စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 1, 2021

အိပ်မက်မကောင်းတာ မက်ပြီဆိုလျှင်

❝ အိပ်မက်မကောင်းတာ မက်ပြီဆိုလို့ရှိရင် ❞
══════════════════════
••            
နံနက်မိုးသောက် အလင်း ရောက်လို့ 
ကိုယ်စိတ်ထဲမှာ အိပ်မက်မကောင်းတာ မက်ပြီဆိုလို့ရှိရင် ဘာလုပ်မလဲ။ 

ဘုရားကိုရှိခိုး အာရုံ ပြုပြီးတဲ့အခါမှာ ...
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊
ယော စာ'မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊
ဗုဒ်ဓါနုဘာဝနေ ဝိနာသမန်ေတု။

တရားကို အာရုံပြုပြီးတဲ့အခါမှာ ….
“ဓမ်မာနုဘာဝနေ ဝိနာသမန်ေတု” 
သံဃာ့ဂုဏ်ကို အာရုံပြုပြီး 
“သံဃာနုဘာဝေန ဝိနာသမေန္တု” ဆိုတဲ့ 
ဟောဒီဂါထာ လေးကို ရွတ်ဖတ်ပြီး စိတ်ထဲမှာ နှလုံးသွင်းလိုက်လို့ ကုသိုလ်တွေ ဖြစ်ပေါ်လာလို့ရှိရင်ခုနကပြောတဲ့ အရာတွေအကုန်လုံးဟာ ကြေပျောက်သွားတယ်။

ဘယ်လိုလုပ်ပြီးတော့ ကြေပျောက်တာတုန်းဆိုရင် နှလုံးထဲမှာ မကြည်မလင်ဖြစ်တဲ့ အရာတွေဟာဘုရား တရား သံဃာကို အာရုံပြုလိုက်တာနဲ့ ကုသိုလ်တွေ ရသွားပြီး ရင်ထဲ နှလုံးထဲမှာ ကြည်လင်ရွှင်ပျသွားတယ်။ အဲဒီသဘောနဲ့ ပျောက်တာကို ဆိုလိုတာ။

ဒါကြောင့်မို့ “ဒုန္နိမိတ္ထံ ” ဆိုတာ မကောင်းတဲ့ နိမိတ် တွေ၊ “အဝမင်္ဂလဥ္စ ” မင်္ဂလာမရှိတဲ့ အရာတွေ၊”ယော စာမနာပေါ သကုဏဿ သဒ္ဒေါ” နားထောင် ရတာ မနှစ်သက်စရာကောင်းတဲ့ ငှက်ဆိုးရဲ့ အသံတွေ၊ “ပါပဂ္ဂဟော” 
မကောင်းတဲ့ ဂြိုဟ်စီးဇာတာ ကံကြမ္မာတွေ၊ “ဒုဿုပိနံ အကန္တံ” နှစ်သက်စရာမကောင်းတဲ့ အိပ်မက်ဆိုးတွေ အဲဒီလူတွေရဲ့ စိတ်ထဲမှာ မသန့်တဲ့ မကောင်းဘူးဆိုတဲ့ဟာတွေအားလုံဟာ မြတ်စွာဘုရား ကို အာရုံပြုပြီးတော့ ရလိုက်တဲ့ကုသိုလ်ရဲ့ စွမ်းအားနဲ့ အားလုံးကြေပျောက်သွားပါစေလို့ ဒီလိုဆိုတာနော်။

အဲဒီလို ဘုရားကိုအာရုံပြုလိုက်လို့ ရတဲ့ ကုသိုလ်ဟာ “ဗုဒ္ဓဿပူဇံ မဟာတေဇ၀​​န္တော” ဆိုတဲ့အတိုင်း စွမ်းအားသတ္တိတွေပြည့်နေတယ်။ ဘုရားကို အာရုံပြု ကြည့်။ အာရုံပြုလိုက်လို့ စိတ်ထဲမှာ ဘုရားဂုဏ်တော်တွေနဲ့ ကြည်နူးလာပြီဆိုရင် အဲဒီကုသိုလ်ဟာ အခု ပြောခဲ့တဲ့ မကောင်းတဲ့အရာတွေ၊ ကိုယ်အလိုမရှိတဲ့ အရာတွေ ကိုယ့်သန္တာန်မှာ မဖြစ်အောင် ကာကွယ် စောင့်ရှောက်ပြီးသား ဖြစ်ပါတယ်တဲ့။

မှန်ကန်တဲ့ နည်းလမ်းနဲ့ပြောတာနော်။ ဒီအတိုင်းလုပ်ရင် ယတြာ ချေပြီးသား ဖြစ်တယ်နော်။

ဒါက နည်းတစ်ခုပြောတာ။ 
ဒီတစ်နည်းနဲ့လည်းပဲကောင်းတဲ့နံနက်ခင်းဖြစ်ပေါ်လာစေနိုင်တယ်။ ဘုရား ကို အာရုံပြုခြင်းဖြင့် ကုသိုလ်တွေ ရလာသည့်အတွက်ကြောင့် ကိုယ့်အတွက်မှာ ဒါ ကောင်းသောနံနက်ခင်း ပဲ။ 

အိပ်ရာက ထလိုက်တာနဲ့ 
ကောင်းသောနံနက်ခင်း ဖြစ်သွားတယ်လို့ ဒီလိုဆိုတယ်။

[ ပုပ္ဗဏှသုတ်အနှစ်ချုပ် တရားတော်မှ ]
           ▬▬▬▬ ஜ ☸️ ஜ ▬▬▬▬

{ရွှေကျင်နိကာဥပဥက္ကဋ္ဌ မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် 
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ}

Credit...

No comments:

Post a Comment