🌺︵_҈ 🌸🌿︵_҈ 🌺
သာဓုခေါ်တယ်ဆိုတာ အမျိုးအစားအားဖြင့် သုံးမျိုးရှိတယ်။
အဲဒါတွေကတော့-
၁။ သာဓု နောက်လိုက်
၂။ သာဓု ဘိန်းစား
၃။ သာဓု အဝစား-တို့ပဲ ဖြစ်တယ်-ဟု မိန့်တော်မူကာ
သာဓု သုံးမျိုးကို ဆက်လက် ရှင်းပြတော်မူသည်။
၁။ “သာဓု နောက်လိုက်”
•••••••••••••••••••
တချို့က သာဓုခေါ်တယ်ဆိုတာ ဘာမှ အားစိုက်ရတာမဟုတ်ဘဲနဲ့ ယုံယုံကြည်ကြည် လေးလေးစားစားကို မခေါ်ချင်ကြဘူး။
သာဓုခေါ်ခြင်းရဲ့အကျိုးကိုလဲ သိပုံ မပေါ်ဘူး။
စိတ်မပါ့ တပါနဲ့ သူများတွေက ခေါ်တဲ့နောက် လိုက်ပြီး
သာဓုခေါ်လိုက်တာပဲ၊ ဘာရယ် ညာရယ် မဟုတ်ဘူး။
သူများတွေ ယောင်လို့ လိုက်ယောင်သလို ဖြစ်နေတယ်။
အဲဒီလို ရောယောင်ပြီး ခေါ်တဲ့ သာဓုမျိုးဟာ သာဓု-နောက်လိုက်လို့ ခေါ်တယ်။ အကျိုးကျေးဇူး မများလှဘူး၊ သာဓု-နောက်လိုက် မဖြစ်အောင်လဲ
ကြိုးစားပြီး သာဓုခေါ်ကြပါ။
၂။ “သာဓု ဘိန်းစား”
•••••••••••••••••
တချို့ကျပြန်တော့လဲ ပါးစပ်ကလေးလှုပ်ရုံမျှသာ သာဓုခေါ်ကြတယ်။
တက်တက်ကြွကြွကို မရှိဘူး၊ ဝတ်ကျေ တန်းကျေလောက်ပဲ
သဘောထားနေပုံရတယ်၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကို
အထင်သေးနေကြသလား မသိဘူး၊ အထင်မသေးရဘူး။
တကမ္ဘာတိုင်တိုင်တောင် အပါယ်ကလွတ်နိုင်တဲ့ အကျိုးကို ခံစားရတယ်။
စိတ်မပါဘဲ အဲဒီလို ပါးစပ်ကလေး လှုပ်ရုံသာ သာဓု ခေါ်ခြင်းမျိုးဟာ
အဲဒါ “သာဓုဘိန်းစား”-လို့ ခေါ်တယ်၊ အဲဒါလဲ အကျိုး မများလှပြန်ဘူး။
၃။ “သာဓု အဝစား”
••••••••••••••••••••••••
နောက်တမျိုးက သာဓုအဝစားပဲ၊ သာဓုခေါ်ခြင်းရဲ့
အကျိုးကို ပြည့်ပြည်၀၀ ခံစားလိုကြရင် စိတ်ပါလက်ပါ ၊ အားပါးတရ သာဓုခေါ်ကြဖို့ လိုတယ်။
အဲဒီလို အားရ ပါးရ ခေါ်တဲ့ သာဓုမျိုးကျတော့
အကျိုးပြည့်ပြည့်၀၀ ရရှိခံစားရမှာမို့ အဲဒါ “သာဓု အဝစား” လို့ခေါ်တယ်၊
သာဓုသုံးမျိုးဟာ ခေါ်တဲ့ပုဂ္ဂိုလ်တွေမှာ ပယောဂ
တူကြပေမယ်လို့ စေတနာကွာခြားမှုအရ အကျိုးပေးတဲ့အခါမှာလည်း
ကွာခြားတယ်ဆိုတာ နားလည်သဘောပေါက်ထားကြဖို့ လိုပါတယ်။
ရေစက်ချ အမျှဝေတိုင်း သာဓုခေါ်တဲ့အခါ သာဓုအဝစားနဲ့
အမျှဝေ သာဓုခေါ်ကြဖို့ လိုတယ်။သာဓုခေါ်တဲ့အခါမှာ
စိတ်ပါလက်ပါ အားပါးတရ ခေါ်ကြဖို့ ပြောလိုတယ်၊
အကျိုးပြည့်ပြည့်၀၀ ရချင်ကြရင် သာဓုအဝစားနဲ့ သာဓုခေါ်ကြပါလို့
မှာလိုတယ်-ဟူ၍ သတိပေး ဟောကြားတော်မူခဲ့ပါသည်။
-【မဲဘောင်ဆရာတော်】
မူရင်းရေးသားသူ၏ ဓမ္မဒါနကုသိုလ်အား သာဓု သာဓု သာဓု ခေါ်ပါ၏။
#AshinKesarinda မှ ထပ်ဆင့်ဓမ္မ ဒါနကုသိုလ်ပြုပါသည်။
✥ ⇣⇣*•┈❀★❀┈•*⇣⇣ ٍ✥
ဗဟုသုတ စာပေများကို အောက်ပါ အပြာရောင် link ကို နှိပ်ပြီး နေ့စဥ် ဖတ်ရှု့နိူင်ပါသည် ။ ➷➷➷
No comments:
Post a Comment