အနှောင့်အယှက် (၁၀)မျိုး
——————————-
(၁) ပျင်းရိမှု ထကြွလုံ့လ မရှိမှုသည်
"စည်းစိမ်ဥစ္စာတို့"၏
အနှောင့်အယှက်တည်း၊
(၂) တန်ဆာ မဆင်မှု ၊
အတင့်အတယ် မပြုမှုသည်
"အဆင်းလှခြင်း"၏
အနှောင့်အယှက်တည်း၊
(၃) မသင့်လျော်သော အပြုအမူသည်
"အနာကင်းခြင်း"၏
အနှောင့်အယှက်တည်း၊
(၄) မိတ်ဆွေယုတ် ရှိမှုသည်
"သီလ"တို့၏
အနှောင့်အယှက်တည်း၊
(၅) ဣနြေ္ဒတို့၌ မစောင့်စည်းမှုသည်
"မြတ်သောအကျင့်"၏
အနှောင့်အယှက်တည်း၊
(၆) ချွတ်ယွင်းစေမှုသည်
"မိတ်ဆွေ"တို့၏
အနှောင့်အယှက်တည်း၊
(၇) သရဇ္ဈာယ်မှုကို မပြုခြင်းသည်
"အကြားအမြင်များခြင်း"၏
အနှောင့်အယှက်တည်း၊
(၈) မကြားနာလိုမှု မမေးမြန်းမှုသည်
"ပညာ"၏
အနှောင့်အယှက်တည်း၊
(၉) မစိစစ်မှု မဆင်ခြင်မှုသည်
"တရား"တို့၏
အနှောင့်အယှက်တည်း၊
(၁၀) အမှားကျင့်မှုသည်
"နတ်ပြည်"တို့၏
အနှောင့်အယှက်တည်း။
☸️ အင်္ဂုတ္တိုရ်ပါဠိတော် ၊ အာကင်္ခဝဂ် ဣဋ္ဌဓမ္မသုတ် ☸️
No comments:
Post a Comment