လောကဓံတွေရင်ဆိုင်ရတဲ့အခါ
<><><><><><><><>
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ဝေရဉ္ဇဆိုတဲ့ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှု့ အရ ဝေရဉ္ဇာပြည်မှာ ဝါဆိုဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ မြတ်စွာဘုရား ဝါဆိုတဲ့
နှစ်မှာပဲ ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ရောက်ပါတော့တယ်။ လူတွေငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း ဆွမ်းခံလို့မရတော့ပါဘူး။
အဆိုးထဲက အကောင်းတစ်ခု ဝင်လာတာကတော့ဥတ္တရာပထတိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့
ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး
စတည်းချတာပါပဲ။
ရဟန်းတော်တွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့ အခက်အခဲတွေ့တော့ မြင်းကုန်သည်တွေဆီသွားပြီး ဆွမ်းခံပါတယ်။ မြင်းကုန်တွေလည်း သဒ္ဓါတရား
မညံ့ပါဘူး။ ဒါပေမယ့် မုယောဆန်ကြမ်းကြမ်းကိုပဲလောင်းနိုင်ရှာပါတယ်။
မြတ်စွာဘုရား အပါအဝင် ရဟန်းတော်တွေ အားလုံးဟာ မုရောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။ မြတ်စွာဘုရား မုရောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့ အရှင်မဟာမောဂ္ဂလန်က မကြည့်ရက်တော့ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားဆီ ဝင်လျှောက်ရပါတယ်။
မြတ်စွာဘုရား...ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်
ပြီး ရဟန်းတော်တွေ ဆွမ်းအခက်အခဲတွေ့ နေရပါတယ်ဘုရား၊ မြေကြီးရဲ့ အောက်ပြင်မှာ ပြားသကာလို
ချို မြိန်တဲ့ မြေဆီမြေနှစ်တွေ ရှိနေပါတယ်ဘုရား၊ မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါ့မယ်ဘုရား။
ချစ်သားမောဂ္ဂလာန် ဒါဆိုမြေကြီးအောက်မှာတည်နေတဲ့ သတ္တဝါတွေကို ဘယ်လိုလုပ်မလဲ၊ ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန်
ဖန်ဆင်းပြီး အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ နေစေပါ့မယ် ဘုရား။
ချစ်သားမောဂ္ဂလာန်...သင်ဒါတွေကို မနှစ်သက်နဲ့၊
ဖောက်ပြန်ခြင်းဆိုတဲ့ လောကဓံတရားကို သတ္တဝါတိုင်းကြုံ ရမှာပဲ၊ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြရင်ကောဘုရား၊ ချစ်သား မောဂ္ဂလာန်...
သင် ဒါလည်းမနှစ်သက်ပါနဲ့။
အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲလျှောက်လျှောက် မြတ်စွာဘုရားရှင်က လက်မခံခဲ့ပါဘူး။
လောကဓံဆိုးကို ရှောင်လွှဲခွင့်ရနိုင်ပေမယ့် မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကြမ်းကိုပဲ သည်းခံဘုဉ်းပေးခဲ့ပါတယ်။
ဆက်လက်၍ မြတ်စွာဘုရားရှင်က...
၁။ လာဘ = လာဘ်ရခြင်း။
၂။ အလာဘ = လာဘ်မရခြင်း။
၃။ ယသ = အခြွေအရံ ရှိခြင်း။
၄။ အယသ = အခြွေအရံ မရှိခြင်း။
၅။ နိန္ဒာ = ကဲ့ရဲ့ ခံရခြင်း။
၆။ ပသံသာ = ချီးမွှမ်းခံရခြင်း။
၇။ သုခ = ချမ်းသာခြင်း။
၈။ ဒုက္ခ = ဆင်းရဲခြင်း ဆိုတဲ့...
လောကဓံတရား ရှစ်ပါးကို လောကတိုင်းမှာနေတဲ့သတ္တဝါတိုင်း တစ်လှည့်စီ ကြုံ ရမယ်။
ကြုံ ရတဲ့အခါမှာ အဆိုးလောကဓံနဲ့ကြုံ တဲ့အခါရော၊ အကောင်းလောကဓံနဲ့ ကြုံ တဲ့အခါရော စိတ်တုန်လှုပ်မသွားဖို့၊
ကိုယ်တော်တိုင်ကြုံ ခဲ့ရတဲ့ လောကဓံတရားတွေကိုစိတ်တုန်လှုပ်မသွားအောင် နေနိုင်တာဟာ မင်္ဂလာဖြစ်ပါတယ် ချစ်သားလို့ ဥပမာ သာဓကတွေ ပြပြီးဟောတော်မူလေ၏။
တန်ခိုးတော်အနန္တနဲ့ ပြည့်စုံတော်မူတဲ့
မြတ်စွာဘုရားတောင် လောကဓံတရားနဲ့ ကြုံ ရသေးတာဆိုတော့ သာမန်လူသားတွေ လောကဓံတရားနဲ့ကြုံ ရတာ ဘာမှမပြောပလောက်ပါဘူး။
ဒီနေရာမှာ ပုထုဇဉ်တွေဆိုတော့လည်း
အဆိုးလောကဓံကို ဘယ်သူမှမကြုံ ချင်ကြပါဘူး။
ဒီတော့ကြုံ လာရင် စိတ်ညစ်မယ်။ ပုထုဇဉ်ပဲ ညစ်ပေါ့။ တစ်နေရာမှာ သေချ ာထိုင်တဲ့ပြီး၊ ဒါမှမဟုတ်
ခုတင်ပေါ်သေချ ာလှဲတဲ့ပြီး အချိန်လေးလည်း သီးသန့်ယူပြီးအားရပါးရကျေနပ်အောင် စိတ်ကိုညစ်ပြစ်လိုက်ပါ။
ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့ ကိုယ်လုပ်စရာဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊ တစ်နေ့တာ
ကိုယ်လုပ်စရာ ရာရှိတာလည်း လုပ်ပေါ့။
အဓိကကတော့ စိတ်ညစ်စရာ ရှိပေမယ့် တစ်နေ့တာကိုယ်လုပ်ရမယ့်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့...
ကုသိုလ်တရား၊ အလုပ်လေးတွေ ပျက်မသွားဖို့ဘဲအရေးကြီးပါတယ်။ စိတ်ညစ်တဲ့အခါ အကောင်းဆုံးကုသိုလ်တရားနဲ့ အာရုံပြောင်းလိုက်တာပါပဲ။
ဘဝမှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံ ရ ကြုံ ရ၊ ဘယ်လောက်ပဲအကောင်းလောကဓံ
တွေနဲ့ပဲ ကြုံ ရ ကြုံ ရ၊ တစ်ချိန်ချိန်ကျရင်
" ဒါလည်း ပြီးသွားမှာပါ " လေ။
(ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ)
# ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ။
No comments:
Post a Comment