**************
ကောင်းကျိုးချမ်းသာ ၇ မျိုးရှိတယ်..။
၁. လူတို့ရဲ့ ကာမဂုဏ်ချမ်းသာ
၂. နတ်တို့ရဲ့ ကာမဂုဏ်ချမ်းသာ
၃. ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ
၄. ဝိပဿနာ ချမ်းသာ
၅. မဂ်ချမ်းသာ
၆. ဖိုလ်ချမ်းသာ
၇. နိဗ္ဗာန် ချမ်းသာ...။
ဒီ ၇ မျိုးထဲက မိမိလိုချင်တာ ဘာချမ်းသာလဲ ပြန်ကြည့်..။
အများအားဖြင့် လူတွေလိုချင်လို့ လိုက်ရှာနေကြတာကတော့ တခြားမဟုတ်ပါဘူး..။
လူ့ ကာမဂုဏ်ချမ်းသာပါ။ အဲ့ဒီ လူ့ကာမဂုဏ်ချမ်းသာ ဆိုတာဟာ ချမ်းသာ ၇ မျိုးထဲမှာ အောက်ဆုံးပါ..။
လူ့ချမ်းသာမှာ အချမ်းသာဆုံးက စကြာဝတေးမင်းရဲ့ ချမ်းသာပါ။ ဒီ စကြာဝတေးမင်းရဲ့ ချမ်းသာတောင်မှ နတ်ချမ်းသာကို ထောက်ရင် အထီးကျန်မွဲ လူဆင်းရဲနဲ့ တူပါသတဲ့။
လူ့စည်းစိမ်ချမ်းသာထက် အဆပေါင်း သိန်းသန်းမက သာတဲ့ နတ်စည်းစိမ်ချမ်းသာ ဟာလည်း ဗြဟ္မာ စည်းစိမ်ချမ်းသာနဲ့ စာရင် ပြိတ္တာလိုပဲ ဆင်းရဲလှပါသတဲ့။
တကယ်တော့ လူ့ချမ်းသာဆိုတာ သူတောင်းစား ချမ်းသာပါတဲ့။
သူတောင်းစားတွေဟာ သူများပေးမှ ချမ်းသာရသလို လူတွေဟာလည်း အဆင်း ၊ အသံ ၊ အရသာ စတဲ့ အာရုံတွေပေးပါမှ ချမ်းသာရလို့ သူတောင်းစားချမ်းသာလို့ ဆိုရပါတယ်။
ဝိပဿနာချမ်းသာကြတော့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာတွေထက် များစွာသာပါတယ်။ ကြည့်ပါ။
ဗြဟ္မာတို့ရဲ့ ဈာန်ချမ်းသာ ဆိုတာတောင်မှ ဘယ်လိုပဲ ထိပ်တန်းကျတယ်ဆိုပေမယ့်လည်း အဲ့ဒီချမ်းသာတွေ ခံစားတဲ့အခါမှာ အပါယ်မျိုးစေ့ဖြစ်တဲ့ သက္ကာယဒိဋ္ဌိ ပါနေတဲ့အတွက် တကယ့်ချမ်းသာအစစ် မဟုတ်ပါဘူး..။ ဆင်းရဲတုံး၊ ဆင်းရဲခဲကြီးမျှသာ ဖြစ်ပါတယ်။
ဒါကြောင့် လူ နတ် ဗြဟ္မာချမ်းသာကို ရဲရဲတောက်နေတဲ့ သံခဲတွေလို စက်ဆုပ်ကြောက်ရွံ့ပြီး ဘုံသုံးပါးမှ လွတ်မြောက်မှု ချမ်းသာအစစ် ရရန်အတွက် ဝိပဿနာကိုသာ ကြိုးစားရှာဖွေ သင့်ပါတယ်။...။
🌲အရှင်အာစာရ 🌲
ကံယုံ
No comments:
Post a Comment