လူ့ဘဝမှာ အသက်ရှည်ကြောင်းတရား ငါးပါး
<><><><><><><><><><><><><><><><>
မြတ်စွာဘုရားက -
လူ့ဘဝမှာ အသက်ရှည်ကြောင်းတရား ငါးပါးကို
ဟောကြားတော်မူခဲ့ပါသည် …
၁။ သပ္ပါယကာရီ ဟောတိ -
မိမိခန္ဓာကိုယ်နှင့် မသင့်မလျော်သော
အစားအစာ , အနေအထိုင်
အအေး , အပူ
ဥတု ရာသီများကို ရှောင်ကြဉ်၍
သင့်လျော်သော အစား အစာ
အနေအထိုင် , အအေး အပူ ဥတုရာသီများကို
မှီဝဲသုံးဆောင် ပြုလုပ်နေထိုင်ရမည် …
၂။ သပ်ပါယမတ်တံ ဇာနာတိ -
သင့်လျော်သော အစားအစာ , အနေအထိုင်
အပူအအေး၊ ဥတုရာသီများကို
မှီဝဲသုံးဆောင် ပြုလုပ်ရာမှာလည်း
မိမိခန္ဓာကိုယ်နှင့် မျှတရုံအတိုင်း
အရှည်ပမာဏကို သိ၍
မှီဝဲ သုံးဆောင်ပြုလုပ်နေထိုင်ရမည် …
၃။ ပရိဏတဘောဇီစ ဟောတိ -
အစားအစာများကို မှီဝဲသုံးဆောင်သော အခါ
ကြေခဲကျက်ခဲ အစာကြမ်းများကို
ရှောင်နိုင် သမျှရှောင်၍
ကြေလွယ် ကျက်လွယ်သော အစားအစာတို့ကို
မှီဝဲ သုံးဆောင်ရမည် …
၄။ သီလဝါစ -
သူ့အသက်မသတ်ခြင်း , သူ့ဥစ္စာမခိုးခြင်း
သူတစ်ပါး သားသမီးများကို
မလွန်ကျူး မဖျက်ဆီးခြင်း …
လိမ်ညာ၍ မပြောခြင်း
အရက်သေစာ မသောက်စားခြင်းစသော
အကျင့်သီလနှင့် ပြည့်စုံရမည် …
၅။ ကလျာဏမိတ္တာစ -
စိတ်နှလုံးကို ချမ်းမြေ့စေတတ်သော
မိတ်ကောင်းဆွေကောင်း ,
သားကောင်းသမီးကောင်း ,
လင်ယောက်ျားကောင်း ,
ဇနီးကောင်းများနှင့် ပြည့်စုံရမည် …
အတူတကွ နေထိုင်ရမည် …
ဤ တရားငါးပါးနှင့်
ပြည့်စုံအောင် နေထိုင်ကြသော လူပုဂ္ဂိုလ်တို့သည် လူ့ဘဝမှာ -
အသက်ရှည်စွာ နေထိုင်ကြရလိမ့်မည် ဟူ၍
မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည် …
ဆောင်ပုဒ် ။ ။ သင့်လျော်တိုင်းရှည်
ကြေမည်အစာ . ရှိပါ သီလ
မိတ်ကောင်းရ
ငါးဝ သက်ရှည်ကြောင်း …
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး
No comments:
Post a Comment