စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 10, 2021

ပုဂ္ဂိုလ်စွဲနှင့် လှူနေလျှင်

ပုဂ္ဂိုလ်စွဲနဲ့လှူနေလျှင် 
🌿🌺🌿🌺🌿🌺🌿🌺

 ပုဂ္ဂိုလ်စွဲနှင့်လှူနေလျှင်၊ငါစွဲ၊ငါပစ္စည်းစွဲဆိုတဲ့၊တဏှာ၊မာန၊ဒိဋ္ဌိတွေက၊ဘယ်တော့မှ၊မလွတ်ဘူး၊ငါတော့၊ဘယ်ဆရာတော်ကြီးကို၊ဘာလှူလိုက်ရတာ၊ဆိုတဲ့စွဲစိတ်တွေ၊မျှော်စိတ်တွေ၊ဒီလိုလှူလိုက်ရလို့၊
နောင်ဘဝကျ၊ငါဘာဖြစ်မှာဆိုတဲ့၊အမျှော်စိတ်တွေနဲ့လှူနေသမျှ...
ခင်များတို့ဒါနအကျိုးပေးမစင်ကြယ်သေးဘူးလို့မှတ်ပါ။
အကျိုးပေးမစင်ကြယ်သေးရင် မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာဝေးသဗျာ့
ပြီးတော့ခင်များတို့ရှာဖွေထားတဲ့ပစ္စည်းဥစ္စာဆိုတာတွေကရော စင်ကြယ်ရဲ့လားဆိုတာ၊ပြန်ဆန်းစစ်ဗျာ့..

သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီးမှ ရလာတဲ့ပစ္စည်းတွေနဲ့ လာလှူတာလာဗျာ့..

ဒါနပြုတယ်ဆိုတာငါစွဲဖြုတ်နေတာ ငါပိုင်တယ်ဆိုတာတွေကို ဒါနနှင့်ခွာချနေတာ။

ရင်မှာစူးနေတဲ့လှံကို ဆွဲနှုတ်ပစ်တာ။
ငါဒီလိုအလှူကြီူလှူလိုက်လို့ နောင်ဘဝ ဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့လှူနေရင်နောက်ထပ်စိုက်ဝင်စူးလာမယ့် လှံတွေကို ရင်ကော့ပြီးခံနေသလိုဖြစ်မှာပေါ့။

ဒီလိုအလှူမျိုးလှူတိုင်းမကောင်းဘူး။
ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲများမယ်။

ငါ..ငါစွဲအတ္တ၊ပစ္စည်းမာန၊ပုဂ္ဂိုလ်စွဲရှိနေသမျှ ၊ပါရမီမြောက်တဲ့ဒါနမဖြစ်ဘူး။
အဲဒီငါစွဲဒိဋ္ဌိရှင်တွေဟာ ဒါနရဲ့မူရင်းသတ္တိဖြစ်တဲ့၊စွန့်လွတ်ခြင်းလိုနေလို့ ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ။

ပါရမီဒါနဆိုတာ လှူဆဲကာလ၊ဥာဏ်ယှဉ်ပါမှဗျာ့၊
အဲဒီတော့ငါစွဲ၊ပုဂ္ဂိုလ်စွဲ၊ပစ္စည်းစွဲတွေအစား၊ငါလည်းမမြဲ၊ပုဂ္ဂိုလ်လည်းမမြဲ၊လို့ဆင်ခြင်ပြီးလှူနိုင်ပါမှ၊မဂ်ဖိုလ်နိဗ္ဗာန်အကြောင်းအထောက်အပံ့ဖြစ်တာဗျာ့။

 🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

မှတ်ချက်➡ ဒါနပြု ရာတွင်ဝမ်းမြောက်မှုက၊အဓိကဖြစ်သည်၊
           ➡ ဝိပဿ     နာတွင်ဥပေက္ခာက၊အဓိကဖြစ်သည်။

Credit...

No comments:

Post a Comment