"ဂုံမင်းနှင့်ငါး မစားကြရင်ဖြင့် ကပ်ဆေးတဲ့ထဲ ပါကြလိမ့်မည်"
**********************&************************
(ရှေးအတိတ် တဘောင်)
•ယနေ့လူသားတို့သည်
(၁) သူ့အသက်ကို သတ်ခြင်း၌ ပျော်ပိုက်ခြင်း မတရားမှု ကံများကျူးလွန်နေ၏။
•(၂) မပေးသည်ကို ခိုးယူခြင်း လုယူခြင်း
ဝိသမလောဘဖြင့် မမှန်မကန်ရောင်းဝယ် ဖောက်ကားခြင်း မတရားမှု ကံများကျူးလွန်နေ၏။
•(၃) ယောက်ျားမိန်းမ အလိုရမ္မက်များ
ကြီးစိုးလာသည်နှင့်အမျှ ကာမဂုဏ်၌ မှားယွင်းစွာ ကျင့်ခြင်း, အိမ်ထောင် ရေး ဖောက်ပြန်ခြင်း မတရားမှု ကံများကျူးလွန်နေ၏။
•(၄) မဟုတ်မမှန်သော ပြောဆိုခြင်းများဖြင့် မတရားမှု ကံများကျူးလွန်နေ၏။
•(၅) ယစ်မူးစေသော သေရည်သေရက် ကို ယောက်ျားမိန်းမ မဟူ လွန်ကြူးမက်မောစွာ သောက်သုံးခြင်းဖြင့် ကုသိုလ် တရားတို့ မေ့လျော့ကာအမှားအယွင်းများစွာပြုခြင်း မတရားမှု ကံများကျူးလွန်နေ၏။
"လူတို့ 'ငါးပါးသီလ'စောင့်ထိန်းခြင်းကင်းကာ
လောဘ ဒေါသ မောဟများ
အားကြီးလာသည်နှင့်အမျှ
ကပ်ဘေးများ ကြုံကြရသည်။
"ကပ်(၃)ပါး "
•၁။ ရာသီဥတုဖေါက်ပြန်ခြင်း နှင့်
သဘာဝဘေး ဒါဏ် များ ကြောင့်
အစာရေစာ၊ ရှားပါးငတ်မွတ်ခေါင်းပါး၍ လူ၊သတ္တဝါများ
အစုလိုက်အပြံုံလိုက် သေကြေပျက်စီးရခြင်း။
•၂။ အနာရောဂါ မျိုးစုံဖြစ်ပွား၍
လူ၊ သတ္တဝါများ အစုလိုက်အပြုံလိုက်
သေကြေပျက်စီးရခြင်း။
•၃။ စစ်မက်ဘေးဒါဏ်ကြောင့်လူ၊ သတ္တဝါများ အစုလိုက်အပြုံလိုက် သေ ကြေပျက်စီးရခြင်း။
•"လူတို့ တရားမဲ့သောအခါ ထိုကပ်ဆိုးဘေးဆိုးများ မလွှဲမရှောင်သာ ကြုံလာရ တတ်ပါသည်။
■"ဂုံမင်းနှင့် ငါးမစားကြရင်ဖြင့်
ကပ်ဆေးတဲ့ထဲ ပါကြလိမ့်မည်"
"ဂုံမင်း = သရဏဂုံ(၃)ပါး"
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား ကိုးကွယ်ဆည်းကပ်ခြင်း မြဲကြပါ။
■ငါး = ငါးပါးသီလ ခါးဝတ်ကဲ့သို့
မြဲမြံစွာစောင့်ထိန်းကြပါ။
■ပရိတ်, ပဋ္ဌာန်းများ ရွတ်ပွားကြပါ။
"အနေတတ် အသေတတ်ရန်
ထိုထို အို နာ သေဘေး
သံသရာဒုက္ခတို့မှ လွတ်မြောက်ရန်
ဝိပဿနာတရားများ ခန္ဓာဥာဏ်ရောက်
ကျင့်ကြံအားထုတ်ကြပါ။
■မပျက်စီးနိုင်သော တည်မြဲခြင်းမည်သည် မရှိချေ။
Credit to Original writer.
No comments:
Post a Comment