စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, December 24, 2021

ရှင်သာရိပုတ္တရာ၏ ကြည်ညိုဖွယ်ရာစိတ်ဓာတ်

လက်ယာတော်ရံ အရှင်သာရိပုတ္တရာရဲ့ 
ကြည်ညို အတုယူဖွယ် စိတ်ဓာတ်ကောင်း
  🙏🙏🙏🙏🙏🙏🙏🙏🙏🙏

လောကမှာ အပြစ်တွေ့လို့ သတိပေး
ပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်။အချက်က အင်မတန်ခက်တယ်။ 

ခက်တာက လူတွေမှာ  မာနရှိတယ်။ 
မာန ရှိတဲ့အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ 
ပုဂ္ဂိုလ်က ပြောရင် လက်မခံကြဘူး။ 
ကိုယ့်အောက်ငယ်တဲ့ သူက ပြောရင်
ဘေးဖယ်ထားကြတယ်။ 

တချို့က သူများကိုတော့ 
ကိုယ်က ဆုံးမတတ်တယ်။
ကိုယ့်ကို ဆုံးမရင်တော့
“ ငါပြောသလိုလုပ် လျှာမရှည်နဲ့တဲ့၊ ” 
ကိုယ့်ကို လာပြောရင် မကြိုက်တဲ့ 
သူက ပိုများကြပါတယ်။ အဲဒါမျိုး မဖြစ်စေရပါ။

ဒီနေရာမှာ …… 
အရှင်သာရိပုတ္တရာရဲ့ စိတ်ဓာတ်ဟာ 
အင်မတန်မှ အတုခိုးစရာ ကောင်းပါတယ်။ 
ပညာရှိ ပီသပါတယ်။ 

အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ 
တခါတုန်းက သင်္ကန်းရုံထားတာလေးက 
မညီမညာ တွဲလောင်းလေး ကျနေတော့ 
ကိုရင်လေး တစ်ပါးက လျှောက်တယ်တဲ့။
“ အရှင်ဘုရား၊ ဟောဒီမှာ သင်္ကန်းလေး
တွဲလောင်းလေး ကျနေတယ် ” ။ 

အရှင်သာရိပုတ္တရာ မထေရ်မြတ်က 
ကိုရင်လေး ပြောတဲ့အတိုင်း ဟုတ်နေတော့ 
သင်္ကန်းလေးကို သူပြင်ရုံပြီး လက်အုပ်လေးချီကာ
 “ ညီသွားပြီလား ” ဟု ပြန်မေးသတဲ့။ 
ကိုရင်လေးကလည်း ညီသွားပြီ ပြန်ဖြေတော့ 
“ ကျေးဇူးတင်တယ် ကိုရင်၊ ” လို့ 
ကိုရင်ပေါက်စလေးက သတိပေးတာကို 
လက်ခံတယ်။

လက်ခံပြီးတော့ သံဃပရိတ်သတ် ကြားထဲမှာ 
ပြောတာက “ ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး
အသက်အရွယ်ကလည်း (၇) နှစ်ပဲ ရှိသေးတယ်။ 
အဲဒီ (၇) နှစ်အရွယ် ကိုရင်လေးက သူ့ကို 
ဆုံးမ သြ၀ါဒ ပေးမယ် ဆိုရင်တောင် 
ဦးထိပ်ပန်ဆင်ပါ့မယ် ”လို့ ပြောပါတယ်။ 
အဲဒီတော့ မိတ်ကောင်း ဆွေကောင်းကို 
အင်မတန် တန်ဖိုးထားတယ် ဆိုတဲ့ 
အဓိပ္ပာယ် ပေါ်လွင်ပါတယ်။ 

သူများက ဆုံးမရင်လည်း လက်ခံနိုင်ရပါမယ်။ 
လက်ခံနိုင်တာက မိတ်ကောင်း ဆွေကောင်း
အင်္ဂါရပ်ပါ။

ဒါကြောင့် တရားချစ်ခင် တရားကျင့်ကြံ
အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေအပေါင်းကလည်းမိတ်ကောင်း ဆွေကောင်း အင်္ဂါရပ် မွေးမြူ ပြီး ဘဝမြင့်မြတ်သထက် မြင့်မြတ်ပြီး 
မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

ပါချုပ်ဆရာတော်ဘုရားကြီး
 ဒေါက်တာ နန္ဒမာလာဘိဝံသ 
  🙏🙏🙏🙏🙏🙏🙏

Credit.....

တရားသုံးပါး လူ့စွမ်းအား

"တရားသုံးပါး  လူ့ စွမ်းအား"
~~~~~~~~~~~~~~~~

လောလောဆယ် 
ရွှေ ရှိတယ် ပြော ပြော ပြောချင်ရာ ပြော
ကိုယ်ပိုင်တရား မရှိသေးရင်
အဓိပ္ပါယ် မရှိပါဘူး... ။   

လောလောဆယ် ဆွေမျိုးတွေ
ဘယ်လောက် ပေါတယ်
ပြောချင်ရာ ပြော
ကိုယ်ပိုင်တရား မရှိသေးရင်
အဓိပ္ပါယ် ကင်းမဲ့သော
လူ့ ဘဝ သာ ဖြစ်သွားမယ်... ။

လောလောဆယ် 
ဘယ်လိုရာထူးတွေ ရှိတယ်ပြောပြော
ကိုယ်ပိုင်တရား မရှိသေးရင်
အဓိပ္ပါယ် ရှိမှာ မဟုတ်ပါဘူး... ။

ဒါကြောင့်...
အဓိပ္ပါယ် ရှိတဲ့  လူ့ ဘဝ ဆိုရင်
ကိုယ်ပိုင် တရားတွေ
ရအောင် ယူဖို့ လိုတယ်... ။
   
အဲဒီလို ဆိုရင်...

(၁) ပစ္စုပ္ပန်မှာ စိတ်ချမ်းသာအောင်
       တရားဆောင်အမှောင်ကင်းရမည် ။

အမှောင်ကင်း ဆိုတာ
`ပညာပဇ္ဇောတ´ ကို ပြောတာ၊
ပစ္စုပ္ပန်မှာ စိတ် ချမ်းသာအောင်
နေတတ်တယ်... ။
   
တွေ့သမျှ အာရုံနဲ့
အဆင်ပြေအောင် နေတတ်ဖို့ဆိုရင်
ပညာ အလင်းရောင်တရားစွမ်းအား တွေ
လိမ္မာ ပါးနပ်စွာ ယူတတ်ဖို့လိုတယ် ၊
ပစ္စုပ္ပန်ကို တန်ဘိုးထားတတ်ဖို့လိုတယ်... ။

(၂) ကိုယ်အား ဉာဏ်အား ပစ္စည်းအား
       အများ လှအောင် ဆင်ရမည်။ 

မိမိရဲ့ ကိုယ်အား ဉာဏ်အား 
ပစ္စည်းအား တွေဖြင့်
မိမိ   သူတစ်ပါး   လောက  သာသနာ
အလှတန်ဆာ ဆင်ပေးနိုင်ရမယ်...။

(၃) ဘဝ ကူးရေး     အပူ ဝေး
      စိတ် အေး နိုင်ရမည် ။

ဘဝ တစ်ခု နဲ့ တစ်ခု
ကူးပြန်တော့လည်း
လက်ရှိ ကျန်ခဲ့တဲ့ အပေါ်မှာ
တွယ်တာစွဲလန်း အမျှင်တန်းခြင်းမရှိ ၊
အမျှင် တန်းလန်း ဖြစ်နေလည်း
သတိ က   ထိန်း သွားတတ်တာ...။
   
ကျန်ခဲ့တဲ့ သက်မဲ့သက်ရှိ တွေအပေါ် 
အမျှင် မပြတ်ဘူး ဆိုရင်
အဲဒီမှာ သွားပြီး 
ဘဝ တိမ်း သွားတတ်ပါတယ်...။

ဒါကြောင့်   အဲဒီ ဘဝကူး မှာ  ...
အပူ ဝေးအောင် 
အပူ ငြိမ်းအောင် 
စိတ် အေးရအောင်   ဆိုရင်
ကိုယ်ပိုင် လိုတယ်၊
ကိုယ်ပိုင်တရား ရှိနေမယ် ဆိုရင်
စိတ် အေးရပြီးသား ပါ...။

နောက် ဘဝ သံသရာ အတွက်
နောက် ရလာလတ္တံ
ဘဝအတွက်လည်း
စိတ် အေးရပြီးသား ပါ၊
နောက်ဆုံး   
ဘဝ လွတ်မြောက်ရေး အထိ
တိကျတဲ့ စွမ်းအား ကို ယူနိုင်ပါတယ်...။

တရား သုံးပါး   လူ့ စွမ်းအား
ခန့်ညား ထည်ဝါသည် ။

အဲဒီ (၃) ပါး  ရှိမှ 
လူဟာစွမ်းအားနဲ့ ပြည့်စုံတယ် 
ခန့်ညား တယ် 
ထည်ဝါ တယ်...။

(တိပိဋကယောဆရာတော်ဘုရားကြီး)

Credit...

စိတ်ထားလေးပဲ ပြင်လိုက်ပါ

🌹🌹 စိတ်ထားလေးပဲ ပြင်လိုက်ပါ 🌹🌹

ကုသိုလ် , အကုသိုလ် ဆိုတာ 
ဖြစ်ဖို့ သိပ်လွယ်ပါတယ် …

ကိုယ့်ရဲ့စိတ်ထားလေးပဲ 
ပြင်ဖို့ လိုပါတယ် …

- ဘယ်နေရာမှာပဲ ဖြစ်ဖြစ်
- ဘယ်အချိန်ပဲ ဖြစ်ဖြစ်
- ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် 

ကိုယ့် စိတ်ထားလေးသာ 
နှလုံးသွင်း မှန်မယ် ဆိုရင် ... 

- နေရာတိုင်းမှာ ကုသိုလ် ရှိပါတယ် 
- အချိန်တိုင်းမှာ ကုသိုလ် ရှိပါတယ် 
- လူတိုင်းမှာ ကုသိုလ် ရှိပါတယ် 

စိတ်ထားသာတတ်မယ် ဆိုရင် 
ကိုယ့် စီးပွားကိုယ်လုပ်နေရင်းလည်း 
ကုသိုလ်ဖြစ်နေ …

ကိုယ့်အိမ် သန့်ရှင်းရေး လုပ်နေရင်းလည်း 
ကုသိုလ် ဖြစ်နေတတ်တာပါ …

နှလုံးသွင်း မမှန်လို့ကတော့ 
ကုသိုလ် လုပ်ရင်းလည်း 
အကုသိုလ် ဖြစ်နေတတ်သလို …

တရားနာရင်းလည်း အတွေးတွေနဲ့ 
အကုသိုလ် ဖြစ်နေတတ်ပါတယ် …

အရင်းစစ်တော့ 
ကိုယ့်အတွေးနဲ့ ကိုယ့်စိတ်ထားဟာ 
ကိုယ့်ဘဝကို ပုံဖော်ပေးနေတဲ့ 
အဓိက အကြောင်းတရားပဲ ဖြစ်ပါတယ် …

ကိုယ်လုပ်တဲ့ လုပ်ရပ်တိုင်းမှာ 
ကိုယ့် စိတ်ထားလေးကိုသာ
ပြင်နိုင်ကြမယ် ဆိုရင် ကုသိုလ်ဖြစ်ဖို့
လွယ်နေမှာဖြစ်ပြီး …

ကုသိုလ်ရှိတဲ့ ဘဝဟာ 
တန်ဖိုးရှိတဲ့ ဘဝပဲဖြစ်ပါတယ် …

#မနာပ_ဒါယီ_အရှင်ဝိစိတ္တ
       🙏🌷🙏🌷🙏

#Credit🙏

ရွှေကိုးပိဿာချမ်းသာသောဘုန်းကြီးတစ်ပါး

'ရွှေကိုးပိသာ ချမ်းသာသော ဘုန်းကြီးတစ်ပါး'
------------------------------------------

"သူငယ်ချင်းမင်းရဲ့ကျောင်းမှာ ကိုရင်ဘယ်နှစ်ပါးရှိလဲ"

သူငယ်ချင်း ဒေါက်တာကုမာရ သီတင်းသုံးတဲ့
နွယ်ခွေကျောင်းကိုရောက်တော့ မေးမိပါတယ်။

''ကိုရင် ကိုးပါးရှိတယ်''

''ဟာ_မိုက်သကွာ ဒီခေတ်မှာ ကိုရင်ဆိုတာ
ရွှေထက်ရှားတယ်ကွ။ရွှေက ဝယ်လို့ရတယ် တစ်ကျပ်သားကိုးသိန်းကျပ် တစ်ပိသာသိန်းကိုးရာ။
အေး_ကိုရင်က ဝယ်လို့မရဘူးဟေ့ အားကျသကွာ'' လို့ ပြောမိပါတယ်။

သီရိလင်္ကာကို စာသင်သွားတုန်းက ဌာနေ သီရိလင်္ကာဘုန်းကြီးကျောင်းတွေမှာ နေခွင့်ပေးပါဘုရား လို့ သွားရောက် လျှောက်ထားတဲ့အခါ

''ငါ့ရှင်တို့ရေငါက ကိစ္စမရှိဘူး။
ဒီမှာ ငါ့ရှင်တို့စိတ်ကြိုက်နေလို့ရတယ်။ 
ဒါပေမယ့် ပေါတိကိုတော့ စိတ်ချမ်းသာအောင်ထားရမယ်ကွဲ့'' လို့ သီရိလင်္ကာဘုန်းတော်ကြီးကမိန့်ပါတယ်။

ပေါတိ ဆိုတာ ညီငယ်လေးလို့ အဓိပ်ပါယျရပါတယျ။
ကိုရင်ကိုပြောတာပါ။
အဲဒီအချိန်တုန်းက ကိုရင်တစ်ပါးရဲ့တန်ဖိုးကို
သတိမထားမိခဲ့ပါ။အခုတော့မြန်မာသံဃာတွေ
အထူးသဖြင့် ကျောင်းထိုင်ကိုယ်တော်တွေ ကိုရင်တစ်ပါးရဲ့တန်ဖိုးကို သတိရလောက်ပြီ ထင်မိတယ်။

ကိုရင်ဆိုတာ ရွှေထက်ရှားပြီလေ။ကိုရင်မရှိရင်
 ရဟန်းမရှိ။ ရဟန်းမရှိရင် သာသနာအဆက်ပြတ်တော့မယ်။

သြော် ရတနာပုံခေတ်က ကျောင်းမီးလောင်တော့တန်ဖိုးရှိတဲ့ စာပေတွေ ပရပိုဒ်တွေ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဘာတစ်ခုမှမယူပဲ
ကျောင်းထိုင်ဘုန်းကြီးက ကိုရင်လေးကိုထမ်းပြေးတာ ဒါကြောင့်ကိုး..

ကိုရင်လေးသာ စာတတ်ပေတတ် ဆရာတော်ကြီးတစ်ပါးဖြစ်လာခဲ့ရင် မီးလောင်သွားတဲ့ စာပေပရပိုဒ်တွေထက်
အဆတစ်ရာသာအောင် ရေးစွမ်းနိုင်မယ်။

ကိုရင်မီးလောင်ခံရလို့ ပျံတော်မူခဲ့ရင် သာသနာအဆက်က ပြတ်မှာမို့လား။
သူငယ်ချင်းရေမင်းရဲ့ကျောင်းက ရွှေအစစ်တွေကို တန်ဖိုးထားပါကွား'တဲ့ ။

Credit From'
Ashin Tikkhanyanalinkara

Monday, December 20, 2021

ငရဲကြီးရှစ်ထပ်အကြောင်းတစ်စေ့တစ်စောင်း

ငရဲကြီးရှစ်ထပ်အကြောင်းတစ်စေ့တစ်စောင်း 
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ဤကမ္ဘာမြေကြီးသည် 
"သိလာ,ပံသု၊မြေနှစ်ခု၊ အထုထက်ဝက်ဝေ" 
ဟုဆိုသည့်အတိုင်း
သိလာမြေခေါ် ကျောက်မြေကြီးကား 
ယူဇနာ(၁၂၀,၀၀၀) နှင့် ပံသုမြေသားမြေကြီးကားယူဇနာပေါင်း (၁၂၀,၀၀၀) အားဖြင့် စုစုပေါင်း (၂၄၀,၀၀၀) အထုရှိ၏။

ကမ္ဘာမြေပေါ်မှ အောက်ယူဇနာ (၁၅,၀၀၀) မှစ၍ အဆင့်ဆင့် (၁၅,၀၀၀)စီအကွာတို့၌ 
ငရဲကြီးရှစ်ထပ်ရှိ၏။ 

၎င်းတို့မှာ

(၁)- သဉ္ဇိုဝ်းငရဲ
(၂)- ကာလသုတ်ငရဲ
(၃)-သင်္ဃာတငရဲ
(၄)- ရောရုဝငရဲ
(၅)- မဟာရောရုဝငရဲ
(၆)- တာပနငရဲ
(၇)- မဟာတာပနငရဲ နှင့်
(၈)- အဝီစိငရဲကြီးဟူ၍ ဖြစ်၏။

ငရဲကြီး(၈)ထပ်တို့၏ အသက်အပိုင်းအခြားကို ပြရလျှင်

(၁) စတုမဟာရာဇ်နတ်တို့၏ အသက်
အနှစ်ကိုးသန်းသည် သိဉ္ဇိုဝ်းငရဲ၏ တစ်ရက်စာနှင့်ညီ၏။ ထိုရက်ပေါင်း(၃၆၀) သည် တစ်နှစ်အားဖြင့် အနှစ်ငါးရာသည် သဉ္ဇိုဝ်းငရဲ၏ အသက်ပင်တည်း။

(၂) တာဝတိံသာနတ်တို့၏အသက် 
သုံးကုဋေခြောက်သန်းသည် 
ကာလသုတ်ငရဲ၌ တစ်ရက်စာသာလျှင် ရှိ၏။ 

ထိုရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် 
နှစ်ပေါင်း တစ်ထောင်သည် 
ကာလသုတ်ငရဲ၏သက်တမ်းပင်ဖြစ်၏။

(၃) ယာမာနတ်တို့၏အသက် 
တစ်ဆယ့်လေးကုဋေနှင့်လေးသန်းသည် 
သင်္ဃာတငရဲ၌ တစ်ရက်စာသာရှိ၏။ 

ထိုသို့ရက်ပေါင်း(၃၆၀) သည် 
တစ်နှစ်အားဖြင့် နှစ်ပေါင်းနှစ်ထောင်သည် 
သင်္ဃာတငရဲ၏သက်တမ်းပင်။

(၄) တုသိတာနတ်တို့၏အသက် 
ငါးဆယ့်ခုနစ်ကုဋေနှင့်ခြောက်သန်းသည် 
ရောရုဝငရဲ၌တစ်ရက်စာသာရှိ၏။ 

ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် 
နှစ်ပေါင်းလေးထာင်သည်
ရောရုဝငရဲ၏ အသက်ပင်ဖြစ်၏။

(၅) နိမ္မာနရတိနတ်တို့၏အသက် 
ကုဋေနှစ်ရာ့သုံးဆယ့်လေးသန်းသည် 
မဟာရောရုဝငရဲ၌ တစ်ရက်စာသာရှိ၏။ 

ထိုသို့ရက်ပေါင်း (၃၆၀) သည်တစ်နှစ်အားဖြင့် အနှစ်ရှစ်ထောင်သည် မဟာရောရုဝငရဲ၏ သက်တမ်းပင်။

(၆) ပရနိမ္မိတဝသဝတ္တီနတ်တို့၏အသက် 
ကုဋေကိုးရာနှစ်ဆယ့်တစ်ကုဋေနှင့်ခြောက်သန်းသည် 
တာပနငရဲ၌ တစ်ရက်စာသာရှိ၏။

 ထိုသို့ရက်ပေါင်း(၃၆၀)သည် တစ်နှစ်အားဖြင့် 
နှစ်ပေါင်း တစ်သောင်းခြောက်ထောင်သည် 
တာပနငရဲ၏ သက်တမ်းပင်ဖြစ်၏။

(၇) မဟာတာပနငရဲကား အန္တရကပ်တစ်ဝက်စာကြာ၏။

(၈) မဟာအဝီစိငရဲကား အန္တရကပ်တစ်ကပ်စာကြာလေ၏။

အန္တရကပ်ဟူသည် လူတို့၏သက်တမ်း ဆယ်နှစ်ကာလမှစ၍ အစဉ်အားဖြင့်တက်သွားသည်ရှိသော် အသင်္ချေယျတမ်းထိရောက်၍ ထိုအသင်္ချေယျတမ်းမှ အနှစ်တရာလျှင်တစ်နှစ်နှုံးပြန်ဆုတ်ခြင်းအားဖြင့် ဆယ်နှစ်တမ်းသို့ပြန်ရောက်လာပြီးသည်အထိကြာသော ကာလတစ်ခုကို အန္တရကပ်တစ်ခုဟုခေါ်၏။

ငရဲကြီးရှစ်ထပ်လုံးသည် သံမိုး၊သံမြေ၊သံတံတိုင်းတို့ဖြင့် အုပ်ဖုံးခင်းရံလျက် လုံခြုံစွာဂဟေဆော်ထား
သော လေးထောင့်စပ်စပ် သံသေတ္တာကြီး(၈)လုံးနှင့်အလားတူ၏။ အတွင်း၌ ယူဇနာတရာစီကျယ်၏။

လေးမျက်နှာ၌လည်း သံတံခါးတစ်ပေါက်စီရှိ၏။ အရှေ့နံရံမှထတောက်သောမီးသည် အနောက်နံရံသို့စွဲဝင်၏။ 

အနောက်နံရံမှမီးတောက်သည် အရှေ့နံရံထိ၊ မြောက်မီးလျှံတောင်, တောင်မီးလျှံမြောက်, အောက်ကမီးလျှံသည်အထက်, အထက်ကမီးလျှံသည်အောက်နံရံထိ အပြန်အလှန်အားဖြင့် စွဲလောင်၏။ 

တံတိုင်းအမိုးတို့မှ အပြင်ဘက်သို့ ယူဇနာတစ်ရာတိုင်တိုင် မီးလျှံတို့ဖြာထွက်ကုန်၏။

☠️ငရဲမီးပူပြင်းပုံကို ဥပမာထုတ်ပြရလျှင်-  ဘုရားရှင်မရှိသည့်နောက်ပိုင်း၌ မလယမထေရ်သည် "

 ငရဲမီးဘယ်လောက်ပူပြင်းပါသလဲ သိလိုပါသည်" ဟု ဆရာမထေရ်ကိုလျှောက်သော် ဆရာမထေရ်က
အရည်အစေးအလွန်အားကြီးသော ထင်းစိုလှည်းတစ်စီးတိုက်စာကို ကျောက်ဖျာပေါ်မှာစုပုံစေ၍ မီးတိုက်စေ၏။

 မလောင်နိုင်ပဲရှိနေရာ အဝီစိငရဲမှ နှမ်းစေ့ခန့်မီးခဲမှုန်လေးကို တန်ခိုးဖြင့်ယူ၍ လက်ဝါးပေါ်မှာ"

မြင်ရဲ့လား" ဟုပြကာ ထင်းစိုပုံထဲသို့ချလိုက်သော် မျက်တောင်တခတ်အတွင်းမှာပင် ထင်းစိုလှည်းတစ်စီးတိုက်လုံး အကုန်ပြာကျသွား၏။

 ထိုမျှလောက်ပူပြင်းသော်လည်း ငရဲသားတို့မှာ ကံမကုန်မချင်း မသေရပဲ ခံကြရ၏။

ငရဲကြီးတစ်ခုစီ၏ အရပ်ရှစ်မျက်နှာ၌ ယူဇနာတစ်ရာစီရှိကြသော ဥဿဒငရဲငယ် (၄)မျိုးလည်းရှိသေး၏။ 

ပထမဆုံးကား ဘင်ပုပ်ငရဲဖြစ်၍ မစင်ဘင်ပုပ်ဖြင့် ပြည့်နေ၏။

 အပ်သွားကဲ့သို့ထက်လှစွာသော
 နှုတ်သီးရှိသော ပိုးလောက်တို့သည် ဆင်၏လည်ပင်းခန့်ရှိ၏။ 

ပိန်းကောလှေခန့်ရှိ၏။ ငရဲကြီးမှလွတ်လာသော ငရဲသားတို့ကို ကိုက်ဖြတ်စားကုန်၏။

ဘင်ပုပ်ငရဲအပြင်ဘက်ကား ပြာပူငရဲရှိ၏။ ထိုငရဲမှတဖန်လွတ်ရပြန်လျှင် လက်ပန်တောငရဲသို့ရောက်ရကုန်၏။ 

ငရဲထိန်းတို့ ပုတ်ခတ်လေသဖြင့် ငရဲသားတို့သည် လက်ပန်ပင်သို့တက်ကြကုန်၏။ 

ငရဲသားတို့
တက်သောအခါ လက်ပန်ဆူးတို့သည် အောက်သို့အဖျားညွှတ်၍ ငရဲသားတို့ကို စူးကုန်၏။ အောက်သို့ပြန်ဆင်းသောအခါ အပေါ်သို့ အဖျားပြန်ညွတ်ကုန်၏။

💀ထိုလက်ပန်တော အပြင်ဘက်၌ ဝေတ္တရဏီအမည်ရှိသော ကြိမ်ပိုက်ချောင်းငရဲရှိ၏။ သတ္တဝါတို့ကို မှုန့်မှုန့်ညက်ညက်ကြေစေသော ရေရှိ၏။

 ထိုဝေတ္တရဏီချောင်း၌ ငရဲထိန်းတို့သည် ရဲရဲတောက်သော သံလှင်တံ ခက်ရင်းတို့ဖြင့် ထိုးခုတ်ရိုက်နှက်ကြကုန်၏။ 

ထိုချောင်းနား ကမ်းနှစ်ဖက်တို့၌ ကြိမ်နွယ်တို့ဖြင့် ဖုံးလွှမ်းကုန်၏။ ရဲရဲငြီးနေသော ကြိမ်နွယ်သမန်းမြက်တို့ စူးရှကုန်သည်ဖြစ်၍ ကြာမြင့်စွာ ဆင်းရဲကို ခံရကုန်၏။

 ကြာရွက်တို့၏ အပိုင်းပိုင်းဖြတ်ခြင်းကိုလည်း ခံရကုန်၏။ ရေတို့သည်လည်း ရဲရဲတောက်လောင်နေ၏။

ဤသို့အားဖြင့် ငရဲတို့၏ ဆင်းရဲဒုက္ခကို ပြောပြ၍မကုန်နိုင်ပေရာ။ ရာဇဂြိုဟ်မြို့အနီးမှာပင် သူဌေးသားလေးယောက်တို့ ဒု-သ-န-သော ဟုဟစ်အော်၍ ခံနေရသော လောဟာကုမ္ဘီဆိုသည့် သံရည်ပူအိုးငရဲကြီးရှိလေ၏။ 

ရာဇဂြိုဟ်ရှိ တပေါဒါမြစ်သည် လောဟာကုမ္ဘီငရဲနှစ်ခုကြားမှ စီးဆင်းလာသည်ဟု ဆို၏။

ငရဲငယ်တွေကား လူ့ပြည်အနီးအနားတွင်ပင် များစွာရှိကြ၏။ စကြာဝဠာသုံးခုဆုံရာနေရာတွင်လည်း စကြာဝဠာတံတိုင်းများကြောင့် နေရောင်မရနိုင်ပဲ အလွန်အေးလှသည့် လောကန္တရိက်ငရဲများလည်း ရှိကြသေး၏။

ယမမင်းဆိုသူများမှာ ဝေမာနိက ပြိတ္တာမင်းမျိုးဖြစ်ကုန်၍ ငရဲသူ ငရဲသားတို့ကို ကယ်ဆယ်ခြင်းငှာ
အရံငရဲငယ်တို့၌ ရုံးထိုင်ကြ၏။ 
တစ်ခါတစ်ရံ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခကို ခံရသေး၏။

 ဤယမမင်းကြီးတို့သည် စိတ်ကောင်းရှိကြ၍ ငရဲသူ ငရဲသားတို့ကို အတတ်နိုင်ဆုံး လွတ်မြောက်နိုင်စေရန် ကူညီဖို့ ကြောင့်ကြစိုက်ကြ၏။ 

 သူတို့ရှေ့ရောက်လာသူတို့၏ ကုသိုလ်ကောင်းမှုတို့ကို စဉ်းစားသတိပေးဖော်ရ၏။ 

ထို့ကြောင့် လူ့ပြည်ရှိ လူအပေါင်းတို့သည် ကုသိုလ်ကောင်းမှုတို့ကို အမျှဝေကြသောအခါ ဤယမမင်းတို့ကိုလည်း အမျှဝေပေးပါက ကံအကြောင်းမလှ၍ သူတို့ဆီရောက်ခဲ့ရလျှင် ကုသိုလ်ကောင်းမှုတို့ကို သတိပေး၍ ငရဲမှလွတ်စေရန် အကူအညီပေးနိုင်ပေလိမ့်မည်။ 

ငရဲထိန်းဆိုသူတို့ကား ပဋိသန္ဓေအားဖြင့် စာတုမဟာရာဇ်အပါအဝင်ဖြစ်ကြကုန်သော အလွန်ကြမ်းကြုတ်သောအလေ့ရှိကြသည့် ဘီလူးမျိုး ရက္ခိုသ်မျိုးများဖြစ်ကြကုန်၏။

🐢အချုပ်အားဖြင့် ဆိုရလျှင် အပါယ်ငရဲသို့တစ်ကြိမ်ရောက်သွားသူကား လူ့ပြည် လူ့ဘဝသို့တဖန် ပြန်ရောက်လာဖို့ရာ အလွန်ခဲယဉ်းလှပေ၏။ 

ဥပမာထုတ်ပြရလျှင် အလွန်ကျယ်ဝန်းလှသော မဟာသမုဒ္ဒရာ၌ လိပ်ဦးခေါင်းစွပ်လောက်ရုံ အပေါက်တစ်ပေါက်သာပါသော ထမ်းပိုးတုံးတစ်ခုကိုပစ်ချထားရာ၏။ 

ထိုထမ်းပိုးသည် အမှတ်မရှိသော လေတို့တိုက်၍ မျောချင်ရာမျောနေပေ၏။ ထိုသမုဒ္ဒရာ၌လည်း အနှစ်တရာတွင်မှ တစ်ကြိမ်သာ ရေပေါ်တက်လာသော လိပ်ကန်းကြီးတစ်ကောင်သည်လည်း ရှိရာ၏။

 ထိုမျောချင်ရာမျောနေသော တစ်ပေါက်တည်းသာပါသည့် ထမ်းပိုးတုံးနှင့် အနှစ်တစ်ရာမှတစ်ကြိမ်ပေါ်သည့် လိပ်ကန်းကြီး၏ ဦးခေါင်းနှင့်စွပ်နိုင်သော အကြောင်းအရာသည် မဖြစ်နိုင်လောက်အောင်ပင် အလွန်ခဲယဉ်းကြာညောင်းလှပေ၏။

 အပါယ်ငရဲသို့ရောက်သွားသောသူတစ်ယောက် လူ့ဘဝပြန်ရောက်ဖို့ကား ထို့ထက်ပင်ခက်ခဲလှပေ၏။

 ထို့ကြောင့် အပါယ်ငရဲကျရောက်ခြင်းမှ ကင်းလွတ်စေနိုင်သော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်အမှုတို့ကို မေ့မေ့လျော့လျော့မနေသင့်ပဲ အမှတ်ရတိုင်း ကြိုးစားအားထုတ်သင့်ကြပေသည်။
 သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေသော်

၁: မဟာဝဂ္ဂသံယုတ်ပါဠိတော်၊ သစ္စသံယုတ်၊ပပါတဝဂ်၊ ပထမဆိဂ္ဂဠယုဂသုတ်။
၂: ဥပရိပဏ္ဏာသပါဠိတော်၊ သုညတဝဂ်၊ ဒေဝဒူတသုတ်။
၃: သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဗြဟ္မသံယုတ်ပထမဝဂ်၊ ကောကာလိကသုတ်
၄: ပါရာဇိကဏ်ပါဠိတော်၊ နှာ-၁၄၉

၁- ပုစ္ဆာပကိဏ္ဏကကျမ်း၊ လုံးတော်ဆရာတော်
၂- ပရမတ္ထသံခိပ်ကျမ်း၊ လယ်တီဆရာတော်
၃- ပဏ္ဍိတဝေဒနိယဒီပနီကျမ်း၊ သေက္ချတောင်ဆရာတော်ဦးတိလောက
၄- သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ

...credit

Friday, December 17, 2021

တရားဆိုတာ..

ကျွန်းတုံးကြီးတစ်တုံးကိုယူပြီး  ပန်းပုဆရာ ဆီကိုသွားပါ။ပြီးတော့… ဆင်ရုပ်တရုပ် ထုပေးပါလို့… ပန်းပုဆရာကို ပြောပါ။

ပန်းပုဆရာ    ဆင်ရုပ်ထု တာကို သင်ကိုယ်တိုင်  သေသေ ချာချာ  ထိုင်ပီး ကြည့်နေပါ။

ပန်းပု ဆရာဟာ…  ဆောက်နဲ့လက်ရိုက် ကို ယူပီး  သင့်ရှေ့မှာတင် … ဆင်ရုပ်ကို ထုနေတာ မဟုတ်ပါဘူး။
                  ကျွန်းတုံး ကြီးမှာ ရှိနေတဲ့  "ဆင်ရုပ်" မဖြစ် မဲ့ သစ်သားတွေကို ဆောက်နဲ့  "ဖဲ့ချ" နေတာ ဖြစ်တယ်။

မလိုတဲ့ သစ်သားတွေ  "ဖဲ့ချ" ခြင်းဟာ  အကြောင်း ဖြစ်ပီးတော့…    "ဆင်ရုပ်" ပေါ်လာခြင်းဟာ  အကျိုးပေါ့။

ဒီလိုပါဘဲ…
တရားဆိုတာ   မှန်အောင်  လုပ်ယူရတာ မဟုတ်ပါဘူး။ မမှန်တဲ့ နှလုံးသွင်းမှု့တွေကို " ဖယ်ထုတ် " ဖို့ပါဘဲ။

အဲဒီလို   သဘောပေါက်သွားရင် သင်ဟာ…" အမှန်" တခုထဲတင် "တတ်မြောက်" သွားတာ မဟုတ်ပါဘူး။

အရာရာကို  "သဘောပေါက်"  သွားတာ ဖြစ်တယ်။
ဒါကြောင့် သင်ဟာ…

"မတရား"     တာတွေ  စိတ်ထဲမှာ  "  မဖယ်ထုတ်သမျှ
"တရား"   တာ မတွေ့သေးဘူးလို့  ဆိုလို ရပါတယ် ။

" မတရား " တာတွေ " မမှန်တာတွေ "
" မကောင်းမှုတွေ " " မသင့်တော်တာတွေ "
" မလုပ်သင့်တာတွေ " " မပြောသင့်တာတွေ "
" မတွေးကြံ သင့်တာတွေ " အစရှိတဲ့ 
အကုသိုလ် တရားတွေ ကို ရှင်းရှင်းလင်းလင်း
သိနားလည်ထားဖို့ လိုပါလိမ့်မယ်
အဲဒီလို သိနာလည်နိုင်ဖို့ အတွက် 
သင် အရင်ဆုံးလုပ်ရမှာက အခြေခံ ကံငါးပါး
ဖြစ်တဲ့ ငါးပါးသီလကို လုံ အောင် ထိန်းပြီး
တရားစာပေ ဖတ်ရှုခြင်း တရား မှန်မှန်နာခြင်း
ဂုဏ်တော် ကိုးပါး ရွတ်ဖတ် ပူဇော်
ပွားများ အားထုတ်ခြင်း 
တွေကို ပြုလုပ်ပေးသွားမယ် ဆိုရင်တော့
မကြာခင် အချိန်အတွင်းမှာပဲ အလွန်လှပတဲ့
ဆင်ရုပ်လို သင်ဟာလည်းပဲ အလွန် အဆင့်
အတန်းရှိတဲ့ လူသား တစ်ဦး ဖြစ်လာမှာပါ ။

Credit:

Tuesday, December 14, 2021

မီးတောက်ပမာ သံယောဇဉ်

⏩ မီးတောက်ပမာ  သံယောဇဉ် 🎡
➖➖➖➖➖➖➖➖➖➖

✤ မီးတကာ့ မီးတွေထဲမှာအပူဆုံး
အလောင်ဆုံးဟာ သံယောဇဉ်မီးပါ ၊မီးခိုးလည်းမထင်  ပြာလည်းမမြင်ရပေမယ့်  
အမြင့်ဆုံးအပူချိန်ကို  ပေးတတ်ပါတယ် ၊ မီးတောက်မီးလျှံတွေလိုအပြင်ကိုမထွက်လာပေမယ့်  ရင်ထဲမှာ  အပြင်းထန်ဆုံးလောင်        
ကျွမ်းမှုတွေကို  ဖြစ်ပေါ်စေပါတယ် ၊ 

✤ ရင်ထဲမှာတမြေ့မြေ့နဲ့
လောင်မြိုက်ခံရတဲ့အတွက်  ပူလွန်းမက  ပူလောင်ကြရပါတယ် ၊ဘယ်အပူနဲ့မှမတူ ၊ အလွယ်တကူငြိမ်းသတ်လို့လည်း  မရနိုင်ပါဘူး ၊
ဒီအပူငြိမ်းအောင်  အပြင်လူတွေကူဖို့ဆိုတာလည်း  မဖြစ်နိုင်လို့အင်မတန်မှ  ခက်ပါတယ် ။

✤ စိတ်တွေပူတယ်  ရင်တွေပူတယ်  စိတ်မကောင်းဖြစ်ရတယ် ၊စိတ်ညစ်ရတယ်  စိတ်ဆင်းရဲရတယ်  စတာတွေဟာ သံယောဇဉ်မီးရဲ့  လောင်ကျွမ်းမှုဒဏ်တွေကြောင့်ပါ ၊ သံယောဇဉ်ရဲ့လက်ချက်ကြောင့်  ငိုယိုရတာတွေ ၊ သေကျေရတာတွေ ၊ ပျက်ဆီးရတာတွေ  ပူလောင်ပြင်းပြ  နွမ်းကြေရတာတွေဟာ  ကြည့်တတ်မြင်တတ်ရင်  ကိုယ့်ပတ်ဝန်းကျင်မှာ  နေ့စဉ်နဲ့အမျှ  မြင်တွေ့နေရမှာပါ

✤ ဝဋ်ဆင်းရဲနဲ့  သတ္တဝါတွေကို  
ထာဝစဉ် ပူးကပ်နေအောင်  ငြိနေစပ်
နေအောင်  တွယ်ငင်ထားတာ  ရစ်ပတ်ထားတာ  နှောင်ဖွဲ့ထားတာ ဟာ  သံယောဇဉ်ပါ ။

✤ သံသရာဝဋ်က  မကျွတ်နိုင်မလွတ်နိုင်အောင်  တုပ်ဖွဲ့ချည်နှောင်ထားတာကို  သံယောဇဉ်လို့  ခေါ်ပါတယ် ၊ အိုခြင်း  နာခြင်း  သေခြင်းတွေ ၊ စိုးရိမ်ရတာ  ငိုကြွေးရတာ  ပူဆွေးရတာကနေ
လွတ်မြောက်ချင်ပေမယ့်  ဘာလို့မလွတ်နိုင်တာလည်းလို့မေးရင်  
ချည်ထားခံရလို့ပါ ၊ သံယောဇဉ်ကြိုးတွေက  ခိုင်ခိုင်မြဲမြဲချည်နှောင်ထားလို့ပါ ။

✤ တစ်ဘဝရတော့လည်း  အိုနာသေ ၊ နောက်တစ်ဘဝဖြစ်ပြန်လည်း  အိုနာသေ ၊ ဒီဘဝမှာလည်း  ငိုကြွေးရ  ပူဆွေးရ  သောကဖြစ်ရ ၊ နောင်ဘဝကျပြန်တော့လည်း  ငိုကြွေးရပြန်  ပူဆွေးရပြန်  သောကဖြစ်ရပြန်နဲ့  
တဝဲဝဲလည်နေတဲ့  သံသရာဝဋ်ကြီးထဲကနေ  လွတ်မြောက်ချင်တယ် ၊ လွတ်ထွက်ချင်တယ်ဆိုရင်  သံယောဇဉ်ကြိုးတွေ  ပြတ်မှဖြစ်ပါမယ် ၊ သံယောဇဉ်မီးတွေ  ငြိမ်းသွားမှဖြစ်မယ် ။

✤ မမြင်ရတဲ့ သံယောဇဉ်ကြိုးတွေ  
တစ်စတစ်မျှင်မျှ  မကျန်အောင်ဖြတ်တောက်နိုင်ပါမှ  သံယောဇဉ်မီးတွေ  တစ်ကြွင်းတစ်စမကျန်
ရအောင်ငြိမ်းသတ်နိုင်မှသံသရာဝဋ်ကကျွတ်ပါမယ်။

✺ ဒေါက်တာအရှင်ပညိဿရ
      🙏🙏🙏

Credit...

Sunday, December 12, 2021

ကိုယ်တိုင်လုပ်မကြည့်သေးတော့မယုံဘူးပေါ့..

ကိုယ်တိုင် လုပ်မကြည့်သေးတော့လည်း
မယုံသေးဘူးပေါ့..
——————————————————
(မဟာစည်ဆရာတော်ဘုရားကြီး)

ဘုန်းကြီးတို့လည်း အစကမယုံဘူး
******************************

ဒါပေမယ့် 
အားမထုတ်ရသေးလို့ မယုံတဲ့သူကိုတော့ 
ဘုန်းကြီးတို့က အပြစ်မတင်ပါဘူး။

ဘာကြောင့်တုန်းဆိုတော့ 
သူကမှ ကိုယ်တိုင် မတွေ့ရသေးဘဲဟာကို၊ 
မတွေတော့ မယုံဘဲလဲရှိပေမှာပေါ့၊
ပွင့်ပွင့် လင်းလင်းပြောရရင် 
ဘုန်းကြီးတို့ ကိုယ်တိုင်လဲ 
အစက မယုံခဲ့ပါဘူး။

သထုံမြို့မှာ မင်းကွန်း 
ဇေတဝန် ဆရာတော်ဘုရားကြီးက 
ဒီသတိပဋ္ဌာန် ကမ္မဋ္ဌာန်း‌ဟောကြား 
ညွှန်ပြနေတယ်ဆိုတာကို 
ဘုန်းကြီးရဟန်း ရှစ်ဝါ
(၁၂၉၃-ခုနှစ်)တုန်းက ကြားသိရပါတယ်။

အဲဒီတုန်းက 
ဘုန်းကြီး စဉ်းစားဝေဖန် 
ကြည့်ခဲ့ပါတယ်၊ 
သွားလျှင် သွားတယ်လို့ 
မှတ်ရ မယ်ဆိုပါကော၊ 
ရပ်လျှင်လဲ ရပ်တယ်၊
ထိုင်လျှင်လဲ ထိုင်တယ်၊ 
အိပ်လျှင်လဲ အိပ်တယ်လို့ 
မှတ်ရမယ်ဆိုပါကော၊ 
ကွေးလျှင်လဲ ကွေးတယ်၊
ဆန့် လျှင်လဲဆန့်တယ်၊ 
စားလျှင်လဲစားတယ်လို့ 
မှတ်ရမယ်ဆိုပါကော၊ 

ရုပ်တရားနာမ်တရားဆိုတဲ့ 
သဘာဝဓမ္မအမည်လဲ မပါဘူး၊ 
အနိစ္စ၊ဒုက္ခ၊အနတ္တ ဆိုတာတွေလဲမပါဘူး၊ 
တော်တော်ဆန်းတာပဲလို့ ဝေဖန်ပြီးတော့ 
မယုံကြည်ဘဲရှိနေခဲ့ပါတယ်။ 

သို့ပေမယ့် နောက်ထပ်လဲ စဉ်းစားဆင်ခြင် 
မိပြန်တယ်၊
“တရားအားထုတ်ပုံက ဆန်းတော့ဆန်းတာပဲ၊
ဒါပေမယ့် ဒီဆရာတော်ကြီးဟာ 
စာတတ်ပေတတ်ပဲ၊
သူကိုယ်တိုင် ကျကျနန အားထုတ်ပြီးမှ 
ဟောတာဆိုတော့ 
ဟုတ်ချင်လဲဟုတ်ပေလိမ့်မယ်၊
အဲဒီတော့ စမ်းကြည့်ပြီး 
ဆုံးဖြတ်မှတော်မယ်”လို့ အကြံရလာခဲ့တယ်။
ဒါနဲ့ ဘုန်းကြီးက အစမ်းသဘောနဲ့ 
အဲဒီဆရာတော်ဘုရားကြီးထံမှာ 
ကပ်ရောက်ပြီး အားထုတ်ခဲ့ပါတယ်။

ကိုယ်တိုင်အားထုတ်ကြည့်တဲ့အခါ
*********************************

အဲဒီလို 
အားထုတ်ကြည့်တဲ့အခါမှာလဲ 
အရက်(၂၀)ကျော် တစ်လလောက်
အတွင်းမှာတော့ ဘုန်းကြီးက 
တရားအကြောင်း သဘော မပေါက်သေးပါဘူး၊ 
ဘယ်သဘောပေါက်မှာလဲ ကောင်းကောင်းမှ
အားမထုတ်သေးပဲဟာကို။

ယခု ဘုန်းကြီးများထံမှာ 
လာပြီးအားထုတ်ကြတဲ့ ဒကာ၊ 
ဒကာမတွေဟာ 
အချို့က ဘာမှ ဗဟုသုတ မရှိရှာကြပါဘူး။
ဒါပေမယ့် သူတို့မှာ အားထုတ်လို့ 
လေးငါးခြောက်ရက်လောက်ဆိုရင် 
သမာဓိဉာဏ် တွေ အတော်တက်ကုန်ပြီ၊ 
ရုပ်နာမ်သဘောတွေ၊ 
အဖြစ်အပျက် အနိစ္စ၊ဒုက္ခ၊အနတ္တ 
သဘောတွေကို 
သူတို့ တော်တော် သိကုန်ပြီ။

ဘုန်းကြီးမှာဖြင့် 
အဲဒီအားထုတ်ခါစတုန်းက 
ဒီလို လေးငါးခြောက်ရက် မပြောနဲ့ 
တစ်လလောက်ကြာတာတောင် 
ဘာမှ ဉာဏ်က မတက်သေးဘူး၊ 
သုညကပဲ ရှိသေးတယ်၊
ဘာကြောင့်တုန်းဆိုရင် 
ကောင်းကောင်းမယုံလို့၊ 
ကောင်းကောင်း အားမထုတ်လို့ ပါပဲ။

မယုံတာက
ယုံမှားမှု ဝိစိကိစ္ဆာ နီဝရဏပဲ၊ 
သူက ဝိပဿနာဉာဏ်ပညာမဖြစ်နိုင်အောင်၊
မဂ်ဖိုလ်ကိုမရောက်နိုင်အောင် 
တားမြစ်တတ်ပါတယ်၊
အဲဒါကို ပယ်ရှားနိုင်ဖို့ရာ 
အလွန်အရေးကြီးပါတယ်။

ဘုန်းကြီးမှာတော့ 
အဲဒီတုန်းက ယုံမှားမှုကို 
အကောင်းထင်နေလို့ လျှောက်ပြီး
တွေးတောနေခဲ့ပါတယ်၊
သွားတယ်၊ကွေးတယ်၊ဆန့်တယ်-
ဒီလို မှတ်နေရတာတွေက ပညတ်တွေပဲ၊ 
အထည်ဒြပ် ပညတ်တွေကို ရှုနေတာပဲ၊ 
ပရမတ်ကို မရောက်သေးပါဘူး၊
ဒါတွေကိုမှတ်ဖို့ ဆရာတော်ကြီးက 
ပေးထားတာဟာ အခြေခံအနေနဲ့ 
ပေးထားတာဖြစ်မှာပဲ၊
နောက်ကျတော့မှ 
ရုပ်တွေ၊နာမ်တွေ 
အသေးစိတ်ခွဲပြဦးမှာနဲ့ တူတယ် 
စသည်ဖြင့် မျှော်တွေး
စဉ်းစားနေခဲ့ပါတယ်။

ကောင်းကောင်းလဲ
အားမထုတ်ခဲ့ပါဘူး၊
ဒါကြောင့် အရက်(၂၀)ကျော် 
တစ်လလောက်ကြာပေမယ်လို့ 
ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဖူး၊ 
နောက်ကျမှ 
အားထုတ်ရင်း၊ အားထုတ်ရင်းနဲ့ 
အလိုလိုသဘော ပေါက်လာတယ်။

“အင်း-သွားတယ်၊ 
ကွေးတယ်၊ဆန့်တယ် စသည်ဖြင့် 
ကိုယ်အမူရာ၊စိတ်အမူရာတွေကို 
ဖြစ်တိုင်းဖြစ်တိုင်း လိုက်မှတ်နေတာဟာ 
အစအခြေခံတွင် မဟုတ်ဘူး၊
အစလဲဟုတ်တယ်၊ 
အလယ်လဲ ဟုတ်တယ်၊
အဆုံးထိလဲ ဟုတ်တယ်၊ 
သိစရာတွေ အားလုံးကုန်နေပြီ၊ 
ဘာမျှမကြံတော့ဘူး။

ဒါကြောင့် 
မြတ်စွာဘုရားက ဒီသတိပဋ္ဌာန်ကို 
“ဧကာယနော မဂ္ဂါ-တစ်ခုတည်းသောလမ်း၊ 
တစ်ကြောင်းတည်းသောလမ်းလို့ 
ဟောထားပေတာပဲ”လို့ 
သဘောပေါက်လာပါတယ်။

သမာဓိဉာဏ်ရင့်လာတော့
**************************

အားထုတ်ခါစမှာတော့ 
သွားတယ်၊ ကြွတယ်၊လှမ်းတယ်၊ချတယ်၊ 
ကွေးတယ်၊ဆန့် တယ်စသည်ဖြင့် 
ဒီလိုအကြမ်းစားအတိုင်းသာ 
ရှုမှတ် နေရပါတယ်။

နောက်သမာဓိဉာဏ်ရင့်လာတော့ 
ဒွါရခြောက်ပါးက 
ပေါ်တိုင်း ပေါ်တိုင်းသော 
ရုပ်နာမ်တွေကို အကုန်လုံး သိလာပါတယ်၊
စိတ်ကလေးတွေများ 
တစ်ခုပြီးတစ်ခု ကုန်ကုန် ပျောက်ပျောက် 
သွားလိုက်တာဟာ 
ပုတီးစေ့ကလေးတွေ တစ်စေ့ပြီးတစ်စေ့ 
ကျကျ သွားသလိုပဲ 
ထင်ထင်ရှားရှား သိရပါတယ်။

အာရုံ တစ်ခုခုက ပေါ်လာလိုက်၊ 
အဲဒါကိုသိတဲ့ စိတ်ကလေးက ပေါ်လာလိုက်၊ 
အဲဒါကို ရှုမှတ်ပြီး သိတာကလေးက 
ပေါ်လာလိုက်နဲ့ 
ရှေ့ဆင့်နောက်ဆင့် ပေါ်ပေါ်ပြီး 
ပျောက်ပျောက်သွားတာကလေးတွေကို 
အဆင့်ဆင့် တွေ့သိနေရတယ်။

ရှေ့က အာရုံပျောက်သွား၊ 
နောက်က အသိကလေး ပျောက်သွား၊ 
ရှေ့က အာရုံပျောက်သွား၊
နောက်ကအသိကလေးပျောက်သွားနဲ့ 
အာရုံရော၊အသိရော 
ပျောက်ပျောက်သွားတာကလေးကို 
တစ်ချို့က နှစ်ဆင့်၊နှစ်ဆင့်
တွေ့နေရတယ်။

ဒီတော့ မြဲတယ်လို့လဲ 
စွဲလမ်းစရာမရှိဘူး၊အတ္တကောင်၊ 
ငါကောင်လို့ လဲ စွဲလမ်းစရာ မရှိတော့ဘူး၊ 
ဒါဟာ မြတ်စွာဘုရားဟောတော်မူတဲ့ 
သတိပဋ္ဌာန်လမ်းပဲ၊
တကယ့်ကို ကောင်းတဲ့လမ်းပါပဲ။

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော အရိယာဝါသတရားတော်ကြီး(စာ-၇၄)မှ
ထုတ်နှုတ်၍ ဓမ္မဒါနပြုပါသည်။

သတ္တဝါဟူသရွေ့၊တရားတွေ့၊
ချမ်းမြေ့သာယာရှိပါစေ။

+++++++++++++++++++

တိရစ္ဆာန်ဘဝရောက်ပြီးရင် လူပြန်ဖြစ်ဖိူ့မလွယ်တော့ဘူး..

#တိရစ္ဆာန်ဘဝရောက်သွားရင်
#လူပြန်ဖြစ်ဖို့_ဘယ်တော့မှမလွယ်တော့ဘူး
 🔼🔼🔼🔼🔼🔼🔼🔼🔼🔼
တစ်ညနေ ဘုန်းကြီးဆီကိုလူတစ်ယောက်
ရောက်လာပြီး လာကန်တော့တယ် ။ 
အဖြူရောင်အဝတ်နဲ့ ....

"  အရှင်ဘုရား မေတ္တာပို့ပေးပါ ပရိတ်တော်တွေ
လည်း ရွတ်ပေးပါ...."လို့ လျှောက်ထားတယ် ။  
ခဏအကြာ ဘုန်းကြီးရှေ့ကပြန်ထွက်သွားပြီး
တောင်တစ်ခုလုံး  လင်းထိန်သွားတာ တွေ့လိုက်ရတယ်။

တောင်စောင့်နတ်ကြီးကိုး ။

ဝိဇ္ဇာတွေလာဖူးကြတယ်

တစ်ညကျတော့ အတော်လေးအေးလို့ 
ဘုန်းကြီးစောင်အထပ်ထပ်ခြုံပြီး လှဲနေတုန်း  
အလွန်မွှေးကြိုင်တဲ့ ရနံ့တွေနဲ့အတူ   
ဟိမဝန္တာကဝိဇ္ဇာနှစ်ပါး ဘုန်းကြီးနားမှာ 
မတ်တပ်ရပ်ပီး ဘုန်းကြီးကို
ကန်တော့နေကြတာတွေ့လိုက်တယ် ။

တစ်ကိုယ်လုံး   နူးညံ့တဲ့အနီရောင်  
အမွှေးအမှင်တွေ ဖုံးအုပ်ထားတယ် ။ 
" ဘာလာလုပ်တာလဲ...." လို့မေးတော့  
" အရှင်ဘုရားရဲ့ သီလသမာဓိပညာ
ကို ကြည်ညိုလို့ လာကန်တော့တာပါဘုရား..."တဲ့ ။
တစ်ကျောင်းလုံး သူတို့ကိုယ်က   
အရောင်အဝါတွေနဲ့ လင်းနေတယ် ။

တစ်နေ့မှာတော့ အပေါ်က 
လေယာဉ်ပျံအသံလိုကြားပြီး 
ဘုန်းကြီးရှေ့ကို ဝိဇ္ဇာတစ်ပါးကျလာတယ်။
" တပည့်တော်ဝိဇ္ဇာဓိုရ် ဦးကျော်ပါဘုရား...."လို့
လျောက်ထားပြီး 

သူကလည်း 
"အရှင်ဘုရားရဲ့သီလ သမာဓိ ပညာ
ကျော်ကြားလို့ လာပြီးဖူးတာပါဘုရား...."တဲ့ ။
ပရိတ်ရွတ်ပေးဖို့နဲ့ မေတ္တာပွါးပေးဖို့
လျောက်ထားပြီး  ဘုန်းကြီးကို  
သက်တမ်းရှည်အောင် သူပေါင်နဲ့  
ပေါင်တစ်ဖက်ချင်း လဲဖို့လျောက်ထားတယ် ။

ဘုန်းကြီးက တကာ့ပေါင်ကို ပြပါဦးလို့ဆိုတော့
ဝိဇ္ဇာဓိုလ်ကသူ့ပေါင်ကိုပြတယ်။
ဒါနဲ့ ဘုန်းကြီးက  
"တကာဦးကျော်ရေ ....ပေါင်တစ်ဖက်မည်း 
တစ်ဖက်ဖြူနဲ့ မဖြစ်သေးပါဘူး...."
လို့ ပြန်ပြောလိုက်တယ် ။  
ခဏကြာတော့   လက်အုပ်ချီရင်း   
ကောင်းကင်ပေါ်  ပျံတက်သွားတယ် ။

ကပ္ပိယကြီးတွမ်မှုံ

ဘုန်းကြီးကိုကြည်ညိုလို့ အနီးနားရွာကနေ
လာပြီးဝေယျာဝစ္စတွေ လုပ်ကိုင်ပေးနေတဲ့ ဂေါရခါးလူမျိုး " တွမ်မှုံ" ဆိုတဲ့ 
ကပ္ပိယကြီး တစ်ယောက်ရှိတယ် ။
နောက် မကျန်းမာဖြစ်ပြီး ကွယ်လွန်သွားတယ်။
တနေ့ ဘုန်းကြီးနေပူစာလှုံနေတုန်း 
လက်ပေါ်ကိုငှက်ကလေးတစ်ကောင်
လာနားတယ် ။  
 ကြည့်လိုက်တော့ တွမ်မှုံ ဖြစ်နေတယ် ။

ဒါနဲ့ ဘုန်းကြီးက 
"ဟဲ့ နင်တွမ်မှုံ မဟုတ်လား...." လို့
ပြောလိုက်တော့ ကျိကျော်  ကျိကျော်လို့
အော်ပြီးပြန်ထွက်သွားတယ် ။ 
တော်ကြာ အနီရောင်ငှက်လေးဖြစ်လိုက်  
အပြာရောင်ငှက်လေးဖြစ်လိုက်နဲ့
ငှက်ဘဝ ခြောက်ခါလောက်ဖြစ်တယ် ။

တွမ်မှုံ မလာတာကြာလို့  ဘယ်ဘဝများ
ရောက်နေပါလိမ့်လို့ ဘုန်းကြီးတွေးနေတုန်း  
နေပူမှာလှမ်းထားတဲ့ သင်္ကန်းပေါ်မှာ 
ကင်းခြေများကြီးတစ်ကောင် 
ရောက်နေတာတွေ့ရတယ်။
တွမ်မှုံ က ကင်းခြေများဖြစ်နေတာကိုး .
ဒါနဲ့ ဘုန်းကြီးက
" ဟဲ့ တွမ်မှုံ .   နင့်ကို.   
သူများနင်းမိရင်လည်း မကောင်းဘူး .  
နင်းမိလို့  ပြန်ကိုက်ရင်လည်း မကောင်းဘူး  
ငါ့ကျောင်းကို ဧည့်သည်တွေလာ
ကြလိမ့်မယ် သွားတော့...."လို့ပြောတော့    
တလှုပ်လှုပ်နဲ့ ပြန်ထွက်သွားတယ် ။

ကင်းခြေများဘဝကနေ 
အတော်လေးကြာတော့
မြွေစိမ်းလေးဖြစ်လိုက် အနီလေးဖြစ်လိုက်နဲ့ 

တစ်နေ့ ရေအိုးစင်မှာရေသောက်နေတုန်း  
ခြေထောက်ကို  ခေါင်းနဲ့လာထိနေလို့ 
ကြည့်လိုက်တော့  တွမ်မှုံဖြစ်နေတယ်  
မြွေမဘဝရောက်နေပြန်တယ်။ 
ခဏကြာတော့ နောက်ဆုတ်နောက်
ဆုတ်နဲ့ကျောင်းဝကိုပြန်ထွက်သွားတယ် 
သူ့လင်နဲ့ သားနှစ်ကောင်က 
မဝင်ရဲလို့ ကျောင်းခြံဝမှာ
ကျန်ခဲ့တာကို သွားခေါ်လာပြီး  
မြွေလေးကောင်ကဘုန်းကြီးခြေထောက်ကို    
ခေါင်းတွေနဲ့ထိထိပြီး
ကန်တော့နေကြတယ် ။    

ကန်တော့ပီးတဲ့အခါ
နောက်ဆုတ် နောက်ဆုတ်နဲ့ 
ပြန်ထွက်သွားကြတယ် ။  
ခုတော့ ဘယ်ဘဝတွေ ရောက်နေမှန်းတောင် 
မသိတော့ဘူး။
အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ပါပဲ ။

ဘုန်းကြီးပြောချင်တာက လူ့ဘဝကနေ 
တိရစ္ဆာန်ဘဝကို ရောက်သွားရင် 
တော်တော်နဲ့   လူပြန်မဖြစ်တော့ဘူး။*
ဒါ့ကြောင့်  ရခဲတဲ့လူ့ဘဝရောက်တုန်းမှာ   
ဒါန သီလ ဘာဝနာကို မမေ့ကြနဲ့ 
ကုသိုလ်များများလုပ်ကြဖို့ 
ဘုန်းကြီးတိုက်တွန်းပါတယ်။

တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ

#သစ္စာရှင်
#မြတ်ဗုဒ္ဓ၏သာသနာ page
#မေတ္တာဖြင့်ပြန်လည်မျှဝေသည် 
#Credit
Bhonemyatthu

လောကဓံကိုခံနိုင်ရမယ်

ရဟန်းဖြစ်စေ လူဖြစ်စေမည်သူမဆို 
ဆင်းရဲသော လောကဓံကိုကြံ့ကြံ့ခံနိုင်ပေမယ့် …

ချမ်းသာပြည့်စုံလာသောအခါ အောက်ခြေ လွတ်၍ 
မိုးမမြင် လေမမြင်ဖြစ်ပြီး…

အမိအဖ ဆရာသမား ညီအစ်ကို 
မောင်နှမ မိသားစု အသိုင်းအဝိုင်းအပေါ် …

အလေးမထား ဂရုမစိုက်မလေးမခန့် အပြောအဆို
အနေအထိုင် မဆင်ခြင်တတ်
ဖြစ်လာတတ်တယ်...။

အောက်ခြေလွတ်ပြီးမပြောသင့်တာ
ပြောလာတတ်တယ်...။

အနေအထိုင်မတတ် မိမိသီလ သမာဓိ အခြေခံပြီး 
တရားမကျင့်ဖြစ်ဘဲ လာဘ်လာဘနောက်ကို လိုက်ပြီး နောက်ဆုံးဘဝနေဝင်ချိန်မှာ နောင်တကြီးစွာနဲ့သေရတတ်တယ်၊ သင်သတိထားပါ...။ 

လောကမှာ မည်သူမည်ဝါမဆိုကိုယ်တွင်း သန္တာန်မှာ ကုသိုလ်အာရုံနဲ့ ဝေးနေတဲ့သူဟာ…

ကြမ်းတမ်းသော လောဘစိတ်ဝင်ရောက်ပြီ ဆိုရင်
ဆွေမျိုးဆိုတာ မရှိတော့ဘူး...

နှလုံးမသာယာတဲ့ ဒေါသအကြမ်း 
ဝင်ရောက် နေသူ၏ စိတ်မှာ 
ချစ်ခင်သူ မြတ်နိုးရသူဆိုတာမရှိတော့ဘူး...။

အတွေးတွေ ဝေဝေဆာပြီးစိတ်ပြန့်လွင့်ပြီးတည်ငြိမ်မှုမရှိသော မောဟအကုသိုလ်
စိတ်ဓာတ်ကြောင့် …

ကျေးဇူးရှင် ဖြစ်ဖြစ်...မေတ္တာရှင်ဖြစ်ဖြစ်
စေတနာထားသူဖြစ်ဖြစ် ပြန်လည်ပြီး ကျေးဇူးဆပ်ရမှန်းဆိုတာမရှိတော့ဘူး...။

ဒါကြောင့် ဤအကုသိုလ်စိတ် 
တစ်ခုခု ဝင်နေသူသည်စိတ်မယဉ်ကျေးတော့ဘူး...။

မိုက်မဲတွေဝေကာ ကောင်းတဲ့ အတွေးအခေါ်
အကြံအစည်တွေ မဖြစ်စေတော့ပြီ...။

ထို့ကြောင့် ...
သင့်စိတ်ကို ခဏခဏစစ်ပေးပါ၊ 
အကုသိုလ် အဝင်မခံပါစေနဲ့...။

မိမိခန္ဓာကိုယ်ကို 
သတိထားကြည့်လိုက်တော့ …

" ခန္ဓာကိုယ် ဇရာထောင်းလေတော့
ပြောင်းအိလို့ရင့်ရော်နောက်ပြန်လို  မပျိုပါသည်၊
တိုးလို့သာအို မြဲဇရာတည်း၊မရဏလာ သည်၊
များမကြာ သေမင်းလက်တည်း" ဆိုတဲ့ စကားလို…

တို့ခန္ဓာကြီးဟာ တစ်ရက်နဲ့ တစ်ရက်မတူ 
တစ်လနဲ့ တစ်လမတူ ပုံစံတွေပြောင်းလဲပြီး 
တဖြေးဖြေး အိုရာကနာ  နာရာက သေရာသို့ နီးနီးလာနေတယ်...။ 

အရှေ့ဘက်ထွက်လာတဲ့နေမင်းကြီးသည်
အနောက်ဂေါရာမြေသို့တဖြေးဖြေးပျောက်ကွယ်သွားသလို …

တို့ခန္ဓာကြီးဟာ မကောင်းတာတွေ စုံပြီး
အကောင်းတွေကုန်ဆုံးခဲ့ပါပေါ့လားဟု 
အမြဲ တစေ ဆင်ခြင်နိုင်ကြပါစေဟု
ဆန္ဒပြုလျက်...။   

(မြောက်ဦးဆရာတော်ဘုရားကြီး)

🙏🙏🙏🙏🙏🙏🙏🙏🙏
Credit

ကိုယ်နဲ့ဆိုင်သလား

ချီးမွမ်းတာဖြစ်ဖြစ်ကဲ့ရဲ့တာဖြစ်ဖြစ် အတူတူပဲလေ။
ခဏပဲဟာ ။အခိုက်အတန့်ပစ္စည်းလေ။ဒါတွေက ကိုယ်နဲ့မဆိုင်ဘူး။
"ဆိုင်သလားဗျာ"
"မဆိုင်ပါဘူး ဘုရား"
ချီးမွမ်းတာကလဲ သူ့စိတ်ထဲ ပီတိဖြစ်လို့ပြောတာ ၊
တို့အတွက်ပြောတာမဟုတ်ဘူး။
သူ ပီတိဖြစ်လို့ပြောတာ။

ကဲ့ရဲ့တာကလဲ သူ့စိတ်ထဲ ဒေါမနဿဖြစ်လို့ 
သူ့ဒေါမနဿ ကခိုင်းလို့ပြောရရှာတာ
သူ့တာဝန်သူထမ်းတာ၊ ဒို့ကိုပြောတာမဟုတ်ဘူး။
ဒို့က ဒိုကိုပြောတယ်ထင်နေတယ်။
ကိုယ်က ဝင်ပါလိုက်တာ။ 
တကယ်က ကိုယ်နဲ့မှမဆိုင်ပဲနဲ့။ 
သူတို့အလုပ်သူတို့လုပ်သွားတာလေ။
ဘုရားကိုယ်တိုင်လဲ ပြောခံခဲ့ရတာလေ။
ဘုရားရှင်တောင်မလွတ်မှတော့ 
ဒို့တွေလဲ လွတ်နိုင်ပါ့မလား "
"မလွတ်နိုင်ပါဘူးဘုရား"

(မဟာဗောဓိမြိုင်ဆရာတော်ကြီး)

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺

Credit....

Friday, December 10, 2021

သေမှာမကြောက် ထိုငါးရောက်

သေမှာမကြောက် ထိုငါးယောက် 
🌷🌷🌷🌷☘☘☘☘🌷🌷🌷🌷

၁။ ဒုစရိုက်တရား l ကံသုံပါး l ရှောင်ရှားထိုပုဂ္ဂိုလ်။
***သေးဘို့အရေး l သေမည့်ဘေး l ကြံတွေးကြောက်စရာမလို။

၂။ကောင်မှုများစွာ l ပြုသူမှာ l ပူဇာထိုပုဂ္ဂိုလ်။
***သေးဘို့အရေး l သေမည့်ဘေး l ကြံတွေးကြောက်စရာမလို။

၃။ ပေးကမ်းအလှူ l စိတ်ကြည်ဖြူ l ပြုသူထိုပုဂ္ဂိုလ်။
***သေးဘို့အရေး l သေမည့်ဘေး l ကြံတွေးကြောက်စရာမလို။

၄။ မိဘနှစ်ဖြာ l မြတ်ဆရာ l ပျူငှာလုပ်ကျွေးလို။
***သေးဘို့အရေး l သေမည့်ဘေး l ကြံတွေးကြောက်စရာမလို။

၅။ဆွေမျိုးသားချင်း l မိတ်ဆွေရင်း l ရိုင်းပင်းကူညီလို။
***သေးဘို့အရေး l သေမည့်ဘေး l ကြံတွေးကြောက်စရာမလို။
 
       *ဆီဆုံလေး ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော

{ သေမှာမကြောက် ထိုငါးယောက် }
 တရားတော်မှ ပြန်လည်ကူးယူ
ပူဇော်ပါသည်။

Credit..

Sunday, December 5, 2021

ဘုန်းကံနည်းပါးရခြင်းအကြောင်း

ဘုန်းကံနည်းပါးရခြင်း အကြောင်း
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

သူ့ဂုဏ်ကိုနှိမ့် ကိုယ့်ဂုဏ်နိမ့်၏။
သူ့ဂုဏ်ကိုမြောက် ကိုယ့်ဂုဏ်မြောက်၏။
သူကလည်း သူ့ကံအားလျော်စွာ 
သူ့စီးပွားရေး အခွင့်အလမ်းတွေ
ဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်။
အဲဒါကို မိမိကထိုင်ပြီးတော့ 
မကြည်ဖြူနိုင်ဘူး မနာလိုနိုင်ဘူး။
ဟိုလူ့ သွားတို့ ဒီလူ့ သွားတို့ ဟိုနေရာ သွားတိုင်လိုက် ဒီနေရာ သွားတို့လိုက်
လုပ်ပြန်တယ်။
တို့လိုက်တဲ့အခါကြတော့ အဲဒီကံလေးတွေက
ခုလိုဘ၀မှာ လာပြီး အကျိုးပေးတာပဲ။
မိမိနားမှာပြုစုမဲ့ ပုဂ္ဂိုလ်တစ်ယောက်မှ
မရှိဘူး။ အနားကပ်ပြီး နေချင်တဲ့ 
ပုဂ္ဂိုလ်လည်း တစ်ယောက်မှာ မရှိဘူး။ 
ဘုန်းကံနည်းပါးရခြင်းသည် ဘာကို အခြေခံသလဲ။ ငြူစူစောင်းမြောင်းတဲ့
စိတ်ထားကို အခြေခံတယ်။
ငြူစူ စောင်းမြောင်းတဲ့စိတ်ထားကို
မွေးမြူခြင်းသည် အခြွေအရံ နည်းပါး
စေတတ်တဲ့့ ကျင့်၀တ်ကို ကျင့်နေခြင်းပဲ
ဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။
သူတစ်ပါးတွေမှာ အခြွေအရံ များပြားနေတာ
ကို မကြည့်လိုတဲ့ စိတ်ထားက မိမိအခြွေအရံ
နည်းပါးဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။
သူတစ်ပါး အရိုအသေ အလေးအစားခံရမှု အမြတ်နိုးခံရမှု အပူဇော်ခံရမှုကို မကြည့်
လိုတဲ့ စိတ်ထားက…
မိမိကိုလည်း ရိုသေလေးစားမည့်သူ
မြတ်မြတ်နိုးနိုး ပြုစုလုပ်ကျွေးမည့်သူ 
မရှိဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။
စိတ်ထားမတတ်လို့ရတဲ့
အကျိုးတရားဖြစ်ပါတယ်။
သူလည်း သူ့ကံကြောင့် ဘုန်းကံကြီးမား
ရတယ်။ အခြွေအရံတွေ များပြားရတယ်။
ငါလည်း ငါ့ကံကြောင့် အခြွေအရံ
နည်းပါးရတယ်။ များပြားရတယ်။ 
ဒီလို ကံကံ၏အကျိုးတရားကို နှလုံးသွင်း
တယ်။ ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ။ တစ်ပြားမှမကုန်ဘူး။
စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲလိုက်တဲ့
အတွက် ဘ၀အဆင့်အတန်းတွေ မြင့်မသွားဘူးလား။ မြင့်သွားတယ်။
ဖားအောက်တောရဆရာတော်ကြီး
🌹🙏🙏🙏🙏🙏🙏
တိပိဋကမြန်မာပြန်

စိန္တာမဏိဂါထာတော်

" စိန္တာမဏိ ဂါထာတော် "
* * * * * * * * * * * * *

စိန်တာမဏိ ရတနာနိ ၊ ဗုဒ်ဓံ ဗုဒ်ဓရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်ဈတု။

စိန်တာမဏိ ရတနာနိ ၊ ဓမ်မံ ဓမ်မရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်ဈတု။

စိန်တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်ဈတု။

၁။ စိန္တ္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္ဈတု - ပြည့်စုံပါစေသတည်း။

ဤ စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။

ထိုဇာတ်တော်တွင် စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ နဝရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည် ထုတ်ယူ ပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့် စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။

Credit - ဓမ္မရတနာ
ပြန်လည်မျှဝေ ဓမ္မဒါနပြုပါသည်။

(အလွန် အဓိပ္ပါယ်ပြည့်ဝ ကောင်းမွန်သော ဂါထာတစ်ခုဖြစ်ပါသည်။ ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးများသည်ကိုးကွယ်ဆည်းကပ် ကြသူအပေါင်းအား ယခု မျက်မှောက်ဘဝတွင် ဘေးကင်းရန်ကွာ စိတ်ချမ်းသာအောင် ရွက်ဆောင်နိုင်သည်သာမက မဂ်ဖိုလ်နိဗ္ဗာန် ထိတိုင်အောင် ပို့ဆောင် လမ်းညွှန်ပေးနိုင်သော ရတနာ အားလုံးထက် သာလွန်ထူးမြတ်သော ရတနာမြတ်သုံးပါးဖြစ်ကြောင်း
အဓိပ္ပါယ်များပါဝင်ပြီး အနက်အဓိပ္ပါယ်ကို သိရှိနှလုံးသွင်းပြီး နေ့စဉ်ရွတ်ဖတ်ပွားများ ပူဇော်ပါက ရတနာသုံးပါးအပေါ် ယုံကြည်မှု သဒ္ဒါတရားများ ပိုမို ထက်သန်လာပြီး အကျိုးထူးများ ဧကန်မုချ ရရှိနိုင်ပါသည်။) မေတ္တာဖြင့် - ဓမ္မဒါန

Zawgyi

" စိန္တာမဏိ ဂါထာတော် "
* * * * * * * * * * * * *

စိန်တာမဏိ ရတနာနိ ၊ ဗုဒ်ဓံ ဗုဒ်ဓရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်စတြု။

စိန်တာမဏိ ရတနာနိ ၊ ဓမ်မံ ဓမ်မရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်စတြု။

စိန်တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ

ကရံ ကရတိ ၊ သရဏံ ခိပ်ပမဝေ သမိဇ်စတြု။

၁။ စိန္တ္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဗုဒ္ဓံ - ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ - ဘုရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္စျတု - ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ ဓမ္မံ - တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ - တရားတည်းဟူသော ရတနာတို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ် လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္စျတု - ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိ ရတနာနိ - ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်၊ သံဃံ - သံဃာတည်းဟူသော ရတနာမြတ်ပေတည်း။ သံဃရတနာနံ - သံဃာတည်းဟူသော ရတနာ တို့ကို၊ သရဏံ - ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို၊ ကရံကရောနေ ္တာ - ပြုထိုက်သည်ဖြစ်၍၊ ကရတိ - ပြုသောသူ၌၊ 
ဣစ ္ဆာ - ကြံစည်တောင့်တ လိုအင်ဆန္ဒသည်၊ ခိပ္ပမေ၀ - ဆောလျင်စွာလျှင်၊ သမိဇ္စျတု - ပြည့်စုံပါစေသတည်း။

ဤ စိန္တာမဏိ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်လေ့ရှိသူသည် သူတစ်ပါး၏ အကြံအစည်ကိုကြိုတင် သိ ရှိနိုင်သည်။ ဤဂါထာသည် ၅၅၀ နိပါတ်၊ ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သော ဂါထာဖြစ်သည်။

ထိုဇာတ်တော်တွင် စိန္တာမဏိ ဂါထာတော် ကို ရသည့် အချိန်မှစ၍ ပဒကုသလ လုလင်သည် ခြေရာ ကောက် အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း၊ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ဘုရင်းမင်းမြတ်၏ န၀ရတ်လက်စွပ်တော်ကို ကြွက်တွင်းမှ ပြန်လည် ထုတ်ယူ ပေးနိုင်ခဲ့ကြောင်း၊ သန်လျက် ပျောက်ဆုံးမှုတို့ကို ပြန်လည် ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် ဘုရင့် စည်းစိမ်ခံစားခဲ့ရကြောင်း စသည့် စိန္တာမဏိ ဂါထာတော်၏ တန်ခိုးအစွမ်း သတ္တိများကို ဖွင့်ဆိုဖော်ပြ ထားလေသည်။

Credit - ဓမ္မရတနာ

Monday, November 29, 2021

အနှောင့်အယှက် (၁၀)မျိုး

အနှောင့်အယှက် (၁၀)မျိုး
——————————-

(၁)   ပျင်းရိမှု ထကြွလုံ့လ မရှိမှုသည်
         "စည်းစိမ်ဥစ္စာတို့"၏
         အနှောင့်အယှက်တည်း၊

(၂)  တန်ဆာ မဆင်မှု ၊ 
         အတင့်အတယ် မပြုမှုသည်
        "အဆင်းလှခြင်း"၏ 
        အနှောင့်အယှက်တည်း၊

(၃)  မသင့်လျော်သော အပြုအမူသည်
        "အနာကင်းခြင်း"၏ 
         အနှောင့်အယှက်တည်း၊

(၄)   မိတ်ဆွေယုတ် ရှိမှုသည်
        "သီလ"တို့၏ 
         အနှောင့်အယှက်တည်း၊

(၅)  ဣနြေ္ဒတို့၌ မစောင့်စည်းမှုသည်
        "မြတ်သောအကျင့်"၏
         အနှောင့်အယှက်တည်း၊

(၆)  ချွတ်ယွင်းစေမှုသည်
        "မိတ်ဆွေ"တို့၏
         အနှောင့်အယှက်တည်း၊

(၇)   သရဇ္ဈာယ်မှုကို မပြုခြင်းသည်
         "အကြားအမြင်များခြင်း"၏
         အနှောင့်အယှက်တည်း၊

(၈)   မကြားနာလိုမှု မမေးမြန်းမှုသည်
          "ပညာ"၏
          အနှောင့်အယှက်တည်း၊

(၉)   မစိစစ်မှု မဆင်ခြင်မှုသည် 
          "တရား"တို့၏
          အနှောင့်အယှက်တည်း၊

(၁၀) အမှားကျင့်မှုသည်
          "နတ်ပြည်"တို့၏
         အနှောင့်အယှက်တည်း။

☸️ အင်္ဂုတ္တိုရ်ပါဠိတော် ၊ အာကင်္ခဝဂ် ဣဋ္ဌဓမ္မသုတ် ☸️
Credit...

ကောက်ဦးအလှူ (၉)မျိုး

ကောက်ဦးအလှူ ၉ မျိုး
🌷🌷🌷🌷🌷🌷🌷🌷🌷

၁။ စိုက်ပျိုးသောအခါ မျိုးစပါးတို့၏ အဦးအဖျားကို လှူခြင်း၊

၂။ စပါးနှံ ထွက်သောအခါ စပါးနှံအဦးအဖျား (မုန့်ဆန်း) အလှူကို လှူခြင်း၊

၃။ စပါးရိတ်သောအခါ ရိပ်၍ရသော စပါးတို့၏ အဦးအဖျားကို လှူခြင်း၊

၄။ ကောက်လှိုင်းထုံးသောအခါ အဦးအဖျား ဖြစ်သော ကောက်လှိုင်းထုံးကို လှူခြင်း၊

၅။ ကောက်လှိုင်းစည်းသောအခါ စသည် တို့၌လည်း အဦးအဖျားဖြစ်သော စပါးကို လှူခြင်း၊

၆။ စပါးနယ်သောအခါ တလင်းဦး စပါးကို လှူခြင်း၊

၇။ စပါးပုံသောအခါ စပါးပုံဦးကို လှူခြင်း၊

၈။ စပါးချင့်သောအခါ အဦးအဖျားချင့်သော စပါးကို လှူခြင်း၊

၉။ စပါးကျီသွင်းသောအခါ အဦးအဖျား ကျီသွင်းစပါးကို လှူခြင်း

အာဋာနာဋိယသုတ်ရွတ်ဖတ်ရခြင်းအကျိုး

အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်းအကျိုး
🌺🌺🌺🌺🌺🙏🙏🙏🙏🙏🌺🌺🌺🌺🌺

အာဋာနာဋိယသုတ်ကို ရွတ်ဖတ်ရခြင်းဖြင့် နတ်ဘီလူးတို့နှိပ်စက်ညှဉ်းပန်းခြင်းမှလည်းကောင်း ၊ စုန်းတစ္ဆေ ပယောဂများ၏ဘေးမှလည်းကောင်း ၊ မိစ္ဆာဝါဒီပညာသည်တို့ပြုစားခြင်းဘေးမှလည်း ၊မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း ကံကြံမ္မာဘေးတို့မှ လည်းကောင်းလွတ်မြောက်စေပြီး နတ်အပေါင်းတို့၏ ကြည်ညိုချစ်ခင်မူကို ခံယူရပါသည်။

အာဋာနာဋိယသုတ် ရွတ်ဖတ်သင့်သော အခါ
လူသူကင်းဆိတ်၍ ဝေးလံခေါင်းပါးသော အရပ်သို့ရောက်နေသော အခါ၌လည်းကောင်း၊
နတ်ဘီလူးသရဲတို့၏ နှောင့်ယှက်ပူး၀င်မူများနှင့်တွေ့ကြုံရသောအခါ၌ လည်ကောင်း၊
မကောင်းသော ဂြိုလ်စီး ဂြိုလ်ဖမ်းတို့မှ ကျရောက်သော အခါမျိုး၌လည်းကောင်း
ရွတ်ဖတ်သင့်သည့် အပြင် ဘုရားရှိခိုးနှင့် ဘုရားဂုဏ်တော်ဖွင့်ဂါထာများပါသောကြောင့် 
နေ့စဉ်မပြတ် ရွတ်ဖတ်နိုင်လျှင်လည်း ကောင်းမွန်ပါ၏ ။

အာဋာနာဋိယ - ရွတ်ဖတ်ကြလေ ၊ တစ္ဆေမှင်စာ ၊ မာကြမ်းမြေ ဘုတ် ၊ဖုတ်သဘက်ကျတ် ၊
နတ်ဆိုးမကျန် ၊ ကုမ္ဘဏ်ဘီးလူး ၊ ထူးထူးနှေင့်ယှက် ၊ နှိပ်စက်မရှိ ၊ ချမ်းသာဘိ၏ ။

      
အာဋာနာဋိယသုတ်တော်သည် အလွန်ဆောင်ယူပွားများသင့်သောပရိတ်တော်တစ်ခုဖြစ်ပါသည်။ အကြောင်းမူ ဤအာဋာနဋိယသုတ်တတော်တွင်၀ိပဿီ ၊ ဝေဿဘူ ၊ ကောဏာဂုံ ၊ ကကုသန် ၊ ကကုသန် ၊ ကဿပ ၊ ဂေါတမတည်းဟူသော ဘုရားရှင်ခုနစ်ဆူတို့အား ရှိခိုးခြင်း ၊ ရပာန္တာအရှင်မြတ်ကြီးတို့ရှိခိုးခြင်းတိုကိုပြု၏ ။ ထိုသို့ရှိခိုးခြင်းပြုရာတွင် သာမန်မဟုတ်၊ထထိုင်အိပ်သွား ဣရိယာပုတ်လေးပါးတို၌လည်း နူတ်ဖြင့်လည်းကောင်း ၊စိတ်ဖြင့်လည်းကောင်း ရှိခိုးခြင်းပြု၏ ။ ထိုဘုရားရှင်အပေါင်းတို့၏ ဘုန်းတန်ခိုးတေဇော်အာနုဘောတို့အားခံယူ၍လည်း ဆုတောင်းဆုယူပြု၏ ။ ထိုအပြင် အရပ်လေးမျက်နှာအသီးသီးတို့၌ ရှိကုန်သော်နဂါး ၊ ဘီးလူး ၊ ကုမ္ဘဏ် ၊ ဂန္ဓဗ္ဗ အစရှိသည်များနှင့် ယင်းတို့အား အသီးသီး အစိုးရသောဓတရဋ္ဌ ၊ ဝိရုပက္ခ ၊ ကုဝေရ အစရှိသော နတ်မင်းကြီးလေးပါးတို့၏ အစောင့်အရှောက်ကိုလည်း ခံယူထားသောပရိတ်တော်ဖြစ်လေရာ အလွန်တန်ခိုးအာနုဘော်ကြီးသော သုတ်တော်ဖြစ်၏ ။

Saturday, November 6, 2021

ဘောဇနသုတ်

၅။ ဇနသန္ဓဇာတ်
     ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

                           ★ပစ္စုပ္ပန်ဝတ္ထု★
     နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညု မြတ်စွာဘုရားသည် “ဒသခလု” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

     ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏၊ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

     ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း” ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ” ဟု နားတော် လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင် မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏၊ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏၊ ထိုတရားနှင့်အညီ မင်းပြုခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ” ဟု မိန့်တော်မူ၏၊ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

                          ★အတိတ်ဝတ္ထု★
     မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏၊ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

     ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏၊ 

အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သော အခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

** ငါးရာ့ငါးဆယ်ဇာတ်တော် ( မြန်မာပြန်)  မှ ကူးယူ၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

ဇနသန္ဓဇာတ်တော်

၅။ ဇနသန္ဓဇာတ်
     ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

                           ★ပစ္စုပ္ပန်ဝတ္ထု★
     နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညု မြတ်စွာဘုရားသည် “ဒသခလု” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

     ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏၊ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

     ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း” ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ” ဟု နားတော် လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင် မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏၊ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏၊ ထိုတရားနှင့်အညီ မင်းပြုခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ” ဟု မိန့်တော်မူ၏၊ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

                          ★အတိတ်ဝတ္ထု★
     မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏၊ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

     ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏၊ 

အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သော အခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

** ငါးရာ့ငါးဆယ်ဇာတ်တော် ( မြန်မာပြန်)  မှ ကူးယူ၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

သုမနာဒေဝီသူဌေးသမီးဝတ္ထု

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁၃။ သုမနာဒေဝီ သူဌေးသမီးဝတ္ထု
**************************************

          ဣဓ နန္ဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနာဒေဝီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ,အနာထပိဏ်တို့သည် ချစ်လှစွာသော သားမြေးတို့ကိုသာ ကုသိုလ်ရေး၌ ကိုယ်စားထားကြခြင်း

          သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးကြီး၏နေအိမ်၌ နေ့တိုင်း,နေ့တိုင်း ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌လည်း ထို့အတူ ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ သာဝတ္ထိပြည်၌ အကြင် အကြင်သို့သော သူသည် အလှူဒါနကို ပေးလှူခြင်းငှါ အလိုရှိ၏။ ထိုထိုသို့သောသူသည် ထိုနှစ်ဦးကုန်သော အနာထပိဏ်, ဝိသာခါတို့ထံမှ အခွင့်ကိုရမှသာလျှင် အလှူဒါနကို ပြုရလေ၏။ အဘယ့်ကြောင့်နည်းဟူမူကား “သင်တို့၏ အလှူလှူရာအရပ်သို့ အနာထပိဏ်သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း လာရောက်ပါ၏လော”ဟု မေးသောအခါ “မလာမရောက်”ဟု ဆိုသည်ရှိသော် “တစ်သိန်းသော အသပြာကို အကုန်ခံ၍ လှူသော်လည်း ဤအလှူဒါနမည်သည် အဘယ်သို့သော အလှူဒါနပေနည်း”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ နှစ်ယောက်ကုန်သော ထိုအနာထပိဏ်, ဝိသာခါတို့သည်ကား ရဟန်းသံဃာတော်မြတ် အပေါင်း၏ အလိုကိုလည်းကောင်း၊ လျောက်ပတ်သော အမှုတို့ကိုလည်းကောင်း အလွန်လျှင် သိတတ်ကြကုန်၏။ ထိုအနာထပိဏ်, ဝိသာခါတို့သည် ကြည့်ရှုစီရင်ကုန်သည်ရှိသော် ရဟန်းတို့သည် စိတ်တိုင်းကျကျ ဘုဉ်းပေးသုံးဆောင်တော်မူကြကုန်၏။ ထို့ကြောင့် အလုံးစုံကုန်သောသူတို့သည် အလှူဒါနကို ပေးလှူလိုကုန်သည်ရှိသော် ထိုအနာထပိဏ်, ဝိသာခါတို့ကို ဖိတ်ခေါ်၍သာလျှင် သွားကြလေကုန်၏။ ဤသို့လျှင် ထိုအနာထပိဏ်, ဝိသာခါတို့သည် မိမိတို့နေအိမ်၌ ရဟန်းတော်တို့ကို ကိုယ်တိုင် ဆွမ်းလုပ်ကျွေးခြင်းငှါ အခွင့်မရကြလေကုန်။

          ထိုသို့ အခွင့်မရခြင်းကြောင့် ဝိသာခါ ဒါယိကာမကြီးသည် “အဘယ်သူသည် ငါ့အရာ၌တည်၍ ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးနိုင်ပါအံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် သား၏သမီးဖြစ်သော မြေးမကိုမြင်၍ ထိုမြေးမကိုပင် မိမိ၏အရာ၌ ထားလေ၏။ ထိုမြေးမသည် အဘွားဖြစ်သော ဝိသာခါ ဒါယိကာမကြီး၏နေအိမ်၌ ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးရလေ၏။ အနာထပိဏ်သူဌေးကြီးသည်လည်း မဟာသုဘဒ္ဒါမည်သော မိမိ၏ သမီးအကြီးကို ထားလေ၏။ ထိုမဟာသုဘဒ္ဒါသည် ရဟန်းတော်တို့၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်ပြုစုလျက် တရားတော်ကိုနာရသဖြင့် သောတာပန်ဖြစ်၍ ခင်ပွန်းသည်ယောက်ျား အမျိုးသား၏အိမ်သို့ လိုက်ပါသွားရလေ၏။ ထို့နောက် စူဠသုဘဒ္ဒါမည်သောသမီးကို ထားပြန်၏။ ထိုစူဠသုဘဒ္ဒါသည်လည်း ထိုအစ်မနည်းတူသာလျှင် ပြုစုလျက် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား၏အိမ်သို့ လိုက်ပါသွားရပြန်လေ၏။ ထိုအခါ သုမနာဒေဝီ အမည်ရှိသော သမီးအငယ်ကို ထားရပြန်လေသတည်း။

ကိုယ်စားသမီးဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ဟု ဘုရားအား ဝမ်းနည်းစွာ လျှောက်ထားခြင်း

          ထိုသုမနာဒေဝီသည်ကား သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ သတို့သမီးပျို၏ အဖြစ်ဖြင့်သာလျှင် ထိုသို့သဘောရှိသော မချမ်းသာသောအနာ ပြင်းစွာနှိပ်စက်အပ်သဖြင့် အစားဖြတ်ခြင်းကိုပြုပြီးလျှင် ဖခင်ကို တွေ့မြင်လိုသောကြောင့် အခေါ်စေလိုက်လေ၏။ ထိုအနာထပိဏ် သူဌေးကြီးသည် တစ်ခုသော အလှူမဏ္ဍပ်ရုံ၌ သမီး၏မှာလိုက်သော သတင်းစကားကို ကြားသိရသည်ဖြစ်၍ ချက်ချင်းပြန်လာပြီးလျှင် “ချစ်သမီး သုမနာ- အဘယ်သို့ဖြစ်သနည်း”ဟု မေးလေ၏။ သုမနာဒေဝီသည်လည်း အနာထပိဏ်သူဌေးကို “ငါ့မောင်ကလေး- အဘယ်နည်း”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သော စကားကို ပြောဆို၍သာလျှင် ထိုသုမနာဒေဝီ သတို့သမီးသည် စုတေမနေ ကွယ်လွန်ရှာလေ၏။

          အနာထပိဏ်သူဌေးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်သော်လည်း သမီးကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုပြီးလျှင် ငိုကြွေးလျက် ဘုရားအထံသို့ သွားရောက်သဖြင့် မြတ်စွာဘုရားသည် “သူဌေးကြီး- အဘယ့်ကြောင့် နှလုံးဆင်းရဲခြင်း ရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာခဲ့ရသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား တပည့်တော်၏ သမီးငယ်ဖြစ်သော သုမနာဒေဝီသည် ကွယ်လွန်ပါလေပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အလုံးစုံသောသူတို့အား သေခြင်းသဘောသည် မလွဲဧကန် အမှန်ဖြစ်သည် မဟုတ်တုံလော”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အလုံးစုံသောသူတို့အား သေခြင်းသဘော ဧကန်ဖြစ်သည်ကို တပည့်တော် သိပါ၏၊ ဤသို့ သဘောရှိသော တပည့်တော်၏သမီးသည် အရှက်အကြောက်နှင့် ပြည့်စုံပါလျက် သေခါနီးအခါ၌ သတိကို မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ယောင်ယမ်းမြည်တမ်းကာ ကွယ်လွန်ရပါသည်။ ထို့ကြောင့် အတိုင်းမသိ များစွာသော နှလုံးမသက်သာခြင်းသည် တပည့်တော်အား ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဖခင်ထက် သမီး ဂုဏ်သိက္ခာကြီးခြင်း၊ တုသိတာနတ်ပြည်၌ ဖြစ်ခြင်းတို့ကို ဟောကြားခြင်း

          “သူဌေးကြီး- သင်၏သမီးသည် အဘယ်သို့သောစကားကို ဆိုသွားလေသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား၊ တပည့်တော်သည် ထိုသမီးကို “ချစ်သမီး သုမနာ”ဟု ရှေးဦးစွာ ခေါ်လိုက်ပါသည်။ ထိုအခါ တပည့်တော်ကို “ငါ့မောင်ကလေး အဘယ်နည်း”ဟု စကားတုံ့ပြန်ပါသည်။ ထို့နောက် “ချစ်သမီး ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောပါသည်။ “ချစ်သမီး ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သောစကားကို ပြောဆို၍သာလျှင် စုတေပျက်ပြား ကွယ်လွန်သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

          ထိုအခါ အနာထပိဏ်သူဌေးကြီးကို မြတ်စွာဘုရားသည် “သူဌေးကြီး- သင်၏သမီးသည် ယောင်ယမ်းမြည်တမ်းသည် မဟုတ်”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုသို့ မယောင်ယမ်းမမြည်တမ်းပါလျှင် အဘယ့်ကြောင့် ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- သင်၏ ငယ်ခြင်းကြောင့်သာလျှင် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ်ပြောဆိုလေ၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး- သင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင်သူဌေးကြီးထက် ကြီးပေသည်၊ သင်သည်ကား သောတာပန်ပုဂ္ဂိုလ်သာတည်း၊ သင်၏သမီးသည်ကား သကဒါဂါမ်ပုဂ္ဂိုလ်တည်း၊ ထိုသင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင့်ထက်ကြီးသည့်အဖြစ်ကြောင့် သင့်ကို ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုလေသည်”ဟူ၍ မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤအတိုင်းပင် ဟုတ်မှန်ပါသလားဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “သူဌေးကြီး- ဤအတိုင်းပင် ဟုတ်မှန်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်၏။ “တုသိတာနတ်ဘုံ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်၏သမီးသည် ဤလူ့ပြည်၌ ဆွေမျိုးတို့၏အလယ်၌ နှစ်သက်ဝမ်းမြောက်စွာ လှည့်လည်ပြီး၍ ဤပစ္စုပ္ပန်ဘဝမှ ပြောင်းသွားရပါသော်လည်း နှစ်သက်ဝမ်းမြောက်ရာ အရပ်၌ပင် ဖြစ်ပါပေသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သူဌေးကြီး- ရဟန်းဖြစ်စေ၊ လူဖြစ်စေ မမေ့မလျော့သော သူတို့မည်သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း နှစ်သက် ဝမ်းမြောက်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘာဝ

(၁၈) ဣဓ နန်ဒတိ ပစ်ေစ နန်ဒတိ၊

ကတပုညော ဥဘယတ်ထ နန်ဒတိ။

ပုညံ မေ ကတန်တိ နန်ဒတိ၊

ဘိယျော နန္ဒတိ သုဂတိံ ဂတော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန် လောက၌လည်း။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ ပေစ္စ၊ တမလွန်လောက၌လည်း။ နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောက၌။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတန္တိ၊ ပြုအပ်ပြီ ဟူ၍။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ သုဂတိံ၊ သုဂတိ ဘဝသို့။ ဂတော၊ ရောက်သည်ဖြစ်၍။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုမနာဒေဝီ သူဌေးသမီးဝတ္ထု ပြီး၏။

Friday, November 5, 2021

ကထိန်

.  🌺🙏🌺     ကထိန်    🌺🙏🌺

              ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ် ရှားပါးသော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။

     သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။

     ကထိန်ဖြစ်ပေါ်လာပုံ
      ***********************

      ညီနောင်သုံးကျိပ်
~~~~~~~~~~~~~~~~~

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။

မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
     ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ 

ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား 
“ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း
 (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။

မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။

သာဝတ္ထိမြို့သို့ ခြေလျင်ခရီး

      အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။

သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း
××××××××××××××××××××××××××

ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။

ကထိန်ခင်းရန် ခွင့်ပြုခြင်း
>>>>>>>>>>>><<<<<<<<<<<<<

ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။

ကထိန်ခင်းခြင်း
•••••••••••••••••••••••••••••

ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟုလျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။

       ကထိန်ပွဲတော်ကို ’မိုးလကုန်စဲ ကထိန်ပွဲ’ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်း လှူဒါန်းလေ့ရှိသည်။

     ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။

ကထိန်ခင်းရန် ကိစ္စ ၈-ပါး
****************************

ကထိန်သင်္ကန်းကို အလှူခံမှု၊

ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊

ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊

တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊

ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊

သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊

နှုတ်မြွက်၍ ခင်းမှု၊

အနုမောဒနာပြုမှု။

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါ
~~~~~~~~~~~××××××~~~~~~~~~~

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာကထိန်ခင်းထိုက်သည် ဆို၏။

ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊

ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊

အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊

အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊

မာတိကံ- မာတိကာကို သိထားရခြင်း၊

ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊

ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊

အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ကထိန်အာနိသင် ၅-ပါး
***=****=***=***=***=****

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။

၁။အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊

၂။အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊

၃။ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊

၄။ ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဂဏဘောဇဉ်ကို စားနိုင်ခြင်း၊

၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း။

သင်္ကန်းသုံးမျိုး
•••••••••••••••••••••••••

ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။

သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး

ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ

အန္တရ ဝါသက- ခါးဝတ်ခေါ် သင်းပိုင်

ကထိန်မြောက်သော သင်္ကန်းများပြင်ဆင်

အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ပဉ်စကနေ ဝါ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဉ်ဆိန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ကထိနံ။

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ကထိန် မမြောက်သော သင်္ကန်းများ
***************************************

** န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။

** န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

** န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ
ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န အညတွ ပဉ်စကနေ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဦ်ဆန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ကထိန် ဉတ်သင်္ကန်းဆိုသည်မှာ..
***********************************

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ဉတ်သင်္ကန်းကြီးဟု ခေါ်ကြသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ဉတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်သည်။ 

သင်္ကန်းလှူသော အကျိုးတရားငါးပါး
******************************************

၁။အရပ် လေးမျက်နာ အရပ်ရှစ်မျက်နာ အရပ်ဆယ်မျက်နာသို့ လွတ်လွတ်လပ်လပ် ဘေးမသီရန်မခဘဲ အတားအဆီးမရှိ သွားလာနိူင်ခြင်း။

၂။မည်သည့်အရပ်ကိုမဆို တာဝန်ကိစ္စ ကြီးလေးမူမရှိဘဲ ပေါ့ပေါ့ပါးပါး သွားလာနိူငိခြင်း။

၃။အစာ အာဟာရများနင့် ပတ်သက်၍ အဆိပ်အတောက်/ အစာဆိပ်သင့်ခြင့် မှ ကင်းဝေးစေခြင်း

၄။မိမိ၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုး ငါးပါးတို့၏ ဖျက်စီးနောက်ယှက်ခြင်း အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေခြင်း။

၅။မိမိတို့၏စည်းစိမ်ဥစ္စာများကို သူတစိပါးတို့မှနိူင်ထက်စီးနင်း လုယက်ယူငင်ခြင်း အန္တရာယ်များမှ ကင်းဝေးစေခြင်း.....
စသည့်ကောင်းကျိုးတရား ငါးပါးကို
ကထိန်သက်န်းလှူသော တကာ တကာမများ/ ဥပါသိကာ ဥပါသိကာများ/သာသနာကို ကူညီထောက်ပံ့ကြသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ရရှိကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား
-----------

↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ။ ကထိန်အကြောင်းသိကောင်းစရာ။

↑ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက

↑ ၃.၀ ၃.၁ (မဟာဝဂ္ဂပါဠိတော်၊ စာမျက်နှာ ၃၅၃)

↑ (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-ဝဂ်၊ အတွဲ-၅၊ ၁၉၉။)

Credit.. blog Site မှကူးယူ၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

     မေတ္တာဖြင့်...
                          မြတ်ဗုဒ္ဓ၏သာသနာ page

ကိလေသာခေါင်းပါးကြောင်းတရား

🔴🛑 ကိလေသာ ခေါင်းပါးကြောင်းတရား ၄၄ ပါး 🛑🔴

🔴၁။မ ညှင်းဆဲခြင်း 
🔴၂။မ သတ်ဖြတ်ခြင်း
🔴၃။မ ခိုးယူခြင်း
🔴၄။မေထုန် မကျင့်ခြင်း
🔴၅။မုသား မပြောခြင်း
🔴၆။ကုန်းမတိုက်ခြင်း
🔴၇။ကြမ်းတမ်းရိုင်းပြသောစကား မပြောခြင်း
🔴၈။ပြိန်းဖျင်းစကား မပြောခြင်း
🔴၉။သူတပါးပစ္စည်း ရရှိရန် ရှေ့ရှုမကြံခြင်း
🔴၁၀။ဖျက်စီးလိုစိတ် မရှိခြင်း
🔴၁၁။အယူ မှန်ခြင်း
🔴၁၂။အကြံအစည် မှန်ခြင်း
🔴၁၃။အပြော မှန်ခြင်း
🔴၁၄။အပြု မှန်ခြင်း
🔴၁၅။အသက်မွေးမှု မှန်ခြင်း
🔴၁၆။အားထုတ်မှု မှန်ခြင်း
🔴၁၇။အောက်မေ့မှုသတိ မှန်ခြင်း
🔴၁၈။တည်ကြည်မှု မှန်ခြင်း
🔴၁၉။ဉာဏ်အမြင် မှန်ခြင်း
🔴၂၀။လွတ်မြောက်မှု မှန်ခြင်း
🔴၂၁။လေးလံထိုင်းမှိုင်းမှု ကင်းခြင်း
🔴၂၂။စိတ် မပြန့်လွှင့်ခြင်း
🔴၂၃။ယံုမှား သံသယ ကင်းခြင်း
🔴၂၄။အမျက် မထွက်ခြင်း
🔴၂၅။ရန်ငြိုး မဖွဲ့ခြင်း
🔴၂၆။ကေျးဇူး မကမ်းခြင်း
🔴၂၇။ဂုဏ် မပြိုင်ခြင်း
🔴၂၈။မ ငြူစူခြင်း
🔴၂၉။ဝန် မတိုခြင်း
🔴၃၀။မ စဥ်းလဲခင်း
🔴၃၁။မ လှည့်ပတ်ခြင်း
🔴၃၂။မ ခက်ထန်ခြင်း
🔴၃၃။မ မောက်မာခြင်း
🔴၃၄။ပြောဆိုဆုံးမ ခံယူလွယ်ခြင်း
🔴၃၅။မိတ်ဆွေ​ေကာင်း ရှိခြင်း
🔴၃၆။သတိ မမေ့ခြင်း
🔴၃၇။သဒ္ဓါတရား ရှိခြင်း
🔴၃၈။မကောင်းမှု ရှက်ခြင်း
🔴၃၉။မကောင်းမှုမှ ကြောက်ခြင်း
🔴၄၀။အကြားအမြင် များခြင်း
🔴၄၁။မ ပျင်ရိခြင်း
🔴၄၂။သတိ များခြင်း
🔴၄၃။ပညါ ပြည့်စုံခြင်း
🔴၄၄။အယူအစွဲအလမ်း မကြီးခြင်း

Forty-four ways of effacement (ways to get rid off mental defilements): 
🛑 1: No crulity,
🛑 2: not killing,
🛑 3: not stealing,
🛑 4: celibacy,
🛑 5: no false speech,
🛑 6: no malicious speech,
🛑 7: no harsh speech,
🛑 8: no vain talk,
🛑 9: uncovetousness,
🛑 10: non-ill will,
🛑 11: right view,
🛑 12: right thought,
🛑 13: right speech,
🛑 14: right action,
🛑 15: right livelihood,
🛑 16: right effort,
🛑 17: right mindfulness,
🛑 18: right concentration,
🛑 19: right knowledge,
🛑 20: right deliverance,
🛑 21: freedom from sloth and torpor,
🛑 22: non-restlessness,
🛑 23: doubtlessness,
🛑 24: non-anger,
🛑 25: non-revenge,
🛑 26: non-contempt,
🛑 27: non-domineering attitude,
🛑 28: non-envy,
🛑 29: non-avarice,
🛑 30: non-fraud, 
🛑 31: non-deceit,
🛑 32: non-obstinacy,
🛑 33: non-arrogance,
🛑 34: being easy to admonish,
🛑 35: having good friends,
🛑 36: diligence,
🛑 37: faithfulness,
🛑 38: moral shame,
🛑 39: moral dread,
🛑 40: great learning,
🛑 41: arousal of energy,
🛑 42: well established mind,
🛑 43: wisdom,
🛑 44: not holding a view stubbornly.

🙏🔵 ၈- သလ္လေခသုတ်(မြန်မာပြန်)🔵🙏

၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် မဟာစုန္ဒသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သောဤမိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ပါကုန်၏။ အသျှင်ဘုရား နှလုံးသွင်းသောရဟန်းအား နှလုံးသွင်းစ၌ပင် ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်း စွန့်ခြင်းသည် ဖြစ်နိုင်ပါသလော'' ဟု လျှောက်၏။

၈၂။ စုန္ဒ အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သော ဤ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ကုန်၏။ ဤ မိစ္ဆာဒိဋ္ဌိတို့သည် အကြင် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာကုန်၏၊ ကိန်းဝပ်နေကုန်၏။ ဖြစ်ပွားနေကုန်၏၊ ထိုခန္ဓာငါးပါးကို ''ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာ ငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ့အတ္တမဟုတ်'' ဟု ဤသို့သော အခြင်းအရာအားဖြင့်ဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ရှုမြင်သောသူအား ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်းစွန့်ခြင်းသည် ဖြစ်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း 'ဝိတက်' နှင့် တကွဖြစ်သော သုံးသပ်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသောပဌမ ဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟုစိတ်အကြံ အစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုမျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည်ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ'တို့၏ချုပ်ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း 'သမာဓိ' ကိုဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်ကို ဝင်စား၍နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟုခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်း ကြောင့်လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့်ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်ကိုဝင်စား၍ နေရာ၏၊ 

ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု
စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာနေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ချမ်းသာခြင်း 'သုခ'ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ'တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် စင်ကြယ်သော သတိရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည်ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ့်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ ''ကောင်းကင်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည်ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်း သည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာနေရရေးတရားတို့ဟု ခေါ်ဆိုရ ကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''တစ်စုံတစ်ခုမျှ မရှိ'' ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကိုအရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

၈၃။ စုန္ဒ ဤဆိုလတ္တံ့သော အရာတို့၌ သင်တို့သည် ခေါင်းပါးခြင်းကို ပြုသင့်၏၊ အခြားသူတို့ သည်ညှဉ်းဆဲတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အသက်သတ်ခြင်းကို ပြုတတ်သူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မပေးသည်ကို ယူတတ်သူတို့
ဖြစ်ကြသော်လည်း

ငါတို့ကား ဤအရာ၌မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မမြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မဟုတ်မမှန်ပြောတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကုန်းစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကုန်းစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကြမ်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ကြမ်းသောစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပြိန်ဖျင်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ပြိန်ဖျင်းသော စကားပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည့် (သူတစ်ပါး ပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ရှေးရှုမကြံစည် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့ဖျက်ဆီးလိုသောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဖျက်ဆီးလိုသောစိတ်မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်း ပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအယူရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အယူရှိကြသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အကြံအစည်ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အကြံ အစည်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော စကား ရှိကြသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ မှန်ကန်သော စကားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအမှု ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ ကား ဤအရာ၌မှန်ကန်သောအမှု ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြား သူတို့သည်မှားယွင်းသော အသက်မွေးမှုရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန် သောအသက်မွေးမှုရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော လုံ့လရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော လုံ့လရှိကြ သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အောက်မေ့ခြင်းရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အောက်မေ့ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော ဉာဏ်ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မှန်ကန်သော ဉာဏ်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်မှားယွင်း သော လွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သောလွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

အခြားသူတို့သည် လေးလံထိုင်းမှိုင်းခြင်း နှိပ်စက်ခံရသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌လေးလံထိုင်းမှိုင်းခြင်းကင်းကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ပျံ့လွင့်သောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပျံ့လွင့်သောစိတ် မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုံမှားတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ယုံမှားခြင်းကို လွန်မြောက်ကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အမျက်ထွက်လေ့ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အမျက်ထွက်လေ့ မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ရန်ငြိုးဖွဲ့တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရန်ငြိုးမဖွဲ့တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ 

အခြားသူတို့သည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ပြိုင်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်မပြိုင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ငြူစူတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မငြူစူတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဝန်တိုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဝန်မတိုတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် စဉ်းလဲတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မစဉ်းလဲ တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် လှည့်ပတ်တတ့်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မလှည့်ပတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ 

အခြားသူတို့သည် ခက်ထန်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မခက်ထန် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်အလွန်မောက်မာသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အလွန်မမောက်မာသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အပြောအဆိုခက်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အပြော အဆို လွယ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုတ်မာသော မိတ်ဆွေရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ကောင်းသော မိတ်ဆွေရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ 

အခြားသူတို့သည် သတိမေ့လျော့သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤ အရာ၌ သတိမမေ့မလျော့သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သဒ္ဓါ တရားမရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ သဒ္ဓါတရားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အရှက်မရှိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရှက်စိတ်ရှိသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မကြောက်လန့်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကြောက်လန့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အကြားအမြင်မရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ အကြားအမြင်များသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပျင်းရိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ လုံ့လစိုက် ထုတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိလွတ်သောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ ထင်သော သတိရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပညာမဲ့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပညာနှင့် ပြည့်စုံသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာယူကြကုန်လျက်ပြန်လည် မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မိမိအယူကို လွန်စွာမစွဲလမ်းဘဲမြဲမြံစွာမယူကြကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

၈၄။ စုန္ဒ ငါဘုရားသည် ကုသိုလ်တရားတို့၌ စိတ်ဖြစ်ပေါ်ခြင်းမျှကိုလည်း ကျေးဇူးများ လှ၏ဟုဟော၏၊ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ပြုလုပ် စီမံ စေခိုင်းခြင်း စသည်တို့၌ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ စုန္ဒ ထို့ကြောင့် အခြားသူတို့သည် ညှဉ်းဆဲတတ်သူတို့ ဖြစ်ကြ သော်လည်း ငါတို့သည်ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ အခြားသူတို့သည်အသက်သတ်ခြင်းကို ပြုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှကြဉ်ရှောင်သူတို့ ဖြစ်ကြ ကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ပ။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာ ယူကြ ကုန်လျက် ပြန်လည်မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မိမိအယူကို လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာမယူကြကုန်ဘဲ ပြန်လည်စွန့်လွှတ်နိုင်သူတို့ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။

၈၅။ စုန္ဒ ဥပမာသော်ကား မညီညွတ်သော လမ်းရှိခဲ့သော် အခြားညီညွတ်သော လမ်းသည် ထို လမ်းကိုရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း၊ စုန္ဒ ဥပမာတစ်နည်းသော်ကား မညီညွတ်သော ဆိပ်ကမ်းရှိခဲ့သော်အခြားညီညွတ်သော ဆိပ်ကမ်းသည် ထိုဆိပ်ကမ်းကို ရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း စုန္ဒဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲမှုသည် ရှောင်လွှဲရန် လမ်း ဖြစ်၏။ အသက်သတ်ခြင်းကို ပြုသော ပုဂ္ဂိုလ်အား အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည့်ရှောင်လွှဲရန် လမ်းဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အားမဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အား ကုန်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကြမ်းသောစကားကို ပြောသောပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပြိန်ဖျင်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှု မကြံစည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသောပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ် မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အယူသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော စကားရှိသောပုဂ္ဂိုလ်အား မှန်ကန်သောစကားသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အမှုရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်း ရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အောက်မေ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ဉာဏ်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လွတ်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လွတ်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်သည် ရှောင်လွှဲရန်လမ်းဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားခြင်းကို လွန်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်သောပုဂ္ဂိုလ်အား ဂုဏ်ကျေဇူးကို မချေဖျက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အား မစဉ်းလဲခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ခက်ထန်တတ်သော ပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန် မောက်မာမှု မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အား ကောင်းသောမိတ်ဆွေသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ 

အရှက်မရှိသောပုဂ္ဂိုလ်အား ရှက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အား အကြားအမြင် များခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လစိုက်ထုတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သော သတိသည်။
Org:unknown
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
တင်ဆက်သည်။