မအိပ်ခင် စစ်ဆေးကြ
🌷☘🌷🌿🌿🌿🌷☘🌷
ညအိပ်ယာဝင်ပြီဆိုရင်
အရင်ဆုံး ဒါန၊ သီလ၊
သမာဓိ၊ ဝိပဿနာ ကုသိုလ်
လေးမျိုးစုံ မစုံ
ကိုယ့်ဟာကို
ပြန်စစ်ဆေးကြည့်။
ကုသိုလ်လေးမျိုး
စုံသွားပြီဆိုရင်...
အိပ်ချင်လည်းအိပ်တော့...
အဲဒီလိုဆိုရင်
တစ်နေ့တာအတွက်
နေ့တွက်ကိုက်သွားပြီ။
ကုသိုလ်လေးမျိုး
မစုံသေးဘူး
လိုနေသေးတယ်ဆိုရင်
မအိပ်နဲ့ဦး။
ချက်ချင်း
ဘုရားကျောင်းဆောင်
ရှေ့ကိုသွား၊ဘုရားကို
သောက်တော်ရေကပ်၊
မျက်နှာသစ်တော်ရေကပ်၊
ဆီမီးကပ်၊ ရေသပ္ပာယ်၊
အချိန်မရွေး
လုပ်လို့ရတယ်...
အဲဒီလိုဆိုရင်
ဒါနဖြစ်သွားမယ်..."
** ဒါန
**သရဏဂုံ ယူ သီလဆောက်တည်...
**ဘုရားဂုဏ်တော်ပွားများ...
**ထွက်လေ၊ ဝင်လေ ရှု့မှတ်၊
ခန္ဓာအရှိကို ဥာဏ်နဲ့
သေသေချာချာ
ကြည့်ရှု့သုံးသပ်..." ဝိပဿနာ "
★ ညအိပ်ယာဝင်ခါနီးမှာ
ကုသိုလ်(၄)မျိုး
တစ်ခါတည်း
စုံသွားတယ်နော်...
ညအိပ်ယာဝင်တာဟာ
အသေလေး
သေတော့တာတဲ့။
မနက်အိပ်ယာက
ထလာတာ
ဘဝသစ်ကလေး
ပြန်စတာတဲ့...
အသေလေး သေခါနီး
ကုသိုလ်လေးမျိုး မစုံရင်
ချက်ချင်း ပြန်ဖြည့်လို့ ရတယ်။
အသေကြီး၊ သေခါနီး
ရောက်ရင်တော့
ကုသိုလ်လေးမျိုး မစုံရင်
ပြန်ဖြည့်လို့ မရတော့ဘူး။
ဒါကြောင့် တနေကုန်လို့ ညအိပ်ရာဝင်ချိန်ရောက်ရင် မိမိပြုခဲ့သည့် ကုသိုလ်များကို ပြန်စစ်၍ ကုသိုလ်လေးမျိုးလုံးစုံမှ အသေလေးနဲ့ အိပ်စက်ကြဖို့ ယောဆရာတော်ဘုရားကြီးမှ ဟောကြားဆုံးမတော်မူထားပါသည်။
* တိပိဋကဓရ ယောဆရာတော်ဘုရားကြီး
🙏🙏🙏
No comments:
Post a Comment