စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 18, 2021

ပဥ္စသီလတည်မြဲကြ

ပဉ္စသီလ တည်မြဲကြ
🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️🙇‍♂️

၁။    ။ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ
          သမာဒိယာမိ။

ဆိုးကောင်းအာရုံ ကြုံတွေ့ငြားတော့
 စိတ်တွေလှုပ်ရှား ဖေါက်ပြန်လာ။ 

 သတ်ချင်လာလျင် သတိထား၍
 ကျိုးပြစ်နှစ်ပါး စဉ်းစားပါ။

  အပြစ်ရှိတာ ကိုယ်တိုင်သိတော့
  မပြုမိဖို့ချုပ်တီးပါ။

*သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထားသေစေလို။

လုံ့လပြုကာသေအောင်သတ်တော့
ပါဏာတိပါတ် အကုသိုလ်။

လွန်ကျူးမိလျင် တကယ်ပဲပေါ့ 
အပါယ်ငရဲ ကျမည်ဆို ။

လွတ်ပြန်လျင်လည်း ရောဂါစွဲ
ဆင်းရဲအသက်တို။

အဲ့ဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

         🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၂။   ။အဒိန်နာဒါနာ ဝရေမဏိ သိက်ခာပဒံ
          သမာဒိယာမိ ။

ငါးပါးအာရုံ ကြုံတွေ့ငြားတော့
စိတ်တွေလှုပ်ရှား ဖေါက်ပြန်လာ။

ခိုးချင် ယူချင် သတိထား၍
ကျိုးပြစ်နှစ်ပါး စဉ်းးစားပါ။

အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဖို့ ချုပ်တီးပါ။

ရှေ့နောက်နှစ်ပါး မစဉ်းစား
ခု ကားရပ်လိုက်ပါ ။

အဲဒါမှ ကိုယ်၌တည်ကြ သီလဘာဝနာ။

*သူ့ဥစ္စာကို သိလျက်သားနဲ့
လောဘစိတ်ထားခိုးယူလို ။

လုံ့လပြုကာ ခိုးယူပြန်တော့
အာဒိန္နဒါဏ် အကုသိုလ် ။

ကျူးလွန်းမိလျင်တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို ။

လွတ်ပြန်လျင်လည်း +ဥစ္စာမွဲ+
ဆင်းရဲ ဖြစ်တိုင်း  ကိုယ်။

အဲဒါကြောင့် ပဉ္စသီလ+တည်ကြပါစေလို။

            🙏🙏🙏🙏🙏🙏🙏🙏🙏

၃။    ။ကာမသေု မိစျဆာစာရာ ဝရမေဏိ
         သိက်ခာပဒံ သမာဒိယာမိ ။

ငါးပါးအာရုံ ကြုံတြွေငားက 
စိတ်တွေလှုပ်ရှား ဖေါက်ပြန်လာ။

ကျူးလွန်ချင်လျင် သတိထား၍
ကျိုးပြစ်နှစ်ပါး စဉ်းစားပါ ။

အပြစ်ရှိတာ ကိုယ်တိုင် သိတော့
မပြုမိဖို့ ချုပ်တီးပါ။

ရှေ့နောက်နှစ်ပါး မစဉ်းစား
ခု ကားရပ်လိုက်ပါ ။

အဲ ဒါမှ ကိုယ်တည်ကြ 
သီလသာသနာ။

*ရှောင်ရှားအပ်ရာ မိန်းမများ၌
ရာဂ စိတ်ထား ပေါင်းဖေါ်လို။

လုံ့လပြုကာ ကျူးလွန်မိတော့
ကာမေသုတဲ့ အကုသိုလ်။

ကျူးလွန်မိလျင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို။

လွတ်လာပြန်က နပုံးမ
မိန်းမ ဖြစ်ရသကို ။

အဲဒါကြောင့် +ပဉ္စသီလ တည်ကြပါစေလို။

       🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၄ ။   ။မုသာဝါဒါ ဝရမေဏိ သိကျခာပဒံ
          သမာဒိယာမိ ။

သောင်းပြောင်းအာရုံ တွေ့ကြုံငြားတော့
စိတ်တွေလှုပ်ရှား ဖေါက်ပြန်လာ။

လိမ်ကေါက်ချင်လျင် သတိထား၍
ကျိုးပြစ်နှစ်ပါး စဉ်းစားပါ။

အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြောမိဖို့ ချုပ်တီးပါ ။

ရှေ့နောက်နှစ်ပါး မစဉ်းစား
ခု ကား ရပ်လိုက်ပါ ။

အဲဒါမှ နုတ်၌ တည်ကြ
သီလ သာသနာ ။

*မဟုတ်မမှန် တစ်ဖက်သားကို
ချွတ်ယွင်းလှည့်စား မုသားဆို။

အဓိပ်ပါယျကို ထိုသူသိ၍
အကျိုးကိုသိ အကုသိုလ်။

ကျူးမိလျင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို ။

လွတ်လာပြန်လည်း ပါးစပ်ပြဲ
သွားကျဲ နုတ်ခမ်းတို ။

အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

       🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၅။    ။သုရာ မရယေ မဇျဇေပျပမာဒဋျဌာနာ
          ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ ။

ပေါင်းသင်းလူစုံ ကြုံတွေ့များတော့
စိတ်ဓာတ်လှုပ်ရှား ဖေါက်ပြန်လာ။

သောက်စားချင်လျင် သတိထားပေါ့
ကျိုးပြစ်နှစ်ပါး စဉ်းစားပါ ။

အပြစ်ရှိတာ  ကိုယ်တိုင်သိတော့
မပြုမိဖို့ ချုပ်တီးပါ ။

ရှေ့နောက်နှစ်ပါး မစဉ်းစား
ခု ကား ရပ်လိုက်ပါ ။

အဲဒါမှ ကိုယ်၌တည်ကြ သီလသာသနာ။

*ယစ်မူးတတ်စွာ သေရည်များကို
မူးယစ်သောက်စား ဘိန်းရှူမျို။

ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့
မကောင်းစင်စစ် အကုသိုလ်။

လွန်ကျူးမိလျင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို။

လွတ်လာစေဦး လူမေ့မူး
အရူးဆက်တိုင်း ကိုယ်။

အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို။

      🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
        (စာကိုး- ဗုဒ္ဓဘာသာစွဲသုံး စာပုလဲကုံး)
              ဓမ္မအလင်းရောင် ~ ပခုက္ကူမြို့

No comments:

Post a Comment