စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, August 31, 2021

အလှတရားမှ အမှန်တရားသို့

ပတ်ဝန်းကျင်မကောင်းရင်....
တရားကောင်းနဲ့ ထိုက်တန်တဲ့....
အဇာတသတ်တောင်...အညွန့်ချိုးခံရပါတယ် ။

ဆရာ ကောင်းနဲ့မတွေ့တဲ့အခါ....
...အင်္ဂုလိမာလလို...
လူသတ်ခိုင်းပြီး.သူများအသတ်ခံရမယ့်
လမ်းကြောင်းပေါ်...အမောင်းနှင်ခံရပါတယ်။

ဒါ့ကြောင်..ပတ်ဝန်းကျင်ကောင်း
မိတ်ကောင်း.ဆရာကောင်းတွေကို 
ရွေးချယ်ပေါင်းသင့်တယ်။
ဒါမှ...ဓာတ်ကောင်းကိန်းတယ်။
✳✳✳✳✳✳✳✳✳✳✳✳

ပတ်ဝန်းကျင် အသိုင်းအပိုင်းဆိုတာမှာ
လူ,ရဟန်း,တွေလည်း ပါပါတယ်။

သန့်သန့်ရှင်းရှင်း လှလှပပ သပ်သပ်ရပ်ရပ်နေ တတ်တဲ့သူတွေနဲ့ အတူနေရရင် 
သန့်ရှင်းတာ လှပတာ သပ်ရပ်တာကို တန်ဖိုးထားတတ်လာ မယ်။

စည်းကမ်ရှိတဲ့သူတွေနဲ့. နေရရင်
စည်းကမ်း ပိုရှိလာမယ်။

တီထွင်တတ်တဲ့သူတွေ့နဲ့ နေရရင်
ထီထွင်နိုင်တဲ့ အရည်းအချင်း ပိုရိုလာမယ်။

စိတ်ထားမြင့်မြတ်တဲ့သူတွေ့နဲ့ နေရရင်
စိတ်ထား ပိုမြင့်မြတ်လာမယ်။

အကျင့်စာရိတ္ထိကောင်းတဲ့သူတွေနဲ့ နေရင်လည်း
ပိုကောင်းတဲ့သူ ဖြစ်လာတာကို စိတ်ကျေနပ်မှု 
ရမယ်။ပျော်မယ်။

အဆိပ်ဓာတ်ငွေ့တွေ ထွက်တဲ့စက်ရုံမှာ
အလုပ်လုပ်ရတဲ့သူဟာ ကြာရင်အဆိပ်သင့်ပြီး မကျေန်းမမာဖြစ်မယ်။

အဲ့လိုပဲ အဆိပ်နဲ့ တူတဲ့ မှားယွင်းတဲ့ သဘောထား အတွေး အခေါ် အယူအဆရှိတဲ့သူနဲ့ ဆက်ဆံရင် 
စိတ်ဓာတ် အဆိပ်သင့်မယ်။

ဟန်ဆောင်ပြီးဆက်ဆံရတဲ့သူ
မရိုးသားတဲ့သူနဲ့ ဆက်ဆံရတာကြာရင် အဆိပ်သင့်သလို ဖြစ်လာတယ်။

စိတ်ဓာတ် အဆိပ်သင့်ရင်
စိတ်မကျန်းမာတော့ဘူး။

အမြဲတမ်းလိမ်ညာပြီး ဟြေနေရမှ 
အဆင်ပြေတဲ့  ဆက်ဆံရေးဟာ 
အဆိပ်အထောက်ဖြစ်စေတဲ့ 
ဆက်ဆံရေးပတ်ဝန်းကျင်အသိုင်းအဝိုင်း ဖြစ်တယ်။ 

အဆိပ်အတောက်ဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကြာကြာနေရင်အဆိပ်သင့်မယ်။

ဆရာတော် ဦးဇောတိက
(အလှတရားမှ အမှန်တရားသို့ )

Credit...

No comments:

Post a Comment