စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, August 30, 2021

အကောင်းမြင်နှင့်အဆိုးမြင်

❝ အကောင်းမြင်ဝါဒနှင့် ကောင်းကျိုးအနန္တ ❞
 📼📼📼📼📼📼📼📼📼📼📼📼

✧ လူအမျိုးမျိုး အမြင်အမျိုးမျိုးရှိကြသည် -

အနှစ်ချုပ်လျှင်တော့ အကောင်းမြင်နှင့် အဆိုးမြင် 
၂ - မျိုးသာဖြစ်သည်။ 
အကောင်းမြင်တတ်သူတို့အတွက် ကောင်းကျိုးဟာ အနန္တဖြစ်လို၊ အဆိုးမြင်တတ်သူတို့အတွက် ဆိုကျိုးဟာလည်း အနန္တပင်။

✧ မောဃပုရိသ - အလကားကောင် ဟူသော စကားသည် 
မြတ်စွာဘုရားက သာသနာတော်နှင့် မလျော်သော
အလုပ်ကို လုပ်သူတို့အား ပြစ်ပြစ် ခါခါ နစ်နစ်နာနာ 
ပြောသောစကားဖြစ်သည်။

 ❝ ဒေဝဒတ်အမြင်နှင့် ဥပသေနအမြင် ❞
 📼📼📼📼📼📼📼📼📼📼📼
✧ ဒေဝဒတ်သည် လူပုံအလည် သူ့ကို 
မောဃပုရိသ ခေါ်သောမြတ်စွာဘုရားအား 
အဆိုးမြင်ကာ သတ်ဖို့ကြိုးစားရင်း မြေကြီးခွင်း၍
အဝီစိငရဲ ဆင်းသွား ရသည်။

✧ အရှင်ဥပသေနသည် -
ငါမဟုတ်လို့ ငါ့ကို ပရိတ်သတ်အလည်မှာ 
မောဃ ပုရိသ ဟု ကဲ့ရဲ့ရှုံချသည်၊ ငါကောင်းအောင်
ကျိုးစားပြီး ပရိတ်သတ်အလည်မှာ ချီးမွန်းခံရအောင်
ကြိုးစားမည် ဟုဆုံးဖြတ်ကာ အကောင်းဆုံး
ဖြစ်အောင်ကြိုးစားသည်။ ရဟန္တာဖြစ်သည်၊ 
ပရိတ်သတ်နှင့်တကွ ကြည်ညိုဖွယ်ရာ ဆောင်သော
နေရာမှာ ဧတဒဂ်ရသည်။

✧ ဆေးခါးကြီးသည် သောက်လျှင်ခါးသော်လည်း 
သောက်သူအတွက် ကောင်းကျိုးရသည်။ မိဘ ဆရာသမားများ၏ ဆိုဆုံးမ သြဝါဒစကားသည်လည်း
ဆေးခါးကြီး ပမာပင်ဖြစ်သည်။ 

 ❝ မိဘနှစ်ပါးအမြင်နှင့် မာဂန္ဒီရဲ့အမြင် ❞
 📼📼📼📼📼📼📼📼📼📼📼
✧ မာဂန္ဒီမိသားစုက 
လူမက နတ်မကျ အလွန်လှသည့် 
သူတို့သမီးလေးအား ဘုရားရှင်ကိုလှူရာတွင် ဘုရားက
"နတ်သမီးတွေ ဖျားယောင်းတာတောင် ငါမတုန်လှုပ်ဘူး၊ 
ချီးတွေနှင့်ပြည့်နေသည့် သင်တို့သမီး ငါဘာလုပ်
ရမှာလဲ " ဟု မိန့်သည်။ 

✧ မိဘ ၂ ပါးက လူတို့ရဲ့ခန္ဓာကား 
မစင်များနှင့် ပြည့်နေသည့်စကားကို အကောင်းမြင်
တရားသဘောရှုမြင်ကာ တရားထူးရကြသည်။
သမီးဖြစ်သူမှာတော့ သူ့ကို မစင်နှင့်ပြည့်သူ ဟု ပြောရမည်လား ဟု အဆိုးမြင်ပြီး ဘုရားအပေါ် 
ရန်ညှိုးထားကာ မကောင်းတာလုပ်၍ ဆိုးကျိုး အနန္တ
ရသွားဘူးသည်။

         ► သဗ္ဗေ ဘဒြာနိ ပဿန္တု
    အကောင်းမြင်ဝါဒ ထွန်းကားပါစေ။

🙏သီတဂူ ဒေါက်တာ  အရှင်ဣန္ဒာစရိယ

Credit - original uploader

No comments:

Post a Comment