စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 18, 2021

ကျင့်သူနီး၍ မကျင့်သူဝေး၏

ကျင့်သူ နီး၍၊
မကျင့်သူ ဝေး၏။

ရဟန်းတို့... 
ငါဘုရား၏ သင်္ကန်းစွန်းကိုကိုင်၍ 
ငါဘုရား၏ခြေရာ၌ ခြေကိုချနင်းလျက် 
နောက်မှ လိုက်ပင်လိုက်သော်လည်း 
ထို ရဟန်းသည် 
ငါဘုရားနှင့် ဝေးသည်သာတည်း။ 
ငါဘုရားသည်လည်း 
ထိုရဟန်းနှင့် ဝေးသွားသည်သာတည်း။ 
အကြောင်းမူ ထိုရဟန်းသည် တရားကိုမမြင်၊ 
တရားကို မမြင်သည်ရှိသော် 
ငါဘုရားကို မမြင်သောကြောင့်တည်း။

ယူဇနာတစ်ရာဝေးသော အရပ်၌ပင် နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း။ 
ငါဘုရားသည်လည်း ထိုရဟန်းနှင့်နီးသည်သာတည်း။ 
အကြောင်းမူ ထိုရဟန်းသည် တရားကိုမြင်၏။ 
တရားကို မြင်သည်ရှိသော် 
ငါဘုရားကို မြင်သောကြောင့်ပင်တည်း။

ထိုအတူ ဆရာသမားနောက် တကောက်ကောက် 
လိုက်လင့်သော်လည်း တရားကိုမကျင့် 
ထိုဆရာနှင့် အဝေးကြီးသာ ၊ 
ကျင့်သောသူသာ 
နီးနိုင်၏။

(ဣတိဝုတ်၊ တိကနိပါတ်၊ ပဉ္စ၀ဂ်၊ 
သင်္ဃာဋိကဏ္ဏသုတ်)

No comments:

Post a Comment