ကလေးအတွေးနဲ့ ဘာသာရေး
======================
'မေမေ...'
'ဟေ'
'ဟိုဟာ ဘာလဲဟင်'
'ကြသာပတေးဒေါင့်ပေါ့ သမီးရဲ့'
'အောက်က ဘာရုပ်လေးလဲ'
'ပူးရုပ်လေ'
ကြွက်ကလေးပါ မေမေရဲ့... သမီးလိုချင်တယ် မေမေ..။
အို... မဟုတ်တာ။ သမီးကဘာလို့ လိုချင်ရတာလဲ။ ဒါ ဘုရားအရုပ်တွေလေ။ အဲဒီလိုမပြောကောင်းဘူး။
ပြောရင် ဘာဖြစ်လဲမေမေ
ငရဲကြီးတာပေါ့။
မြန်မာပြည်ပြန်ရောက်ခိုက် ဇန္နဝါရီလ နှစ်ဆန်းတစ်ရက်မှာ ရွှေတိဂုံဘုရားမှာ ပဋ္ဌာန်းရွတ်ရင်း လေး၊ငါးနှစ်ရွယ် သမီးလေးနှင့် မိခင်တို့ပြောဆိုသံကို ပဋ္ဌာန်းရွတ်ဆိုရင်း ကြားနေရပါတယ်။ ကလေးမှာ ဘုရားမှာရှိသောအရာ အားလုံးကို စိတ်ဝင်စားဟန်ဖြင့် စူးစမ်းလိုစိတ်၊ သိလိုစိတ်ရှိဟန်တူပါတယ်။
'မေမေ'
'ဟေ'
'မေမေ ဘာလို့ဘုရားရှိခိုးတာလဲဟင်...'
'ကုသိုလ်ရအောင်ပေါ့ သမီး'
ဘုရားရှိမခိုးရင်း ငရဲကြီးလားမေမေ။
ငရဲတော့ မကြီးဘူးပေါ့ ၊ ကုသိုလ်မရဘူးပေါ့ သမီးရယ်။
ကုသိုလ်ဆိုတာဘာလဲ မေမေ။
ကိုသိုလ်ဆိုတာ အများကြီးရှိတယ် သမီးရဲ့ ဘုရားရှိခိုးတော့ ရှိခိုးတဲ့ ကုသိုလ်၊ လှူတော့ လှူတဲ့ ကုသိုလ်ပေါ့။ ရှိခိုးတယ်ဆိုတာ.. မြတ်စွာဘုရားမှာရှိတဲ့ ၊ ဂုဏ်တွေ၊ စိတ်နေ့စိတ်ထားတွေ၊ မေတ္တာဓာတ်တွေကို အတုခိုးယူတာ ၊ အားကျပြီး အာရုံပြုတာ ၊အဲဒီတော့ မေမေတို့သန္တာန်မှာရှိတဲ့ မကောင်းတဲ့ အကုသိုလ်တွေ ကင်းနေတော့ ကုသိုလ် ရတာပေ့ါသမီးရဲ့။
ဒကာမကြီးက သူသိသလောက် သမီးငယ်ကို စိတ်ရှည်ရှည်ထားကာ ရှင်းပြသံကို ပဋ္ဌာန်းပြီးခါနီးထိ ကြားနေရပါတယ်။
'မေမေ...ဟို ပန်းအိုးထဲက ပန်းတွေနော် အဲဒါဘာလုပ်တာလဲဟင်..'
'အဲဒါ ဘုရားကို ပန်းလှူတာပေါ့သမီး'
ဘုရားကို ဘာလို့ပန်းတွေလှူတာလဲ၊ လှူခိုင်းလုိ့လာမေမေ။
သြော် ..ဒီကလေး စကားများလိုက်တာ မေးခွန်းက မပြတ်တော့ဘူးနော်။
ဒကာမကြီးလည်း ဘုန်းကြီးကို အားနာဟန်နှင့် သူ့သမီးကို ပြောလိုက်ပါတယ်။
'ပန်းတွေးက မြတ်စွာဘုရားကို ကြည်ညိုလို့၊ လေးစားလို့ လှူတာပေ့ါသမီး ၊ သမီးတို့ဆရာမကို အမှတ်တရ ပန်းတွေပေးသလိုပေါလို့' စားရေးသူက ဝင်ဖြေလိုက်ပါတယ်။
ထိုအခါ ကလေးမက စာရေးသူကို ပြုံးပြုံးကလေးကြည့်ကာ...
" ပန်းလှူတော့ ဘာဖြစ်လဲ ဘုန်းဘုန်း
ကလေးအမေက.." ဘုန်းဘုန်း ဒီကလေးမကို စကားသွာပြောရင်တော့ ပြီးတော့မဟုတ်ဘူး"
ရပါတယ်.. ကလေးဆိုတာ သိချင်၊ နာလည်ချင်မှာပေါ့။ ဒီအရွယ်ဟာ မိဘတွေ လုပ်တာကို လိုက်လုပ်တတ်တဲ့ အရွယ်ပဲ။ ဒီအချိန်မှာ
ကောင်းကောင်းပုံစံချထားရင် ကြီးတော့ ဆုံးမဖို့လွယ်တယ်။ ဒီလိုမေးရတာဟာလဲ သူတို့ရဲ့ အသိဥာဏ်ထဲကို မှတ်ဥာဏ်သွင်းနေတာ။ တစ်ခါတစ်ခါ ထပ်ခါထပ်ခါမေးတတ်တယ်။ စိတ်ရှည် လက်ရှည် ဖြေပေးပါ။ ဘုန်းဘုန်းတို့ ငယ်ခါကလည်း ဒီလို လူကြီးတွေကို မေးခဲ့တာပဲလေ။
ဒီလိုပြောတော့ ကလေးမ ဘုန်းဘုန်းနားကို ကပ်လာပါတယ်။ ကလေးမ ဘုန်းဘုန်းတွေနဲ့ ရင်းနီးဟန်တူပါတယ်။
'ပန်းလှူတော့ ရုပ်ရည်လှပတာပေါ့သမီး။ ယခု သမီးလှလှလေးဖြစ်နေတာ ဟိုဘဝက ပန်းတွေ လှူခဲ့လို့ပေါ့"
'ဟုတ်လား မေမေ...'
ဘုန်းဘုန်းစကားကို သေချအောင် သူ့အမေကို လှည့်မေးနေပြန်ပါတယ်။
ဟုတ်တာပေ့ါ သမီးရဲ့။
သူ့မေမေက ယပ်တောင် ခပ်ရင်းဖြေလိုက်ပါတယ်။ ဒီတော့ ကလေးမက ကောက်ခါငင်ကာ .. ဘုရားကို ယပ်တောင်လှူကော ရလား ဘုန်းဘုန်း။
'ရတာပေါ့သမီး'
ဆွမ်းကြွးတဲ့ ဘုန်းဘုန်းတွေ ယပ်တာင်တွေနဲ့ နေပူရင် နေကာဖို့ ယပ်တောင် လှူထားတာ တွေ့ဘူးတယ်မဟုတ်လာ ယပ်တောင်အညိုဝိုင်းကြီးတွေလေ။
ယပ်တောင်လှူတော့ ဘာဖြစ်လဲဘုန်းဘုန်း
ကလေးမက သိချင်တာတွေကို ထပ်ပြီး မေးနေပြန်ပြီ
ယပ်တောင်လှူတာ စိတ်ပူပန်ဆင်းရဲ မဖြစ်အောင်လို့တဲ့။ ဘုန်းကြီးတွေကို ယပ်လှူရင် နောက်ဘဝနဲ့ ယခုဘဝမှာ စိတ်ပူပန်းဆင်းရဲ့ မဖြစ်ဘူးတဲ့ သမီး။
သမီးငယ် အမေးကို စိတ်ရှည်လက်ရှည်ဖြေနေတာ့ ဒကာမကြီးလည်း မေးစရာ တချို့ရှိဟန်တူပါတယ်။
"ဘုန်းဘုန်း ..ပန်းဆိုင်တွေမှာ တံခွန်တွေ ကုက္ကားတွေ ရောင်းတယ်။ အဲဒါတွေလှူတော့ကော ဘာဖြစ်လဲဘုရား"
ဒကာမကြီး လူစည်းစိမ်၊နတ်စည်းစိမ်၊အိမ်ထောင်ဖက် ချောချောလှလှရတာဟာ
ရှေး ဘဝက ဘုရားတွေ၊ စေတီတွေမှာ တံခွန်၊ ကုက္ကားတွေလှူခဲ့လို့လို ဗုဒ္ဓစာပေတွေမှာ လာတယ်ဗျ။ ဘုန်းဘုန်း အမြင်ပြောရရင် ။ ယခုလို ပန်းဆိုင်တွေက စက္ကူ တံခွန်၊ ကုက္ကားမဟုတ်ဘူး။ တကယ့်ကြီးကြီးမားမား တံခွန်၊ကုက္ကားကြီတွေလုပ်လှူတာဗျ။ ဒါကြောင့် ဘုန်းဘုန်းကတော့ စက္ကူလှူမယ့်အစား ၊ တံခွန်၊ကုက္ကားဆောက်ဖို့
ဘုရားမှာ အလှူငွေ လှူလည်းအတူတူပဲလို့ ယုံကြည်တယ်ဗျ။
ဒါဆို အခုကားတွေ၊ယာဉ်တွေပိုင်တဲ့သူတွေကော ဘာတွေလှူခဲ့လို့လဲဘုရား။
အင်း..ဟုတ်တာပေါ့ ဒါလည်း သိဖို့လိုတာပေါ့နော်။ ဘုန်းဘုန်းသိသလောက်ပြောရရင် ရှေးဘဝက ရဟန္တာတာတွေ သံဃာတော်တွေကို ဖိနပ်လှူခဲ့လို့ပေါ့။
အော်.. ဒါကြောင့် ဘုံကထိန်ပွဲတွေမှာ ပဒေသာပင်သီးရင် ဖိနပ်တွေ ၊ ထီးတွေ၊ ဖရောင်းတိုင် ၊အမွေတိုင်းတွေ သီးတာပေါ့နော်ဘုရား။
ကလေးအမေက ထပ်ပြီး အမွေးတိုင်၊ဖရောင်းတိုင် လှူရကျိုးတွေကို ရှင်းပြပါဦးဟု မေးနေပြန်ပါတယ်။
ကျမ်းစာအုပ်တွေမှာတော့ ၊ ကျန်းမာတာ၊
ရောဂါကင်းတာ ဆေးလှူလို့၊ ဒါပေမယ့် အကျိုးမျှော်ကိုးပြီး လှူတိုင်းလည်း မကောင်းဘူးဗျ။ စေတနာ၊သဒ္ဓါသန့်သန့်နဲ့ လှူရင် ပိုကောင်းတာပေါ့နော်။ အမွှေးတိုင်လှူရင် အမွေးနံ့သာနဲ့ သန်းရှင်းသ်ရပ်တဲ့ အနံကောင်းတွေ ခံစားရမယ်။ ဟာသဥာဏ်ကိုလည်း ရတတ်သတဲ့။ ကြားလား သမီး ရယ်စရာ ပြောတတ်တဲ့ ဟာသဥာဏ်ရခြင်ရင် အမွှေးတိုင် လှူရမယ်နော်။
ခုဘဝမှာ ပညာဥာဏ်ကောင်းတာ ရှေးဘဝက သီလရှိတဲ့ သံဃာတော်တွေကို မျက်စင်းလှူခဲ့လို့၊ ဘေးအန္တရာယ် အမျိုးမျိုးကင်းတာ ရေစစ်လှူခဲ့လို့တဲ့ဗျ။
အင်း.. ဘုန်းဘုန်းပြောတော့မှာပဲ တပည့်တော်ရှင်းသွားတယ်။ တပည့်တော်တို့လည်း အသက်ကြီးသွားပေမယ့် ဘာသာရေးနဲ့ ပတ်သတ်ရင် ကလေးပဲရှိပါတယ်တယ်ဘုရား။
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ
No comments:
Post a Comment