ငိုပြီးတော့ ပြန်ကြရလိမ့်ဦးမည်။
မိမိတို့ဟာ လာတုန်းကလည်း ဘာမသိ ညာမသိ
အူဝဲ-အူဝဲ နဲ့ ဂယောင်ဂတမ်း ငိုပြီးတော့ လာခဲ့ကြတာ။
ပြန်သွားပြန်တော့လည်း
တရားမလုံလောက်ရင် ရှုံ့မဲ့-ရှုံ့မဲ့နဲ့ ငိုပြီးတော့
ပြန်ကြရလိမ့်ဦးမည်။
လာတုန်းကတော့ မသိလို့ငိုပြီးတော့ လာခဲ့တာ
ထားပါတော့။
သာသနာ ရတနာကြောပေါ်မှာ အငိုတိတ် အကြောက်ပြေအပူငြိမ်းစေနိုင်တဲ့ ရတနာတွေနဲ့ တွေ့ပါရဲ့သားနဲ့ ရှုံ့မဲ့-ရှုံ့မဲ့နဲ့ ငိုပြီးပြန်ရရင် ဘယ်သင့်တော်ပါ့မလဲ။
ဒါကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို
ခပ်မြန်မြန်လေး လုပ်ကြ။
မအိုတော့ဘူးလိုလို
မနာတော့ဘူးလိုလို
မသေတော့ဘူးလိုလို အေးစက်စက် မလုပ်ကြနဲ့။
အိုတာ နာတာ သေတာက လက်ဦးသွားမယ်။
အိုတာ နာတာ သေတာက လက်မဦးသေးခင်
ကိုယ့်ကို အာမခံ တာဝန်ယူမည့် တရားစွမ်းအားတွေကိုခပ်သုတ်သုတ် ခပ်မြန်မြန်လေး
ရသလောက် သိမ်းကျုံးယူထားမှ စိတ်အေးရမှာ။
ဘယ်အချိန် သေမယ်မသိ။
လူ့ဘဝ အသက်တမ်းလေးက ဆယ်ဂဏန်းလေးရယ်။
ဘာမှ ကြာတာမဟုတ်ဘူး။
အိုထုပ် နာထုပ် သေထုပ်ကြီးကို
အိုစာ နာစာ သေစာအတွက် တစ်နေ့ ထမင်းနှစ်နပ်မကကျွေးပြီး တစ်ဘဝ အကုန်ခံနေရင် ရှုံးမှာပေါ့။
(တိပိဋက ယောဆရာတော်ဘုရားကြီး)
ဦးဓမ္မသာရ(ဆေးသဲ့တောင်)
No comments:
Post a Comment