စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, August 19, 2021

ဗုဒ္ဓဘဏ်မှာအပ်နှံပါ

ဗုဒ္ဓဘဏ်မှာ အပ်နှံပါ။
..........................

ပိတ်ရက်မရှိ ပိတ်ချိန်မရှိ 
ဖွင့်ထားတဲ့ ဘဏ်ပါ။

ကြိုက်တဲ့နေ့ ကြိုက်တဲ့အချိန် 
စုလို့ရတယ် အပ်လို့ရတယ်။

စုတာ အပ်တာ နည်းပေမယ့် 
ကုသိုလ်အတိုးများများရပါတယ်။

ယုံကြည်ရတယ်၊ စိတ်ချရတယ်၊
ရန်သူမျိုးငါးပါးရန်ကနေ ကင်းဝေးတယ်။

ကိုဗစ်ကာလမှာ ပိုက်ဆံ မစုနိုင်ပေမယ့်
ကုသိုလ်တော့ စုနိုင်ပါတယ်။

ဗုဒ္ဓဘဏ်မှာစုလိုက်ပါ အပ်လိုက်ပါ။

ဘာတွေစုကြမလဲ အပ်ကြမလဲဆိုတော့...

ဘုရားအထံတော်မှာဆွမ်းကပ်၊ 
ပန်းကပ်၊ ရေကပ်၊ 
ဆီမီးကပ်ပြီး ဒါနကုသိုလ် 
စုလိုက်ပါ အပ်လိုက်ပါ။

ဘုရားရှင်အထံတော်မှာ 
သီလဆောက်တည်ပြီး
သီလကုသိုလ် စုလိုက်ပါ အပ်လိုက်ပါ။

မေတ္တာပို့ ၊ ဂုဏ်တော်ပွား ၊ 
ပုတီးစိပ် ၊ ပရိတ် ၊ ပဋ္ဌာန်းပူဇော်ပြီး သမာဓိကုသိုလ် စုလိုက်ပါ အပ်လိုက်ပါ။

အနိစ္စ၊ ဒုက္ခ၊ အနတ္တလို့
ဝိပဿနာရှုမှတ်ပြီး
ဝိပဿနာပညာကုသိုလ် 
စုလိုက်ပါ အပ်လိုက်ပါ။

ဒါနကုသိုလ်၊ သီလကုသိုလ်၊
သမာဓိကုသိုလ်၊ ပညာကုသိုလ်တွေရဲ့
အတိုးနှုန်းက၊

လူမက နတ်တမျှလည်း လှမယ်။
လူစည်းစိမ်မက နတ်စည်းစိမ်တမျှ 
ချမ်းသာမယ်။

ဆင်းရဲဒုက္ခဟူသမျှ 
မုချလွတ်မြောက်မယ်။
ဒီဘဝ နောင်ဘဝ ဖြစ်ရာဘဝ 
မြင့်မြတ်မယ်။

ဒါ့ကြောင့်
ယုံကြည်စိတ်ချအပ်နှံ ဗုဒ္ဓဘဏ်။

ဗုဒ္ဓဘဏ်စုစာအုပ်လေးများ 
ပြုလုပ်နိုင်ကြပါစေ။🙏

             ပြုံးပြုံးလေးဆရာတော်

No comments:

Post a Comment