စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 17, 2022

❝ ကိုယ်သာ နာစေ၊ စိတ်မနာပါစေနဲ့ ❞

❝ ကိုယ်သာ နာစေ၊ စိတ်မနာပါစေနဲ့ ❞
========================

ခန္ဓာကိုယ်ကြီးဟာ
ဖောက်ပြန်နေတယ်ဆိုတာ အမှန်၊
နာကျင် ကိုက်ခဲနေတဲ့ 
ခန္ဓာကိုယ်ရှိနေတာ အမှန်၊ 
ဒါ ခန္ဓာရဲ့အဖြစ်မှန်၊ 
ငါ နေကောင်း ကျန်းမာတယ်ဆိုတာ 
ရှိရဲ့လား ? မရှိဘူးနော်။

အမြဲ ဖောက်ပြန်နေတဲ့ ခန္ဓာ၊ နာနေတဲ့ ခန္ဓာ၊ 
တရားကျင့်တယ် ဆိုတာကလည်း 
ကျင့်နေတုန်း နာနေတာလား ? 
မကျင့်ခင်ကတည်းက နာနေတာလား? 

ခန္ဓာကိုယ်ကြီးဟာ 
ဘာနဲ့ ဥပမာ တူလည်းဆိုတာ...
ကြက်ဥလိုပဲ၊ အပေါ်ယံ အခွံလေးဖုံးထားတာ၊ 
ခန္ဓာကိုယ်မှာလည်း 
အပေါ်ယံ အရေပြားတွေနဲ့ ဖုံးထားတာ၊ 
ကြက်ဥရဲ့ အခွံက ပါးတော့ 
ပြိုကွဲ ပျက်စီးလွယ်တယ်။ 

ဒါပေမယ့် ကြက်ဥရဲ့ အခွံက 
ထူသေးတယ်နော်။
ခန္ဓာကိုယ်ရဲ့ အရေပါးက ပါးပါးလေးနော်။ 
ကြက်ဥလောက် မမာတဲ့ ခန္ဓာကိုယ်ကြီး။ 

ဆောင်ပုဒ်လေး ဆိုကြည့်ရအောင် 

"ကိုယ်သာနာစေ၊ စိတ်မှာလေ၊ 
မနာစေအောင်၊ ကျင့်ရမည်။" 

နာကျင်တဲ့စိတ်ရှိသော်လည်း စိတ်မှာ မနာဖို့၊ 
နေစဉ် ဣရိယာပုသ်တွေ
ပြောင်းပေးနေရတာဟာ 
ခန္ဓာကိုယ်ကြီး မနာကျင်စေဖို့ပါ။ 

သွားတဲ့အခါ သွား၊ 
ထိုင်တဲ့အခါ ထိုင်၊ 
ရပ်တဲ့အခါ ရပ်၊ 
လျောင်းတဲ့အခါ လျောင်း၊
ခန္ဓာကိုယ်ကြီး ချမ်းသာဖို့၊ 
ဒါပေမယ့် ဘယ်လောက်ပဲ ပြုပြင်ပေး 
နာကျင်တဲ့ခန္ဓာ၊ 
သက်သာအောင်လို့ ပြုပြင်၊
ကုစားပေးနေရတဲ့ ခန္ဓာ၊ 
ဘယ်လောက်ပဲ ပြုပြင်
ကုစားပေး ရရဲ့လား ? မရဘူးနော်။

အနာရောဂါများတဲ့ ခန္ဓာ။

ခန္ဓာနဲ့ ပတ်သက်ပြီး အနာရောဂါ(၃)မျိုးရှိတယ်။

(၁)အိုတဲ့အနာ။
(၂)နာတဲ့အနာ။
(၃)သေ တဲ့ အနာ။

အိုတဲ့အနာဆိုတာ မွေးကတည်းက 
အိုတဲ့ဘက်ကိုပဲ သွားနေတာ။

နာတဲ့အနာဆိုတာက 
အနာရောဂါဆိုတဲ့ အနာပေါ့။
အနာရောဂါနဲ့ ဝေဒနာမတူဘူးလို့ မှတ်ရမယ်။ အနာရောဂါဆိုတာ...
ကိုယ်မှာ ဖြစ်တဲ့ သဘောတရား၊ 
ပူတယ်၊အေးတယ်၊ကိုက်တယ်၊ခဲတယ်၊အဲဒါ ဘယ်မှာဖြစ် ကိုယ်မှာဖြစ်တာ...

ဝေဒနာဆိုတာက စိတ်မှာဖြစ်တာ...
ဝေဒနာဆိုတာကို အများအားဖြင့် 
ကိုယ်မှာ ဖြစ်နေတာလို့ 
တရားအားထုတ်ကြတဲ့ ယောဂီတွေ
ပြောပြောနေကြတာ၊ မဟုတ်ဘူးနော်။

ကိုယ်မှာဖြစ်တာ ဘာလဲ ? ရောဂါနော်။ဝေဒနာက ဘယ်မှာဖြစ်လဲ ? စိတ်မှာနော်။

ဝေဒနာဆိုတာက ခံစားတဲ့ သဘောတရား၊
ရောဂါတွေ ပြင်းထန်တာတွေကို 
ဝေဒနာ ပြင်းထန်တယ်လို့ ပြောကြတယ်။

ရောဂါက ဘယ်မှာဖြစ်လဲ ? 
ကိုယ်ပေါ်မှာ ဖြစ်တာ...
ခန္ဓာကိုယ်ကြီး ရှိနေသ၍
ရောဂါဆိုတာ ရှိနေတာ
စိတ်ရှိနေသ၍ ဝေဒနာမကုန်ဘူး။

ရောဂါတွေနဲ့ ဖွဲစည်းထားတဲ့ ခန္ဓာကိုယ်၊ 
ခန္ဓာကိုယ်ကြီးကို သတိမထားတော့ 
ငါ နေကောင်းတယ်၊
ငါ ကျန်းမာတယ်လို့ ပြောကြတယ်။

နာကျင်မှုတွေဖြစ်လို့ သတိထားမိတဲ့အခါမှ 
ခန္ဓာကိုယ်ကြီးက ကောင်းတာ ဘာရှိလဲ ? 
အမြဲ ကျန်းမာနေတာ မဟုတ်ဘူး။
မကျန်းမာတဲ့ ခန္ဓာ၊ နေလို့ ကောင်းနေတော့ 
ကျန်းမာနေတယ်လို့ အောက်မေ့နေကြတာ...

တကယ်တမ်းကျတော့ 
မကောင်းတဲ့ ခန္ဓာကြီး၊ 
သေတဲ့အထိ နှိပ်စက်နေမယ့် ခန္ဓာ။

ဒါကြောင့် အဲဒီ အနာသုံးမျိုး 
တစ်မျိုး မဟုတ် တစ်မျိုး နှိပ်စက်နေမှာ၊ 
ကိုယ်က ဘယ်လိုပဲ ပြုပြင် အနာမကင်းပါ။

အမြဲ နာကျင်မှုတွေနဲ့ပဲ နှိပ်စက်ခံနေရတဲ့ ခန္ဓာ၊ 
ခန္ဓာရထားတဲ့သူတွေ 
ဘယ်သူမှ အနာရောဂါ မကင်းဘူး။

ရောဂါထဲမှာ အဆိုးဆုံးရောဂါက 
ဆာလောင်မှု ဆိုတဲ့ ရောဂါ၊ 
အဲဒါလည်း ရောဂါ ဖြစ်တာပဲ။ 

ဒါကြောင့် ဒီခန္ဓာကိုယ်ကြီး ရောဂါနဲ့ 
ကင်းတဲ့သူရယ်လို့ မရှိဘူးလို့...
ဒါကြောင့် ကိုယ်ခန္ဓာသာ နာကျင်ပါစေ...
စိတ်ကို မနာကြင်စေဖို့ ဟောကြားရင်း
တရားနိဂုံးချုပ်ပါမည်။

သာဓု သာဓု သာဓုပါ ဘုရား။ 

(ဆရာတော် ဒေါက်တာအရှင်ပညိသာရ)
ကိုယ်သာနာစေ၊
စိတ်မနာပါစေနဲ့တရားတော်မှ..

Credit to original writer. 

No comments:

Post a Comment