ပါတိမောက်ရှင်းတမ်း၊ (၁၃၆၄-၂၀၀၂)။

(၂၂) ကြခတ်ဝိုင်းရူပသိဒ္ဓိရှင်းတမ်း၊ (၁၃၆၄-၂ဝဝ၃)။

(၂၃) ကြခတ်ဝိုင်း ကင်္ခါရှင်းတမ်း (တစ်ကျမ်းလုံး အပြည့်အစုံ) (၁၃၆၆-၂၀၀၄)။

(၂၄) အနက်ပေးပုံ နည်းမျိုးစုံ (၁၃၆၆-၂ဝဝ၄)

(၂၅) ပထမလတ်တန်း ယမကရှင်းတမ်း (၁၃၆၈-၂၀၀၆)။

(၂၆) ဝင်းနိမ္မိတာရုံ ပဒမာလာ (၁၃ရဝ-၂ဝဝ၈)။

(၂ရ) အဘိဓာန်ရှင်းတမ်း (၁၃ရ၃-၂ဝ၁၁)

(၂၈) ပုဒ်စစ်နိယံ (၁၃ရ၃-၂၀၁၁)

(၂၉) ပုဒ်စစ်အလွယ် ကျက်မှတ်ဖွယ် (၁၃ရ၃-၂၀၁၁)

(၃ဝ) နည်းစစ် အလွယ် ကျက်မှတ်ဖွယ်နှင့်

သံဝဏ္ဏနာစစ် အလွယ် ကျက်မှတ်ဖွယ် (၁၃ရ၄-၂ဝ၁၂)

(၃၁) ဝင်းနိမ္မိတာရုံ သင်္ဂြိုဟ်ဆိုရိုးကျမ်း (ပထမတွဲ) (၁၃ရ၄-၂ဝ၁၂)

(၃၂) ပါတိမောက်နိယံ (၁၃ရ၄-၂၀၁၂)

(၃၃) ဋီကာကျော်နိယံ (၁၃ရ၄-၂၀၁၂)

(၃၄) ဋီကာကျော် ပါဠိရှင်းတမ်း (၁၃ရ၆-၂ဝ၁၅)

(၃၅) ဉာသ်ကောက်အလွယ် ကျက်မှတ်ဖွယ်နှင့်

ဉာသ်ကောက်ရပုံ နည်းမျိုးစုံ (၁၃ရ၉-၂ဝ၁၇)

(၃၆) ကစ္စည်းသုတ်စဉ် အဓိပ္ပာယ် (၁၃ရ၉-၂ဝ၁၇)

(၃၀) ပါရာဇိကဏ် ပါဌာပါဌဝိနိစ္ဆယ (၁၃၈၆-၂၀၂၄)

#လူပုဂ္ဂိုလ်များအတွက်

(၃၈) ကြခတ်ဝိုင်းသာသနာ ၁၂၅-နှစ်ခရီး (၁၃၅၁-၁၉၈၉)။

(၃၉) မွေးနေ့လှူဒါန်း စာပုလဲပန်း (၁၃၆ဝ-၁၉၉၈)။

(၄ဝ) လှူမျှဝေက ကောင်းကျိုးရ၊ (၁၃၆၃-၂ဝဝ၁)။

(၄၁) ရဟန်းခံ-သိမ်ထပ် ကောင်းမြတ်သည့်လုပ်ငန်း (၁၃၆၃-၂ဝဝ၁)။

(၄၂) ကြခတ်ဝိုင်းဆရာတော်ဘုရားကြီး၏ ဘဝဖြစ်တော်စဉ် (၁၃၆၄-၂ဝဝ၂ခုနှစ်)။

(၄၃) အဂ်ဂါဘိဓဇာဘိဓဇ အတိဝိသိဋ္ဌ ဂုဏပူဇာ မှတ်တမ်းလွှာ (၁၃၆၄-၂ဝဝ၃)။

(၄၄) အဓိပ္ပာယ်ရှိလှ မြတ်ဘဝ (၁၃၆၅ - ၂၀၀၃)။

(၄၅) တရားဦးနှင့် တရားထူး (၁၃၆၆  ၂ဝဝ၅)။

(၄၆) ပြုံးလှည့်ပါ။ (၁၃၆ရ - ၂ဝဝ၅)။

(၄၇) ရေကြည်ချမ်းမြ။ (၃-ကြိမ်)။ (၁၃၆၈ - ၂၀၀၆။ ၁၃ရ၂ - ၂၀၁၁၊ ၁၃ရ၉-၂၀၁၇။)

(၄၈) နင်လားဟဲ့ လောကဓံ။ (၁၃၆၉ - ၂ဝဝရ)။

(၄၉) အမေ့ဘဝ လှပပါစေ။ (ဗုဒ္ဓဂယာ ဘုရားဖူးသွား မှတ်တမ်း) (၁၃၆၉ - ၂၀ဝ၈)။

(၅ဝ) ကျင့်သုံးလိုက်နာ ကောင်းကျိုးဖြာ (၁၃၇၀ - ၂၀၀၈)။

(၅၁) ဒါနစွမ်းအား လွန်ကြီးမား။ (၁၃ရဝ - ၂ဝဝ၈)။

(၅၂) နာဂစ်ပေးသော သင်ခန်းစာ (၁၃၇၀ - ၂၀၀၈)။

(၅၃) ကြည်ကြည်လင်လင် သေပွဲဝင်ဖို့ ပြင်ထားစို့။ (၁၃ရ၁  ၂၀ဝ၉)။

(၅၄) ကျေးဇူးကမ္ဘာ မြတ်ဆရာ။ (အင်ဒိုနီးရှား ခရီးသွားမှတ်တမ်း) (၁၃ရ၂-၂၀၁၁)။

(၅၅) အနန်တဂုဏ မဟာထရေ ဂုဏကိတ်တနကထာ (၁၃ရ၃-၂၀၁၂)

(၅၆) မေတ္တာဖျန်း၍ လန်းပါစေ (မေတ္တသုတ် ရှင်းတမ်း) (၁၃ရ၄-၂ဝ၁၂)

(၅၇) ဂုရုပူဇာ ဂါထာ ပါဌ်အနက်နှင့် ဥယျောဇနဂါထာပါဌ်အနက် (၁၃ရ၄-၂ဝ၁၃)

(၅၈) အလိမ္မာဂုဏ် နဲ့ အရှိန်အဝါဂုဏ် (၁၃ရ၅-၂၀၁၄)

(၅၉) ဗီယက်နမ်တခွင် ရောက်ခဲ့စဉ်က (၁၃ရ၆-၂ဝ၁၅)

(၆ဝ) ကြခတ်ဝိုင်းဆရာတော်ဘုရားကြီး၏ သာသနာပြုစိတ်ဓာတ် (၁၃ရ၆-၂၀၁၅)

(၆၁) အသံလွှင့်တရားတော်များ။

#ရဟန်းရှင်လူတို့၏ လေးစားကြည်ညိုမှု

ဆရာတော်သည် ပရိယတ္တိသာသနာပြု လုပ်ငန်းများ, ရဟန်းရှင်လူတို့အတွက် ပရဟိတလုပ်ငန်းများကို ဆောင် ရွက်ရာ၌ ဇွဲ လုံ့လ ဝီရိယရှိတော်မူခြင်း၊ ခမာ, ဇာဂရိယစသော နာယက ဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်း၊ သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် ရဟန်းရှင်လူတို့၏ လေးစား ကြည်ညိုမှုကို ခံယူရရှိတော်မူပါသည်။

#ဘွဲ့တံဆိပ်တော်များအလှူခံရရှိခြင်း

ဆရာတော်သည် ၁၃၅၃ (၁၉၉၂)ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ''ဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ၁၃ရ၆ (၂ဝဝ၆)ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆပ်တော် တို့ကိုအလှူခံရရှိတော်မူခဲ့ပါသည်။

#ဘဝဇာတ်သိမ်းငြိမ်းတော်မူခြင်း

ဆရာတော်သည် သက်တော် (၇၈) သိက္ခာတော် (၅၈)
၁၃၈၆ခုနှစ် နယုန်လဆန်း(၁၃)ရက်(၁၉-၆-၂၀၂၄) ဗုဒ္ဓဟူးနေ့ (နံနက် ၁၀:၃၀)အချိန်တွင် ဘဝနတ်ကျောင်း ပြောင်းရွေ့စံတော်မူသည်။

credit.. ဝင်နိမ္မိတာရုံကျောင်းတိုက် fb page.

မိမိသည်ပင်လျှင် မိမိရဲ့အားကိုးရာ

မိမိသည်ပင်လျှင် မိမိရဲ့အားကိုးရာ
__________🌾🌹🌾__________

မိမိသည်ပင်လျှင် မိမိရဲ့အားကိုးရာ။

မိမိမှတစ်ပါး အခြားသောပုဂ္ဂိုလ်တွေဟာမိမိအတွက် အားကိုးရာ မဖြစ်နိုင်ဘူး။

ကိုယ့်ကိုယ်ကို ကောင်းကောင်း
ဆုံးမခြင်းအားဖြင့် ရနိုင်ခဲသော
အားကိုးရာကို ရနိုင်ပါတယ်-တဲ့။

"မိမိသည်ပင်လျှင် မိမိရဲ့ အားကိုးရာ။"
အင်မတန် မှန်တဲ့ စကားပဲ။
အပေါ်ယံပဲ တွေးတွေး
လေးလေးနက်နက်ပဲတွေးတွေး
လောကရေးရာနဲ့ပဲ တွေးတွေး
ဓမ္မရေးရာနဲ့ပဲ တွေးတွေး
ကျုယျသာလြှငျ ကိုယ့်အတွက်
အားကိုးရာဆိုတဲ့စကားဟာ 
အင်မတန် မှန်တယ်။

ကိုယ်စားမှ ကိုယ်ဝ
ကိုယ်သွားမှ ကိုယ်ရောက်
ကိုယ်လုပ်မှ ကိုယ်ရ၊ ဟုတ်ရဲ့လား။

တစ်ပါးသောသူတွေက
ကိုယ့်ကို ကူညီနေတာတွေ
ပေးကမ်းနေတာတွေ 
ဖေးမနေတာတွေ၊ ကျေးဇူးပြုနေတာတွေ
မရှိဘူးလို့ မဆိုလိုပါဘူး။
ရှိပါတယ်၊ အဲဒါတွေလည်း ရှိပါတယ်။

သေသေချာချာ တွေးကြည့်စမ်းပါ---
အဲ့ဒီ တစ်ပါးသောသူတွေက ကိုယ့်ကို ကူညီနေတာတွေ ပေးကမ်းနေတာတွေ စောင့်ရှောက်နေတာတွေဟာ အလကား စောင့်ရှောက်နေတာလားဆိုတော့ မဟုတ်ဘူး။ 
ကူညီစရာကောင်းတဲ့ အရည်အသွေး 
ပေးကမ်းချင်စရာကောင်းတဲ့ အရည်အသွေးကိုယ့်မှာ သူတို့စိတ်ထဲမှာ ပေးချင်စရာကူညီချင်စရာ၊ စောင့်ရှောက်ချင်စရာ
ရှိတဲ့ အရည်အသွေးကြောင့်
ကူညီနေကြတာ၊ စောင့်ရှောက်နေကြတာ။ ပရိသတ်ရေ ကျေးဇူးကန်းနေတာ မဟုတ်ဘူးနော်။
အဓိက,က ဘာ၊ သာမညက ဘာဆိုတာခွဲပြီးတော့ ပြောတာ။ 
ပေးတဲ့လူတွေ ကူညီတဲ့လူတွေကိုလည်းကျေးဇူးတင်လိုက်ပါ။
အဲဒါထက် ပိုပြီးတော့ ကိုယ့်ရဲ့အတွင်းသန္ဓာန်မှာ ပေးချင်စရာ၊ ကူညီချင်စရာကောင်းတဲ့
ကိုယ့်ရဲ့အရည်အသွေးလေးကို ပိုပြီးတော့ကျေးဇူးတင်လိုက်ပါ။

ပေးချင်စရာ ကူညီချင်စရာ မကောင်းရင်ဘယ်သူက ပေးမှာလဲ။
ကြည်ဖြူချင်စရာ မကောင်းရင် မိဘကတောင် သားသမီး အကြာကြီး မကြည်ဖြူပါဘူး။

အဲ့ဒီတော့ ကိုယ့်အတွက် တကယ်တန်းအားကိုးစရာက ကိုယ်ထဲမှာ ရှိတဲ့အရည်အသွေးကသာလျှင် ကိုယ့်အတွက် အားကိုရာ။

သစ္စာရွှေစည်ဆရာတော်

အားကိုးရာလား? ရန်သူလား?တရားတော်မှ ကူးယူ ပူဇော်သည်။

Saturday, June 22, 2024

သံဝေဂယူပါ

အားလုံးပဲ 
သဗ္ဗေ သင်္ခါရာ အနိစ္စာ
သင်္ခါရတရား မှန်သမျှ တို့သည် 
အားလုံးပေါ့ အနိစ္စချည်းပဲ။

အနိစ္စသဘောနဲ့ ဖြစ်သွားရတဲ့ ကိစ္စမှာ
ကျန်ရစ်တဲ့ တပည့် သံဃာတော်များ
ဒကာ ဒကာမများရော
ပူဆွေးသောက မဖြစ်ကြပဲနဲ့
သင်္ခါရသဘောကို သိပြီးတော့
သံဝေဂ ယူကြ

သံဝေဂ ဆိုတာ
သံဝိဇ္ဇတီတိ သံဝေဂေါ
သံဝိဇ္ဇတိ ဧတေနာတိ ဝါ သံဝေဂေါ 
သံဝိဇ္ဇနံ ဝါ သံဝေဂေါ

ထိတ်လန့်ကြောင်း ဖြစ်သောကြောင့်လည်း သံဝေဂပဲ
ထိတ်လန့်ခြင်းသည်လည်း သံဝေဂပဲ
ထိတ်လန့်တတ်တဲ့ အသိဉာဏ်သည်လည်း သံဝေဂပဲ

သံဝေဂေါတိ သဟောတ္တပ္ပဉာဏံ
ထိတ်လန့်ခြင်းနှင့်တကွ ဖြစ်သော အသိဉာဏ် 
အဲဒီ အသိဉာဏ်ရောက်ပြီးတော့
ဉာဏ်နဲ့ ဆင်ခြင် လိုက်ရတယ်။

ဒီလို ဖြစ်တတ်ပါသလား
ဖြစ်တတ်ပါလား
သံဝေဂဖြစ်ရမယ်

သံဝေဂဖြစ်ပြီးတော့ ဒီလိုကိစ္စမျိုးမှာ။

သံဝေဂ ဖြစ်စရာအကြောင်း ၈-ချက်ရှိတယ်
မရဏသံဝေဂလို့လည်း ခေါ်မှာပေါ့
ဘာဖြစ်လို့လဲဆို 
သံဝေဂဝတ္ထု ၈ ပါးရှိတယ်။

သံဝေဂဝတ္ထု ၈ ပါးရှိတာ

 အဋ္ဌ သံဝေဂဝတ္ထူနိ နာမ ဇာတိ ဇရာ ဗျာဓိ မရဏာနိ စတ္တာရိ, အပါယဒုက်ခံ ပဉ္စမံ, အတီတေ ဝဋ္ဋမူလကံ ဒုက်ခံ, အနာဂတေ ဝဋ္ဋမူလကံ ဒုက်ခံ, ပစ္စုပ္ပန္နေ အာဟာရပရိယေဋ္ဌိမူလကံ ဒုက္ခန္တိ။ 
ဆိုပြီးတော့ ဒါတွေကို အကုန်လုံး မြင်ပြီးတော့ သံဝေဂ ရနေရမယ်။

အဲတော့ အပါယဒုက္ခကလည်း ပဉ္စမ
ဇာတိဒုက္ခ ဇရာဒုက္ခ ဗျာဓိဒုက္ခ မရဏဒုက္ခ
အဲဒါ ၄-ချက် ကလည်း သံဝေဂရစရာ။
အခု မရဏဒုက္ခနဲ့ တွေ့သွားရပြီ

တွေ့သွားတော့ ကျန်တဲ့သူတွေက
အဲဒီမရဏဒုက္ခအပေါ်မှာ သံဝေဂ ဖြစ်ကြ။

သံဝေဂဖြစ်ပြီးတော့
သံဝေဂ အသိဉာဏ်လေးနဲ့ 
ကောင်းနိုးရာရာ အဖြာဖြာ ဆရာသမားအပေါ်မှာ
အကြံဉာဏ်တွေလည်း ပေးကြ
ဆောင်ရွက်စရာ ရှိတာမှာ ညီညီညွတ်ညွတ် ဆောင်ရွက်ကြ

လိုအပ်တာရှိတာလည်း တဦးနဲ့ တဦး ပြောကြ ဆိုကြ တိုင်ပင်ကြ လုပ်ကိုင်ကြပေါ့လေ။

အဲတော့ ဆောင်ရွက်စရာ ရှိတာ ဆောင်ရွက်ဖို့ ညီညွတ်ဖို့ အဓိက
ညီညွတ်ခြင်းသည် အကောင်းဆုံးပဲ

အဲတော့ သမဂ်ဂါနံ တပေါ သုခေါ ဆိုတဲ့အတိုင်း
သမဂ္ဂဖြစ်ကြတဲ့ တပည့်တော်တို့ ကြခတ်ဝိုင်းဝံသ, ကြခတ်ဝိုင်းနဲ့ အနွယ်အဆက်တွေ အားလုံးဟာ
စပ်ရာ စပ်ရာ မှန်သမျှ အားလုံး
ဒကာ ဒကာမတွေပါမကျန်
ဒီနေရာမှာ သမဂ္ဂ ဖြစ်တယ်

အဲဒီ သမဂ္ဂပုဂ္ဂိုလ်တို့ရဲ့ ဆောင်ရွက်မှု မှန်သမျှ အကျင့် စသည်ဟာ တပ လို့ ခေါ်တယ်။
အဲဒီ သမဂ္ဂ ဖြစ်တဲ့ ပုဂ္ဂိုလ် ညီညီညွတ်ညွတ် ဆောင်ရွက်လိုက်ရင် သုခ ဖြစ်သွားလိမ့်မယ်

သမဂ်ဂါနံ တပေါ သုခေါ ဆိုတဲ့အတိုင်း
အတူတူ သမဂ္ဂ ပုဂ္ဂိုလ်များ အားလုံး စုံညီကြတဲ့ အတွက်ကြောင့်
မိမိတို့ ညီညီညွတ်ညွတ် ဆောင်ရွက်ခြင်းသည်
ချမ်းသာခြင်း အကြောင်း။
သုခဆိုလည်း သုခရဲ့ အကြောင်း။
စိတ်ချမ်းသာ ကိုယ်ချမ်းသာ အကုန်လုံး ဖြစ်ပေါ်တယ်။

သံဝေဂ ယူပြီးတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နဲ့ အကောင်းဆုံးဖြစ်အောင် 
မိမိတို့ဉာဏ်မီသမျှ တင်ပြလျှောက်ထားပြီးတော့ ဆောင်ရွက်ကြပါ။

ကြခတ်ဝိုင်း ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ။

၂၁-၆-၂၀၂၄

Friday, June 21, 2024

သူခိုးဘေးရန်ကင်းဝေးစေရန်

သူခိုးရန်ဘေး ကင်းဝေးစေရန်
--------------🌹🌾🌹-----------------
ဦးထွန်းဝသည် ဘုန်းကြီးကျောင်းထဲကို ခြေလှမ်း လေးလံစွာဖြင့် တစ်လှမ်းချင်း ဝင်လာသည်။

ဆရာတော်က သူဝင်လာသည်ကို ခရေပင်ကြီးအောက်တွင်ရှိသည့် ကွပ်ပျစ်ပေါ်ကထိုင်ပြီး ကြည့်နေသည်။

ဦးထွန်းဝသည် ဆရာတော်ရှေ့ရောက်သောအခါတွင် ဦးချပြီး တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပုဝါကိုထုတ်ကာ သူ၏ အဆီပြန်နေသော မျက်နှာကို သုတ်လိုက်သည်။

ဒကာကြီး ဘယ်ကလာသလဲ

ဆရာတော်က မေးလိုက်ခြင်းဖြစ်သည်။ သူက

တပည့်တော် ဘုရားမှာ ဗေဒင်လာမေးတာပါ အရှင်ဘုရား

ဪ ... ဗေဒင်ယုံသလား

တပည့်တော် ခုတစ်လော လုပ်သမျှ အဆင်မပြေ ဖြစ်နေပါတယ်ဘုရား။ ဗေဒင်ဆရာကလည်း အညံ့ထဲရောက် နေတယ်လို့ ပြောပါတယ်

အင်း ... ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးလည်း မမေ့နဲ့ပေါ့

တင်ပါ့ဘုရား

လူတိုင်း အဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်ဆိုတော့ ဘယ်မှာ အဆင်ပြေနိုင်ကြမလဲ။ အဆင်ပြေအောင် နေထိုင် ကြရတော့မှာပေါ့။ လူမပြောနဲ့ ဘုန်းကြီးတွေလည်း သူ့အခက်နဲ့သူပါ။ ဒကာ ဒကာမတွေက ကျပ်တည်းပြီးတော့ အဆင်မပြေကြတော့  စားရတာတောင် မျိုမကျပါဘူး

တပည့်တော်တို့လည်း လူ့ဘဝကြီးမှာ နေသာနေရ ပျော်တယ်လို့ မဟုတ်ပါဘုရား။ ပျော်ဖို့ဆိုတာလည်း ရှာနိုင် ဖွေနိုင်၊ လုပ်ကိုင်စားသောက်နိုင်တဲ့ အခွင့်အရေးလေးတွေ ရှိမှဖြစ်မှာပေါ့။ လူတွေမှာ ရှာနိုင်ဖွေနိုင်မှလည်း လှူနိုင် တန်းနိုင်မှာပါဘုရား။ ခုတော့ မပျော်ပါဘူးဘုရား

မရှာနိုင် မဖွေနိုင်လို့ မပျော်နိုင်တာလား

ဒါလည်း ပါတာပေါ့ဘုရား

လူတိုင်းလည်း ရှာရခက်တဲ့ အနေအထားတွေ ရောက်နေမှာပါဒကာကြီး။ ပျော်အောင်ပဲ နေကြရတော့မှာပေါ့

ပျော်အောင် ဘယ်လိုနေနိုင်မှာလဲဘုရား။ ပျော်စရာမကောင်းတဲ့ လောကကြီးကို

အရှုပ်ထဲမှာ ရှင်းအောင်နေဆိုသလိုပဲ ... အပျက်ထဲမှာ ပျော်အောင်နေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ် ဒကာကြီး

အပျက်ထဲမှာ ပျော်အောင်နေတဲ့လားဘုရား ... ခေတ်ပျက်ကြီးထဲမှာ ဘယ်လိုများ ပျော်အောင်နေရမလဲဘုရား

ရှာရ ဖွေရ ခက်တာကိုတော့ ထည့်မပြောနဲ့တော့ ဒကာကြီး။ တစ်ဦးချင်း ကျင့်နိုင်တဲ့ ပျော်အောင်နေနည်း လေးကိုပဲပြောတော့မယ်

မိန့်တော်မူပါဘုရား

ပျော်ဖို့အတွက် အပျော်ကိုခိုးနေတာတွေ သိဖို့လိုတယ်

ဘာတွေက အပျော်တွေကို ခိုးနေလို့လဲဘုရား

အပျော်ကို ခိုးယူတဲ့ အပျော်သူခိုးလေးယောက်ရှိတယ်။ အဲဒါတွေကတော့

တစ် - နှိုင်းယှဉ်ခြင်း

နှစ် - အတွေးခေါင်ခြင်း

သုံး - ဂရုမစိုက်ခြင်း

လေး - ဝန်တိုခြင်း တွေပဲ ဒကာကြီး

စိတ်ဝင်စားဖို့ကောင်းလိုက်တာဘုရား ... ရှင်းပြတော်မူပါ

နှိုင်းယှဉ်ခြင်း ဆိုတာ ပထမသူခိုးပဲ

ကိုယ်နဲ့သူများ လိုက်ပီးတော့ နှိုင်းယှဉ်တယ်။ နှိုင်းယှဉ်လေ မဖြစ်နိုင်မှန်း၊ မတုနိုင်မှန်း၊ မတူနိုင်မှန်းသိလေ စိတ်ဆင်းရဲခြင်း ဖြစ်လေပဲ။ လှတဲ့သူနဲ့ သွားပြီးတော့ ငါဘာဖြစ်လို့ သူ့လို မလှရတာလဲ၊ ပညာတတ်တဲ့သူနဲ့ သွားပြီးတော့ ငါဘာကြောင့် သူ့လို မတတ်ရတာလဲ၊ လူချစ်လူခင်များတဲ့လူနဲ့ သွားပြီးတော့ ငါ့ကို ဘာဖြစ်လို့ သူ့လို မချစ်ခင်ကြတာလဲဆိုပြီး သွားနှိုင်းယှဉ်နေရင် ဘယ်မှာ ဆုံးနိုင်တော့မှာလဲ။ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ဖြစ်နေကြတာ။ အဲဒါကို လိုက်ပြီးတော့ သူ့လိုဖြစ်ချင်လွန်းတာနဲ့ လိုက်ပြီး နှိုင်းယှဉ်နေရင် စိတ်ဆင်းရဲရတော့ မှာပဲ။ ဒါကြောင့် ပျော်ချင်သလား။ ပျော်ချင်ရင် လိုက်ပြီးတော့ မနှိုင်းယှဉ်နဲ။ ကိုယ့်ဘဝနဲ့ကိုယ် နေတတ် အောင်နေ၊ ကျေနပ်သွားလိမ့်မယ်။

ဒုတိယသူခိုးကတော့ အတွေးခေါင်ခြင်းပါ

မဖြစ်လာသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်သောက ရောက်နေတယ်။ မနက်ဖြန်ဘာတွေဖြစ်လာမလဲ ဆိုတာကို ထိုင်တွေးရင်း သောကတွေရောက်နေကြတယ်။ ဒီလိုသောကတွေနဲ့ နေရတော့ ဘယ်ပျော်နိုင်တော့ မှာလဲ။ စိတ်သောကတွေရောက်ပြီး ဘာမှလည်း မလုပ်ချင် မကိုင်ချင်တော့ဘူး။ ကိုယ့်မှာ စိတ်ဖိစီးမှုတွေက အလိုလို ဝင်လာပြီ။ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပိပြီး လှုပ်မရအောင်ဖြစ်လာတယ်။ ဒုတိယသူခိုးကို ရှောင်ချင်ရင် ပစ္စုပ္ပန်ကို တည့်တည့်ရှု။ ကိုယ့်လက်ရှိ အခြေအနေကို သဘောပေါက်။ လုပ်သင့်လုပ်ထိုက်တာကို ပုံမှန် လုပ်နေ။ စိတ်ကို ငြိမ်းအောင်ထား၊ ငြိမ်အောင်ကျင့်။

တတိယသူခိုးဖြစ်တဲ့ ဂရုမစိုက်ခြင်းဆိုတာ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာကိုပြောတာ

စိတ်ဓာတ်တွေကျပြီးတော့ ကိုယ့်ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတွေကို လျစ်လျူရှုလာတာကိုပြော တာ။ ကိုယ်ကို ဂရုမစိုက်တော့ ညစ်ပတ်သလို၊ စိတ်ကို ဂရုမစိုက်ရင်လည်း ညစ်နွမ်းသွားတတ်တယ်။ ကိုယ်လည်းနွမ်း၊ စိတ်လည်းပန်းရင် မကျေနပ်စိတ်တွေ၊ အဆိုးမြင်စိတ်တွေ လွန်ကဲလာတတ်တယ်။ လုပ်သလို မဖြစ်ရင် ဖြစ်သလို လုပ်တော့မယ်ဆိုတဲ့ ခပ်ညံ့ညံ့ အတွေးတွေ ဝင်လာတတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာ အောင်၊ သန့်ရှင်းအောင် နေမယ်။ လေ့ကျင့်ခန်းလုပ်မယ်၊ လမ်းလျှောက်မယ်၊ လေကောင်းလေသန့်ရှူမယ်။ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်မထားနဲ့။ အပြင်ထွက်မယ်၊ ဝါသနာပါရာ တစ်ခုခုကို လုပ်မယ်၊ အိပ်ချိန်မှာအိပ်၊ စားချိန်မှာစား၊ နားချိန်မှာနား၊ လုပ်ချိန်မှာလုပ်။

စတုတ္ထသူခိုးဖြစ်တဲ့   မနာလိုဝန်တိုစိတ်ကလည်း လူတစ်ယောက်ရဲ့ အပျော်ကို ခိုးယူတတ်တယ်

သူတစ်ပါးကို မနာလိုစိတ်တွေ များလာရင် ဒေါသတွေ ထွက်လာတတ်တယ်။ ကိုယ့်ဒေါသနဲ့ကိုယ် မဖြစ် သင့်တာတွေဖြစ်၊ မလုပ်သင့်တာတွေ လုပ်လာတတ်တယ်။ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတာ အဲဒီ မနာလို ဝန်တို စိတ်က အခြေခံလာတာ။ တစ်နည်း ပြောရရင် ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီးတော့ အဆိပ်ခတ်လိုက်တာ။ ကိုယ့်စိတ်က အဆိပ်သင့်နေမှတော့ ဘယ်မှာပျော်နိုင်တော့မှာလဲ။ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ သဘောတရားတွေကို နားမလည်ရင် ပူလောင်ပြီး အပျော်တွေ ဆိတ်သုဉ်းနေတတ်တယ်။ ဒါကြောင့် အကောင်းမြင်စိတ်လေးကို မွေးနိုင်ရင် ပျော်ရွှင်မှုလေးတစ်ချက်လောက်တော့ ရလာတတ်တယ်။

ဆရာတော်က ဦးထွန်းဝကို ပြောပြီးနောက် ပြုံးပြီးကြည့်နေသည်။

အရှင်ဘုရား ... ဒီနေ့ တပည့်တော်စိတ်ထဲမှာ ညစ်နွမ်းနေတာကို အရှင်ဘုရားက ခဏချင်း ချွတ်လိုက်တာပါ ဘုရား။ ကျေးဇူးတင်လိုက်တာဘုရား။ ဦးတင်ပါတယ်ဘုရား

ဦးထွန်းဝက ဆရာတော်ကို ဦးချသည်။

သံဃာတော် အရှင်မြတ်တို့ကို ကိုးကွယ်ဆည်းကပ် ပူဇော်ရတဲ့ အကျိုးကြောင့် နောက်နောင် ဤသို့သော တရားဓမ္မ အဆုံးအမများကို မပြတ်နာကြားရပါလို၏ဘုရား ဟု ပြောလိုက်ပြီး

တပည့်တော် ပြန်လိုက်ပါဦးမယ်ဘုရား ဟုဆိုလိုက်သည်။

ဆရာတော်က

ဒကာကြီးတို့ သူခိုးရန်ဘေး ကင်းဝေးပါစေ ဟု ဆုပေးသည်။

ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ဘုရား 

တင်ညွန့်

၂၁.၆.၂၀၂၄

Wednesday, June 12, 2024

မေတ္တာနဲ့ချစ်ကြမယ်

မေတ္တာနဲ့ ချစ်ကြမယ်
~~~~~~~~~~~~~
- ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။
- ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ အကျိုးလိုလားမှုကို အရင်းခံပါတယ်။ 
- သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး အကျိုးလိုလားမှုကတော့ အေးမြစေတတ်ပါတယ်။

- ပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ ထိန်းချုပ်ချင်တာ၊ မနာလိုတာ၊ သဝန်တိုတာ စတာတွေဟာ အချစ်ရဲ့ သင်္ကေတ သဘောတွေဖြစ်ပြီး ကြီးပွားစေချင်တာ၊ အန္တရယ်ကင်းစေချင်တာ၊ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့ သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့ မေတ္တာဟာ အပူနဲ့ အအေးလို ကွားခြားလှပါတယ်။

- အချစ်ကို ရှေ့တန်းတင်ထားရင် ကိုယ်ကချစ်လိုက်ချင်တာရယ်၊ ကိုယ့်ကို ချစ်စေချင်တာတွေရယ်ကြောင့် လိုတာကို မရတဲ့အခါ ပူလောင်ခံစားရတတ်ပေမယ့် မေတ္တာကို ရှေ့တန်းတင်ထားရင်တော့ ကိုယ့်အတွက်မပါ၊ အများအကျိုးကိုသာ လိုလားခြင်း သက်သက်ဖြစ်နေတဲ့အတွက် အများချမ်းသာလေ ကိုယ်လည်းဝမ်းသာလေ ဖြစ်တော့တာပါပဲ။

- ဒါကြောင့် အချစ်တွေများဖို့ထက် မေတ္တာပွားဖို့က ပိုလိုအပ်ပါတယ်။ အချစ်တွေများရင် ပိုင်ဆိုင်ချင်တာတွေ များတတ်ပေမယ့် မေတ္တာများရင်တော့ အကျိုးလိုလားမှုတွေ များစေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အချစ်များဖို့ထက် မေတ္တာထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

Friday, June 7, 2024

ဘဝဟောင်း..လေးဘုံပါယ်ရွာသာအများဆုံးမို့

ဘဝဟောင်း..လေးဘုံပါယ်ရွာသာအများဆုံးမို့
**********🌾🌹🌾*************
ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့
ဒီဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်
တက်ပါ့ဗျာ။ ဈာန်ကိစ္စကျတော့
ဆရာပြတာတောင် သဘောပေါက်ရဲ့လား။
မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။
ဒီလိုဆို ကိလေသာကို ရှို့မြိုက်ဖျက်စီးပြီး
ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့တော့ တော်တော်ခဲရင်းလိမ့်မယ်။
နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။
သူ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။
လူ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။
အမွဲလား၊မကွာမကွာလား။
မကြာမကြာလောက်တော့ဖြစ်မှာပါ။
အမြဲတော့ မဖြစ်နိုင်ပါဘူး။

ဘာဖြစ်လို့တုန်း...
တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို
သုတေသနပြုကြည့်။
မောဟက တိရစ္ဆာန်သွားမှာကွဲ့။
အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။
မောဟထင်တယ်။
အိပ်ပျော်နေတုန်း လိုချင်တာရှိလား။
မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။
ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံသွားတာထင်တယ်။
သူလည်း မျောလိုက်သွားတာ ထင်တယ်။
ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။
နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့နေမှာပါ။

လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။
လိုချင်တာလေး သူ့လက်ထဲရောက်လို့
သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။
ကျန်တဲ့အချိန် မောဟအတိုင်းပဲ။
တွေတွေဝေဝေဘဲ။
မှတ်စိတ်မရှိရင် မောဟထင်တယ်။

ဒေါသကလည်း သူ့မခံချင်စရာလေး
တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။
ငါးပွက်သလိုထင်တယ်။
သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင်
ကျေနပ်သွားတာ။
ကျန်တာက မောဟပဲကျန်တာ။
အဲ့တော့ နေ့မှာလည်း မောဟပဲ။

ထိုင်နေရင်းနဲ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။
တစ်ခါတစ်လေ တစ်ခုတည်းမှာကို
ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊
ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။
ဒါလည်း မောဟပဲ။

အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။
အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။
၂၄ နာရီမှာ မောဟက
တိရစ္ဆာန်ဖြစ်မယ့်မျိုးစေ့က
ဘယ်လောက်ရှိမယ်ထင်တုန်း။
အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။

လောဘက လိုချင်တဲ့စိတ်၊
လိုချင်တာလည်း တစ်နေ့တာလုံးလုံး
လယ်လည်း လယ်မို့၊ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ရုံးမှာမို့။
သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။
လိုချင်တာ မရတဲ့အချိန်ကျမှ
ဒေါသက လာလိမ့်မယ်။
လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။

လူ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။
ဒါတောင် သြကာသ ရလို့ဆိုတာဗျ။
မောဟနယ်ထဲက ဆိုနေတာ။
ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား?
ရလို့ဆိုနေတာလား?
ရလို့ဆိုနေတာပါ။
သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။
အမယ်..ကောင်းမလားလို့ဆွမ်းထွက်လောင်းတော့လည်း
ဘုန်းကြီးသပိတ်နဲ့ကိုယ့်စိတ်နဲ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။

ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။
ကောင်းမှုလုပ်တဲ့ထဲလည်း
မောဟက နှုတ်ဦးမှာပါဗျ။
ဒါတောင်များများကြီးမလုပ်နဲ့၊
ဒီလောက်ဆို တော်ရောပေါ့တဲ့။
အထက်တက်မှာဆိုးလို့ဗျ။
မောဟက များများကြီးလုပ်ခွင့်ပြုလား။

ဒီလိုဆို မောဟသည် တိရစ္ဆာန်ဖြစ်မှာဆိုတော့
တိရစ္ဆာန်ရဲ့ဉာဉ်ကတော့
ကြိုက် ကြိုက်သလို
လိုက်တော့တာပဲ။
ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။
သူတို့ကြိုက် ကြိုက်သလိုဘဲ။
စောင့်စည်းသေးလား။

အော် ငါဒီလိုလိုက်လို့
သူ့ခမျာ ကြောက်လို့ပြေးရှာတာပဲဆိုပြီး
နားနေရစ်သလားဟေ့။

မိပြန်တော့ကော--
ဟိုက တောင်းပန်လိုက်တာ။
သူ့အသက်ကလေးနှမျောလို့တစ်ဖက်က။
အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့လွှတ်လိုက်ရောလား။

ကြိုက် ကြိုက်သလို လိုက်တာပေါ့။
မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။
မသိတော့ကော မသိသလို လိုက်တာပဲ။
ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။
တို့စိတ်မဟုတ်သေးဘူး။
လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။

တိရစ္ဆာန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။
ဘာလိုဆိုတော့ ဟိုဘက်က မောဟက
အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး
အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး
အလှည့်ကျခွင့်ရသတဲ့ဗျာ။

တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ
လူ တစ်ခေါက်တစ်ခေါက်ဆိုတော့
လူ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။
တိရစ္ဆာန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။

ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ့ထိုက်တန်တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။
လိုချင်တာပဲ။ ခင်မင်တာပဲဗျ။
ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။
အိမ်စွဲ အိမ်နားက မကျွတ်ဘူး။
သားစွဲ သားနား၊သမီးစွဲ သမီးနား။မကျွတ်မလွတ်ပေါ့ဗျ။

စွဲတဲ့နေရာ ငြိတာပဲ။
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ။

တို့ရန်ကုန်တုန်းက တို့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။
ဒကာကြီးပါပဲ။သူ့အဖေက သစ်တောဝန်ထောက်ကြီး။
ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။
အဲ့မှာသူတို့နေတယ်။
နေရင်းနဲ့သူ့အိမ်က အစေခံခေါ်မှာပေါ့လေ၊အမျိုးသားပေါ့။
တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။
ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က
ပိတောက်ပင်အောက်က သူ့အသံကြားနေရတာ။
နားထောင်တော့ လူသံပဲ။
သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။
သူ့အဖေက ဒီကောင်မကျွတ်ဘူး၊
ဒီနားမှာရှိရမယ်။
မင်းတို့ပိတောက်ပင်အောက်ကို တူးကြည့်ကြစမ်းကွာလို့
နောက်ရက် မနက်ကျခိုင်းတယ်။
ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ့ဖူးမှာပေါ့။
လင်ကွန်တို့။ဘလူးစတားတို့။
လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။မြေစေးအိုးမဲမဲလေး။
စေးတံလေးတစ်ခုနဲ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။
ပိတောက်ပင်အောက် အဲ့တာစွဲလို့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။
ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။
မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။

ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ
ခင်မင်စိတ်က အဲ့နေရာမှာစွဲ
အဲ့နေရာမှာငြိတယ်။

ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။
ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး
ဘာမှမသိတက်တဲ့ဟာမျိုး။
လူ့တိရစ္ဆာန်ခေါ်မှာပေ့ါ။

တိရစ္ဆာန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့်
လူ့ဘဝရောက်လာပြန်တော့လဲ
တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။

ကောင်းတဲ့စေတနာလေးက
၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။
မပြောပလောက်တဲ့ အပွင့်လေးက
အလှည့်ကျလို့လူရယ်လိုဖြစ်လာတာ။

ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို့ဆိုရမယ်။
လူ မှ လူ
လူ မှ နတ်
လူ မှ ဗြဟ္မာ
လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။

အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။
တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။
ရောက်မယ်ပြောတာ မဟုတ်ပါဘူး။
တက်ချင်ရင် တက်ခွင့်ရှိတယ်။
ဒါ လူ့အခွင့်အရေးပဲ။

ဘာဖြစ်လို့တုန်းဆိုတော့
ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ
လူ့ဘုံပဲရှိတယ်။

(မဟာဗောဓိမြိုင်ဆရာတော်
ဝနဝါသီ ေဥယဓှမမှသာမိထရှေ)

နွယ်ပင်မဖြစ်စေနဲ့

နွယ်ပင်မဖြစ်စေနဲ့
_____🌾🌹🌾_____

လူတစ်ယောက် ကြီးပွားတိုးတက်ဖို့အတွက် အမှီ လို၏။ အမှီရှိမှ နည်းလမ်း ရ၏။ အမှီမရှိလျှင် နည်းလမ်း မရပေ။ ထို့ကြောင့် " ဆရာမပြ နည်းမကျ" ဟု ဆိုခဲ့ကြခြင်း ဖြစ်သည်။ ဆရာဟူသော အမှီမရှိလျှင် လမ်းကြောင်းမတည့်ဟု ဆိုလိုပေသည်။

ထို့ကြောင့် အမှီရှာရမည် ဖြစ်သည်။ သို့သော် သူများကို မှီလွန်းအားကြီးလျှင်လည်း ကိုယ့်ဘဝသည် နွယ်ပင်လို ဖြစ်သွားတော့၏။ မှန်၏။ နွယ်ပင်ဆိုသည်ကား အမှီရှိလျှင် အပေါ်တက်၏။ အမှီမရှိလျှင် အပေါ် မတက်တော့ပေ။ 

ထိုနည်းတူစွာ သူများကို မှီသောသူသည် နွယ်ပင်လို ဖြစ်သွားရကား ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်တော့ပေ။ ထို့ကြောင့် သူများကို အတိုင်းအတာ တစ်ခုလောက်သာ မှီပြီး ကိုယ့်လမ်း ကိုယ်ဖောက်ရမည် ဖြစ်သည်။ သို့မှသာ ကိုယ့်ဘဝသည် ကြီးပွားတိုးတက်မည် ဖြစ်ပါပေ၏။

အရှင်ဝလ္လိယ
-------------

ဘုရားလက်ထက်တော်အခါက ဝေသာလီမြို့တော်၌ လူငယ်လေးတစ်ယောက် ရှိ၏။ သူသည် မြတ်စွာဘုရားကို အလွန်ကြည်ညို၏။ ထို့ကြောင့် မြတ်စွာဘုရား ရတနသုတ် ပရိတ်တော် ဟောကြားရန် ဝေသာလီမြို့တော်သို့ ကြွလာသောအခါ မြတ်စွာဘုရားကို သွားရောက်ဖူးမျှော်လေသည်။ 

မြတ်စွာဘုရားက တရားဟောသောအခါ သဒ်ဓါ ထက်သန်လာပြီး အရှင် မဟာကစ္စာနထံ ရဟန်းပြုလေသည်။ ရဟန်းအဖြစ်ကို ရရှိ ပြီးနောက် စာပေ သင်ကြားလေ၏။ သို့သော် ဉာဏ်လေးသဖြင့် ဘာစာမှ ကောင်းကောင်း မရပေ။

ထို့ကြောင့် ဆရာအမျိုးမျိုးထံ ချဉ်းကပ်၍ နေရရှာ၏။ သူ့အကြောင့် သိကြသည့် အခြားရဟန်းများက " ဒီကိုယ်တော်လေးကတော့ နွယ်ပင်လိုပဲ" ဟု ပြောဆိုကြ၏။ ဤသို့ ပြောဆိုကြသည်ကို အကြောင်းပြုကာ သူ့ကို " အရှင်ဝလ္လိယ" ဟု ခေါ်ကြလေသည်။ ဝလ္လိယဟူသည် နွယ်ပင်ဟု အဓိပ်ပါယျရလသေညျ။

တနေ့တွင် အရှင်ဝလ္လိယသည် စာသင်ဖို့အတွက် အရှင်ဝေဏုဒတ္တထံ ရောက်သွား၏။ အရှင်ဝေဏုဒတ္တသည် အသင်အပြကောင်းသည့်အတွက် အဆင်ပြေသွား၏။ 

ထို့ကြောင့် အရှင် ဝေဏုဒတ္တထံ ချဉ်းကပ်ကာ " အရှင်ဘုရား ... တပည့်တော်အား ဖြောင့်ဖြူးသော၊ နိဗ္ဗာန်သို့ သက် ဝင်နိုင်သော အရိယာမဂ်ကို ဟောကြားပေးပါဘုရား၊ ဂင်္ဂါရေလျင်သည် မဟာ သမုဒ္ဒရာသို့ ဆိုက်ရောက်လေဘိသကဲ့သို့ တပည့်တော်သည် နိဗ္ဗာန်သို့ ဆိုက်ရောက် ပါလိမ့်မည်ဘုရား" ဟု လျှောက်၏။ 

ဤသို့လျှောက်ထားသောအခါ အရှင်ဝေဏုဒတ္တသည် အရှင်ဝလ္လိယအား ကမ္မဋ္ဌာန်းတရား ဟောကြားပေး၏။ အရှင်ဝေဏုဒတ္တ သင်ကြားပြသသည့်အတိုင်း ကျင့်ကြံကြိုးကုတ် အားထုတ်သောအခါ အရှင်ဝလ္လိယသည် ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

ကိုယ့်အားကိုယ်ကိုးပါ
--------------------

ဤဖြစ်စဉ်ကို ကြည့်လျှင် အရှင်ဝလ္လိယသည် ရဟန်းငယ်ဘဝက ဆရာမရှိလျှင် မဖြစ်ဟု ဆိုရလောက်အောင် ဆရာကို မှီခဲ့သော်လည်း နောက်ပိုင်းရောက်သောအခါ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်တရား ကိုယ်ကျင့်ခဲ့သောကြောင့် ရဟန္တာဖြစ်သွားကြောင်း တွေ့ရပေသည်။

ထို့ကြောင့် သူများကို အားကိုးခြင်းသည် ခဏပဲ ကောင်း၏။ ဘာကြောင့်နည်း၊ သူများကို မှီခိုလွန်းလျှင် ကိုယ့်အစွမ်းအစ တုံးသွားသောကြောင့်တည်း။ ထို့ကြောင့် သူများကို အမြဲတမ်း မမှီသင့်ပေ။ အတိုင်းအတာတစ်ခု အထိသာ မှီရမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်ဘဝ ကိုယ်ကြိုးစားခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေသည်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
____________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Monday, June 3, 2024

ရွှေစစ်၊မစစ် မှတ်ကျောက်က လှစ်ပြနေပြီ

ရွှေစစ်၊မစစ် မှတ်ကျောက်က လှစ်ပြနေပြီ
🙏🙏🙏🌹🌹🌹🌹🙏🙏🙏

 ဤ၌ မင်းဘူးရှိ စက်တော်ရာနှစ်ဆူသည် သဒ်ဓါလှနျသူတို့ ပုံတူယူထုဆစ်ထားသည့် အတုလော၊

သို့တည်းမဟုတ် အနန္တဘုန်းတော်ရှင် ကံတော်ရှင် ဉာဏ်တော်ရှင် တန်ခိုးတော်ရှင် မြတ်ဘုရား၏ ပကတိခြေတော်အစစ်ပေလော။

 ထိုလောနှစ်လောကို ဤဖြစ်စဉ်ဖြင့် နှီးနှောပြလိုသည်။

ယင်းကား သက္ကရာဇ် ၁၀၀၀ပြည့်နှစ် သာလွန်မင်းခေတ်က စက်တော်ရာ ရှာပုံတော်ထွက် ဆရာတော်ကြီးလေးပါးတို့၏ မှတ်တမ်းနှင့် သစ္စဗန္ဓမုဆိုး၏ မှတ်တမ်းနှစ်ခုပင်။

 ထိုစဉ် အင်းဝသာလွန်ခေတ်တွင် နှစ်ပေါင်းများစွာပျောက်ကွယ်နေသော စက်တော်ရာနှစ်ဆူကို ပြန်လည်ကာ ရှာဖွေဖော်ထုတ်ပေးပါရန် သာလွန်မင်းကြီးထံသို့ ပညာရှိများက စာတင်သွင်းကြ၏။

ယင်းကို မင်းကြီးကလည်းသဘောကျ၏။

သို့ဖြင့်တိမ်မြုပ် ပျောက်ကွယ်နေသည့် စက်တော်ရာနှစ်ဆူအား ရှာဖွေပေးကြပါရန် ဆရာတော်များသို့ တောင်းပန်ရာ...

၁။အနန္တဓဇဆရာတော်
၂။အရိယာလင်္ကါရဆရာတော်
၃။တိလောကလင်္ကါရဆရာတော်
၄။နောက်အဖော်ရဟန်းတစ်ပါး...ပေါင်းလေးပါး။
 
ထိုလေးပါးတို့သည် အင်းဝမှ မင်းဘူးသို့ကြွတော်မူကြ၏။

တစ်ဖန် မင်းဘူးမှနေ စက်တော်ရာ ရှိမည်ထင်သောနေရာဆီ မှန်း၍ တစ်တောဝင်၊တစ်တောင်တက်ဖြင့် နေ့ဆက် ရက်နှင် ဝင်တော်မူကြရ၏။

 သို့ဖြင့် စက်တော်ရာအနီးရှိ မရှက်ရွာသို့ ရောက်ရှိကြရာ၊ထိုည ထိုမရှက်ရွာဂါမအနီး၌ ကျိန်းစက်ကြ၏။

ထိုစဉ် နောင် တောင်ဖီလာဆရာတော် အမည်တွင်မည့် တိလောကလင်္ကါရ ဆရာတော်အိပ်မက်မြင်မက်တော်မူ၏။

အိပ်မက်ထဲဝယ် 
ဆရာတော်ထံ ခွေးနက်ကြီး နှင့် လူတစ်ယောက် ရောက်ရှိလာပြီး-"ဘုန်းကြီးတို့လာကြသည်မှာ အန္တရာယ်ကြီးလှပါသည်။

တောနက်ပြီး သားရဲတိရစ်ဆာန်များလည်းထူပြောလှပါသည်။

အဘယ်ကြောင့်များလာချင်ရပါသနည်း"မေး ဆို၏။

ထိုအခါ ဆရာတော်က"ရှေးမင်းများ သွားရောက် ပူဇော်လေ့ရှိသော စက်တော်ရာနှစ်ဆူ ဤဒေသ၌ ရှိကြောင်း စာဟောင်းစာတမ်းများရှိနေ၍ ရှာဖွေရန်လာကြောင်း ဖြစ်သည်"...မိန့်တော်မူ၏။
 ထိုအခါ တစ်ဖက်က လျှောက်ထားသည်။

 "သည်လိုဆို ခွေးနက်ကြီးဝင်ရာ တောသို့ လိုက်လျှင်တွေ့ရပါမည်"
လျှောက်ထားပြီး ပျောက်သွား၏။ဆရာတော်လည်း နိုးလာ၏။

 ယင်းကို
 ကျန်ဆရာတော်သုံးပါးတို့အား ပြောကြားရာ ကျန်သုံးပါးစလုံးတို့ကပင် ဗာရာဏသီပြည်သာသနာညှိုးချိန်က ဝိသကြုံနတ်သား ခွေးနက်ယောင်ဆောင် ညွှန်ပြခဲ့ပုံများ ဆင်ခြင်တော်မူကြ၏။
 
သိုဖြင့် နောက်နေ့ နံနက် ဆက်လက် အရှာဖွေ ထွက်တော်မူကြရာ မကြာမီ အိပ်မက်ထဲကအတိုင်း ခွေးနက်ကြီးတစ်ကောင် တွေ့ကြရသည် ဆို၏။

ထိုခွေးနက်ကြီး သွားသောလမ်းအတိုင်းလည်း လိုက်ပါခဲ့ကြသည်ဆို၏။

သို့ဖြင့် တောအလွန်တောင်အစပ် ချောင်းနားသို့ ကပ်မိကြရာ ခွေးနက်ကြီးလည်း ပျောက်သွားပြီး စက်တော်ရာလည်း ဖူးကြရလေပြီ။

 ဤသည်ကိုထောက်သော် ယနေ့ မြန်မာပြည်သူပြည်သားများ ဖူးခွင့်ရ မန်းစက်တော်ရာနှစ်ဆူသည် အတုမဖြစ်နိုင်။အတု နတ်စောင့်ရိုး မရှိ၍။

 နောက်တစ်ချက် တင်ပြလိုသေးသည်မှာ...

 အထက်စက်တော်ရာသည် တောင်နှုတ်ခမ်းဝယ် တည်နေရကား လူအများ သွားရောက်ဖူးမျှော်ရာ၌အန္တရာယ်ဖြစ်နိုင်၏။

သို့ဆင်ခြင်၍ ဆရာတော်တစ်ပါးက ယင်းအထက် စက်တော်ရာကို တူးဆွဖော်ထုတ်မိခဲ့ရာ မျက်စိကွယ်သွားသောဟူ၏။

စက်တော်ရာလည်း ပဲ့စင်သွားသည် ဆို၏။

တစ်ဖန်
တူးဆွဖော်ထုတ်ထားသည့် ထိုစက်တော်ရာပဲ့ကို ချင်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်ဒကာများက ရွာ၌ ကိုးကွယ်ရန်ဆိုကာ ထမ်းယူသွားကြပြန်ရာ စက်တော်ရာရွာ ရောက်သည်နှင့် တစ်ရွာလုံး ရုတ်တရက် ကာလဝမ်းရောဂါ ကျရောက်လာသည်ဆို၏။

သို့ကြောင့် ယင်းစက်တော်ရာအား သူ့မူရင်းနေရာသို့ပြန်လည်ထမ်းပိုးကြရသော ဟူ၏။

 ထိုအထက်စက်တော်ရာကို ဝန်ကြီးချုပ် ဦးနု လက်ထက် ပဲ့စဉ်ကျသွားသည့် ခြေမတော်ရာအားမန်းချောင်းထဲက ပြန်လည်ရရှိသဖြင့် ထိုနှင့်အတူဆက်စပ်ပေးကာ အပေါ်မှနေ စေတီငုံတည်လိုက်ကြသည်ဆို၏။

ယနေ့ မြင်ဖူးနိုင်၏။

 ဤသည်ကို ထောက်လျှင်လည်း ငါတို့မြန်မာပြည်က မင်းဘူးစက်တော်ရာများ အစစ်မဟုတ်ပါဟူ၍ မည်သူမျှ မငြင်းနိုင်ကြပါ။

 ဘုရားရှင်သည် လေးအသင်္ချေ ကမ္ဘာတစ်သိန်းပြည့် ဖြည့်အားမှ ပွင့်ထွန်းလာခြင်း ဖြစ်ရာ အနန္တတန်ခိုးရှင် အရာဝင်၏။

ယင်းကို မည်သူမျှ ထောက်တိုင်း တိုင်းထွာ၍ မတတ်နိုင်ကြပါ။

တစ်ဖန် ထိုဘုရားရှင်သည် အနန္တဘုန်းတော်ရှင်လည်း ဖြစ်၏။
ယင်းကိုလည်း မည်သူမျှတွက်ဆ ဆ၍ မရနိုင်ပါ။

 သည်သို့သော ဘုရားရှင်သည် 

ကံတော်အနန္တ၊ဉာဏ်တော်အနန္တတို့ကပါ ဝန်းရံပံ့ပိုးလာသောအခါ အတိတ်ကိုလည်း အဝေး၏အဝေးတို့ထက် ပြေးမြင်နိုင်စွမ်းရှိပါသည်။

အနာဂတ်ကိုလည်း အဆုံး၏အဆုံးတိုင်အထိ သိတော်မူနိုင်စွမ်းရှိပါသည်။

 သို့ဖြစ်ရာ ထိုဘုရားမြတ်စွာသည်

 နောင်အခါ အိန္ဒိယ(ဘုံဘေ)ပြည်၌သာသနာကွယ်ဦးမည်ကိုလည်း ဧကန်သိ သိနေပါမည်။

နောင်အခါ မြန်မာပြည်၌ သာသနာ ထွန်းကားမည်ကိုလည်း ဧကန်သိသိနေပါမည်။

သို့ဆိုသော်...အိန္ဒိယစက်တော်ရာ ဤမြန်မာသို့ ကြွရောက်နိုင်၊မကြွရောက်နိုင် သဒ်ဓါတှငျပညာထညျ့ တွေးကြည့်ကြပါကုန်။

 ဤမြန်မာဝယ်-

(က)အထက်-အောက် စက်တော်ရာများကလည်းအထင်အရှား။

.(ခ)သစ္စာဗန္ဓမုဆိုးနေရာ တောင်ကလည်း လက်ညှိုးထိုးပြစရာ ရှိနေ၏။

(ဂ)ကျောင်းတော်ရာကလည်း အခုသွား အခုတွေ့နိုင်၏။

 သည်မျှမကသေး...

ဤမြေ၊ဤဒေသ ထိုဤပုံကျများသည် အစစ်ဟုတ်မှန်ကြောင်းများကို ရဟန္တာကြီးများကိုယ်တော်တိုင် ရေးထိုးခဲ့သော ကျောက်စာများပါ ရှိသည်ဆို၏။

သို့ကြောင့်ခိုင်လုံ၏။

ဘုရားရှင်သည်
(က)ဖဝါးတော်များဖြင့်ကိုယ်တော်၏အရပ်ကို လှစ်ပြတော်မူထားခဲ့၏။

(ခ)ဆံတော်များဖြင့် ကိုယ်တော်၏ ထွားကျိုင်းပုံကိုလှစ်ပြတော်မူထားခဲ့၏။

(ဂ)အံတော်၊စွယ်တော်တို့ဖြင့် မျက်နှတော်၏ပမာဏကို သက်သေထားခဲ့၏။
 ယင်းတို့သည် တေဇောဓာတ်လောင်စဉ်က အဓိဋ္ဌာန်ချန်ခဲ့သည်များဆိုသည်ကို မမေ့သင့်။

မဟာဗောဓိမြိုင်ဆရာတော်
အိပ်မက်ဖြင့်ဖွင့်ပြောသောစကာများ (သုပိနာယဗျာချကထာ)

credit....

အမျှဝေခြင်းရဲ့ရည်ရွယ်ချက်

 အမျှဝေရခြင်းရဲ့ ရည်ရွယ်ချက် 
🌾🌾🌾🌾🌹🌹🌹🌾🌾🌾🌾

ဒို့ ကိုယ်ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေကို
မြင်အပ် မမြင်အပ်
မြေပေါ် မြေအောက်
အဝေး အနီး   
အကုန်လုံးကို မျှရမယ်နော်  
စေတနာလေးကိုထင်တယ် 
စေတနာလေးကို အမျှပေးမှာ ။

ဘာဖြစ်လို့တုန်း 
ဒို့ အကုန်လုံး ကိုယ်စီကိုယ်ငှ ဒုက္ခတွေနဲ့ပါ ။
အားလို့ ကုသိုလ်ကောင်းမှု လာလုပ်ကြတာ
မဟုတ်ပါဘူး ။
ဘုရားသာသနာနဲ့ကြုံတုန်းဆိုပြီး 
ကိုယ်သုံးမယ့်ဟာလေးထဲကနေ ကိုယ်ကျိုးစွန့်ပြီး
သာသနာအတွက် သူတို့တတ်နိုင်သမျှ  
ကုသိုလ်ကောင်းမှု လုပ်ကြတာပါ 
ဒီစေတနာလေးထင်တယ် ။
( မှန်ပါဘုရား )

အဲ့တော့ 
မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကို
အမျှဝေတယ်ဆိုတော့  
ဒို့က ရှေ့ကနေ ' အမျှ အမျှ အမျှ ' ဆိုလို့
' အမျှ အမျှ အမျှ ' လို့ လိုက်လုပ်မလာနဲ့
ဟုတ်ကဲ့လား ။
( မှန်ပါဘုရား )

ဟိုကလည်း ' သာဓု သာဓု ' နဲ့လုပ်တော့မှာ ။

ဒို့ အမျှဝေတဲ့အခါ ဝေသူကလည်း
" ငါ ဒီကုသိုလ်စေတနာကြာင့် လူသူဋ္ဌေးဖြစ်ခဲ့ရင်
သာဓုခေါ်သူတွေအကုန်လုံး ငါလို သူဋ္ဌေးဖြစ်ရမယ် " 
ဒါ မျှတာထင်တယ် ။
( မှန်ပါဘုရား )

" ငါ ဒီကုသိုလ်စေတနာကြောင့် နတ်သူဋ္ဌေးဖြစ်ခဲ့ရင်
သာဓုခေါ်သူတွေအားလုံးလည်း 
ငါလိုနတ်သူဋ္ဌေးဖြစ်ရမယ် "
အဲဒါ မျှတာနော် ဟုတ်ကဲ့လား ?
( မှန်ပါဘုရား )

ဒို့ အမျှဝေတဲ့အခါ
အော်နေကြမို့အော်တာ မဖြစ်စေနဲ့ ဟုတ်ကဲ့လား ။
( မှန်ပါဘုရား )

အဲ့တော့ ဒို့ အမျှဝေလိုက်ပြီဗျား ။
ဟိုကလည်း ဒီစေတနာလေးကိုပဲ 
အသိအမှတ်ပြုပြီး ' သာဓု သာဓု ' ခေါ်လိုက်ပြီ ။
သူ့စေတနာလေးရဲ့အအေးဓာတ်ကို
ဒီက သာဓုနဲ့ ကူးယူလိုက်တာထင်တယ် ။
( မှန်ပါဘုရား )

သူ့ကို မနောကနေပြီး နှလုံးသားကနေပြီး
စေတနာလေးနဲ့ ပို့လွှတ်လိုက်တဲ့
အဲဒီမေတ္တာဓာတ်အားလေးကို 
ဒို့ ဘက်ကလည်း ' သာဓု ' ဆိုတာ
ကောင်းတဲ့စိတ်ကလေးနဲ့
ဝမ်းမြောက်ဝမ်းသာစိတ်ကလေးနဲ့
မျှယူလိုက်တာဗျား ခွဲယူလိုက်တာဗျား ။
( မှန်ပါဘုရား )

တကယ်လို့များ ဒီက အမျှဝေသူနဲ့ သာဓုခေါ်သူနဲ့
လူ့ဘဝမှာ မျက်နှာချင်းဆိုင်များ
 စျေးဆိုင်နှစ်ဆိုင်ဖြစ်နေရင် 
ဘယ်လိုသဘောထားမတုန်း ။

အမျှဝေကတည်းက အူလှိုက်သဲလှိုက်နဲ့
" ငါ ဒီကုသိုလ်ကြောင့် လူချမ်းသာ
နတ်ချမ်းသာရခဲ့ရင် သာဓုခေါ်သူတွေလည်း
ငါလို ရပါစေ " ဆိုတဲ့
ဒီစေတနာလေးထားခဲ့ရင်တော့
ဟိုဆိုင်ကဘယ်လောက်ကြီးသွားသွား  
ဣဿာ မစ္ဆရိယ ဆျိုတဲ့ မနာလိုငြူစူမှု ဝန်တိုမှု
မဖြစ်တော့ဘူး ။

အမျှဝေကတည်းက အဲဒီလိုစေတနာထားခဲ့ရင်
ကိုယ် အမျှဝေတာ သာဓုခေါ်လို့ ကိုယ်နဲ့တန်းတူ
ဖြစ်လာတယ် ။
မိမိရဲ့ဒါနကိုအမှီပြု၍ သူသည် မိမိကဲ့သို့
ကောင်းစားလာရင်လည်းပဲ 
" တော်လိုက်တာ သူ့အကျိုးပေးလေး 
ကောင်းလိုက်တာ " ဆိုပြီး ဝမ်းမြောက်တဲ့
စိတ် ထားနိုင်တယ် ။

အဲ့တော့ အမျှဝေတယ်ဆိုတာ အဲ့လောက်ထိ
စဉ်းစားရမယ် ။

ကုသိုလ်ကောင်းမှုကို - 
တစ်ချို့က လုပ်နိုင်တယ် စေတနာမပါလို့
မလုပ်နိုင်တာတွေလည်းရှိသေးတယ် ။

တစ်ချို့က စေတနာပါတယ် ဒို့လို ပစ္စည်းမရှိလို့
ကိုယ်ကျိုးမစွန့်နိုင်လို့ မလုပ်နိုင်တာလည်းရှိတယ် ။

တစ်ချို့က ကိုယ်ကျိုးလည်းစွန့်နိုင်တယ်
ဒါပေမယ့် ဒို့လို ဘူတရုပ်မဟုတ်လို့
မလုပ်နိုင်ဘူး ။

ဒီလိုပုဂ္ဂိုလ်တွေကို ကိုယ်နဲ့တန်းတူထားပြီး
ေဩာျ သူတျို့လညျး ငါလို ကုသိုလ်ကောင်းမှု
လုပ်ချင်ရှာမှာပဲ ငါလိုလှူချင်ရှာမှာပဲ
ကုသိုလ်ထုပ်ဆိုတာ လူတိုင်းယူချင်တာပဲ
သူတို့မှာ အကြောင်းမညီညွတ်လို့ မယူရတာ ။

သူတို့လေးတွေကို
ငါပြုတဲ့ကုသိုလ်ကောင်းမှုစေတနာလေးတွေနဲ့
ငါအမျှဝေလိုက်မယ်ဆိုတဲ့ စေတနာလေးနဲ့
အဲဒီရည်ရွယ်ချက်နဲ့ အမျှဝေရမယ် 
ရမ်းမအော်နဲ့ ။
ဝေနိုင်ပါ့မလား အဲဒီလို ။
( မှန်ပါဘုရား )

#အမျှဆိုတာ ကိုယ်နဲ့တန်းတူမျှလိုက်တာကို
ပြောတာလေ ဟုတ်နော် ။
ကိုယ်နဲ့တန်းတူမျှရမှာ ။
ပြောကတည်းက အမျှလို့ပြောတာလေ ။

ဒို့ သစ်ပင်များစိုက်ရင် ကိုင်းကူးကိုင်းဆက်
ဟုတ်နော် ။
ဒီမှာလည်း စေတနာအကူးအဆက် ။

ဒီက အပင်ပန်းခံလုပ်တဲ့စေတနာကို
ဟိုက သာဓုခေါ်ရုံလေးနဲ့ ရမှာ
စေတနာအကူးအဆက် မှတ်မိနော် ။
( မှန်ပါဘုရား )

အဲ့တော့
ဒို့ သာဓုခေါ်သူကလည်း
သြော် သူ့ လှူနိုင်လိုက်တာ
ငါတို့သူ့လို မလုပ်နိုင်ဘူး
သူ့ အပင်ပန်းခံ လုပ်ရှာတာ
ငါတို့သူ့လို မလုပ်နိုင်ဘူးဆိုပြီး
ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ရမှာ ။

အဲ့တော့ ခင်ဗျားတို့ 
ဝမ်းမြောက်ဝမ်းသာနဲ့သာဓုခေါ်တာလား 
မျက်နှာလွဲခဲပစ်ခေါ်တာလား ?
( သူများအော်လို့ အော်တာပါဘုရား )
( အခု ဝမ်းမြောက်ဝမ်းသာ ခေါ်ပါ့မယ်ဘုရား )

အမျှဝေတာ သာဓုခေါ်တာလည်း
ဝတ်ကျေတန်းကျေ မဖြစ်ပါစေနဲ့ ။
( မှန်ပါဘုရား )

ဒို့ အမျှဝေတဲ့ရည်ရွယ်ချက်က ၂ခု ။
၁ ။ ကိုယ်လိုမလုပ်နိုင်သူတွေကို ကိုယ်လို
    ရပါစေတော့ဆိုတဲ့ စေတနာနဲ့ဝေတာသည်
    နံပါတ် ( ၁ )

၂ ။ နံပါတ်နှစ်က သက်သေယူတာ ။
အမှုဖြစ်ရင် သက်သေပါရမှာကိုး 
သက်သေ သက်သေ ဟုတ်နော် ။

ဘုရားအလောင်းတော် နုစဉ်ဘဝက
ဒီလိုပဲ အမျှဝေခဲ့တာလေ ။
ဒါကြောင့်မို့ ဗောဓိပင်နှင့်ရွှေပလ္လင်မှာကျတော့
မာရ်နတ်ကလာလုတော့ သက်သေယူရတာလေ ။

မာရ်နတ်မင်းက 
" ငါ့နောက်ကရှိသမျှနတ်တွေက
ငါ့သက်သေတွေပဲ " ဆိုတော့  
ရှိသမျှနတ်ပြည်ခြောက်ထပ်ကနတ်တွေက
ဟုတ်ပါတယ် ဟုတ်ပါတယ်နဲ့ ။

အရှင်ဘုရားက သက်သေပြပါဆိုတော့
ဒို့ ဘုရားရှင်က 
 " မင်းလိုတော့ ဘာမှမပြနိုင်ဘူး သို့သော်
   ငါက လှူတိုင်း လှူတိုင်း 
  ဟောဒီမြေကြီးပေါ်ကိုရေစက်ချခဲ့တယ် "  
" ငါ မြေကိုသက်သေပြုမယ်ဆိုပြီး 
   သက်သေပြုတာ "  

ဒို့ ဘုရားတွေ ပုံတော်တွေ တွေ့ပါလိမ့်မယ်
မြေကြီးကို လက်ညှိုးထိုးထားတာလေ
ဘူမိဖဿမုဒြာလို့ခေါ်တယ် ။
အဲဒါသက်သေပြုထားတဲ့ဟာဗျ ။

အဲ့တော့ ဒို့ အမျှဝေတာသည်
( ၁ ) ကိုယ်လိုကုသိုလ်ကောင်းမှုမလုပ်နိုင်သူတွေ
        ကိုယ်လိုရအောင်
( ၂ ) ကိုယ့်အတွက် အမှုဖြစ်ခဲ့ရင် ခိုင်လုံအောင်လို့
            ဒီအမျှဝေတာ သက်သေလိုချင်လို့ ။
ဒီ ၂ချက်နဲ့ အမျှဝေတာနော် ဟုတ်ကဲ့လား
ဝေနိုင်ကြပါ့မလား ?
( ကြိုးစားပါ့မယ်ဘုရား )

ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

၂၉ - ၄ - ၉၉  
၁၆ - ၄ - ၂၀၁၂ တွင်ဟောကြားတော်မူသော
တရားတော်အသံဖိုင်မှ

credit.. Aung Myin Chan Thar gems & jewellery.