လက်ရှိဘ၀အနေထားမှာ
ကံကြောင့်ဘ၀မတူကြပေမယ့်လည်း
နှလုံးလေးရပ်သွားရင်တော့
အားလုံးဟာ သုသာန်သင်္ချိုင်းကို
သွားရာတွေ တူသွားကြပါတယ် ။
သူရောကိုယ်ပါမြေစာဖြစ်သွားသလို
တမလွန်ကိုလည်းသွားကြရပါတယ် ။
ကုသိုလျကံ
အရှိန်ကြီးမားတဲ့သူတွေကတော့
ဘဝကောင်းကိုရကြသလို
သေခါနီးမှာတရားလေးနဲ့မှတ်ပြီး
ဘ၀ကူကြတဲ့သူတွေဟာလည်း
ချမ်းသာတဲ့ဘ၀ကို ရကြပါတယ် ။
သေခါနီးမှာ စွဲတဲ့စိတ်လေးဟာ
အင်မတန် အရေးကြီးပါတယ် ။
အဲ့စိတ်လေးဟာ
တမလွန်အတွက် ဘဝဖြစ်ပါတယ်။
စိတ်က
ဥစ္စာပစ္စည်းဇနီမယားကိုစွဲမိရင်
ပြိတ္တာဘ၀ကိုရောက်ဖို့သေချာပါတယ် ။
စိတ်က
ဒေါသတွေနဲ့သေသွားမယ်ဆိုရင်
ငရဲဘ၀ကိုရောက်မှာသေချာပါတယ် ။
စိတ်က
မောဟတွေနဲ့သေမယ်ဆိုရင်တော့
တိရစ္ဆာန်ဘဝရောက်မှာသေချာပါတယ် ။
သေခါနီးမှာ ကိုယ်စိတ်လေး
ငြိမ်ချမ်းနေမှ ဘဝကောင်းကိုရဖို့ဟာ
လွယ်ကူနိုင်ပါတယ် ။
ဒါကြောင့်
စိတ်ထားတတ်ဖို့ ခုကတည်းကနေ
လေ့ကျင့်ထားကြဖို့လိုပါတယ် ။
သာရ ဂ ဝေ သီ
No comments:
Post a Comment